ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

စက္သံုးဆီေစ်းျမင့္တက္မႈက ခရီးသည္တင္ယာဥ္လိုင္းမ်ား အက်ပ္႐ိုက္ေစခဲ့သည္။ (ဓာတ္ပံု - နစ္ကီ)

သီတင္းကြၽတ္ပိတ္ရက္ နီးေသာ္လည္း စက္သံုးဆီေဈးႀကီးျမင့္မႈေၾကာင့္ အေဝးေျပးယာဥ္ လိုင္းအခ်ိဳ႕ ကားအစီးေရ ထပ္တုိး ႏုိင္ျခင္းမရွိေၾကာင္း ယာဥ္လုိင္း တာဝန္ရွိသူမ်ားက ေျပာသည္။


သီတင္းကြၽတ္ ပိတ္ရက္ ေၾကာင့္ ခရီးသြားမ်ား ယခုရက္ ပိုင္းကစ၍ ႀကိဳတင္လက္မွတ္မ်ား ဝယ္ယူေနကာ အခ်ိဳ႕ယာဥ္လိုင္း မ်ား ပံုမွန္ေျပးဆြဲေနသည့္ ကားစီး ေရအတြက္ လက္မွတ္မ်ား ေရာင္းကုန္ၿပီဟု ၎တုိ႔က ဆုိသည္။

စက္သံုးဆီေဈးႀကီးျမင့္ျခင္း ေၾကာင့္ ယာဥ္တစ္စီးထြက္တုိင္း အ႐ႈံးေပၚေနသည့္ အေျခအေန ျဖစ္၍ ခရီးသြားမ်ားေသာ္လည္း ကားအစီးေရ ထပ္တိုးႏိုင္ျခင္းမရွိ ေၾကာင္း အထက္ပါယာဥ္လိုင္း တာဝန္ရွိသူမ်ားက ေျပာသည္။

‘‘ကားက ထပ္တုိးရင္ အ ျမတ္ရဖို႔ေတာင္ မေသခ်ာတဲ့ အ ေျခအေနျဖစ္ေနေတာ့ အရဲစြန္႔ မလုပ္ရဲၾကဘူး။ ဒီႏွစ္ ပိတ္ရက္က လည္း ရွည္ေတာ့ ခရီးသြားမ်ား တယ္။ ကြၽန္ေတာ့္ဂိတ္မွာေတာ့ ႀကိဳတင္လက္မွတ္က ကုန္သြား ၿပီ။ ခရီးသည္ေတြကေတာ့ လက္ မွတ္လာလာေမးတယ္’’ဟု ေအး ခ်စ္ၿမိဳင္ယာဥ္လိုင္း တာဝန္ခံ ကိုေမႊးက ေျပာသည္။

ယခင္ႏွစ္မ်ားက သႀကၤန္ႏွင့္ သီတင္းကြၽတ္ပိတ္ရက္ရွည္ကာ လမ်ားတြင္ ယာဥ္လိုင္းမ်ားက ပံုမွန္ကားအစီးေရအျပင္ ထပ္တိုး ေျပးဆြဲေလ့ရွိသည္။

စက္သံုးဆီေဈးႀကီးျမင့္မႈ ေၾကာင့္ အေဝးေျပးယာဥ္လိုင္း မ်ား ေန႔စဥ္အ႐ႈံးေပၚေနၿပီး ယခုရက္ပိုင္းအတြင္း ခရီးသြားမ်ား၍ ယခင္ကထက္ ေငြေၾကးဆံုး႐ႈံးမႈ အနည္းငယ္ေလ်ာ့နည္းသည္ဟု ယာဥ္လုိင္းပိုင္ရွင္အခ်ိဳ႕က ဆိုသည္။

