ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ယေန႕ နည္းပညာေခတ္မွာ အခ်က္အလက္ဆိုတာ အလြန္အေရးၾကီးတဲ့အရာတစ္ခုပါ။
သင့္ရဲ႕ေမြးေန႕တို႕ ၊ သင့္ရဲ႕ အိမ္ေမြးတိရိစၦာန္နာမည္တို႕ အစရွိတဲ့အေရးၾကီးအခ်က္အလက္ေတြေပါက္ၾကားသြားခဲ့ရင္ သင့္ရဲ႕ဘဏ္ထဲကေငြေတြအားလံုးေပ်ာက္ကြယ္သြားႏုိင္ပါတယ္။
ဒီေတာ့ အင္တာနက္ေပၚမွာ အႏၱရာယ္ကင္းကင္းနဲ႕ ေနႏုိင္ေအာင္ဘာေတြသတိထားရမလဲ ၊ ဘာေတြကုိေရွာင္က်ဥ္ရမလဲဆုိတာေတြကို ကြ်န္ေတာ္တို႕ေျပာျပသြားမွာပါ။

၁- မတူညီ ကြဲျပားတဲ့ Password မ်ိဳးသံုးပါ။

မတူညီကြဲျပားတဲ့ Password ဆိုတဲ့အတြက္ $^&$#* ဒီလုိသေကၤတေတြသံုးလုိက္ရံုနဲ႕လံုျခံဳျပီလုိ႕မမွတ္ပါနဲ႕ ။
ဟက္ကာေတြရဲ႕ေဒတာေဘ့စ္ထဲမွာ အခုလို သေကၤတနဲ႕ဖြဲ႕စည္းထားတဲ့ Password ေပါင္းမေရမတြက္ႏုိင္ေအာင္ရွိေနပါတယ္။
ဒီေတာ့ အလံုျခံဳဆံုးနည္းလမ္းက ဘယ္လုိျဖစ္မလဲ ။
သင္ႏွစ္သက္တဲ့သီခ်င္းနာမည္အစ စာလံုးရယ္ သုိ႕မဟုတ္ သင့္ေၾကာင္နာမည္အစစာလံုးရယ္ ၊ အျခားသင္အမွတ္တရရွိေနမယ့္အရာတစ္ခုခု အစရွိတဲ့ စာလံုးေတြကုိ သေကၤေတြနဲ႕ေပါင္းစပ္ျပီးအသံုးျပဳပါ။

၂ – Webcam ကုိကာထားစရာမလိုပါဘူး။

သင္ဟာ ကမၻာေက်ာ္တဲ့နာမည္ၾကီးတစ္ေယာက္မဟုတ္ရင္ေတာ့ သင့္ Webcam ကိုကာထားဖုိ႕မလုိပါဘူး။
ဟက္ကာေတြဟာ Webcam ကတစ္ဆင့္ေစာင့္ၾကည့္တဲ့နည္းလမ္းကိုသိပ္အသံုးျပဳၾကေလ့မရွိပါဘူး
ဒီနည္းလမ္းဟာ အခ်ိန္အရမ္းကုန္လြန္းတဲ့အတြက္ ဟက္ကာေတြဟာ သင့္ကိုထုိင္ၾကည့္ျပီး အခ်ိန္ျဖဳန္းေနမယ့္သူေတြမဟုတ္ပါဘူး။
သင့္ဆီကသူတုိ႕တစ္ခုခုလုိခ်င္ခဲ့ရင္ သူတုိ႕လိုခ်င္တဲ့အခ်က္အလက္ကုိအျခားေနရာတစ္ခုကေနသာ ဆြဲယူပါလိမ့္မယ္။

၃- ေနာက္ကလူကုိသတိထား

သင့္ဖုန္းမွာ Password ရိုက္ဝင္ေနတဲ့အခ်ိန္ အေနာက္ကေနၾကည့္ေနတဲ့သူရွိမရွိသတိထားပါ။
ဒါဟာလည္း ဟက္ကာေတြသံုးေလ့ရွိတဲ့နည္းလမ္းေတြထဲကတစ္ခုဆုိလည္းမမွားပါဘူး။
တကယ္လုိ႕ ေနာက္ေက်ာသိပ္မလံုသလုိခံစားရရင္ေတာ့ အဲ့ဒီေနရာမွာမသံုးတာအေကာင္းဆံုးပါပဲ ။
ဒီထက္ပိုေကာင္းတဲ့နည္းလမ္းကေတာ့ သင့္ဖုန္းမ်က္ႏွာျပင္မွာ ေဘးကလူၾကည့္လုိ႕မရတဲ့ မွန္ကပ္တစ္ခုကပ္ထားလိုက္ပါ။

