ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ေန႕ရက္ေတြကို မျဖစ္မေန ျဖတ္သန္းေနရတဲ့ ဘ၀ၾကီးမွာ စိတ္ညစ္လို႕၊ စိတ္ရႈပ္လို႕၊ စိတ္ခံစားခ်က္ မေကာင္းလို႕ဆိုျပီး ရပ္တန္႕ေနလို႕ ၊ ေရွာင္လႊဲလို႕ မရပါဘူး။ မျဖစ္မေန ေရွ႕ဆက္ရပါမယ္။ ဒါေၾကာင့္ စိတ္ခံစားခ်က္မေကာင္းတဲ့ ေန႕ရက္ေတြမွာ သင့္အေနနဲ႕ ဒါေတြကို လုပ္ေပးမယ္ဆိုရင္ အဆင္ေျပသြားပါလိမ့္မယ္။

(၁) ေကာ္ဖီ ဒါမွမဟုတ္ လက္ဖက္ရည္ေသာက္ပါ

Coffee Break Business Woman Outdoors


စိတ္ရႈပ္ေထြးေနတဲ့အခါ ေကာ္ဖီ ဒါမွမဟုတ္ လက္ဖက္ရည္ သင္ၾကိဳက္တဲ့ဟာ တစ္ခုခုေသာက္လိုက္ပါ။ နွစ္ခုလံုးမၾကိဳက္ရင္ေတာ့ green tea ျဖစ္ျဖစ္ ေသာက္လိုက္ပါ။ စိတ္အနည္းငယ္ ေျပေလ်ာ့သြားပါလိမ့္မယ္။

(၂) စာအုပ္ဖတ္ပါ

စာအုပ္တစ္အုပ္လံုး ဖတ္ဖို႕အခ်ိန္မရွိရင္ေတာင္မွ စာအုပ္ထဲက စာမ်က္နွာအနည္းငယ္ေလာက္ ဖတ္လိုက္ရင္ ကိုယ့္စိတ္ထဲ ေရာက္ေနတဲ့ စိတ္ညစ္စရာေတြကို မေတြးမိေတာ့ဘဲ စာအုပ္ထဲက အေၾကာင္းအရာဆီ စိတ္ေရာက္သြားပါလိမ့္မယ္။

(၃) အိမ္ခန္္း ဒါမွမဟုတ္ အလုပ္စားပြဲကို ပံုစံေျပာင္းပါ
ျမင္ေနက်ေနရာေတြက ရႈပ္ပြေနရင္ ရွင္းလိုက္ပါ။ ျပီးရင္ မတူတဲ့ ျမင္ကြင္းမ်ိဳးေလးျဖစ္သြားေအာင္ အေျပာင္းအလဲေလး လုပ္လိုက္ပါ။ ဘာလို႕လဲဆိုရင္ လူေတြက ျမင္ကြင္းတစ္မ်ိဳးတည္း အျမဲျမင္ေနရတဲ့အခါ ျငီးေငြ႕လာျပီး စိတ္ရႈပ္လာတတ္လို႕ပါ။

(၄) အိပ္ရာ၀င္ခါနီး ေရေႏြးနဲ႕ေရခ်ိဳးလိုက္ပါ

အိပ္ရာ၀င္ခါနီးမွာ ေရေႏြးနဲ႕ ေရခ်ိဳးလိုက္မယ္ဆိုရင္ တစ္ေနကုန္ပင္ပန္္းေညာင္းညာေနတာေတြ ေပ်ာက္သြားျပီး စိတ္ထဲမွာရႈပ္ေထြးေနတာေတြလည္း ရွင္းလင္းသြားပါလိမ့္မယ္။ စိတ္ဖိစီးမႈေတြ ေလ်ာ့နည္းသြားျပီး ေကာင္းေကာင္းအိပ္ေပ်ာ္ေစပါတယ္။

(၅) က်န္းမာေရးနဲ႕ညီညႊတ္တာေတြ အမ်ားၾကီးစားလိုက္ပါ
စိတ္ညစ္ေနတဲ့အခ်ိန္ အသင့္စားအစားအစာေတြ ေလွ်ာ့စားပါ။ အသင့္စားအစားအစာေတြက စိတ္ဖိစီးမႈေတြကို ပိုျဖစ္ေစျပီး ခႏၶာကိုယ္အတြက္လည္း ဆိုးက်ိဳးကိုပဲ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ စိတ္ညစ္စိတ္ရႈပ္တာေတြ ျဖစ္လာရင္ အရည္ရႊမ္းတဲ့အသီးအရြက္ေတြ မ်ားမ်ားစားလိုက္ပါ။

