စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ကျွန်းသစ် ၉၈
လုံးအား ပိုင်ရှင်မဲ့ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံသစ်တောဦးစီးဌာနမှ
သိရသည်။
အင်းတော်မြို့နယ်၊ ကျွန်းတောရွာတောင်ဘက် ၁ မိုင်နှင့်အရှေ့တောင်ဘက် ၁
မိုင်ကွာနေရာတို့တွင်တရားမဝင် ကျွန်းသစ် စုစုပေါင်း ၉၈ လုံး (၁၈.၇၅၂ဝ)
တန်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ အောက်တိုဘာလ ၁၁
ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အင်းတော်မြို့နယ်၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့တို့ပါဝင်သော
ပူးပေါင်းအဖွဲ့မှ အောက်တိုဘာလ ၁ဝ ရက်နေ့တွင် တရားမဝင်သစ်
စုံစမ်းရှာဖွေခဲ့ရာ အဆိုပါ ကျွန်းသစ်များကို
ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
လက်ရှိတွင် ဖမ်းဆီးရမိသော သစ်များနှင့် ဆက်စပ်ပတ်သက်သူများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရန် စုံစမ်းရှာဖွေနေကြောင်းသိရသည်။
အလားတူ အောက်တိုဘာလ ၁ဝ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊
မဟာအောင်မြေမြို့နယ်၊ မဟာလယ်တီ စံကျောင်းတိုက်ဝန်းအတွင်း တရားမဝင် ပိတောက်၊
တမလန်း ဓါးရွေ/ခွဲသား စုစုပေါင်း (၁၄၄)တုံး/ချောင်း (၄ ဒသမ ၉၇၃၄)တန်အား
ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
# Unicode Version ဖြင့် ဖတ်ပါ #
နိုင်ငံခြားဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချနေခြင်းအပါအဝင် ပြည်တွင်း၌ နိုင်ငံခြားဆေးဝါးကုမ္ပဏီများ ရင်းနှီးမြှုပ်နှံပြီး ထုတ်လုပ်နိုင်အောင် ပူးပေါင်းလုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသင်းနွယ်ဝင်း ကပြောသည်။
"အရင်တုန်းကဆေးဝါးကို တင်သွင်းတယ်။ ဖြန့်ဖြူးရောင်းချတဲ့ အဆင့်မှာပဲရှိတယ်။ အခုနိုင်ငံတော်ရဲ့ ဖြေ လျော့မှုတွေ၊ အားပေးမှုတွေပိုများလာတဲ့အတွက် ထုတ်လုပ်ရေးတွေလည်း တိုးတက်လာတယ်။ ပြည်တွင်းမှာ တင်ကိုပဲ အနောက်တိုင်းဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းကို လုပ်ကိုင်နိုင်တဲ့အဆင့်အတန်းဖြစ်လာအောင်လို့ ပြည် တွင်းကနေပြီး ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေဖြေလျော့ပေးတဲ့အတွက် ပြည်တွင်းကနေ တိုင်းရင်းသားလုပ် ငန်းရှင်တွေကော၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်မှု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေကော အခုဆိုရင် ပြည် တွင်းဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီ ၁၃ခုဖြစ်လာပြီ" ဟု ဒေါက်တာသင်းနွယ်ဝင်း ကပြောသည်။
အောက်တိုဘာ ၁၁ရက်က နိုဗိုတယ်လ် ဟိုတယ်တွင် "The Overview of Business Laws in Myanmar" ရှင်းလင်းဟောပြောပွဲ အခမ်းအနားကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြုလုပ်ခဲ့သည်။
လက်ရှိအချိန်တွင် ပြည်ပမှတင်သွင်းသော ဆေးဝါးများသည် ဒေါ်လာဈေးမြင့်တက်ချိန်တွင် ဝယ်ယူရာ၌ ဆေးဝါးဈေးနှုန်းများ မြင့်တက်နိုင်ကြောင်းသိရပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ အာဆီ ယံနိုင်ငံများ၊ ကိုးရီးယား၊ ဂျပန်၊ ဥရောပနှင့် အနောက်နိုင်ငံအချို့မှ ဆေးဝါးများကို တင်းသွင်းဖြန့်ဖြူး ရောင်းချ နေကြောင်း သိရသည်။
"ဒေါ်လာဈေးမြင့်တက်မှုပေါ်မှာ မူတည်ပြီး ကျွန်မတို့ကလည်း ဟုတ်ပါတယ်။ ကိုယ့်ရဲ့ဆေးဈေးနှုန်းကို တွက်ချက် ရတာဖြစ်ပါတယ်။ တကယ်လို့ ကိုယ်ကဝယ်ထားတာတော်တော်နဲ့ မကုန်သေးဘူး။ ၃နှစ်စာလောက်ကုန်သေး တယ်ဆိုရင် ကိုယ့်ဆေးအနေနဲ့ ဈေးနှုန်းက သိပ်ပြောင်းလဲစရာမလိုဘူးပေါ့" ဟု ဒေါက်တာသင်းနွယ်ဝင်း က ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:http://www.mizzimaburmese.com
စစ်ကိုင်းတွင် ကျွန်းသစ် ၉၈ လုံး ပိုင်ရှင်မဲ့ဖမ်းမိ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။