(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

 ပညာဆုိတာ လူ႔ေဘာင္ေလာကႀကီးအတြက္ လူသားေတြ
မမွားသင့္တာ မမွားရေအာင္ ၊ မလုပ္သင့္တာ မလုပ္မိေအာင္
အေကာင္းအဆုိးကုိ ခြဲျခားႏူိင္ေသာ ဥာဏ္ပညာပါ။

ပညာဆုိေသာ ေခါင္းစဥ္ေအာက္တြင္ အသိပညာ ၊
အတတ္ပညာ တုိ႔ပါဝင္ပါတယ္။
လူတစ္ေယာက္က သိသင့္သေလာက္ သိမွ အေကာင္းအဆုိးကုိ
ခြဲျခားလာႏူိင္ပီး အမွားေတြကုိ ေခ်ဖ်က္လာႏူိင္မွာပါ။
အဲ့ဒါက အသိပညာပါ ဆင္ျခင္တုံတရား (သုိ႔)အေတြးအေခၚေပါ့။

အတတ္ပညာက်ေတာ့ လူသားေတြ ႐ွင္သန္ရပ္တည္ေရးႏွင့္
လူ႔ေဘာင္ေလာကႀကီး ဖြံ႔ျဖဳိးလာဖုိ႔အတြက္ အသုံးခ်ေသာ
နည္းပညာေတြပါ။

ေလာကမွာ "တတ္သိ"သူေပါမ်ားပီး "သိတတ္"သူ႐ွားပါးပါတယ္
လူေတြက တတ္လားဆုိေတာ့ တတ္တယ္
သိလားဆုိေတာ့လည္း သိ ေနၾကတယ္
ဒါေပမယ့္ သိတုိင္းတတ္တုိင္း၊ဆင္ျခင္တုံတရား႐ွိတုိင္း အမွားေတြကုိ အကုန္ျပင္ႏူိင္သလားဆုိေတာ့ မျပင္ႏူိင္ၾကပါဘူး
ဒါေတြက "တတ္သိ" သူေတြကုိ ဆုိလုိပါတယ္။
အတန္းပညာ ဘြဲ႔ဒီဂရီေတြကလည္း တတ္သိ ပညာအုပ္စုထဲမွာပါပါတယ္။

သိတတ္ သူေတြက်ေတာ့ အတန္းပညာ ဘြဲ႔ဒီဂရီေတြ ရခ်င္မွရမယ္
ေလာကပညာ ၊ စာနာစိတ္ ၊ သိတတ္မူွ ၊ မ်ွမ်ွတတေတြးေခၚႏူိင္မူွ
စတဲ့ စိတ္ေကာင္း ေစတနာေကာင္းေတြ သူတုိ႔မွာ ႐ွိေနပါတယ္
အဲ့ဒီ သိတတ္မူွဆုိတာက ဘယ္ကလာသလဲဆုိေတာ့
လွပတဲ့ႏွလုံးသားက ေမြးဖြားေပးလုိက္တဲ့ ေမတၱာတရား၊ကုိယ္ခ်င္းစာစိတ္
ကဆင္းသက္လာျခင္းပါ။
ေျပာရရင္ စိတ္ဓာတ္ျမင့္မားေကာင္းမြန္ျခင္းကုိ ဆုိလုိတာပါ။

အဲ့ဒီသိတတ္မူွေတြက ဆရာေတြ အေနနဲ႔ အေယာက္တစ္ရာ သင္ပီး
အေယာက္တစ္ရာစလုံး ေကာင္းလာတာမဟုတ္ပါဘူး
ေလာကႀကီးက ေပးလုိက္တဲ့ ေလာကပညာပါ
တစ္နည္းေျပာရရင္ ေလာကပါလ တရားကလာတဲ့ အမွန္တရားေတြပါ
ေလာကဓံက ေပးလုိက္တဲ့
သင္ခန္းစာေကာင္းေတြကုိ ကုိယ့္လက္ေတြ႔ဘဝနဲ႔ယွဥ္ၿပီး
တကယ္ဟုတ္ပါလား မဟုတ္ဘူးလားဆုိတာ ကုိယ္ကုိယ္တုိင္
လက္ခံလာတာမ်ဳိးပါ။

