ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တခ်ိဳ႕ေသာဗုဒၶဘာသာဝင္ ျမန္မာလူမ်ိဳးမ်ားအၾကား ဘိုးမင္းေခါင္သည္ အလြန္ထင္ရွားသူျဖစ္ေပသည္။ ဘိုးေတာ္ မယ္ေတာ္ ၊ဝိဇၨာမ်ားကို ယုံၾကည္ကိုးကြယ္သူမ်ားအေနျဖင့္ ဘိုးမင္းေခါင္ သည္ အလြန္အေရးပါေသာ ထြက္ရပ္ေပါက္ဘိုးေတာ္တပါးျဖစ္သည့္ျပင္ အလြန္တန္ခိုးႀကီးသည္ဟု ယုံၾကည္ေနၾကသည္။

အဘေအာင္မင္းေခါင္ေလာင္းလ်ာ ေမာင္ဘိုးေအာင္ကိုေက်ာက္ပန္းေတာင္းျမိဳ႕နယ္၊ပုပၸားေတာင္မၾကီး၏ အေရွ႕ဘက္ရွိ စင္ျမင့္ရြာမွ အဘဦးေမာင္ပု၊အမိေဒၚမင္းသစ္တို႔မွ

ျမန္မာသကၠရာဇ္ ၁၂၄၂ခုႏွစ္၊ကဆုန္လဆန္း(၁၀)ရက္၊တနဂၤေႏြေန႔(ခရစ္ႏွစ္ ၁၈၈၀ျပည့္ႏွစ္၊ေမလ(၂)ရက္ေန႔ နံနက္(၁၀း၀၀)နာရီတြင္ဖြားျမင္ခဲ့သည္။ ေမြးခ်င္းငါးေယာက္အနက္ ဒုတိယသားျဖစ္သည္။

ေမြးခ်င္းမ်ားမွာ
 (၁)ဦးဘိုးေသာင္း၊

(၂)ဦးဘိုးေအာင္(ဘိုးမင္းေခါင္)၊

(၃)ဦးထြန္းေမာင္၊

(၄)ဦးဘိုးေဆာင္၊(၅)ေဒၚေငြျမင့္
တို႔ျဖစ္ၾကပါတယ္။ ေမာင္ဘိုးေအာင္သည္ ငယ္ႏုစဥ္ဘ၀ကပင္

ရွင္သာမေဏေဘာင္၀င္ခဲ့ပါတယ္။ အရြယ္ေရာက္လတ္ေသာ္ ျမင့္ျမတ္ေသာ ရဟန္းအျဖစ္ေရာက္ရွိခဲ့ပါတယ္။ ဘြဲ႕အမည္မွာ  ဦးအာစိဏၰ ျဖစ္ပါတယ္။ ရဟန္းဘ၀ သံုး၀ါအရမွာပင္

ပိဋကတ္သင္ရိုးကၽြတ္ သင္ယူတတ္ေျမာက္ခဲ့ပါတယ္။
ရဟန္း(၁၀)၀ါအရတြင္ မၾကာခဏဆိုသလို ခရီးထြက္ေလ့ရွိျပီး မၾကာမၾကာေမြးရပ္ေျမ စင္ျမင့္ရြာသို႔ျပန္လာေလ့ရွိပါတယ္။
ထိုစဥ္ကပင္ ဦးအာစိဏၰသည္ ေတြ႔ျမင္ၾကရေသာ ထူးျခားျဖစ္စဥ္မ်ားေၾကာင့္ ေျမေၾကာရႈံ႕ႏိုင္သည့္ ပထ၀ီသိဒိၶေပါက္ေနျပီဟု သိမီသူတို႔မွခန္႔မွန္းေျပာဆိုၾကသည္ဟူ၏။ရဟန္း(၁၃)၀ါအရတြင္ ရဟန္း၀တ္ႏွင့္ပင္ ခရီးထြက္သြားျပီး ႏွစ္ေပါင္း(၃၀)ၾကာ

ေအာင္ပင္ ထူးဆန္းစြာ ေျခရာေဖ်ာက္သြားခဲ့သည္။
ေသသည္ရွင္သည္မသိခဲ့ရေပ။ထို႔ေနာက္ ” မင္းေခါင္ ” နာမည္ယူ၍ လူ၀တ္ေၾကာင္ျဖင့္ ေရာက္ေနေၾကာင္း စင္ျမင့္ရြာရွိညီအစ္ကိုေမာင္ႏွမမ်ားက သတင္းၾကားသျဖင့္ လာေရာက္ၾကည့္

