(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ဆီးေအာင့္ထားတတ္တဲ့အက်င့္က မေကာင္းဘူးဆိုတာသိလ်က္နဲ႔ ဘာလုိ႔ဆက္ျပီး လုပ္မိေနၾကတာလဲ??

ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြကို ေသခ်ာမသိလုိ႔ပါ။ ေလ့လာမႈေတြအရေတာ့ အမ်ိဳးသားေတြထက္ အမ်ိဳးသမီးေတြက ဆီးေအာင့္တဲ့အက်င့္ကို ပုိျပီး လုပ္တတ္ပါတယ္။ ဆီးေအာင့္ထားပါမ်ားတဲ့အခါ သင့္ရဲ႕ဆီးအိမ္မွာ ဘယ္လိုအက်ိဳးဆက္ေတြရွိလာမယ္ဆိုတာကိုေတာ့ သိထားသင့္ပါတယ္။

၁။ ေက်ာက္ကပ္ေက်ာက္တည္ျခင္း

ေက်ာက္ကပ္မွာေက်ာက္တည္တာဟာ အင္မတန္မွ ေဝဒနာခံစားရျပီး ဆိုးရြားတဲ့ ေရာဂါတစ္ခုပါ။ ဆီးအိမ္မွ ပံုမွန္ ဆီးမထြက္တဲ့အခါ ဆီးအိမ္အတြင္း ဆိုဒီယမ္ သို႔မဟုတ္ ကယ္လ္ဆီယမ္ဓါတ္မ်ား လြန္ကဲလာကာ ေသးငယ္ေသာ ေက်ာက္မ်ား ေပါက္ဖြားလာေစပါတယ္။

၂။ ဆီးအိတ္ေရာင္ျခင္း

ဒါကေတာ့ အမ်ိဳးသမီးေတြမွာ ပိုျပီးအျဖစ္မ်ားေလ့ရွိပါတယ္။ ဆီးအိတ္ေရာင္တဲ့အခါ တင္ပါးဆံုရိုးမ်ား နာၾကင္ျခင္း၊ ဆီးသြားစဥ္နာၾကင္ျခင္းေတြကို ခံစားရတတ္ပါတယ္။

၃။ ဆီးအိမ္ေရာင္ျခင္း

ဆီးအိမ္ဟာ ပ်မ္းမွ်အားျဖင့္ အရည္ကို ၁၅ေအာင္စအထိ ထိန္းသိမ္းသိုေလွာင္ထားနိုင္ပါတယ္။ သင္ဟာ တစ္ေန႔ကို ေရ ၈ဖန္ခြက္ ေသာက္မယ္ဆိုလွ်င္ သင့္ဆီးအိမ္အတြင္းမွာ အရည္ဟာ ခန္႔မွန္းေျခ ၆၄ ေအာင္စ အထိ ရွိနိုင္ပါတယ္။ ဆိုလိုတာကေတ့ာ ေရေသာက္လွ်င္ ဆီးသြားမွာ ပံုမွန္ပါပဲ။ သို႔ေသာ္ ဆီးသြားခ်င္တာကို တားျမစ္ထားလိုက္လွ်င္ ဆီးအိမ္မွ ခံနိုင္အားထက္ ဝန္မခံနိုင္ေတာ့တဲ့အခါ ဆီးအိမ္ေရာင္ရမ္းျခင္းမ်ိဳးေတြ ျဖစ္လာပါေတာ့တယ္။ ဒါေၾကာင့္ ဆီးသြားခ်င္လာလွ်င္ ခ်က္ခ်င္းသြားလိုက္ပါ။ ေအာင့္မထားပါနွင့္

ဒါေတြဟာ ဆီးေအာင့္ထားျခင္းရဲ႕ အဓိက ဆိုးက်ိဳးေတြျဖစ္ျပီး ေနာက္ထပ္ ျဖစ္လာနိုင္တာေတြကေတာ့

    ဆီးသြားတဲ့အခါ မခံမရပ္နိုင္ေအာင္ နာၾကင္မႈ ခံစားလာရျခင္း
    ဆီးအတြင္းရွိ ဘတ္တီးရီးယားမ်ားေၾကာင့္ ဖ်ားနာျခင္း
    ဗိုက္ေအာင့္၊ ဗိုက္နာျခင္း
    ခိုက္ခိုက္တုန္ခ်မ္းတတ္ျခင္း
    ၾကြက္တက္ျခင္း
    စိတ္မတည္မျငိမ္ျဖစ္ျခင္း
    အာရံုုစူးစိုက္မႈတြင္ အေနွာင့္အယွက္ျဖစ္လာျခင္း စတဲ့ ေဘးထြက္ဆိုးက်ိဳးေတြကိုပါ ခံစားလာရနိုင္ပါတယ္။ ဒါေၾကာင့္ ဆီးေအာင့္ထားတာကို ေပါ့ေပါ့တန္တန္ သေဘာမထားပါနွင့္။ မိမိ ခႏၶာကိုယ္ကို ခ်စ္ခင္ဂရုစိုက္ပါ။ လူက်န္းမာမွ စိတ္ခ်မး္သာနိုင္မွာျဖစ္လို႔ က်န္းမာေရးကို ဂရုစိုက္ၾကဖို႔ တိုက္တြန္းရင္း…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN

#Unicode Version#
ဆီးအောင့်ထားတတ်တဲ့အကျင့်က မကောင်းဘူးဆိုတာသိလျက်နဲ့ ဘာလို့ဆက်ပြီး လုပ်မိနေကြတာလဲ??

