ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ျမန္မာအိုင္ေဒါျပိဳင္ပြဲမွာ အသက္အငယ္ဆံုးနဲ႕ ေဝဖန္တိုက္ခိုက္မႈ ခံရတာ အမ်ားဆံုး ျပိဳင္ပြဲဝင္ကေတာ့ ခ်မ္းေျမ႕ေမာင္ခ်ိဳ ပါ။ ျပိဳင္ပြဲဆိုတဲ့ ထံုးစံအတိုင္း fans အခ်င္းခ်င္း ထိခိုက္မခံႏိုင္တဲ့ အခ်ိန္မွာမွ အေမျဖစ္သူ ရဲ႕ တစ္ဖက္ေစာင္းနင္း အင္တာဗ်ဴးေတြေၾကာင့္လည္း ေမာင္ခ်ိဳ႕အေပၚ လူမုန္းမ်ားခဲ့ပါတယ္။


မိခင္ဆိုတာ သားသမီးအတြက္ အျမဲတမ္းေရွ႕က ရပ္တည္ေပးတယ္ ဆိုေပမဲ့ ေစတနာက ေဝဒနာေတြ ျဖစ္သြားရတယ္ဆိုတာ အေျပာမတတ္လို႕ပါ။ ဒီလိုမ်ိဳး ေဝဖန္မႈေတြ တစ္ဟုန္ထိုး ခံခဲ့ရမႈအေပၚ ေမာင္ခ်ိဳက အင္တာဗ်ဴးတစ္ခုမွာ ခုလို ေျဖၾကားသြားပါတယ္။


“ ေဝဖန္တိုက္ခိုက္မႈကေတာ့ အမ်ားၾကီးပဲ။ ျပိဳင္ပြဲ first week ၊ second week မွာေတာ့ နည္းနည္းေတာ့ အားငယ္တယ္။ ဒါေပမဲ့ ဦးခိုင္ထူး week ေရာက္တဲ့ အခ်ိန္မွာ ျပိဳင္ပြဲက pressure ေတြ မ်ားလာတယ္။ အဲ့အခ်ိန္မွာ ကိုယ္က ဆိုရွယ္မီဒီယာမွာ သြားျပီးေတာ့ အခ်ိန္ကုန္ျပီး စိတ္ထိခိုက္ေနမယ္ဆိုရင္ ျပိဳင္ပြဲက ဆက္ျပိဳင္ႏိုင္ေတာ့မွာ မဟုတ္ဘူး။ ကိုယ့္စိတ္က ကိုယ့္ကိုပဲ ျပန္သတ္ေလ့ရွိတယ္ေလ။ အဲ့ေတာ့ ေဖ့စ္ဘြတ္လည္း သိပ္မၾကည့္ေတာ့ဘူး။ ဒီတိုင္းပဲ ကိုယ္လုပ္စရာ ရွိတာလုပ္တယ္။ ျပိဳင္ပြဲမွာ ကိုယ့္သီခ်င္းေကာင္းဖို႕ရယ္ အမ်ားၾကီးေတာ့ ၾကိဳးစားရတာေပါ့။” လို႕ ဆိုပါတယ္။


အေမျဖစ္သူကို ေဝဖန္မႈေတြအေပၚ ခံစားခ်က္ကိုလည္း ေမာင္ခ်ိဳက ခုလို ရင္ဖြင့္သြားပါတယ္။“ ေဝဖန္မႈေတြေပၚမွာ စိတ္ထိခိုက္တဲ့ အခ်ိန္မ်ိဳးေတာ့ ရွိခဲ့တယ္။ အၾကာၾကီးေတာ့ မဟုတ္ဘူး ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ပဲ။ မိဘဆိုေတာ့လည္း သားသမီးကို ေျပာမယ္ဆိုရင္ ဘယ္မိဘမွ ခံႏိုင္မွာ မဟုတ္ဘူးေလ။ အေမ ေဝဖန္ခံရတာ သိတယ္။ ဒါေပမဲ့ သမီးက ဘာမွေျပာေလ့မရွိဘူး ။


သမီးကို ေဝဖန္တာလည္း သမီးခံတယ္။ ဘာမွ တံု႕ျပန္ေလ့ မရွိဘူး။ အဲ့ေတာ့ လူေတြထင္တာကေတာ့ ဘာမွမခံစားရဘူးလို႕ထင္တယ္။ အမွန္ေတာ့ မဟုတ္ဘူး။ ကိုယ္ခံစားရတဲ့ ဟာကို ေျပာလို႕ရွိရင္လည္း ဂရုစိုက္မယ့္လူရွိသလို ဂရုမစိုက္မယ့္လူ ရွိတယ္။ အဲ့ေတာ့ ဘာမွမထူးဘူး။ အေမကိုေတာ့ ဘာမွခံစားမေနနဲ႕ ဒါေတြက ျဖစ္တတ္တယ္လို႕ ေျပာလိုက္တယ္။ ကိုယ္ဒီလမ္းေၾကာင္းမွာ ေနတယ္ဆိုကတည္းက လူေပါင္းစံု ေထာင့္ေပါင္းစံုက ေျပာမွာပဲ။ ကိုယ္လုပ္စရာရွိတာ လုပ္မယ္။ ကိုယ္မွန္ေအာင္ေနမယ္။ ကိုယ္ေရာက္ေနတဲ့ လမ္းက ပိုေကာင္းသထက္ေကာင္းေအာင္ လုပ္မယ္ေပါ့ေနာ္။ သမီးက အဲ့လိုပဲစဥ္းစားတယ္။” လို႕ ဆိုပါတယ္။


