မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×








Source : Ye’ Lay

Credit: Burmese Asia
# Unicode Version ဖြင့် ဖတ်ပါ #
တစ်ချိန်က အနုပညာဂီတလောကမှာ ဆယ်ကျော်သက် မိန်းကလေး ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ အဆိုတော်ရဲလေးကို ပရိသတ်ကြီး သိပြီးဖြစ်မှာပါနော် ။ ဂီတလောကမှာ သာမက သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အပြင် လူရွှင်တော်အဖြစ်လည်း ပရိသတ်ကို ဟာသတွေလုပ်ပြတတ်တဲ့ ရဲလေးကတော့ အနုပညာကို တကယ်ကိုရူးသွပ်တဲ့သူတစ် ယောက် ပါဘဲ ။ လက်ရှိ တေးသီချင်းအသစ်တွေအတွက် ကြိုးစားရုန်းကန်နေပြီး ပရိသတ် အားပေးမှုအခိုင်အမာရရှိထားသူ တစ်ယောက်လည်းဖြစ်တာေ တွ့ ရပါတယ်။

အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေ နဲ့ ခေတ္တခဏ ဝေးကွာသွားခဲ့ပေမယ့် အခုတော့ အနုပညာအလုပ်တွေကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ် ။

လတ်တလောမှာတော့ ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးတဲ့ ” တစ်ခါက ဆတ်သေချောင်း ” ရုပ်ရှင်ကားကြီးကို ရိုက်ကူးဖိုပတခြားအနုပညာရှင်တွေ အများကြီးနဲ့အတူ နောင်ချိုမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ် ။

” အတူတူသရုပ်ဆောင်ခဲ့ကြတဲ့သရုပ်ဆောင်များအားလုံး … နောင်ချိုမြိ ု့သူ မြို့သားများအားလုံး နှင့်တောင်းခမ်းကျေးရွာမှ ရွာသူရွာသားများအားလုံးကို ကျေးဇူးပင်လယ်ပါလို့ပြောကြားရင်း ဈေးသည်လေးအိမ်ပြန်လာခဲ့ပါပြသတိရရင်အားပေးပါခင်ဗျ ” ဆိုတဲ့စာသားနဲ့အတူ နောင်ချိုမြို့ မှာရိုက်ကူးခဲ့တဲ့ ဇာတ်ဝင်ခန်းပုံရိပ်တွေကို ပရိသတ်တွေမျှဝေပေးထားတာ ဖြစ်ပါတယ် ။

ဇာတ်ကားကြီးမှာနေရာတစ်ခုကို ခိုင်ခိုင်မာမာတာဝန်ပေးခဲ့တဲ့ဒါရိုက်တာ ဦးဝင်းထွန်းထွန်း (ဦး) ကိုကျေးဇူးတင်တဲ့အကြောင်းလဲ ရေးသားခဲ့ပါသေးတယ် ။

အနုပညာခြေလှမ်းတွေကျဲသွားခဲ့ပေမယ့် အနုပညာလောကမှ ပြန်လည်ကြိုးစားရပ်တည် လာ တော့မယ့် ရဲလေးကို ပရိသတ်ကြီးကချစ်ခင်အားပေးလိုက်ကြပါဦးနော် ။

ချစ်ပရိသတ်ကြီးအတွက် ရဲလေးရဲ့နောင်ချိုမြို့က ရိုက်ကွင်းပုံရိပ်တွေကို ပြန်လည်မျှဝေပေး လိုက် ပါတယ်နော်

Source : Ye’ Lay

ဖိုးသူတော် (www.phothutaw.com)
Credit: Burmese Asia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top