နောက်ဆက်တွဲ ဆိုးကျိုးတွေကို သေချာမသိလို့ပါ။ လေ့လာမှုတွေအရတော့ အမျိုးသားတွေထက် အမျိုးသမီးတွေက ဆီးအောင့်တဲ့အကျင့်ကို ပိုပြီး လုပ်တတ်ပါတယ်။ ဆီးအောင့်ထားပါများတဲ့အခါ သင့်ရဲ့ဆီးအိမ်မှာ ဘယ်လိုအကျိုးဆက်တွေရှိလာမယ်ဆိုတာကိုတော့ သိထားသင့်ပါတယ်။

၁။ ကျောက်ကပ်ကျောက်တည်ခြင်း

ကျောက်ကပ်မှာကျောက်တည်တာဟာ အင်မတန်မှ ဝေဒနာခံစားရပြီး ဆိုးရွားတဲ့ ရောဂါတစ်ခုပါ။ ဆီးအိမ်မှ ပုံမှန် ဆီးမထွက်တဲ့အခါ ဆီးအိမ်အတွင်း ဆိုဒီယမ် သို့မဟုတ် ကယ်လ်ဆီယမ်ဓါတ်များ လွန်ကဲလာကာ သေးငယ်သော ကျောက်များ ပေါက်ဖွားလာစေပါတယ်။

၂။ ဆီးအိတ်ရောင်ခြင်း

ဒါကတော့ အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များလေ့ရှိပါတယ်။ ဆီးအိတ်ရောင်တဲ့အခါ တင်ပါးဆုံရိုးများ နာကြင်ခြင်း၊ ဆီးသွားစဉ်နာကြင်ခြင်းတွေကို ခံစားရတတ်ပါတယ်။

၃။ ဆီးအိမ်ရောင်ခြင်း

ဆီးအိမ်ဟာ ပျမ်းမျှအားဖြင့် အရည်ကို ၁၅အောင်စအထိ ထိန်းသိမ်းသိုလှောင်ထားနိုင်ပါတယ်။ သင်ဟာ တစ်နေ့ကို ရေ ၈ဖန်ခွက် သောက်မယ်ဆိုလျှင် သင့်ဆီးအိမ်အတွင်းမှာ အရည်ဟာ ခန့်မှန်းခြေ ၆၄ အောင်စ အထိ ရှိနိုင်ပါတယ်။ ဆိုလိုတာကတေ့ာ ရေသောက်လျှင် ဆီးသွားမှာ ပုံမှန်ပါပဲ။ သို့သော် ဆီးသွားချင်တာကို တားမြစ်ထားလိုက်လျှင် ဆီးအိမ်မှ ခံနိုင်အားထက် ဝန်မခံနိုင်တော့တဲ့အခါ ဆီးအိမ်ရောင်ရမ်းခြင်းမျိုးတွေ ဖြစ်လာပါတော့တယ်။ ဒါကြောင့် ဆီးသွားချင်လာလျှင် ချက်ချင်းသွားလိုက်ပါ။ အောင့်မထားပါနှင့်

ဒါတွေဟာ ဆီးအောင့်ထားခြင်းရဲ့ အဓိက ဆိုးကျိုးတွေဖြစ်ပြီး နောက်ထပ် ဖြစ်လာနိုင်တာတွေကတော့

    ဆီးသွားတဲ့အခါ မခံမရပ်နိုင်အောင် နာကြင်မှု ခံစားလာရခြင်း
    ဆီးအတွင်းရှိ ဘတ်တီးရီးယားများကြောင့် ဖျားနာခြင်း
    ဗိုက်အောင့်၊ ဗိုက်နာခြင်း
    ခိုက်ခိုက်တုန်ချမ်းတတ်ခြင်း
    ကြွက်တက်ခြင်း
    စိတ်မတည်မငြိမ်ဖြစ်ခြင်း
    အာရုံစူးစိုက်မှုတွင် အနှောင့်အယှက်ဖြစ်လာခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုပါ ခံစားလာရနိုင်ပါတယ်။ ဒါကြောင့် ဆီးအောင့်ထားတာကို ပေါ့ပေါ့တန်တန် သဘောမထားပါနှင့်။ မိမိ ခန္ဓာကိုယ်ကို ချစ်ခင်ဂရုစိုက်ပါ။ လူကျန်းမာမှ စိတ်ချမ်းသာနိုင်မှာဖြစ်လို့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းရင်း…

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top