iMyanmarHouse.com - Best Property Website for Myanmar
×

ငါး အရိုးမ်က္လွ်င္ အေတာ့္ကို ခံစားရခက္သည္မွာ အားလံုးလည္း သိျပီးျဖစ္မွာပါ။

တစ္ခါတရံ ခဏေလးနဲ့ ေပ်ာက္သြားေပမယ့္ အခန့္မသင့္လွ်င္ေဆးရံုတက္ျပီး လည္ေခ်ာင္းကေန ခြဲထုတ္ရတဲ့အထိ ျဖစ္တတ္ၾကပါတယ္။

ဒါ့ေၾကာင့္ ငါးအရိုးမ်က္လွ်င္ အလြယ္တကူျပဳလုပ္ႏုိင္မယ့္ အိမ္တြင္းကုထံုးေလးမ်ားကို ရသမွ်စုစည္း၍ တင္ေပးလိုက္ပါတယ္။

ကိုယ္နဲ႔ အဆင္ေျပရာနည္းကို ျပဳလုပ္ႏိုင္ၾကပါတယ္။

(၁) သံပုရာသီးကို အခြံမာမ်ားခြါ၍ အလံုးကို သြားၾကားထိုးသံျဖင့္ အေပါက္ေလးမ်ား ထိုးဆြထား၍ေခတၱမ်် ငံုထားပါ။ အရည္ကို တေျဖးေျဖး မ်ိဳခ်ေပးပါ။ အခ်ဥ္ဓါတ္က ငါးရိုးမ်ားကိုတိုက္စားသြားေပလိမ့္မည္။

(၂) ငွက္ေပ်ာသီး စားပါ။ ဘာငွက္ေပ်ာသီးျဖစ္ျဖစ္အဆင္ေျပပါသည္။

(၃) ၾကက္ဥအကာကို ေသာက္ေပးပါ။ ငါးရိုးသည္အခြ်ဲမ်ားႏွင့္အတူ က်သြားမည္။

(၄) သံပုရာသီး သို့မဟုတ္ သံပုယိုသီးကို ၄ စိတ္ခြဲ၍ ပါးစပ္ဟကာ အာေခါင္ထဲကို တစ္စိတ္ခ်င္းစီ အရည္ည်စ္၍ သံပုရာရည္ကို ေခတၱငံုထားပါ။ ျပီးမွ ေရေသာက္လုိက္ပါ။ ငါးရိုးမ်က္ျခင္းေပ်ာက္ကင္းသြားလိမ့္မည္။

(၅) ဇီးျဖဴသီးကို အလံုးလုိက္ ၀ါးစားျပီး အရည္ေရာ အဖတ္ပါ မ်ိဳခ်ပါ။ ငါးရိုးမ်ား အရည္ေပ်ာ္က်သြားပါလိမ့္မည္။

(၆) ေရမ်ားမ်ား ေသာက္ပါ။ ေသာက္ေရထဲကို ဆားအနည္းငယ္ ခတ္၍ ေသာက္ပါ။ ဆားဓါတ္က ငါးရိုးကို အျမတ္ေခ်ဖ်က္ေပးႏိုင္ပါသည္။

(၇) သံလြင္ဆီ အနည္းငယ္ခန့္ကို ေသာက္ပါ။ ငါးရိုးမ်ား ဆီႏွင့္အတူ ေလွ်ာက်သြားမည္။ လည္ေခ်ာင္းနာလည္း ေပ်ာက္မည္။

(၈) လိေမၼာ္ရည္၊ သံပုရာရည္တို့ကို ေဖ်ာ္ေသာက္ပါ။ ၄င္းတို့မွာ ပါ၀င္သည့္ Citric Acid က ငါးရိုးမ်ားကို အျမန္ေက်သြားေစပါသည္။

(၉) ထမင္းပူပူေႏြးေႏြးကို အေနေတာ္ခန့္ လက္ျဖင့္ဆုပ္လံုး၍ မ်ိဳခ်ပါ။ အာေခါင္တြင္ ကပ္ညွိေနေသာ ငါးအရိုးမ်ား ေအာက္ကို ထိုးက်သြားပါမည္။

(၁၀) ယခုေခတ္တြင္ ေပါမ်ားေနေသာ Coke, Pepsi စသည့္ ဂက္စ္ပါ၀င္သည့္ အခ်ိဳရည္တို့ကို ေသာက္ပါ။ ငါးရိုးကို အျမန္ေပ်ာ့သြားေစပါသည္။

သတိျပဳရန္

ငါးရိုးမ်က္ေနစဥ္ လည္ေခ်ာင္းအျပင္ဘက္မွ ဖိျခင္း၊ နွိပ္နယ္ျခင္းမ်ား မျပဳလုပ္ပါနွင့္။

သင့္ပတ္၀န္းက်င္မွာလည္း ငါးရိုးမ်က္၍ ဒုကၡေရာက္သူမ်ားအတြက္ ဒီ Post ေလးကို Share ေပးႏိုင္ၾကပါတယ္။