ရႈၾကသည္။ထိုအခါ ဦးအာစိဏၰျဖစ္ေနသည္ကို ေတြ႔ၾကရသည္။ ေဆြမ်ဳိးမ်ားက ႏူတ္ဆက္ေမးျမန္းၾကရာ မင္းေခါင္သည္ “အင္း….ဟုတ္တယ္…..မဟုတ္ဘူး ”  ဟူေသာစကားမွ်သာေျပာ

ျပီး တံုဏိွဘာေ၀ ေနသည္။ ထိုအခါေဆြမ်ဳိးမ်ားက ကိုဘိုးေအာင္ ရူးသြားျပီဆိုကာ ရြာသို႔ျပန္လာၾကသည္ဟူ၏။
အဘေအာင္မင္းေခါင္၏ ထူးျခားဆန္းျပား ျဖစ္စဥ္တခ်ဳိ႕

__________________

၁။ထမင္းဆိုင္တို႔တြင္ လည္လွီးသတ္ျပီးသား ၾကက္ေသမ်ားကို အသက္ျပန္ရွင္ေအာင္ လုပ္ျပခဲ့ျခင္း။
၂။ဧရာ၀တီျမစ္ထဲ၌ သစ္တံုးၾကီးကိုင္စီးျပီး ေရဆန္ ကိုတက္ျပခဲ့ျခင္း။
၃။က်ားရိုင္းၾကီးမ်ားကို အိမ္ေမြးေၾကာင္ေလးတစ္ေကာင္ႏွယ္ ကစားျပခဲ့ျခင္း။
၄။အင္ဂ်င္မပါ ဘီးမပါေသာေသာ ကားပ်က္ၾကီးကို ပုပၸါးမွ ေက်ာက္ပန္းေတာင္းအေရာက္ ေမာင္းျပခဲ့ျခင္း။
၅။ဧရာ၀တီျမစ္ၾကီးထဲ ေရေပၚလမ္းေလွ်ာက္သြားလာျပခဲ့ျခင္း။
၆။ငွက္ေပ်ာပင္ေပၚရွိ ငွက္ေပ်ာရြက္ေပၚတြင္တက္၍ အိပ္ျပခဲ့ျခင္း။
၇။ကိုယ္ခြဲ ရုပ္ခြဲမ်ားခြဲ၍ ကန္ေတာ့ခံျခင္း။
၈။သူတပါးစိတ္အၾကံကို လ်ွင္ျမန္စြာသိျခင္း။
၉။ဧရာမၾကီးထြားလွသည့္ သစ္ပင္ၾကီးကို လက္တစ္ဖက္ထဲျဖင့္ ႏူတ္ျပခဲ့ျခင္း။
၁၀။၀ါရံုပင္ၾကီးေတြကို ႏူတ္ျပခဲ့ျပီး အျခားတစ္ေနရာတြင္ ရွင္သန္ေအာင္စိုက္ျပခဲ့ျခင္း။
၁၁။အဘဘိုးမင္းေခါင္သည္ နမၼားႏွင့္ပုပၸါးေတာင္ေတာ္၌ ရွိေနစဥ္ ပုပၸါးေတာင္ကလပ္၌ ေလအလြန္တိုက္၍ေအးခ်မ္းလြန္းစဥ္ အက်ၤီမ၀တ္ဘဲ သံုးလ/ေလးလ အိပ္ယာမွမထျခင္း။
၁၂။အဘသည္ ေရဘယ္ေတာ့မွမခ်ဳိးျခင္း ထမင္းမစား ဟင္းမစားဘဲ ေလးငါးလခန္႔ေနႏိုင္ျခင္း..ထိုသို႔ေနခဲ့ေသာ္လည္း ကိုယ္တြင္ေခ်းေညွာ္အနံ႔အသက္ တစ္စံုတစ္ရာမရွိျခင္း။
၁၃။သံုးေလးရက္မွ်သာ တစ္ၾကိမ္ က်င္ၾကီး/က်င္ငယ္စြန္႔ျခင္း။
၁၄။အတြင္းေနတပည့္တို႔မွတပါး မည္သူ႕ကိုမွ ပြင့္ပြင့္လင္းလင္းေျပာဆိုဆက္ဆံမႈမရွိျခင္း။
၁၅။ပရိတ္သတ္မ်ားထဲ၌ ၾကည္ညိဳလာလွ်င္ ေကသရာဇာျခေသၤ့ကဲ့သို႔ခံညားစြာေနထိုင္ျခင္း
၁၆။မၾကည္ညိဳသူမ်ား