ဥပမာ.....
သူမ်ားအေပၚ မေကာင္းတာလုပ္ရင္ ကုိယ္လည္းမေကာင္းတာျဖစ္မယ္
မတရားမူွေတြ လုပ္ရင္ အေႂကြးဆပ္ရမယ္
သူမ်ားအသက္သတ္မိရင္ ကုိယ့္အသက္လည္းအနၱရာယ္ျဖစ္မယ္
အေႂကြးဆုိတာ ေနာက္ဘဝမကူးဘဲ ခုလက္႐ွိဘဝမွာ လက္ေတြ႔ဆပ္ေန
ရသူေတြက ဝဋ္ေႂကြးဆုိတဲ့အရာကုိ ေၾကာက္လာပီး
လူေကာင္းျဖစ္လာေအာင္ စိတ္အားထက္သန္စြာ ေျပာင္းလဲလာတာမ်ဳိးပါ။

သိတုိင္း တတ္တုိင္း လူေကာင္းျဖစ္လာတာမဟုတ္ပါဘူး
လူေတာ္ဆုိတာ ေလာကႀကီးအတြက္ ဂုဏ္ေဆာင္ႏူိင္သူဆုိရင္
လူေကာင္းဆုိတာ ေလာကႀကီးအတြက္ "ရတနာ"ျဖစ္ပါလိမ့္မယ္။

ပညာ႐ွိဆုိတာက အေကာင္းအဆုိး ကုိခြဲျခားႏူိင္ပီး
သာမန္လူေတြထက္ ပုိသိပုိတတ္တယ္ဆုိေပမယ့္ လူေကာင္း
ျဖစ္လာဖုိ႔ဆုိတာက သူကုိယ္တုိင္က သိသေလာက္ကုိ
လုိက္နာက်င့္သုံးႏူိင္မွပါ
မက်င့္သုံးႏူိင္ရင္ ပညာ႐ွိေပမယ့္ စိတ္ဓာတ္နိမ့္က်ေနအုံးမွာပါပဲ
အဲ့ဒီအတြက္လည္း ပညာ႐ွိလူမုိက္ဆုိတဲ့ သာဓကေတြ႐ွိေနပါတယ္။

ပညာ႐ွိတုိ႔ေတြးၾကၫ့္ရင္ ေျပးၾကည့္တာထက္ မွန္တယ္ဆုိတဲ့စကားအရ
ပညာ႐ွိေတြ ယုတ္မာရင္လည္း ေျပးစရာေျမေတာင္မက်န္ေလာက္ေအာင္
အႏုျမဳူ ဗုံးလုိ အျခားသူေတြကုိပါ အဆိပ္သင့္ေစပါတယ္။

ေလာကႀကီးမွာ ပညာ႐ွိေတြ အမ်ားျကီး လုိအပ္ပါတယ္
ဒါေပမယ့္ အဲ့ဒီပညာ႐ွိေတြက ေလာကပညာကုိပါတတ္ကြၽမ္းပီး
စိတ္ဓာတ္ျမင့္မားေနမွ တန္ဖုိးႀကီးလူသားေတြျဖစ္လာမွာပါ။

လူသားတစ္ေယာက္ရဲ႕ စစ္မွန္တဲ့ တန္ဖုိးဆုိတာက
စိတ္ဓာတ္ျမင့္မားျဖဴ စင္ျခင္းပါ
စိတ္ဓာတ္ျမင့္မားသူတုိင္း ေလာကႀကီးအတြက္ အမူွိက္တစ္စ
အဆိပ္ခြက္နဲ႔တူေသာ သူ ျဖစ္မလာႏူိင္ပါဘူး။

ပညာႏွင့္တန္ဖုိးဆုိတာ ပတ္သက္မူွ႐ွိေသာ္လည္း
ေတာ္ပီး ေကာင္းလာမွသာ တန္ဖုိးႀကီး လူသားတစ္ေယာက္
ျဖစ္လာမွာ ျဖစ္ပါတယ္။
လူသားတုိင္း ေတာ္ေအာင္ၾကဳိးစားၾကသလုိ လူေကာင္းျဖစ္လာေအာင္လည္း အားထုတ္ၾကပါလုိ႔
ေတာင္းဆုိပါရေစ။

