iMyanmarHouse.com - Best Property Website for Myanmar
×

အိုင္ဒါဟိုျပည္နယ္ မီရီဒါရီယမ္ၿမိဳ႕ရွိ စိန္႔လူကီေဆး႐ုံမွာ အျခားသူေတြကို ကယ္တင္ႏိုင္ဖို႔ ေသဆုံးခ်ိန္မွာ ခႏၶာကိုယိအစိတ္ပိုင္းေတြကို လႉဒါန္းမယ္လို႔ ကတိျပဳထားတဲ့လူတစ္ဦးကို လူအမ်ားစုက ေဆး႐ုံေလၽွာက္လမ္းတစ္ေလၽွာက္မွာ မတ္တပ္ရပ္ၿပီး ဂုဏ္ျပဳခဲ့တယ္လို႔သိရပါတယ္။

အသက္ ၅၃ ႏွစ္အ႐ြယ္လူနာရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြကို ထုတ္ဖို႔ ခြဲစိတ္ခန္းကို သြားေရာက္ခ်ိန္မွာ ခြဲစိတ္ခန္းအဝမွာ ေဆး႐ုံဝန္ထမ္းေတြက ႏုတ္ဆက္ကာ ဂုဏ္ျပဳမတ္တပ္ရပ္ေနခဲ့ပါတယ္။ ေဆး႐ုံကထုတ္လႊင့္တဲ့ ႐ုပ္သံဖိုင္ထဲမွာေတာ့ ခႏၶာကိုယ္အစိတ္ပိုင္းေတြ လႉဒါန္းဖို႔သေဘာတူညီထားတဲ့လူကို မိသားစုဝင္ေတြ၊ မိတ္ေဆြေတြနဲ႔ ေဆး႐ုံဝန္ထမ္းေတြက ေလးစားမႈကို ျပသေနခဲ့တာကို အထင္အရွားေတြ႕ရပါတယ္။


လူနာဟာ ခႏၶာကိုယ္ရဲ႕ဘယ္အစိတ္ပိုင္းကိုလႉဒါန္းခဲ့တယ္ဆိုတဲ့အခ်က္ကို အတိအက်မသိေသးပါဘူး၊ အခုလိုမ်ိဳး ေလးစားမႈျပသမႈအျဖစ္ မတ္တပ္ရပ္ ဂုဏ္ျပဳတာဟာ လူကီေဆး႐ုံရဲ႕အစဥ္အလာလည္းျဖစ္ပါတယ္။ ႐ုပ္သံဖိုင္ေတြမွာ လူနာကို တြန္းလွည္းနဲ႔ေခၚေဆာင္လာခ်ိန္မွာ ဂုဏ္ယူေလးစားမႈကို ျပသမႈအျဖစ္လူဒါဇင္ခ်ီက မတ္တပ္ရပ္ေနခဲ့ၾကတာပါ။


အေရးေပၚခန္းတြင္းက ျပန္ထြက္လာခ်ိန္မွာ လူနာရဲ႕ေဘးကေန လူအမ်ားအျပား လိုက္ပါလာခဲ့ၿပီး ဆရာဝန္အခ်ိဳ႕ကေတာ့ မ်က္ရည္က်ေနခဲ့ပါတယ္။ မိသားစုဝင္ေတြက လူနာရဲ႕အမည္ကို ထုတ္ေဖာ္ေျပာဆိုဖို႔ျငင္းဆန္ခဲ့ေပမဲ့ လူနာကေတာ့ သူမေသဆုံးခင္ ႐ုပ္သံဖိုင္ ႐ိုက္ကူးတာကို ခြင့္ျပဳခဲ့ပါတယ္။ ေသဆုံးၿပီးေနာက္ ခႏၶာကိုယ္အစိတ္အပိုင္းကို ျပန္လႉဒါန္းတဲ့အေရအတြက္ဟာ ဧၿပီလေနာက္ပိုင္းကတည္းက ၿဗိတိန္ႏိုင္ငံမွာ ျမင့္တက္လာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Kaung Htet Ngwe(႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
အိုင်ဒါဟိုပြည်နယ် မီရီဒါရီယမ်မြို့ရှိ စိန့်လူကီဆေးရုံမှာ အခြားသူတွေကို ကယ်တင်နိုင်ဖို့ သေဆုံးချိန်မှာ ခန္ဓာကိုယိအစိတ်ပိုင်းတွေကို လှူဒါန်းမယ်လို့ ကတိပြုထားတဲ့လူတစ်ဦးကို လူအများစုက ဆေးရုံလျှောက်လမ်းတစ်လျှောက်မှာ မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့တယ်လို့သိရပါတယ်။

အသက် ၅၃ နှစ်အရွယ်လူနာရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ထုတ်ဖို့ ခွဲစိတ်ခန်းကို သွားရောက်ချိန်မှာ ခွဲစိတ်ခန်းအဝမှာ ဆေးရုံဝန်ထမ်းတွေက နုတ်ဆက်ကာ ဂုဏ်ပြုမတ်တပ်ရပ်နေခဲ့ပါတယ်။ ဆေးရုံကထုတ်လွှင့်တဲ့ ရုပ်သံဖိုင်ထဲမှာတော့ ခန္ဓာကိုယ်အစိတ်ပိုင်းတွေ လှူဒါန်းဖို့သဘောတူညီထားတဲ့လူကို မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ဆေးရုံဝန်ထမ်းတွေက လေးစားမှုကို ပြသနေခဲ့တာကို အထင်အရှားတွေ့ရပါတယ်။

လူနာဟာ ခန္ဓာကိုယ်ရဲ့ဘယ်အစိတ်ပိုင်းကိုလှူဒါန်းခဲ့တယ်ဆိုတဲ့အချက်ကို အတိအကျမသိသေးပါဘူး၊ အခုလိုမျိုး လေးစားမှုပြသမှုအဖြစ် မတ်တပ်ရပ် ဂုဏ်ပြုတာဟာ လူကီဆေးရုံရဲ့အစဉ်အလာလည်းဖြစ်ပါတယ်။ ရုပ်သံဖိုင်တွေမှာ လူနာကို တွန်းလှည်းနဲ့ခေါ်ဆောင်လာချိန်မှာ ဂုဏ်ယူလေးစားမှုကို ပြသမှုအဖြစ်လူဒါဇင်ချီက မတ်တပ်ရပ်နေခဲ့ကြတာပါ။

အရေးပေါ်ခန်းတွင်းက ပြန်ထွက်လာချိန်မှာ လူနာရဲ့ဘေးကနေ လူအများအပြား လိုက်ပါလာခဲ့ပြီး ဆရာဝန်အချို့ကတော့ မျက်ရည်ကျနေခဲ့ပါတယ်။ မိသားစုဝင်တွေက လူနာရဲ့အမည်ကို ထုတ်ဖော်ပြောဆိုဖို့ငြင်းဆန်ခဲ့ပေမဲ့ လူနာကတော့ သူမသေဆုံးခင် ရုပ်သံဖိုင် ရိုက်ကူးတာကို ခွင့်ပြုခဲ့ပါတယ်။ သေဆုံးပြီးနောက် ခန္ဓာကိုယ်အစိတ်အပိုင်းကို ပြန်လှူဒါန်းတဲ့အရေအတွက်ဟာ ဧပြီလနောက်ပိုင်းကတည်းက ဗြိတိန်နိုင်ငံမှာ မြင့်တက်လာခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Kaung Htet Ngwe(ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top