ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အသက္(၃၃)ႏွစ္အရြယ္ အဆိပ္ျပင္းေျမြတုိ႔ရဲ႕သဘာဝ ကၽြမး္က်င္မေလးရွား မီးသတ္သမားတစ္ဦးဟာ ေတာႀကီးေျမေဟာက္ ကိုက္ခံရၿပီးေနာက္ ေသဆုံးခဲ့ပါတယ္။ ေသဆုံးသူအမည္မွာ အဘူဇာရင္ဟူစိန္ျဖစ္ၿပီး သူကေတာ့ ဘန္ေတာင္ၿမိဳ႕ ေဒသခံမီးသတ္တပ္ဖြဲ႕က King Cobra Squad အမည္ရ ေျမြရွင္းလင္းေရးအဖြဲ႕မွာ ေခါင္းေဆာင္ျဖစ္ပါတယ္။


Abu Zarin Hussin
သူဟာ ကိုယ္ပုိင္ေတာႀကီးေျမြေဟာက္ေတြလည္း ေျမြျမဴးထားၿပီး မီးသတ္တပ္ဖြဲ႕ဝင္ေတြအေနနဲ႔ ေျမြေတြကို ထိခုိက္နာၾကင္တဲ့ဒဏ္ရာ မရရွိေစဘဲ ဘယ္လုိဖမ္းဆီးရမလဲဆုိတာကို သင္ေပးေနရသူလည္းျဖစ္ပါတယ္။ ဟူစိန္ဟာ ဖခင္ေျမြဖမ္းသမားရဲ႕ ေျခရာကို မီေအာင္နင္းႏုိင္ခဲ့ၿပီး၊ ေျမြေဟာက္ေတြကုိ နမ္းျပတဲ့ျပကြက္ေၾကာင့္ ကမာၻေက်ာ္ခဲ့သူပါ။



Abu Zarin Hussin

ဟူစိန္ဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေျမြကုိက္ခံရတဲ့ အဆိပ္ေၾကာင့္ ေသဆုံးခဲ့ပါတယ္။ သူဟာ ဘန္ေတာင္ၿမိဳ႕က ေနအိမ္တစ္ခုမွာ ေျမြေဟာက္ေရာ္ေနတယ္ဆုိၿပီး သြားေရာက္ရွင္းလင္းေပးစဥ္ ေတာႀကီးေျမြေဟာက္က မိမိရရ ကိုက္ခဲ့တာကို ခံခဲ့ရပါတယ္။ ေျမြကိုက္ခံရလွ်င္ ရျခင္းမွာပဲ သူ႕ကိုေဆး႐ုံအျမန္ပုိ႔ေပးခဲ့ေပမယ့္ ေနာက္ရက္မွာ ေသဆုံးခဲ့တာပါ။


Abu Zarin Hussin
ဟူစိန္မေသခင္ကေတာ့ (၁၄)ေပအရွည္ရွိ ေျမြေဟာက္မႀကီးကို ျပဳစုပ်ိဳးေထာင္ခဲ့ၿပီး၊ အတူတူစာဖတ္ျခင္း၊ ေဘာလုံးကစားျခင္း၊ အိပ္ယာဝင္ပုံျပင္မ်ားေျပာျခင္း စတဲ့အခ်ိန္ေတြကို အတူတူျဖတ္သန္းခဲ့တယ္လုိ႔ ဆုိပါတယ္။ ယမန္ႏွစ္က အဂၤလန္အေျခစုိက္သတင္းစာေတြက သူ႕ကို ထုိင္းက ေျမြအလမၸာယ္ဆရာတစ္ေယာက္နဲ႔ မွားယြင္းၿပီး ေျမြမနဲ႔လက္ထပ္ခဲ့သူလုိ႔ လြဲမွာေဖာ္ျပခဲ့လုိ႔ သူ စိတ္ဆုိးခဲ့ရပါေသးတယ္။