(၆) စိတ္ေရာလူပါအနားယူပါ


shutterstock
စိတ္ညစ္တဲ့ေန႕ေလးေတြမွာ ေက်ာင္းက၊ အလုပ္က ျပန္လာရင္ ဘာမွထပ္မလုပ္ေတာ့ဘဲ စိတ္ေရာလူပါ ေကာင္းေကာင္းအနားယူလိုက္ပါ။ ဆိုရွယ္မီဒီယာေတြနဲ႕ ေ၀းေ၀းေနျပီး စိတ္ကို အရွင္းဆံုးထားလိုက္မယ္ဆိုရင္ ေနာက္တစ္ေန႕က် ျပန္အဆင္ေျပသြားပါလိမ့္မယ္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit:MAY THAZINHTOO
# Unicode Version ျဖင့္ ဖတ္ပါ #
နေ့ရက်တွေကို မဖြစ်မနေ ဖြတ်သန်းနေရတဲ့ ဘဝကြီးမှာ စိတ်ညစ်လို့၊ စိတ်ရှုပ်လို့၊ စိတ်ခံစားချက် မကောင်းလို့ဆိုပြီး ရပ်တန့်နေလို့ ၊ ရှောင်လွှဲလို့ မရပါဘူး။ မဖြစ်မနေ ရှေ့ဆက်ရပါမယ်။ ဒါကြောင့် စိတ်ခံစားချက်မကောင်းတဲ့ နေ့ရက်တွေမှာ သင့်အနေနဲ့ ဒါတွေကို လုပ်ပေးမယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။

(၁) ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်သောက်ပါ
Coffee Break Business Woman Outdoors

Coffee Break Business Woman Outdoors
စိတ်ရှုပ်ထွေးနေတဲ့အခါ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည် သင်ကြိုက်တဲ့ဟာ တစ်ခုခုသောက်လိုက်ပါ။ နှစ်ခုလုံးမကြိုက်ရင်တော့ green tea ဖြစ်ဖြစ် သောက်လိုက်ပါ။ စိတ်အနည်းငယ် ပြေလျော့သွားပါလိမ့်မယ်။

(၂) စာအုပ်ဖတ်ပါ

စာအုပ်တစ်အုပ်လုံး ဖတ်ဖို့အချိန်မရှိရင်တောင်မှ စာအုပ်ထဲက စာမျက်နှာအနည်းငယ်လောက် ဖတ်လိုက်ရင် ကိုယ့်စိတ်ထဲ ရောက်နေတဲ့ စိတ်ညစ်စရာတွေကို မတွေးမိတော့ဘဲ စာအုပ်ထဲက အကြောင်းအရာဆီ စိတ်ရောက်သွားပါလိမ့်မယ်။

(၃) အိမ်ခန်း ဒါမှမဟုတ် အလုပ်စားပွဲကို ပုံစံပြောင်းပါ
မြင်နေကျနေရာတွေက ရှုပ်ပွနေရင် ရှင်းလိုက်ပါ။ ပြီးရင် မတူတဲ့ မြင်ကွင်းမျိုးလေးဖြစ်သွားအောင် အပြောင်းအလဲလေး လုပ်လိုက်ပါ။ ဘာလို့လဲဆိုရင် လူတွေက မြင်ကွင်းတစ်မျိုးတည်း အမြဲမြင်နေရတဲ့အခါ ငြီးငွေ့လာပြီး စိတ်ရှုပ်လာတတ်လို့ပါ။

(၄) အိပ်ရာဝင်ခါနီး ရေနွေးနဲ့ရေချိုးလိုက်ပါ

အိပ်ရာဝင်ခါနီးမှာ ရေနွေးနဲ့ ရေချိုးလိုက်မယ်ဆိုရင် တစ်နေကုန်ပင်ပန်းညောင်းညာနေတာတွေ ပျောက်သွားပြီး စိတ်ထဲမှာရှုပ်ထွေးနေတာတွေလည်း ရှင်းလင်းသွားပါလိမ့်မယ်။ စိတ်ဖိစီးမှုတွေ လျော့နည်းသွားပြီး ကောင်းကောင်းအိပ်ပျော်စေပါတယ်။

(၅) ကျန်းမာရေးနဲ့ညီညွှတ်တာတွေ အများကြီးစားလိုက်ပါ
စိတ်ညစ်နေတဲ့အချိန် အသင့်စားအစားအစာတွေ လျှော့စားပါ။ အသင့်စားအစားအစာတွေက စိတ်ဖိစီးမှုတွေကို ပိုဖြစ်စေပြီး ခန္ဓာကိုယ်အတွက်လည်း ဆိုးကျိုးကိုပဲ ဖြစ်စေပါတယ်။ ဒါကြောင့် စိတ်ညစ်စိတ်ရှုပ်တာတွေ ဖြစ်လာရင် အရည်ရွှမ်းတဲ့အသီးအရွက်တွေ များများစားလိုက်ပါ။

(၆) စိတ်ရောလူပါအနားယူပါ

shutterstock
စိတ်ညစ်တဲ့နေ့လေးတွေမှာ ကျောင်းက၊ အလုပ်က ပြန်လာရင် ဘာမှထပ်မလုပ်တော့ဘဲ စိတ်ရောလူပါ ကောင်းကောင်းအနားယူလိုက်ပါ။ ဆိုရှယ်မီဒီယာတွေနဲ့ ဝေးဝေးနေပြီး စိတ်ကို အရှင်းဆုံးထားလိုက်မယ်ဆိုရင် နောက်တစ်နေ့ကျ ပြန်အဆင်ပြေသွားပါလိမ့်မယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:MAY THAZINHTOO
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top