၄- (၃-၂-၁) စည္းမ်ဥ္း

အေရးၾကီးစာရြက္စာတမ္းေတြကို ကြန္ျပဴတာထဲမွာသိမ္းမထားသင့္ပါဘူး။
ဟက္ကာေတြဟာ သင့္ကြန္ျပဴတာကုိဝင္ျပီးေတာ့ ဖိုင္ေတြကို ဖ်က္ဆီးသြားႏုိင္ေလာက္ေအာင္ စြမ္းပါတယ္။
ဒီေတာ့ သင္လုပ္ထားသင့္တာက..
– ဖုိင္ေတြကုိ ၃ ခုစီပြားပါ။ ( မူရင္း ၁ ခု ေကာ္ပီ ၂ ခု)
– ေနရာႏွစ္ေနရာမွာသိမ္းထားပါ ( Local Harddisk နဲ႕ Cloud Storage)
– ေနာက္ဆံုး တစ္ဖိုင္ကုိေတာ့ External Harddisk အစရွိတဲ့အရာေတြထဲကူးထည့္ထားပါ။

၅- Website လိပ္စာေတြကုိအျမဲသတိထားပါ

သင့္အီးေမးထဲကုိေရာက္လာတဲ့ Website လိပ္စာတုိင္းကုိမဝင္ပါနဲ႕ ။
သင့္ကုိပို႕ထားတဲ့အီးေမးထဲမွာ www.facebook.com အစား www.facebooks.com ျဖစ္ေနခဲ့ရင္ လံုးဝမဝင္လိုက္ပါနဲ႕ ။
ဘာေၾကာင့္လည္းဆိုေတာ့ ဒီလင့္ကုိ ႏွိပ္လိုက္ျပီဆိုတာနဲ႕ သင့္အခ်က္အလက္ေတြကုိ ဟက္ကာေတြရယူသြားႏုိင္လုိ႕ပါပဲ။
ဒီေတာ့ ကိုယ္ႏွိပ္မယ့္လင့္ေတြကို ေသခ်ာၾကည့္ပါ ။ ဒီလင့္က Official website ရဲ႕လင့္ဟုတ္မဟုတ္ အျမဲတမ္းစစ္ေဆးပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Min Thu (Daily Hot News )

#Unicode Version#
ယနေ့ နည်းပညာခေတ်မှာ အချက်အလက်ဆိုတာ အလွန်အရေးကြီးတဲ့အရာတစ်ခုပါ။
သင့်ရဲ့မွေးနေ့တို့ ၊ သင့်ရဲ့ အိမ်မွေးတိရိစ္ဆာန်နာမည်တို့ အစရှိတဲ့အရေးကြီးအချက်အလက်တွေပေါက်ကြားသွားခဲ့ရင် သင့်ရဲ့ဘဏ်ထဲကငွေတွေအားလုံးပျောက်ကွယ်သွားနိုင်ပါတယ်။
ဒီတော့ အင်တာနက်ပေါ်မှာ အန္တရာယ်ကင်းကင်းနဲ့ နေနိုင်အောင်ဘာတွေသတိထားရမလဲ ၊ ဘာတွေကိုရှောင်ကျဉ်ရမလဲဆိုတာတွေကို ကျွန်တော်တို့ပြောပြသွားမှာပါ။

၁- မတူညီ ကွဲပြားတဲ့ Password မျိုးသုံးပါ။

မတူညီကွဲပြားတဲ့ Password ဆိုတဲ့အတွက် $^&$#* ဒီလိုသင်္ကေတတွေသုံးလိုက်ရုံနဲ့လုံခြုံပြီလို့မမှတ်ပါနဲ့ ။
ဟက်ကာတွေရဲ့ဒေတာဘေ့စ်ထဲမှာ အခုလို သင်္ကေတနဲ့ဖွဲ့စည်းထားတဲ့ Password ပေါင်းမရေမတွက်နိုင်အောင်ရှိနေပါတယ်။
ဒီတော့ အလုံခြုံဆုံးနည်းလမ်းက ဘယ်လိုဖြစ်မလဲ ။
သင်နှစ်သက်တဲ့သီချင်းနာမည်အစ စာလုံးရယ် သို့မဟုတ် သင့်ကြောင်နာမည်အစစာလုံးရယ် ၊ အခြားသင်အမှတ်တရရှိနေမယ့်အရာတစ်ခုခု အစရှိတဲ့ စာလုံးတွေကို သင်္ကေတွေနဲ့ပေါင်းစပ်ပြီးအသုံးပြုပါ။