‘‘အရင္လေတြကဆုိရင္ တစ္စီးထြက္ရင္ တစ္သိန္းေလာက္ အိတ္စိုက္ရတယ္။ အခုသီတင္း ကြၽတ္ပိတ္ရက္ကပ္လုိ႔ ခရီးသြား မ်ားလာတဲ့အတြက္ အရင္က ေလာက္ေတာ့ မစိုက္ရေတာ့ဘူး။ တစ္စီးကို ႏွစ္ေသာင္း၊ သံုး ေသာင္းေလာက္ေတာ့ စိုက္ေနရ ေသးတယ္။ ေတာက္ေလွ်ာက္႐ံႈး ေနေတာ့ ကားထပ္မထည့္ႏိုင္ ေတာ့ဘူး’’ဟု အာကာမင္းယာဥ္ လိုင္းပိုင္ရွင္ ေဒၚျမသႏၲာေအာင္ က ေျပာသည္။

သီတင္းကြၽတ္ ပိတ္ရက္ သည္ ေအာက္တိုဘာ ၂၃ ရက္မွ၂၅ ရက္အထိျဖစ္ၿပီး စေန၊ တနဂၤေႏြ ပိတ္ရက္ႏွင့္ ၾကားတစ္ရက္သာ ျခားေသာေၾကာင့္ ပိတ္ရက္ရွည္ ကာလျဖစ္လာမည္ျဖစ္ သည္။ ထုိ႔ေၾကာင့္ ခရီးသြားမ်ား လည္း ယခုရက္ပိုင္းကတည္းက ႀကိဳတင္ျပင္ဆင္ၿပီး ကားလက္ မွတ္ရရွိရန္ အခက္အခဲမ်ား ႀကံဳေနရၿပီဟု ႀကိဳတင္လက္မွတ္ဝယ္ယူ ရန္ ျပင္ဆင္ေနသူအခ်ိဳ႕က ဆုိ သည္။

‘‘လက္မွတ္စံုစမ္းတာ ဂိတ္ ေတာ္ေတာ္မ်ားမ်ားက ကုန္ေနၿပီ။ တခ်ိဳ႕ဂိတ္ေတြက ရက္ကပ္မွ ျပန္ လာခဲ့ပါေျပာတယ္။ ကားလိုင္း တခ်ိဳ႕ဆုိ လက္မွတ္ခေတြက လည္း ပံုမွန္ထက္ ႏွစ္ေထာင္၊ သံုး ေထာင္ေလာက္တက္သြားတယ္’’ ဟု မံုရြာသို႔ ျပန္ရန္စီစဥ္ေနသည့္ ကိုစည္သူႏုိင္က ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://www.7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
စက်သုံးဆီဈေးမြင့်တက်မှုက ခရီးသည်တင်ယာဉ်လိုင်းများ အကျပ်ရိုက်စေခဲ့သည်။ (ဓာတ်ပုံ - နစ်ကီ)

သီတင်းကျွတ်ပိတ်ရက် နီးသော်လည်း စက်သုံးဆီဈေးကြီးမြင့်မှုကြောင့် အဝေးပြေးယာဉ် လိုင်းအချို့ ကားအစီးရေ ထပ်တိုး နိုင်ခြင်းမရှိကြောင်း ယာဉ်လိုင်း တာဝန်ရှိသူများက ပြောသည်။


သီတင်းကျွတ် ပိတ်ရက် ကြောင့် ခရီးသွားများ ယခုရက် ပိုင်းကစ၍ ကြိုတင်လက်မှတ်များ ဝယ်ယူနေကာ အချို့ယာဉ်လိုင်း များ ပုံမှန်ပြေးဆွဲနေသည့် ကားစီး ရေအတွက် လက်မှတ်များ ရောင်းကုန်ပြီဟု ၎င်းတို့က ဆိုသည်။

စက်သုံးဆီဈေးကြီးမြင့်ခြင်း ကြောင့် ယာဉ်တစ်စီးထွက်တိုင်း အရှုံးပေါ်နေသည့် အခြေအနေ ဖြစ်၍ ခရီးသွားများသော်လည်း ကားအစီးရေ ထပ်တိုးနိုင်ခြင်းမရှိ ကြောင်း အထက်ပါယာဉ်လိုင်း တာဝန်ရှိသူများက ပြောသည်။

