iMyanmarHouse.com - Best Property Website for Myanmar
×

လွည္းတန္းရဲ႕ အဆင့္ျမင့္လက္ဖက္ရည္ဆိုင္ႀကီးတစ္ဆိုင္က ဆီခ်က္ေခါက္ဆြဲလုပ္ရင္ ဇကာနဲ႔ဆယ္လိုက္တဲ့ ဆီခ်က္ေခါက္ဆြဲအပူေတြကို လက္ကိုင္ပါတဲ႔ ေရခ်ိဳးခန္းသံုး ေကာ္ခြက္အစိမ္းထဲ ထည့္တယ္… ေကာ္ခြက္ထဲမွာ အစာပလာေတြ နယ္ၿပီးမွ ေႂကြပန္းကန္ထဲထည့္ၿပီး လာခ်တယ္…

လွည္းတန္းမွာ ႏွစ္ဆိုင္ပဲရိွတဲ့ ေနာက္ထပ္အဆင့္ျမင့္လက္ဖက္ရည္ဆိုင္က်ေတာ့ အေအးမွာရင္ ေရသန္႔ေရခဲ မသံုးဘဲ အတံုးႀကီးကို မညီမညာထုခြဲထားတဲ့ ေရခဲတံုးေလးေတြကို ေစတနာဗရပြနဲ႔ ထည့္ေပးတယ္… ပဲႏို႔ပုလင္းေတြကေတာ့ အဝမွာ သံေခ်းတက္ေနလို႔ မွာမေသာက္ျဖစ္ေတာ့ဘူး…

လမ္းေဘးမုန္႔ဟင္းခါးဆိုင္ ဆိုေပမဲ့ လွည္းတန္းရဲ႕ ပိုင္အိုးနီးယားစာရင္းဝင္ေနၿပီျဖစ္တဲ့ဆိုင္က မုန္႔ဟင္းရည္ကုန္ေနလို႔ ခဏေစာင့္ပါတဲ့… ခဏေနေတာ့ ႂကြပ္ႂကြပ္အိတ္နဲ႔ထည့္ထားတဲ့ မုန္႔ဟင္းရည္ပူပူေတြကို ဆိုက္ကားတစ္စီးနဲ႔ သယ္လာၿပီး ဆိုင္ကဟင္းရည္အိုးထဲ ေလာင္းထည့္လိုက္ပါေလေရာ…

လွည္းတန္းေစ်းထဲက ၾကာဇံေၾကာ္ ေခါက္ဆြဲေၾကာ္ ေၾကာ္ၿပီးသားေရာင္းတဲ့ဒိုင္က ေခါက္ဆြဲေၾကာ္ေနတဲ့ဒယ္အိုးထဲ အာခ်ီတိုမိုႏို အခ်ိဳမႈန္႔တစ္ထုပ္လံုး ေလာင္းခ်လိုက္တယ္… အဲဒီေခါက္ဆြဲေတြ လက္လီယူေရာင္းတဲ့ အသုပ္စံုဆိုင္ေတြ၊ ဝက္သားတုတ္ထိုးဆိုင္ေတြက ေခါက္ဆြဲသုပ္တို႔၊ အသားနဲ႔ၾကာဇံသုပ္တို႔မွာရင္ အခ်ိဳမႈန္႔တစ္ဇြန္းစီ ထပ္ေဆာင္းထည့္ေပးလိုက္ၾကေသး… လွည္းတန္းေစ်းထဲက ဆိုင္ေနာက္မွာ ေရသန္႔ဘူးခိုးညႇပ္ေနတဲ့ အေၾကာ္ဆိုင္ေတြအေၾကာင္းေတာ့ မေရးေတာ့ပါဘူးေလ…

ကင္ဆာလွည္းတန္းလို ကင္ဆာစမ္းေခ်ာင္း၊ ကင္ဆာေက်ာက္ေျမာင္း၊ ကင္ဆာေတာင္ဥကၠလာ စသျဖင့္ ဘယ္ႏွဆိုင္မ်ား ရိွေနေလမလဲ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Lu Maw Han

#Unicode Version#
လှည်းတန်းရဲ့ အဆင့်မြင့်လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်က ဆီချက်ခေါက်ဆွဲလုပ်ရင် ဇကာနဲ့ဆယ်လိုက်တဲ့ ဆီချက်ခေါက်ဆွဲအပူတွေကို လက်ကိုင်ပါတဲ့ ရေချိုးခန်းသုံး ကော်ခွက်အစိမ်းထဲ ထည့်တယ်… ကော်ခွက်ထဲမှာ အစာပလာတွေ နယ်ပြီးမှ ကြွေပန်းကန်ထဲထည့်ပြီး လာချတယ်…

လှည်းတန်းမှာ နှစ်ဆိုင်ပဲရှိတဲ့ နောက်ထပ်အဆင့်မြင့်လက်ဖက်ရည်ဆိုင်ကျတော့ အအေးမှာရင် ရေသန့်ရေခဲ မသုံးဘဲ အတုံးကြီးကို မညီမညာထုခွဲထားတဲ့ ရေခဲတုံးလေးတွေကို စေတနာဗရပွနဲ့ ထည့်ပေးတယ်… ပဲနို့ပုလင်းတွေကတော့ အဝမှာ သံချေးတက်နေလို့ မှာမသောက်ဖြစ်တော့ဘူး…

လမ်းဘေးမုန့်ဟင်းခါးဆိုင် ဆိုပေမဲ့ လှည်းတန်းရဲ့ ပိုင်အိုးနီးယားစာရင်းဝင်နေပြီဖြစ်တဲ့ဆိုင်က မုန့်ဟင်းရည်ကုန်နေလို့ ခဏစောင့်ပါတဲ့… ခဏနေတော့ ကြွပ်ကြွပ်အိတ်နဲ့ထည့်ထားတဲ့ မုန့်ဟင်းရည်ပူပူတွေကို ဆိုက်ကားတစ်စီးနဲ့ သယ်လာပြီး ဆိုင်ကဟင်းရည်အိုးထဲ လောင်းထည့်လိုက်ပါလေရော…

လှည်းတန်းဈေးထဲက ကြာဇံကြော် ခေါက်ဆွဲကြော် ကြော်ပြီးသားရောင်းတဲ့ဒိုင်က ခေါက်ဆွဲကြော်နေတဲ့ဒယ်အိုးထဲ အာချီတိုမိုနို အချိုမှုန့်တစ်ထုပ်လုံး လောင်းချလိုက်တယ်… အဲဒီခေါက်ဆွဲတွေ လက်လီယူရောင်းတဲ့ အသုပ်စုံဆိုင်တွေ၊ ဝက်သားတုတ်ထိုးဆိုင်တွေက ခေါက်ဆွဲသုပ်တို့၊ အသားနဲ့ကြာဇံသုပ်တို့မှာရင် အချိုမှုန့်တစ်ဇွန်းစီ ထပ်ဆောင်းထည့်ပေးလိုက်ကြသေး… လှည်းတန်းဈေးထဲက ဆိုင်နောက်မှာ ရေသန့်ဘူးခိုးညှပ်နေတဲ့ အကြော်ဆိုင်တွေအကြောင်းတော့ မရေးတော့ပါဘူးလေ…

ကင်ဆာလှည်းတန်းလို ကင်ဆာစမ်းချောင်း၊ ကင်ဆာကျောက်မြောင်း၊ ကင်ဆာတောင်ဥက္ကလာ စသဖြင့် ဘယ်နှဆိုင်များ ရှိနေလေမလဲ…


ဖိုးသူတော် (www.phothutaw.com)
Credit:  Lu Maw Han
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top