ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

 ျမန္မာႏုိင္ငံ လယ္ယာစီးပြားေရးအမ်ားပုိင္ေကာ္ပိုေရးရွင္းလီမိတက္ (MAPCO)၊ ဂ်ာမနီႏုိ္င္ငံမွ Benn Meyer ႏွင့္ ဂ်ပန္ႏုိင္ငံမွ Mitsu Global Network တို႔ပူးေပါင္းထားသည့္ Agri First ကုမၸဏီ၏  ဓာတ္ေျမၾသဇာစက္႐ုံကို ေအာက္တိုဘာလ ၁၀ ရက္ေန႔တြင္ သီလ၀ါအထူးစီးပြားေရးဇုန္(ေအ)၌ ဖြင့္လွစ္ခဲ႔သည္။

၄င္းစက္႐ုံအတြက္ အေမရိကန္ေဒၚလာ ၁ ဒႆမ ၅ ဘီလီယံ ရင္းႏွီးျမွဳပ္ႏွံမႈျပဳလုပ္ထားကာ ဂ်ပန္ႏွင့္ ဂ်ာမနီ ပူးေပါင္းထားေသာ BMM Venture (S) Pte ကုမၸဏီလီမိတက္ မွ ၆၀ ရာခိုင္ႏႈန္း၊ ျမန္မာႏုိင္ငံ လယ္ယာ စီးပြားေရး အမ်ားပုိင္ေကာ္ပိုေရးရွင္းလီမိတက္ (MAPCO) မွ ၄၀ ရာခိုင္ႏႈန္း ထည့္၀င္ထားၾကေၾကာင္း သိရသည္။

"အခုဆိုရင္ စပါးအတြက္ ကၽြန္ေတာ္တုိ႔ထုတ္ထားတာရွိပါတယ္။ ရာဘာအတြက္ ထုတ္ထားတာရွိပါတယ္။ ေနာက္တစ္ခါ ႀကံသီးႏွံအတြက္ ထုတ္ထားတာရွိပါတယ္။ ေျပာင္းအတြက္ ကၽြန္ေတာ္တုိ႔ ထုတ္ထားတာရွိပါတယ္။ ေနာက္လိုတဲ႔သီးႏွံေတြအတြက္လည္း ဆက္ၿပီးေတာ႔ ထုတ္သြားဖို႔ရွိပါတယ္။ ဒီေနရာမွာလည္း ေဒသအမ်ိဳးအစား ေျမအမ်ိဳးအစားေတြေပၚမူတည္ၿပီး ထပ္ၿပီးေတာ႔ စီစဥ္ေဆာင္ရြက္သြားဖို႔လည္းရွိပါတယ္" ဟု Agri First ကုမၸဏီလီမိတက္ (AFC) တြင္ ဒါ႐ုိက္တာအျဖစ္ တာ၀န္ယူထားသူ ဦးရဲမင္းေအာင္ က ေျပာသည္။

 ဓာတ္ေျမၾသဇာစက္႐ုံအတြက္ ႐ုိးရွင္းေသာနည္းပညာမ်ားကို အသံုးျပဳထားၿပီး နယ္သာလန္ႏုိင္ငံမွ မွာယူတင္သြင္းထားသည့္ ေရာေႏွာစက္ျဖင့္ ႏွစ္စဥ္ တန္ခ်ိန္ တစ္သိန္း ထုတ္လုပ္သြားမည္ျဖစ္သည္။ AFC တြင္ ဂ်ပန္ႏုိင္ငံသား Mr.Shozo Egoshi က ဥကၠ႒ႏွင့္ မန္ေနးဂ်င္းဒါ႐ုိက္တာ၊ ဦးရဲမင္းေအာင္မွ ဒါ႐ိုက္တာ၊ Mr.Chong Yiew On မွ ဒါ႐ုိက္တာမ်ားအျဖစ္ တာ၀န္ယူထားၾကသည္။

Agri First ကုမၸဏီလီမိတက္ (AFC) မွ ဥကၠ႒ႏွင့္မန္ေနးဂ်င္းဒါ႐ုိက္တာျဖစ္သူ Mr.Shozo Egoshi က ယခုကဲ႔သို႔ ၃ ႏုိင္ငံမွကုမၸဏီမ်ားပူးေပါင္းေဆာင္ရြက္မႈကို ဂ်ပန္ႏုိင္င္ငံ အလယ္ေခတ္၌ နာမည္ေက်ာ္ ဆာမူ႐ုိင္း၏ ျမွား သံုးစင္း သင္ခန္းစာႏွင့္ ခိုင္းႏႈိင္းေျပာဆိုသြားခဲ႔သည္။ ျမွားသံုးစင္းေပါင္းစည္းထားပါက ျမွားတစ္စင္းကဲ႔သို႔ မက်ိဳးႏုိင္ေၾကာင္း ေျပာဆိုခဲ႔ျခင္းျဖစ္သည္။