‘‘ကားက ထပ်တိုးရင် အ မြတ်ရဖို့တောင် မသေချာတဲ့ အ ခြေအနေဖြစ်နေတော့ အရဲစွန့် မလုပ်ရဲကြဘူး။ ဒီနှစ် ပိတ်ရက်က လည်း ရှည်တော့ ခရီးသွားများ တယ်။ ကျွန်တော့်ဂိတ်မှာတော့ ကြိုတင်လက်မှတ်က ကုန်သွား ပြီ။ ခရီးသည်တွေကတော့ လက် မှတ်လာလာမေးတယ်’’ဟု အေး ချစ်မြိုင်ယာဉ်လိုင်း တာဝန်ခံ ကိုမွှေးက ပြောသည်။

ယခင်နှစ်များက သြင်္ကန်နှင့် သီတင်းကျွတ်ပိတ်ရက်ရှည်ကာ လများတွင် ယာဉ်လိုင်းများက ပုံမှန်ကားအစီးရေအပြင် ထပ်တိုး ပြေးဆွဲလေ့ရှိသည်။

စက်သုံးဆီဈေးကြီးမြင့်မှု ကြောင့် အဝေးပြေးယာဉ်လိုင်း များ နေ့စဉ်အရှုံးပေါ်နေပြီး ယခုရက်ပိုင်းအတွင်း ခရီးသွားများ၍ ယခင်ကထက် ငွေကြေးဆုံးရှုံးမှု အနည်းငယ်လျော့နည်းသည်ဟု ယာဉ်လိုင်းပိုင်ရှင်အချို့က ဆိုသည်။

‘‘အရင်လတွေကဆိုရင် တစ်စီးထွက်ရင် တစ်သိန်းလောက် အိတ်စိုက်ရတယ်။ အခုသီတင်း ကျွတ်ပိတ်ရက်ကပ်လို့ ခရီးသွား များလာတဲ့အတွက် အရင်က လောက်တော့ မစိုက်ရတော့ဘူး။ တစ်စီးကို နှစ်သောင်း၊ သုံး သောင်းလောက်တော့ စိုက်နေရ သေးတယ်။ တောက်လျှောက်ရှုံး နေတော့ ကားထပ်မထည့်နိုင် တော့ဘူး’’ဟု အာကာမင်းယာဉ် လိုင်းပိုင်ရှင် ဒေါ်မြသန္တာအောင် က ပြောသည်။

သီတင်းကျွတ် ပိတ်ရက် သည် အောက်တိုဘာ ၂၃ ရက်မှ၂၅ ရက်အထိဖြစ်ပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်နှင့် ကြားတစ်ရက်သာ ခြားသောကြောင့် ပိတ်ရက်ရှည် ကာလဖြစ်လာမည်ဖြစ် သည်။ ထို့ကြောင့် ခရီးသွားများ လည်း ယခုရက်ပိုင်းကတည်းက ကြိုတင်ပြင်ဆင်ပြီး ကားလက် မှတ်ရရှိရန် အခက်အခဲများ ကြုံနေရပြီဟု ကြိုတင်လက်မှတ်ဝယ်ယူ ရန် ပြင်ဆင်နေသူအချို့က ဆို သည်။

‘‘လက်မှတ်စုံစမ်းတာ ဂိတ် တော်တော်များများက ကုန်နေပြီ။ တချို့ဂိတ်တွေက ရက်ကပ်မှ ပြန် လာခဲ့ပါပြောတယ်။ ကားလိုင်း တချို့ဆို လက်မှတ်ခတွေက လည်း ပုံမှန်ထက် နှစ်ထောင်၊ သုံး ထောင်လောက်တက်သွားတယ်’’ ဟု မုံရွာသို့ ပြန်ရန်စီစဉ်နေသည့် ကိုစည်သူနိုင်က ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:http://www.7daydaily.com

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top