ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×
Credit:SNM Media
# Unicode Version ဖြင့် ဖတ်ပါ #
ထိုင်းနိုင်ငံ ဖဲ့ပြည်နယ်သူ ဝိကျစ်တရာ ၃၅ နှစ်ဟာ အွန်လိုင်းကနေ ရောင်းချနေတဲ့ အသားဖြူ ရုပ်ပျိုကိုယ်နု တိုင်းရင်းဆေးကို မှာယူသုံးနေခဲ့သူဖြစ်ပါတယ်။
သုံးစွဲစ ရက်ပိုင်းအတွင်းမှာ ကြော်ငြာထဲကလိုပါ အသားအရည်ဖြူဖွေးပြီး ကိုယ်အလေးချိန်ကျသွားခဲ့လို့ သေဆုံးသူက ညီမဖြစ်သူကိုတောင် ယခုတိုင်းရင်းဆေးကို သုံးကြည့်ဘို့ ဆွယ်ခဲ့ပါသေးတယ်။
ရုပ်ပျိုကိုယ်နုဆေးကို တနေ့နှစ်ကြိမ်သောက်နေရင်း တလ အကြာမှာ သူမမျက်နှာတွေရောင်လာလို့ ဆရာဝန်သွားပြခဲ့ရပါတယ်၊ဆရာဝန် ရဲ့ဆေးစစ်ချက်မှာတွေ့ရတာက သူမကိုယ်တွင်းမှာ ပရိုတင်းဓါတ်ခန်းခြောက်နေတာ တွေ့ရှိခဲ့လို့ အစားအသောက် ပုံမှန်စားဘို့ သတိပေးခဲ့ပါသေးတယ်။
သူမဟာ ပုံမှန်သောက်နေတဲ့ ရုပ်ပျိုတိုင်းရင်းဆေးကို ဘေးမရှိနိုင်ဘူးလို့ထင်ပြီး ဆက်သောက်ခဲ့ရာက တလအကြာမှာ မနက်ပိုင်း အိမ်သာတက်နေရင်း ရုတ်တရက် သေဆုံးနေခဲ့တာကို မိသားစုဝင်တွေက တွေ့ခဲ့ရပါတယ်။
သေဆုံးသူဟာ ဘာရောဂါမှ မရှိပဲ ခုလိုသေဆုံးခဲ့တာကြောင့် မိသားစုဝင်တွေက သေဆုံးသူ သုံးစွဲနေတဲ့ ရုပ်ပျိုကိုယ်နု တိုင်းရင်းဆေးကို စစ်ဆေးပေးဘို့ ကျန်းမာရေးဌာနကို တောင်းဆိုခဲ့ကြောင်းသိရပါတယ်။
ဖဲ့ပြည်နယ် ကျန်းမာရေးတာဝန်ခံကတော့ ခုလိုမျိုးတိုင်းရင်းဆေးဝါးတွေဟာ အွန်လိုင်းတွေမှာ ကြော်ငြာအမျိုးအမျိုးထုတ်ရောင်းနေတာပါ ၊တိုင်းရင်းဆေးဆိုပေမယ့် တချိုးဆေးတွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရပဲ ရောင်းနေတာလည်း တွေ့ရပါတယ်။
တချို့ဆေးတွေမှာ သုံးစွဲသူကို ကျန်မာရေး ထိခိုက်စေမယ့် ဓါတုဆေးတွေပါရောပြီးဖေါ်စပ်ထားခဲ့တာကြောင့်သုံးစွဲ သူတွေဟာ နှလုံးခုန်မြန်တာ ကောလက်စတောဓါတ်တွေခန်းခြောက်ပြီး ခုလိုဖြစ်ခဲ့တာလို့ ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။
တချို့သုံးစွဲသူတွေဟာ ဆေးညွှန်းအတိုင်းမလိုက်နာကြပဲ ရုပ်ပိုပြီးနုပျိုလာအောင် ပိုများများသုံးကြတာကြောင့်လည်း ဘေးတွေ့ခဲ့တာတွေ့ရပါတယ်။cr
ဒါ့ကြောင့် လှချင်နုချင်ပျိုချင်ကြတာတော့ ဟုတ်ပါတယ်။ မှန်ပါတယ်နော့။ ဒါပေမယ့် သေချာစီစစ်ရွေးချယ်ပြီး သုံးစွဲကြပါ။ အလှမက်ပြီး ဘဝပျက်တာမျိုး မဖြစ်စေကြပါနဲ့လို့ သတိပေး ပြောကြားလိုပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:SNM Media
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top