(ကြၽန္ေတာ့္အျမင္ေလးကုိ တင္ျပျခင္းပါ
အျမင္မတူသူမ်ားအေနနဲ႔ ဝင္ေရာက္ေဆြးေႏြးႏူိင္ပါတယ္ေနာ္
ေက်းဇူးပါ ခင္ဗ်ာ)

ေလးစားစြာျဖင့္ ♥ ♥ ♥


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Uploader
# Unicode Version ျဖင့္ ဖတ္ပါ #
 ပညာဆိုတာ လူ့ဘောင်လောကကြီးအတွက် လူသားတွေ
မမှားသင့်တာ မမှားရအောင် ၊ မလုပ်သင့်တာ မလုပ်မိအောင်
အကောင်းအဆိုးကို ခွဲခြားနိူင်သော ဉာဏ်ပညာပါ။

ပညာဆိုသော ခေါင်းစဉ်အောက်တွင် အသိပညာ ၊
အတတ်ပညာ တို့ပါဝင်ပါတယ်။
လူတစ်ယောက်က သိသင့်သလောက် သိမှ အကောင်းအဆိုးကို
ခွဲခြားလာနိူင်ပီး အမှားတွေကို ချေဖျက်လာနိူင်မှာပါ။
အဲ့ဒါက အသိပညာပါ ဆင်ခြင်တုံတရား (သို့)အတွေးအခေါ်ပေါ့။

အတတ်ပညာကျတော့ လူသားတွေ ရှင်သန်ရပ်တည်ရေးနှင့်
လူ့ဘောင်လောကကြီး ဖွံ့ဖြိုးလာဖို့အတွက် အသုံးချသော
နည်းပညာတွေပါ။

လောကမှာ "တတ်သိ"သူပေါများပီး "သိတတ်"သူရှားပါးပါတယ်
လူတွေက တတ်လားဆိုတော့ တတ်တယ်
သိလားဆိုတော့လည်း သိ နေကြတယ်
ဒါပေမယ့် သိတိုင်းတတ်တိုင်း၊ဆင်ခြင်တုံတရားရှိတိုင်း အမှားတွေကို အကုန်ပြင်နိူင်သလားဆိုတော့ မပြင်နိူင်ကြပါဘူး
ဒါတွေက "တတ်သိ" သူတွေကို ဆိုလိုပါတယ်။
အတန်းပညာ ဘွဲ့ဒီဂရီတွေကလည်း တတ်သိ ပညာအုပ်စုထဲမှာပါပါတယ်။

သိတတ် သူတွေကျတော့ အတန်းပညာ ဘွဲ့ဒီဂရီတွေ ရချင်မှရမယ်
လောကပညာ ၊ စာနာစိတ် ၊ သိတတ်မူှ ၊ မျှမျှတတတွေးခေါ်နိူင်မူှ
စတဲ့ စိတ်ကောင်း စေတနာကောင်းတွေ သူတို့မှာ ရှိနေပါတယ်
အဲ့ဒီ သိတတ်မူှဆိုတာက ဘယ်ကလာသလဲဆိုတော့
လှပတဲ့နှလုံးသားက မွေးဖွားပေးလိုက်တဲ့ မေတ္တာတရား၊ကိုယ်ချင်းစာစိတ်
ကဆင်းသက်လာခြင်းပါ။
ပြောရရင် စိတ်ဓာတ်မြင့်မားကောင်းမွန်ခြင်းကို ဆိုလိုတာပါ။

အဲ့ဒီသိတတ်မူှတွေက ဆရာတွေ အနေနဲ့ အယောက်တစ်ရာ သင်ပီး
အယောက်တစ်ရာစလုံး ကောင်းလာတာမဟုတ်ပါဘူး
လောကကြီးက ပေးလိုက်တဲ့ လောကပညာပါ
တစ်နည်းပြောရရင် လောကပါလ တရားကလာတဲ့ အမှန်တရားတွေပါ
လောကဓံက ပေးလိုက်တဲ့
သင်ခန်းစာကောင်းတွေကို ကိုယ့်လက်တွေ့ဘဝနဲ့ယှဉ်ပြီး
တကယ်ဟုတ်ပါလား မဟုတ်ဘူးလားဆိုတာ ကိုယ်ကိုယ်တိုင်
လက်ခံလာတာမျိုးပါ။

