iMyanmarHouse.com - Best Property Website for Myanmar
×

Photo-Mie Nge(FB)

 ေနျပည္ေတာ္တြင္ အသက္(၄၇)ႏွစ္အရြယ္ ကုမၸဏီ ပိုင္ရွင္အမ်ိဳးသမီးတစ္ဦး ေနအိမ္ အတြင္း မီးေလာင္ေသဆံုးေနၿပီး CCTV မွတ္တမ္းအရ က်ဴးလြန္သူ ကို ရွာေဖြေနေၾကာင္း ဥတၱရသီရိ ၿမိဳ႕နယ္စခန္းမွဴး ဒုရဲမွဴးတင္ေဌး က ေျပာသည္။

‘‘မသကၤာတဲ့ တရားခံေတာ့ လိုက္ေနၿပီ။ ကားေတာ့ျပန္ရၿပီ’’ ဟု ၎က ေျပာသည္။ ေသဆံုးသူ စီးနင္းေသာ ယာဥ္ႏွင့္ လက္ကိုင္ ဖုန္းတစ္လံုး ေပ်ာက္ဆံုးေနေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ကနဦး ထုတ္ျပန္ခ်က္တြင္ ေရးသားထား ေသာ္လည္း လက္ရွိ၌ ယာဥ္ျပန္ရ ၿပီဟု ဒုရဲမွဴးက ေျပာသည္။

သံသယရွိသူ တရားခံစီးသြား သည့္ အဆိုပါယာဥ္ကို ရန္ကုန္- မႏၲေလးလမ္းေဟာင္း တပ္ကုန္း ၿမိဳ႕အနီးတြင္ ျပန္လည္ေတြ႕ရွိခဲ့ ေၾကာင္း ဒုရဲမွဴးတင္ေဌးက ဆို သည္။

‘‘အမ်ိဳးသမီးနဲ႔ အတူေနတဲ့ သူက လြန္ခဲ့တဲ့ ႏွစ္ရက္ကမွ ရန္ ကုန္ျပန္သြားတဲ့အခ်ိန္ ျဖစ္သြားတာ’’ဟု ၎က ဆိုသည္။ ယမန္ေန႔ ၆ နာရီအထိ သံသယရွိသူ တရားခံကို ဖမ္းဆီးရမိျခင္း မရွိေသးေပ။

လက္ရွိတြင္ CCTV မွတ္တမ္းအရ က်ဴးလြန္သူဟု ယူဆရသူကို လိုက္လံရွာေဖြေနၿပီး အတည္ျပဳ ဖမ္းဆီးႏိုင္ရန္ ေဆာင္ရြက္ေနကာ မႈခင္းျဖစ္ပြားရသည့္အေၾကာင္း ရင္းကို မသိရေသးေၾကာင္း ၎က ဆိုသည္။

ဥတၱရသီရိၿမိဳ႕နယ္ အမွတ္ (၂၀၄၂) ကၽြန္းေခ်ာင္း(၂)လမ္း ရာဇသဂၤအိမ္ရာ(၂) ရတနာသိဒၶိ ရပ္ကြက္ရွိ ေအာင္ျမင္ခ်မ္းသာ ေဆာက္လုပ္ေရး၊ WE & WE အိမ္တြင္းအလွဆင္လုပ္ငန္းကုမၸ ဏီလီမိတက္တြင္ ေအာက္တိုဘာ ၂၈ ရက္ ည ၈ နာရီခန္႔က ယင္းျဖစ္စဥ္ျဖစ္ပြားၿပီး အဆိုပါကုမၸဏီ ဝန္ထမ္း ကိုေအာင္ေက်ာ္ဦးႏွင့္ ဇနီးတို႔က မီးပူတိုက္ၿပီးေသာ အဝတ္မ်ား ျပန္ေပးရန္ ယင္းေနရာသို႔ ေရာက္ရွိစဥ္ ၿခံတံခါးမ်ားပြင့္ေန ၿပီး အိပ္ခန္းအတြင္း မီးခိုးမ်ား ထြက္ေနသည္ဟု ဆိုသည္။

ထုိ႔ေၾကာင့္ ေရ၊ မီးတာဝန္ခံ ႏွင့္အတူ ေနအိမ္အတြင္း စစ္ေဆး ၾကည့္႐ႈရာ ေသဆံုးသူအမ်ိဳးသမီး ကို ၎အိပ္ခန္း၏ေရခ်ိဳးခန္းအ တြင္း ပက္လက္အေနအထားျဖင့္ ဒူးအထက္ပိုင္း ခႏၶာကိုယ္တစ္ခု လံုး မီးကၽြမ္းလ်က္ ေသဆံုးေန ေၾကာင္း စတင္ေတြ႕ရွိခဲ့သည္။

အခင္းျဖစ္ပြားရာ ေရခ်ိဳးခန္း အတြင္းရွိ ဘုိထိုင္အိမ္သာ ကမုတ္အနီးတြင္ ေသြးကြက္မ်ားႏွင့္ ေရခ်ိဳးခန္းတံခါးႏွင့္ ႏွစ္ေပခန္႔အကြာတြင္ ေသြးစက္အနည္းငယ္ေတြ႕ရွိရေၾကာင္း ရဲမွတ္တမ္း၌ ေဖာ္ျပထားသည္။