အားလံုးပဲ ေဘးအႏၱရာယ္ ကင္းရွင္းနုိင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေစာႏြဲ႕ေနဆိုင္(ပူတာအို)

#Unicode Version#
ငါး အရိုးမျက်လျှင် အတော့်ကို ခံစားရခက်သည်မှာ အားလုံးလည်း သိပြီးဖြစ်မှာပါ။

တစ်ခါတရံ ခဏလေးနဲ့ ပျောက်သွားပေမယ့် အခန့်မသင့်လျှင်ဆေးရုံတက်ပြီး လည်ချောင်းကနေ ခွဲထုတ်ရတဲ့အထိ ဖြစ်တတ်ကြပါတယ်။

ဒါ့ကြောင့် ငါးအရိုးမျက်လျှင် အလွယ်တကူပြုလုပ်နိုင်မယ့် အိမ်တွင်းကုထုံးလေးများကို ရသမျှစုစည်း၍ တင်ပေးလိုက်ပါတယ်။

ကိုယ်နဲ့ အဆင်ပြေရာနည်းကို ပြုလုပ်နိုင်ကြပါတယ်။

(၁) သံပုရာသီးကို အခွံမာများခွါ၍ အလုံးကို သွားကြားထိုးသံဖြင့် အပေါက်လေးများ ထိုးဆွထား၍ခေတ္တမျျ ငုံထားပါ။ အရည်ကို တဖြေးဖြေး မျိုချပေးပါ။ အချဉ်ဓါတ်က ငါးရိုးများကိုတိုက်စားသွားပေလိမ့်မည်။

(၂) ငှက်ပျောသီး စားပါ။ ဘာငှက်ပျောသီးဖြစ်ဖြစ်အဆင်ပြေပါသည်။

(၃) ကြက်ဥအကာကို သောက်ပေးပါ။ ငါးရိုးသည်အချွဲများနှင့်အတူ ကျသွားမည်။

(၄) သံပုရာသီး သို့မဟုတ် သံပုယိုသီးကို ၄ စိတ်ခွဲ၍ ပါးစပ်ဟကာ အာခေါင်ထဲကို တစ်စိတ်ချင်းစီ အရည်ညျစ်၍ သံပုရာရည်ကို ခေတ္တငုံထားပါ။ ပြီးမှ ရေသောက်လိုက်ပါ။ ငါးရိုးမျက်ခြင်းပျောက်ကင်းသွားလိမ့်မည်။

(၅) ဇီးဖြူသီးကို အလုံးလိုက် ဝါးစားပြီး အရည်ရော အဖတ်ပါ မျိုချပါ။ ငါးရိုးများ အရည်ပျော်ကျသွားပါလိမ့်မည်။

(၆) ရေများများ သောက်ပါ။ သောက်ရေထဲကို ဆားအနည်းငယ် ခတ်၍ သောက်ပါ။ ဆားဓါတ်က ငါးရိုးကို အမြတ်ချေဖျက်ပေးနိုင်ပါသည်။

(၇) သံလွင်ဆီ အနည်းငယ်ခန့်ကို သောက်ပါ။ ငါးရိုးများ ဆီနှင့်အတူ လျှောကျသွားမည်။ လည်ချောင်းနာလည်း ပျောက်မည်။

(၈) လိမ္မော်ရည်၊ သံပုရာရည်တို့ကို ဖျော်သောက်ပါ။ ၎င်းတို့မှာ ပါဝင်သည့် Citric Acid က ငါးရိုးများကို အမြန်ကျေသွားစေပါသည်။

(၉) ထမင်းပူပူနွေးနွေးကို အနေတော်ခန့် လက်ဖြင့်ဆုပ်လုံး၍ မျိုချပါ။ အာခေါင်တွင် ကပ်ညှိနေသော ငါးအရိုးများ အောက်ကို ထိုးကျသွားပါမည်။

(၁၀) ယခုခေတ်တွင် ပေါများနေသော Coke, Pepsi စသည့် ဂက်စ်ပါဝင်သည့် အချိုရည်တို့ကို သောက်ပါ။ ငါးရိုးကို အမြန်ပျော့သွားစေပါသည်။

သတိပြုရန်

ငါးရိုးမျက်နေစဉ် လည်ချောင်းအပြင်ဘက်မှ ဖိခြင်း၊ နှိပ်နယ်ခြင်းများ မပြုလုပ်ပါနှင့်။

သင့်ပတ်ဝန်းကျင်မှာလည်း ငါးရိုးမျက်၍ ဒုက္ခရောက်သူများအတွက် ဒီ Post လေးကို Share ပေးနိုင်ကြပါတယ်။

အားလုံးပဲ ဘေးအန္တရာယ် ကင်းရှင်းနိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:  စောနွဲ့နေဆိုင်(ပူတာအို)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top