ျမန္မာအုိင္ေဒါျပိဳင္ပြဲမွာ winner မျဖစ္ခဲ့ေပမဲ့ အရြယ္နဲ႕မလိုက္တဲ့ ရင့္က်က္မႈေတြကိုေတာ့ ေမာင္ခ်ိဳတစ္ေယာက္ ရရွိခဲ့တာ ျဖစ္ပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: mmcelesmedia
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာအိုင်ဒေါပြိုင်ပွဲမှာ အသက်အငယ်ဆုံးနဲ့ ဝေဖန်တိုက်ခိုက်မှု ခံရတာ အများဆုံး ပြိုင်ပွဲဝင်ကတော့ ချမ်းမြေ့မောင်ချို ပါ။ ပြိုင်ပွဲဆိုတဲ့ ထုံးစံအတိုင်း fans အချင်းချင်း ထိခိုက်မခံနိုင်တဲ့ အချိန်မှာမှ အမေဖြစ်သူ ရဲ့ တစ်ဖက်စောင်းနင်း အင်တာဗျူးတွေကြောင့်လည်း မောင်ချို့အပေါ် လူမုန်းများခဲ့ပါတယ်။

မိခင်ဆိုတာ သားသမီးအတွက် အမြဲတမ်းရှေ့က ရပ်တည်ပေးတယ် ဆိုပေမဲ့ စေတနာက ဝေဒနာတွေ ဖြစ်သွားရတယ်ဆိုတာ အပြောမတတ်လို့ပါ။ ဒီလိုမျိုး ဝေဖန်မှုတွေ တစ်ဟုန်ထိုး ခံခဲ့ရမှုအပေါ် မောင်ချိုက အင်တာဗျူးတစ်ခုမှာ ခုလို ဖြေကြားသွားပါတယ်။

“ ဝေဖန်တိုက်ခိုက်မှုကတော့ အများကြီးပဲ။ ပြိုင်ပွဲ first week ၊ second week မှာတော့ နည်းနည်းတော့ အားငယ်တယ်။ ဒါပေမဲ့ ဦးခိုင်ထူး week ရောက်တဲ့ အချိန်မှာ ပြိုင်ပွဲက pressure တွေ များလာတယ်။ အဲ့အချိန်မှာ ကိုယ်က ဆိုရှယ်မီဒီယာမှာ သွားပြီးတော့ အချိန်ကုန်ပြီး စိတ်ထိခိုက်နေမယ်ဆိုရင် ပြိုင်ပွဲက ဆက်ပြိုင်နိုင်တော့မှာ မဟုတ်ဘူး။ ကိုယ့်စိတ်က ကိုယ့်ကိုပဲ ပြန်သတ်လေ့ရှိတယ်လေ။ အဲ့တော့ ဖေ့စ်ဘွတ်လည်း သိပ်မကြည့်တော့ဘူး။ ဒီတိုင်းပဲ ကိုယ်လုပ်စရာ ရှိတာလုပ်တယ်။ ပြိုင်ပွဲမှာ ကိုယ့်သီချင်းကောင်းဖို့ရယ် အများကြီးတော့ ကြိုးစားရတာပေါ့။” လို့ ဆိုပါတယ်။

အမေဖြစ်သူကို ဝေဖန်မှုတွေအပေါ် ခံစားချက်ကိုလည်း မောင်ချိုက ခုလို ရင်ဖွင့်သွားပါတယ်။“ ဝေဖန်မှုတွေပေါ်မှာ စိတ်ထိခိုက်တဲ့ အချိန်မျိုးတော့ ရှိခဲ့တယ်။ အကြာကြီးတော့ မဟုတ်ဘူး ၁၀ မိနစ် ၁၅ မိနစ်လောက်ပဲ။ မိဘဆိုတော့လည်း သားသမီးကို ပြောမယ်ဆိုရင် ဘယ်မိဘမှ ခံနိုင်မှာ မဟုတ်ဘူးလေ။ အမေ ဝေဖန်ခံရတာ သိတယ်။ ဒါပေမဲ့ သမီးက ဘာမှပြောလေ့မရှိဘူး ။

သမီးကို ဝေဖန်တာလည်း သမီးခံတယ်။ ဘာမှ တုံ့ပြန်လေ့ မရှိဘူး။ အဲ့တော့ လူတွေထင်တာကတော့ ဘာမှမခံစားရဘူးလို့ထင်တယ်။ အမှန်တော့ မဟုတ်ဘူး။ ကိုယ်ခံစားရတဲ့ ဟာကို ပြောလို့ရှိရင်လည်း ဂရုစိုက်မယ့်လူရှိသလို ဂရုမစိုက်မယ့်လူ ရှိတယ်။ အဲ့တော့ ဘာမှမထူးဘူး။ အမေကိုတော့ ဘာမှခံစားမနေနဲ့ ဒါတွေက ဖြစ်တတ်တယ်လို့ ပြောလိုက်တယ်။ ကိုယ်ဒီလမ်းကြောင်းမှာ နေတယ်ဆိုကတည်းက လူပေါင်းစုံ ထောင့်ပေါင်းစုံက ပြောမှာပဲ။ ကိုယ်လုပ်စရာရှိတာ လုပ်မယ်။ ကိုယ်မှန်အောင်နေမယ်။ ကိုယ်ရောက်နေတဲ့ လမ်းက ပိုကောင်းသထက်ကောင်းအောင် လုပ်မယ်ပေါ့နော်။ သမီးက အဲ့လိုပဲစဉ်းစားတယ်။” လို့ ဆိုပါတယ်။

မြန်မာအိုင်ဒေါပြိုင်ပွဲမှာ winner မဖြစ်ခဲ့ပေမဲ့ အရွယ်နဲ့မလိုက်တဲ့ ရင့်ကျက်မှုတွေကိုတော့ မောင်ချိုတစ်ယောက် ရရှိခဲ့တာ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top