ယင္းအမႈကို ဒုရဲမွဴးတင္ေဌးက တရားလိုျပဳလုပ္ကာ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ က်ဴးလြန္သူကို အမႈဖြင့္စံုစမ္းေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#

 နေပြည်တော်တွင် အသက်(၄၇)နှစ်အရွယ် ကုမ္ပဏီ ပိုင်ရှင်အမျိုးသမီးတစ်ဦး နေအိမ် အတွင်း မီးလောင်သေဆုံးနေပြီး CCTV မှတ်တမ်းအရ ကျူးလွန်သူ ကို ရှာဖွေနေကြောင်း ဥတ္တရသီရိ မြို့နယ်စခန်းမှူး ဒုရဲမှူးတင်ဌေး က ပြောသည်။

‘‘မသင်္ကာတဲ့ တရားခံတော့ လိုက်နေပြီ။ ကားတော့ပြန်ရပြီ’’ ဟု ၎င်းက ပြောသည်။ သေဆုံးသူ စီးနင်းသော ယာဉ်နှင့် လက်ကိုင် ဖုန်းတစ်လုံး ပျောက်ဆုံးနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကနဦး ထုတ်ပြန်ချက်တွင် ရေးသားထား သော်လည်း လက်ရှိ၌ ယာဉ်ပြန်ရ ပြီဟု ဒုရဲမှူးက ပြောသည်။

သံသယရှိသူ တရားခံစီးသွား သည့် အဆိုပါယာဉ်ကို ရန်ကုန်- မန္တလေးလမ်းဟောင်း တပ်ကုန်း မြို့အနီးတွင် ပြန်လည်တွေ့ရှိခဲ့ ကြောင်း ဒုရဲမှူးတင်ဌေးက ဆို သည်။

‘‘အမျိုးသမီးနဲ့ အတူနေတဲ့ သူက လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရန် ကုန်ပြန်သွားတဲ့အချိန် ဖြစ်သွားတာ’’ဟု ၎င်းက ဆိုသည်။ ယမန်နေ့ ၆ နာရီအထိ သံသယရှိသူ တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။

လက်ရှိတွင် CCTV မှတ်တမ်းအရ ကျူးလွန်သူဟု ယူဆရသူကို လိုက်လံရှာဖွေနေပြီး အတည်ပြု ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေကာ မှုခင်းဖြစ်ပွားရသည့်အကြောင်း ရင်းကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

ဥတ္တရသီရိမြို့နယ် အမှတ် (၂၀၄၂) ကျွန်းချောင်း(၂)လမ်း ရာဇသင်္ဂအိမ်ရာ(၂) ရတနာသိဒ္ဓိ ရပ်ကွက်ရှိ အောင်မြင်ချမ်းသာ ဆောက်လုပ်ရေး၊ WE & WE အိမ်တွင်းအလှဆင်လုပ်ငန်းကုမ္ပ ဏီလီမိတက်တွင် အောက်တိုဘာ ၂၈ ရက် ည ၈ နာရီခန့်က ယင်းဖြစ်စဉ်ဖြစ်ပွားပြီး အဆိုပါကုမ္ပဏီ ဝန်ထမ်း ကိုအောင်ကျော်ဦးနှင့် ဇနီးတို့က မီးပူတိုက်ပြီးသော အဝတ်များ ပြန်ပေးရန် ယင်းနေရာသို့ ရောက်ရှိစဉ် ခြံတံခါးများပွင့်နေ ပြီး အိပ်ခန်းအတွင်း မီးခိုးများ ထွက်နေသည်ဟု ဆိုသည်။

ထို့ကြောင့် ရေ၊ မီးတာဝန်ခံ နှင့်အတူ နေအိမ်အတွင်း စစ်ဆေး ကြည့်ရှုရာ သေဆုံးသူအမျိုးသမီး ကို ၎င်းအိပ်ခန်း၏ရေချိုးခန်းအ တွင်း ပက်လက်အနေအထားဖြင့် ဒူးအထက်ပိုင်း ခန္ဓာကိုယ်တစ်ခု လုံး မီးကျွမ်းလျက် သေဆုံးနေ ကြောင်း စတင်တွေ့ရှိခဲ့သည်။

အခင်းဖြစ်ပွားရာ ရေချိုးခန်း အတွင်းရှိ ဘိုထိုင်အိမ်သာ ကမုတ်အနီးတွင် သွေးကွက်များနှင့် ရေချိုးခန်းတံခါးနှင့် နှစ်ပေခန့်အကွာတွင် သွေးစက်အနည်းငယ်တွေ့ရှိရကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

ယင်းအမှုကို ဒုရဲမှူးတင်ဌေးက တရားလိုပြုလုပ်ကာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ကျူးလွန်သူကို အမှုဖွင့်စုံစမ်းနေသည်။

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top