"AFC မွာေတာ႔ ပထမဦးဆံုးျမွားတစ္စင္းက MAPCO ျဖစ္ပါတယ္ က်ယ္ျပန္႔တဲ႔ကြန္ရက္ေတြပါ။ ဒုတိယက စိုက္ပ်ိဳးေရးနဲ ဓာတ္ေျမၾသဇာလုပ္ငန္းမွာ အေတြ႕အႀကံဳရွိၿပီး အေရွ႕ေတာင္အာရွမွာျဖန္႔ျဖဴးေနတဲ႔ Benn Meyer ကုမၸဏီျဖစ္ပါတယ္။ တတိယကေတာ႔ Mitsui Global Network ျဖစ္ပါတယ္။ အစားအေသာက္နဲ႔ စိုက္ပ်ိဳးေရး က႑မွာ က်ယ္ျပန္တဲ႔စီးပြားေရးလုပ္ငန္းျဖစ္ပါတယ္။ ဆိုေတာ႔ ဒီျမွားသံုးစင္းနဲ႔ ကၽြန္ေတာ္တုိ႔ယံုၾကည္မႈ အျပည့္ ရွိပါတယ္" ဟု Mr.Shozo Egoshi ကေျပာသည္။

လက္ရွိ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ အရည္အေသြးနိမ္႔ ဓာတ္ေျမၾသဇာမ်ားေၾကာင့္ ဓာတ္ၾကြင္းမ်ား က်န္ရွိျခင္း၊ ဓာတ္ေျမၾသစာကုိအေျမာက္အမ်ားသံုးရျခင္း စသည့္အေျခအေနမ်ားျဖစ္ေပၚေနၿပီး ျပည္တြင္း လယ္ယာက႑ တြင္ အသံုးျပဳရန္  ဓာတ္ေျမၾသဇာမ်ားသည္ လုံေလာက္မႈစြာထုတ္လုပ္ႏုိင္မႈမရွိ၍ ျပည္ပမွ  ဓာတ္ေျမၾသဇာ တင္သြင္းမႈမ်ားရွိေနသည္ဟု စိုက္ပ်ိဳးေရး ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာေအာင္သူ က အဖြင့္အမွာစကားတြင္ ေျပာၾကားခဲ႔သည္။

၂၀၁၅ ႏွစ္ကုန္မွစ၍ Agri First ကုမၸဏီအတြက္ ဂ်ပန္၊ ျမန္မာ၊ ဂ်ာမနီ ကုမၸဏီမ်ား သံုးပြင့္ဆိုင္ပူးေပါင္း၍ စတင္ေဆာင္ရြက္လာခဲ႔ၿပီး Agri First ကို ရန္ကုန္ရွိ သီလ၀ါအျပင္ အျခားေသာေဒသမ်ားတြင္လည္း ထူေထာင္သြားရန္ရွိေနေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://www.mizzimaburmese.com/
# Unicode Version ျဖင့္ ဖတ္ပါ #
 မြန်မာနိုင်ငံ လယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO)၊ ဂျာမနီနိုင်ငံမှ Benn Meyer နှင့် ဂျပန်နိုင်ငံမှ Mitsu Global Network တို့ပူးပေါင်းထားသည့် Agri First ကုမ္ပဏီ၏  ဓာတ်မြေသြဇာစက်ရုံကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် သီလဝါအထူးစီးပွားရေးဇုန်(အေ)၌ ဖွင့်လှစ်ခဲ့သည်။

၎င်းစက်ရုံအတွက် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားကာ ဂျပန်နှင့် ဂျာမနီ ပူးပေါင်းထားသော BMM Venture (S) Pte ကုမ္ပဏီလီမိတက် မှ ၆၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံ လယ်ယာ စီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) မှ ၄၀ ရာခိုင်နှုန်း ထည့်ဝင်ထားကြကြောင်း သိရသည်။

"အခုဆိုရင် စပါးအတွက် ကျွန်တော်တို့ထုတ်ထားတာရှိပါတယ်။ ရာဘာအတွက် ထုတ်ထားတာရှိပါတယ်။ နောက်တစ်ခါ ကြံသီးနှံအတွက် ထုတ်ထားတာရှိပါတယ်။ ပြောင်းအတွက် ကျွန်တော်တို့ ထုတ်ထားတာရှိပါတယ်။ နောက်လိုတဲ့သီးနှံတွေအတွက်လည်း ဆက်ပြီးတော့ ထုတ်သွားဖို့ရှိပါတယ်။ ဒီနေရာမှာလည်း ဒေသအမျိုးအစား မြေအမျိုးအစားတွေပေါ်မူတည်ပြီး ထပ်ပြီးတော့ စီစဉ်ဆောင်ရွက်သွားဖို့လည်းရှိပါတယ်" ဟု Agri First ကုမ္ပဏီလီမိတက် (AFC) တွင် ဒါရိုက်တာအဖြစ် တာဝန်ယူထားသူ ဦးရဲမင်းအောင် က ပြောသည်။