https://youtu.be/J2S0iwx6U2I
ဟူစိန္ဟာ မေသခင္အေတာအတြင္းမွာ အဆိပ္ရွိေျမြအမ်ိဳးအစားစုံလင္စြာ အကုိက္ခံခဲ့ရဖူးၿပီး အႀကိမ္အားျဖင့္ (၂၀)ေက်ာ္ခဲ့ေၾကာင္း အသက္အႏၱရာယ္အားျဖင့္ ႏွစ္ႀကိမ္ေလာက္စုိးရိမ္ရတဲ့အေနအထားကို ရွိခဲ့ေၾကာင္း၊ ေနာက္ဆုံးမွာေတာ့ ဟူစိန္ဟာ အၿမဲတမ္းကံမေကာင္းႏုိင္ေတာ့ဘဲ အသက္ဆုံး႐ႈံးခဲ့ရပါတယ္။ ဘန္ေတာင္ၿမိဳ႕ဟာ အဆိပ္ျပင္းေျမြမ်ား လူေနအိမ္ေတြမွာ ဝင္ေရာက္ေလ့ရွိတဲ့ ေတာစပ္စပ္ၿမိဳ႕ကေလးျဖစ္ၿပီး၊ မီးသတ္တပ္ဖြဲ႕ဝင္ေတြက မၾကာခဏေျဖရွင္းေပးေနရပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:နတ္စည္ေတာ္ (Shwemom)
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၃၃)နှစ်အရွယ် အဆိပ်ပြင်းမြွေတို့ရဲ့သဘာဝ ကျွမ်းကျင်မလေးရှား မီးသတ်သမားတစ်ဦးဟာ တောကြီးမြေဟောက် ကိုက်ခံရပြီးနောက် သေဆုံးခဲ့ပါတယ်။ သေဆုံးသူအမည်မှာ အဘူဇာရင်ဟူစိန်ဖြစ်ပြီး သူကတော့ ဘန်တောင်မြို့ ဒေသခံမီးသတ်တပ်ဖွဲ့က King Cobra Squad အမည်ရ မြွေရှင်းလင်းရေးအဖွဲ့မှာ ခေါင်းဆောင်ဖြစ်ပါတယ်။

Abu Zarin Hussin
သူဟာ ကိုယ်ပိုင်တောကြီးမြွေဟောက်တွေလည်း မြွေမြူးထားပြီး မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ မြွေတွေကို ထိခိုက်နာကြင်တဲ့ဒဏ်ရာ မရရှိစေဘဲ ဘယ်လိုဖမ်းဆီးရမလဲဆိုတာကို သင်ပေးနေရသူလည်းဖြစ်ပါတယ်။ ဟူစိန်ဟာ ဖခင်မြွေဖမ်းသမားရဲ့ ခြေရာကို မီအောင်နင်းနိုင်ခဲ့ပြီး၊ မြွေဟောက်တွေကို နမ်းပြတဲ့ပြကွက်ကြောင့် ကမ္ဘာကျော်ခဲ့သူပါ။


Abu Zarin Hussin

ဟူစိန်ဟာ ပြီးခဲ့တဲ့ သောကြာနေ့က မြွေကိုက်ခံရတဲ့ အဆိပ်ကြောင့် သေဆုံးခဲ့ပါတယ်။ သူဟာ ဘန်တောင်မြို့က နေအိမ်တစ်ခုမှာ မြွေဟောက်ရော်နေတယ်ဆိုပြီး သွားရောက်ရှင်းလင်းပေးစဉ် တောကြီးမြွေဟောက်က မိမိရရ ကိုက်ခဲ့တာကို ခံခဲ့ရပါတယ်။ မြွေကိုက်ခံရလျှင် ရခြင်းမှာပဲ သူ့ကိုဆေးရုံအမြန်ပို့ပေးခဲ့ပေမယ့် နောက်ရက်မှာ သေဆုံးခဲ့တာပါ။

Abu Zarin Hussin
ဟူစိန်မသေခင်ကတော့ (၁၄)ပေအရှည်ရှိ မြွေဟောက်မကြီးကို ပြုစုပျိုးထောင်ခဲ့ပြီး၊ အတူတူစာဖတ်ခြင်း၊ ဘောလုံးကစားခြင်း၊ အိပ်ယာဝင်ပုံပြင်များပြောခြင်း စတဲ့အချိန်တွေကို အတူတူဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နှစ်က အင်္ဂလန်အခြေစိုက်သတင်းစာတွေက သူ့ကို ထိုင်းက မြွေအလမ္ပာယ်ဆရာတစ်ယောက်နဲ့ မှားယွင်းပြီး မြွေမနဲ့လက်ထပ်ခဲ့သူလို့ လွဲမှာဖော်ပြခဲ့လို့ သူ စိတ်ဆိုးခဲ့ရပါသေးတယ်။

ဟူစိန်ဟာ မသေခင်အတောအတွင်းမှာ အဆိပ်ရှိမြွေအမျိုးအစားစုံလင်စွာ အကိုက်ခံခဲ့ရဖူးပြီး အကြိမ်အားဖြင့် (၂၀)ကျော်ခဲ့ကြောင်း အသက်အန္တရာယ်အားဖြင့် နှစ်ကြိမ်လောက်စိုးရိမ်ရတဲ့အနေအထားကို ရှိခဲ့ကြောင်း၊ နောက်ဆုံးမှာတော့ ဟူစိန်ဟာ အမြဲတမ်းကံမကောင်းနိုင်တော့ဘဲ အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဘန်တောင်မြို့ဟာ အဆိပ်ပြင်းမြွေများ လူနေအိမ်တွေမှာ ဝင်ရောက်လေ့ရှိတဲ့ တောစပ်စပ်မြို့ကလေးဖြစ်ပြီး၊ မီးသတ်တပ်ဖွဲ့ဝင်တွေက မကြာခဏဖြေရှင်းပေးနေရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:နတ်စည်တော် (Shwemom)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top