ဥပမာ.....
သူများအပေါ် မကောင်းတာလုပ်ရင် ကိုယ်လည်းမကောင်းတာဖြစ်မယ်
မတရားမူှတွေ လုပ်ရင် အကြွေးဆပ်ရမယ်
သူများအသက်သတ်မိရင် ကိုယ့်အသက်လည်းအန္တရာယ်ဖြစ်မယ်
အကြွေးဆိုတာ နောက်ဘဝမကူးဘဲ ခုလက်ရှိဘဝမှာ လက်တွေ့ဆပ်နေ
ရသူတွေက ဝဋ်ကြွေးဆိုတဲ့အရာကို ကြောက်လာပီး
လူကောင်းဖြစ်လာအောင် စိတ်အားထက်သန်စွာ ပြောင်းလဲလာတာမျိုးပါ။

သိတိုင်း တတ်တိုင်း လူကောင်းဖြစ်လာတာမဟုတ်ပါဘူး
လူတော်ဆိုတာ လောကကြီးအတွက် ဂုဏ်ဆောင်နိူင်သူဆိုရင်
လူကောင်းဆိုတာ လောကကြီးအတွက် "ရတနာ"ဖြစ်ပါလိမ့်မယ်။

ပညာရှိဆိုတာက အကောင်းအဆိုး ကိုခွဲခြားနိူင်ပီး
သာမန်လူတွေထက် ပိုသိပိုတတ်တယ်ဆိုပေမယ့် လူကောင်း
ဖြစ်လာဖို့ဆိုတာက သူကိုယ်တိုင်က သိသလောက်ကို
လိုက်နာကျင့်သုံးနိူင်မှပါ
မကျင့်သုံးနိူင်ရင် ပညာရှိပေမယ့် စိတ်ဓာတ်နိမ့်ကျနေအုံးမှာပါပဲ
အဲ့ဒီအတွက်လည်း ပညာရှိလူမိုက်ဆိုတဲ့ သာဓကတွေရှိနေပါတယ်။

ပညာရှိတို့တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်တယ်ဆိုတဲ့စကားအရ
ပညာရှိတွေ ယုတ်မာရင်လည်း ပြေးစရာမြေတောင်မကျန်လောက်အောင်
အနုမြုူ ဗုံးလို အခြားသူတွေကိုပါ အဆိပ်သင့်စေပါတယ်။

လောကကြီးမှာ ပညာရှိတွေ အများကြီး လိုအပ်ပါတယ်
ဒါပေမယ့် အဲ့ဒီပညာရှိတွေက လောကပညာကိုပါတတ်ကျွမ်းပီး
စိတ်ဓာတ်မြင့်မားနေမှ တန်ဖိုးကြီးလူသားတွေဖြစ်လာမှာပါ။

လူသားတစ်ယောက်ရဲ့ စစ်မှန်တဲ့ တန်ဖိုးဆိုတာက
စိတ်ဓာတ်မြင့်မားဖြူ စင်ခြင်းပါ
စိတ်ဓာတ်မြင့်မားသူတိုင်း လောကကြီးအတွက် အမူှိက်တစ်စ
အဆိပ်ခွက်နဲ့တူသော သူ ဖြစ်မလာနိူင်ပါဘူး။

ပညာနှင့်တန်ဖိုးဆိုတာ ပတ်သက်မူှရှိသော်လည်း
တော်ပီး ကောင်းလာမှသာ တန်ဖိုးကြီး လူသားတစ်ယောက်
ဖြစ်လာမှာ ဖြစ်ပါတယ်။
လူသားတိုင်း တော်အောင်ကြိုးစားကြသလို လူကောင်းဖြစ်လာအောင်လည်း အားထုတ်ကြပါလို့
တောင်းဆိုပါရစေ။

(ကျွန်တော့်အမြင်လေးကို တင်ပြခြင်းပါ
အမြင်မတူသူများအနေနဲ့ ဝင်ရောက်ဆွေးနွေးနိူင်ပါတယ်နော်
ကျေးဇူးပါ ခင်ဗျာ)

လေးစားစွာဖြင့် ♥ ♥ ♥


ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top