iMyanmarHouse.com - Best Property Website for Myanmar
×

အရက္မူးေနသူအား မဆူရန္သြားေျပာသူ ဓားထိုးခံရ၍ ေသဆုံး

“၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ ၅ ရက္ေန႔ ည ၉ နာရီအခ်ိန္ မေကြးတိုင္းေဒသႀကီး၊ ပြင့္ျဖဴ ၿမိဳ႕နယ္၊ ေရျဖဴတြင္းေက်းရြာေန ေဒၚသင္းသင္း(၄၈)ႏွစ္သည္ ေနအိမ္၌ရွိေနစဥ္

ေနအိမ္အေနာက္ ဘက္ လမ္းတစ္ဖက္ျခားသည့္ ကိုဝင္းဘို၏ေနအိမ္တြင္ ၎၏ညီ ေဇာ္လင္း(၃၆)ႏွစ္မွ အရက္မူးၿပီး ကိုဝင္းဘိုအား ရမ္းကားေနသျဖင့္ ေဒၚသင္းသင္း၏ ခင္ပြန္း ဦးေအာင္ေဌး(၄၉)ႏွစ္က “ဒီေကာင္ေတြ ဆူတယ္ကြာ သြားထိုးအုံးမယ္”ဟု ေျပာၿပီး ထြက္သြားခဲ့ေၾကာင္း၊

ေနအိမ္ေရွ႕အေရာက္ “မင္းတို႔ဆူ တယ္ကြာ ငါနားမခံနိုင္ဘူး” ဟုေျပာစဥ္ ေဇာ္လင္းက ဦးေအာင္ေဌးထံသို႔ ေျပးဝင္လုံးေထြးၿပီး ဓားျဖင့္ထိုးခဲ့ေသာေၾကာင့္ ဦးေအာင္ေဌးတြင္ ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားသည္ဟု” လယ္ကိုင္းနယ္ေျမရဲစခန္းမွ စုံစမ္းသိရွိရပါသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ တရားခံ ေဇာ္လင္း အား လယ္ကိုင္းနယ္ေျမရဲစခန္းမွ (ပ)၆၈/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။

သုတ(မုနိၿမီ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:SNM Media
# Unicode Version ျဖင့္ ဖတ္ပါ #
အရက်မူးနေသူအား မဆူရန်သွားပြောသူ ဓားထိုးခံရ၍ သေဆုံး

“၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ ည ၉ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူ မြို့နယ်၊ ရေဖြူတွင်းကျေးရွာနေ ဒေါ်သင်းသင်း(၄၈)နှစ်သည် နေအိမ်၌ရှိနေစဉ်

နေအိမ်အနောက် ဘက် လမ်းတစ်ဖက်ခြားသည့် ကိုဝင်းဘို၏နေအိမ်တွင် ၎င်း၏ညီ ဇော်လင်း(၃၆)နှစ်မှ အရက်မူးပြီး ကိုဝင်းဘိုအား ရမ်းကားနေသဖြင့် ဒေါ်သင်းသင်း၏ ခင်ပွန်း ဦးအောင်ဌေး(၄၉)နှစ်က “ဒီကောင်တွေ ဆူတယ်ကွာ သွားထိုးအုံးမယ်”ဟု ပြောပြီး ထွက်သွားခဲ့ကြောင်း၊

နေအိမ်ရှေ့အရောက် “မင်းတို့ဆူ တယ်ကွာ ငါနားမခံနိုင်ဘူး” ဟုပြောစဉ် ဇော်လင်းက ဦးအောင်ဌေးထံသို့ ပြေးဝင်လုံးထွေးပြီး ဓားဖြင့်ထိုးခဲ့သောကြောင့် ဦးအောင်ဌေးတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားသည်ဟု” လယ်ကိုင်းနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရပါသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ တရားခံ ဇော်လင်း အား လယ်ကိုင်းနယ်မြေရဲစခန်းမှ (ပ)၆၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အရေးယူထားကြောင်း သတင်းရရှိသည်။

သုတ(မုနိမြီ)

ဖိုးသူတော် (www.phothutaw.com)
Credit:SNM Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top