 ဓာတ်မြေသြဇာစက်ရုံအတွက် ရိုးရှင်းသောနည်းပညာများကို အသုံးပြုထားပြီး နယ်သာလန်နိုင်ငံမှ မှာယူတင်သွင်းထားသည့် ရောနှောစက်ဖြင့် နှစ်စဉ် တန်ချိန် တစ်သိန်း ထုတ်လုပ်သွားမည်ဖြစ်သည်။ AFC တွင် ဂျပန်နိုင်ငံသား Mr.Shozo Egoshi က ဥက္ကဋ္ဌနှင့် မန်နေးဂျင်းဒါရိုက်တာ၊ ဦးရဲမင်းအောင်မှ ဒါရိုက်တာ၊ Mr.Chong Yiew On မှ ဒါရိုက်တာများအဖြစ် တာဝန်ယူထားကြသည်။

Agri First ကုမ္ပဏီလီမိတက် (AFC) မှ ဥက္ကဋ္ဌနှင့်မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Mr.Shozo Egoshi က ယခုကဲ့သို့ ၃ နိုင်ငံမှကုမ္ပဏီများပူးပေါင်းဆောင်ရွက်မှုကို ဂျပန်နိုင်င်ငံ အလယ်ခေတ်၌ နာမည်ကျော် ဆာမူရိုင်း၏ မြှား သုံးစင်း သင်ခန်းစာနှင့် ခိုင်းနှိုင်းပြောဆိုသွားခဲ့သည်။ မြှားသုံးစင်းပေါင်းစည်းထားပါက မြှားတစ်စင်းကဲ့သို့ မကျိုးနိုင်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

"AFC မှာတော့ ပထမဦးဆုံးမြှားတစ်စင်းက MAPCO ဖြစ်ပါတယ် ကျယ်ပြန့်တဲ့ကွန်ရက်တွေပါ။ ဒုတိယက စိုက်ပျိုးရေးနဲ ဓာတ်မြေသြဇာလုပ်ငန်းမှာ အတွေ့အကြုံရှိပြီး အရှေ့တောင်အာရှမှာဖြန့်ဖြူးနေတဲ့ Benn Meyer ကုမ္ပဏီဖြစ်ပါတယ်။ တတိယကတော့ Mitsui Global Network ဖြစ်ပါတယ်။ အစားအသောက်နဲ့ စိုက်ပျိုးရေး ကဏ္ဍမှာ ကျယ်ပြန်တဲ့စီးပွားရေးလုပ်ငန်းဖြစ်ပါတယ်။ ဆိုတော့ ဒီမြှားသုံးစင်းနဲ့ ကျွန်တော်တို့ယုံကြည်မှု အပြည့် ရှိပါတယ်" ဟု Mr.Shozo Egoshi ကပြောသည်။

လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် အရည်အသွေးနိမ့် ဓာတ်မြေသြဇာများကြောင့် ဓာတ်ကြွင်းများ ကျန်ရှိခြင်း၊ ဓာတ်မြေသြစာကိုအမြောက်အများသုံးရခြင်း စသည့်အခြေအနေများဖြစ်ပေါ်နေပြီး ပြည်တွင်း လယ်ယာကဏ္ဍ တွင် အသုံးပြုရန်  ဓာတ်မြေသြဇာများသည် လုံလောက်မှုစွာထုတ်လုပ်နိုင်မှုမရှိ၍ ပြည်ပမှ  ဓာတ်မြေသြဇာ တင်သွင်းမှုများရှိနေသည်ဟု စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။

၂၀၁၅ နှစ်ကုန်မှစ၍ Agri First ကုမ္ပဏီအတွက် ဂျပန်၊ မြန်မာ၊ ဂျာမနီ ကုမ္ပဏီများ သုံးပွင့်ဆိုင်ပူးပေါင်း၍ စတင်ဆောင်ရွက်လာခဲ့ပြီး Agri First ကို ရန်ကုန်ရှိ သီလဝါအပြင် အခြားသောဒေသများတွင်လည်း ထူထောင်သွားရန်ရှိနေကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:http://www.mizzimaburmese.com/





 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top