၂ – Webcam ကိုကာထားစရာမလိုပါဘူး။

သင်ဟာ ကမ္ဘာကျော်တဲ့နာမည်ကြီးတစ်ယောက်မဟုတ်ရင်တော့ သင့် Webcam ကိုကာထားဖို့မလိုပါဘူး။
ဟက်ကာတွေဟာ Webcam ကတစ်ဆင့်စောင့်ကြည့်တဲ့နည်းလမ်းကိုသိပ်အသုံးပြုကြလေ့မရှိပါဘူး
ဒီနည်းလမ်းဟာ အချိန်အရမ်းကုန်လွန်းတဲ့အတွက် ဟက်ကာတွေဟာ သင့်ကိုထိုင်ကြည့်ပြီး အချိန်ဖြုန်းနေမယ့်သူတွေမဟုတ်ပါဘူး။
သင့်ဆီကသူတို့တစ်ခုခုလိုချင်ခဲ့ရင် သူတို့လိုချင်တဲ့အချက်အလက်ကိုအခြားနေရာတစ်ခုကနေသာ ဆွဲယူပါလိမ့်မယ်။

၃- နောက်ကလူကိုသတိထား

သင့်ဖုန်းမှာ Password ရိုက်ဝင်နေတဲ့အချိန် အနောက်ကနေကြည့်နေတဲ့သူရှိမရှိသတိထားပါ။
ဒါဟာလည်း ဟက်ကာတွေသုံးလေ့ရှိတဲ့နည်းလမ်းတွေထဲကတစ်ခုဆိုလည်းမမှားပါဘူး။
တကယ်လို့ နောက်ကျောသိပ်မလုံသလိုခံစားရရင်တော့ အဲ့ဒီနေရာမှာမသုံးတာအကောင်းဆုံးပါပဲ ။
ဒီထက်ပိုကောင်းတဲ့နည်းလမ်းကတော့ သင့်ဖုန်းမျက်နှာပြင်မှာ ဘေးကလူကြည့်လို့မရတဲ့ မှန်ကပ်တစ်ခုကပ်ထားလိုက်ပါ။

၄- (၃-၂-၁) စည်းမျဉ်း

အရေးကြီးစာရွက်စာတမ်းတွေကို ကွန်ပြူတာထဲမှာသိမ်းမထားသင့်ပါဘူး။
ဟက်ကာတွေဟာ သင့်ကွန်ပြူတာကိုဝင်ပြီးတော့ ဖိုင်တွေကို ဖျက်ဆီးသွားနိုင်လောက်အောင် စွမ်းပါတယ်။
ဒီတော့ သင်လုပ်ထားသင့်တာက..
– ဖိုင်တွေကို ၃ ခုစီပွားပါ။ ( မူရင်း ၁ ခု ကော်ပီ ၂ ခု)
– နေရာနှစ်နေရာမှာသိမ်းထားပါ ( Local Harddisk နဲ့ Cloud Storage)
– နောက်ဆုံး တစ်ဖိုင်ကိုတော့ External Harddisk အစရှိတဲ့အရာတွေထဲကူးထည့်ထားပါ။

၅- Website လိပ်စာတွေကိုအမြဲသတိထားပါ

သင့်အီးမေးထဲကိုရောက်လာတဲ့ Website လိပ်စာတိုင်းကိုမဝင်ပါနဲ့ ။
သင့်ကိုပို့ထားတဲ့အီးမေးထဲမှာ www.facebook.com အစား www.facebooks.com ဖြစ်နေခဲ့ရင် လုံးဝမဝင်လိုက်ပါနဲ့ ။
ဘာကြောင့်လည်းဆိုတော့ ဒီလင့်ကို နှိပ်လိုက်ပြီဆိုတာနဲ့ သင့်အချက်အလက်တွေကို ဟက်ကာတွေရယူသွားနိုင်လို့ပါပဲ။
ဒီတော့ ကိုယ်နှိပ်မယ့်လင့်တွေကို သေချာကြည့်ပါ ။ ဒီလင့်က Official website ရဲ့လင့်ဟုတ်မဟုတ် အမြဲတမ်းစစ်ဆေးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:  Min Thu (Daily Hot News )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top