iMyanmarHouse.com - Best Property Website for Myanmar
×

ဆံသားေျခာက္တဲ့ မိန္းကေလးေတြအတြက္ ေပါင္းေဆးေကာင္းေကာင္းလိုအပ္ပါတယ္။ ဆံသားမေျခာက္ေပမယ့္လည္း ဆံေကသာ ႏူးညံ့ေပ်ာ့ေပ်ာင္းေစဖို႔ ဆံပင္ေပါင္းေဆးကို အသံုးျပဳဖို႔လိုပါတယ္။ ေပါင္းေဆးမသံုးဘူးဆိုရင္ေတာ့ ဆံေကသာၾကမ္းတမ္းေစႏိုင္ပါတယ္။ ေစ်းကြက္ထဲမွာ အလြယ္တကူ ဝယ္ယူလို႔ရတဲ့ ေပါင္းေဆးေတြကို ေခါင္းေလွ်ာ္ၿပီးတိုင္း ဆံပင္အဖ်ားေလးေတြကို ေပါင္းတင္ေပးပါ။ သဘာဝနည္းလမ္းနဲ႔ တစ္ပတ္ကို ၁ ႀကိမ္ေလာက္ (သို႔) ၂ ပတ္ကို ၁ ႀကိမ္ေလာက္ ေပါင္းတင္ခ်င္ရင္ေတာ့ အခုေဖာ္ျပမယ့္ နည္းလမ္းေတြနဲ႔ ေပါင္းတင္လိုက္ပါေနာ္။

နည္းလမ္း ၁

ပါဝင္ပစၥည္း

အုန္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း

ပ်ားရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

သံပယုိရည္ စားပြဲတင္ဇြန္း ၁ ဇြန္း

ႏွင္းဆီရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

ဒိန္ (Curd) စားပြဲတင္ဇြန္း ၁ ဇြန္း (မထည့္ခ်င္လည္းရပါတယ္။)

ျပဳလုပ္နည္း

အရင္ဆံုး ခြက္တစ္လံုးထဲမွာ ပါဝင္ပစၥည္းေတြ အားလံုးထည့္လိုက္ပါ။ ၿပီးရင္ ေသခ်ာေမြေပးၿပီး သင့္ဆံေကသာ ဦးေရျပားကို ႏွံ႔စပ္ေအာင္လိမ္းလိုက္ပါ။ အဲဒီေနာက္ ၁၀ မိနစ္ ၁၅ မိနစ္ေလာက္ထားၿပီး ေခါင္းေလွ်ာ္ရည္နဲ႕ ေလွ်ာ္ခ်လိုက္ပါ။

နည္းလမ္း ၂

ပါဝင္ပစၥည္း

ၾကက္ဥ အႏွစ္ ၂ လံုး

ျပဳလုပ္နည္း

ၾကက္ဥကို ခြဲလိုက္ၿပီး အႏွစ္ပဲယူပါ။ ၿပီးရင္ ေသခ်ာေလး ခေလာက္လိုက္ၿပီး ဆံပင္အရင္းကေန အဖ်ားထိ လိမ္းေပးပါ။ အဲဒီေနာက္ မိနစ္ ၂၀ ေလာက္ထားၿပီး ေခါင္းေလွ်ာ္ရည္နဲ႔ ေသခ်ာေလးေလွ်ာ္ခ်ေပးလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystyle

#Unicode Version#
ဆံသားခြောက်တဲ့ မိန်းကလေးတွေအတွက် ပေါင်းဆေးကောင်းကောင်းလိုအပ်ပါတယ်။ ဆံသားမခြောက်ပေမယ့်လည်း ဆံကေသာ နူးညံ့ပျော့ပျောင်းစေဖို့ ဆံပင်ပေါင်းဆေးကို အသုံးပြုဖို့လိုပါတယ်။ ပေါင်းဆေးမသုံးဘူးဆိုရင်တော့ ဆံကေသာကြမ်းတမ်းစေနိုင်ပါတယ်။ ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူလို့ရတဲ့ ပေါင်းဆေးတွေကို ခေါင်းလျှော်ပြီးတိုင်း ဆံပင်အဖျားလေးတွေကို ပေါင်းတင်ပေးပါ။ သဘာဝနည်းလမ်းနဲ့ တစ်ပတ်ကို ၁ ကြိမ်လောက် (သို့) ၂ ပတ်ကို ၁ ကြိမ်လောက် ပေါင်းတင်ချင်ရင်တော့ အခုဖော်ပြမယ့် နည်းလမ်းတွေနဲ့ ပေါင်းတင်လိုက်ပါနော်။

နည်းလမ်း ၁

ပါဝင်ပစ္စည်း

အုန်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

သံပယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်း

နှင်းဆီရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဒိန် (Curd) စားပွဲတင်ဇွန်း ၁ ဇွန်း (မထည့်ချင်လည်းရပါတယ်။)

ပြုလုပ်နည်း

အရင်ဆုံး ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းတွေ အားလုံးထည့်လိုက်ပါ။ ပြီးရင် သေချာမွေပေးပြီး သင့်ဆံကေသာ ဦးရေပြားကို နှံ့စပ်အောင်လိမ်းလိုက်ပါ။ အဲဒီနောက် ၁၀ မိနစ် ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။

နည်းလမ်း ၂

ပါဝင်ပစ္စည်း

ကြက်ဥ အနှစ် ၂ လုံး

ပြုလုပ်နည်း

ကြက်ဥကို ခွဲလိုက်ပြီး အနှစ်ပဲယူပါ။ ပြီးရင် သေချာလေး ခလောက်လိုက်ပြီး ဆံပင်အရင်းကနေ အဖျားထိ လိမ်းပေးပါ။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ခေါင်းလျှော်ရည်နဲ့ သေချာလေးလျှော်ချပေးလိုက်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: Mystyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top