လာလွ်င္ မေရာက္မွီကပင္ အမႈအရာတမ်ဳိးေျပာင္း၍ မၾကည္ညိဳသည္ထက္ မၾကည္ညိဳေအာင္ ေနထိုင္ေလ့ရွိျခင္းတို႔ျဖစ္ပါတယ္။
အဘဘိုးမင္းေခါင္သည္ ပုပၸါးမွ ေတာင္ေတာ္ကလပ္သို႔ ေျပာင္းေရြ႕ေနထိုင္ျပီး မၾကာမွီ အဂၤလိပ္အစိုးရက မသကၤာစရာ ပုဒ္မျဖင့္ ေက်ာက္ပန္းေတာင္း ဂတ္တဲရွိ ရာဇ၀တ္အုပ္ ဦးၾကြက္က

ေတာင္ကလပ္သို႔ လာေရာက္ဖမ္းစီးကာ ေက်ာက္ပန္းေတာင္း ဂတ္တဲတြင္ ခ်ဳပ္ေႏွာင္ထားခဲ့ျပီးေနာက္ (၁)လခန္႔အၾကာ အဘဘိုးမင္းေခါင္က ”  ငါမေနျခင္ေတာ့ဘူး” ဟုဆိုကာ ေထာင္

တံခါးမပြင့္ေစဘဲ အျပင္ထြက္သြားခဲ့ပါတယ္။
အဘဘိုးမင္းေခါင္သည္ အသြင္အမ်ဳိးမ်ဳိးကိုယူေဆာင္ကာ သာသနာ့အလင္းေရာင္ဓါတ္အားကို မျပတ္မနားဖြင့္လိုက္ေသအခ်ိန္တြင္ “ဂိုဏ္းေတာ္ၾကီး ႏိႈးေဆာ္ခ်က္” ဟူေသာ ဓါတ္၀င္

သည့္အမိန္႔စာကို တစ္ျပည္လံုးသို႔ ျဖန္႔ေ၀လိုက္ေသာအခါ အားလံုးပင္ လိုက္နာက်င့္ၾကံၾကေလေတာ့၏။
အဆိုပါ ႏိႈးေဆာ္စာအရ…..

“ဘုရားေလး ငယ္ငယ္….ကိုးေတာင္ျပည့္တည္၊

ငယ္သာငယ္…..ကယ္ဆယ္မယ့္ဘုရား၊

ဓါတ္ေကာလီ…သံုးဆယ္ကူေအာင္ကြယ္၊

ဖူးၾကအမ်ား”
ဟူ၍ျဖစ္ပါတယ္။ျမန္မာျပည္အတြင္းရွိ ျမိဳ႕ၾကီး(၈၀)ေက်ာ္ႏွင့္ ေက်းရြာေပါင္း(၄၀၀၀)ေက်ာ္တို႔တြင္ ကိုးေတာင္ျပည့္ေစတီေလးမ်ား တစ္ျမိဳ႕တစ္ရြာလွ်င္ တစ္ဆူတည္ထားကိုးကြယ္ၾကသျဖင့္

တစ္ႏိုင္ငံလံုး ဘုရားတကာ ဘုရားတကာမ မ်ားျဖစ္လာခဲ့ၾကရေတာ့သည္။
ဘိုးမင္းေခါင္သည္

ကမၻာကပ္ေက်ာ္ရန္ ေအးေစရန္အတြက္ ပုပၸါးေတာင္ကလပ္တြင္ ျပည္လံုးခ်မ္းသာကပ္ေက်ာ္ကမၻာလံုးေစတီေတာ္ ကိုတည္ထားကိုးကြယ္ေတာ္မႈစဥ္ ထိုေစတီေတာ္

ၾကီးတြင္ တင္လွဴမည့္
“ထီးေတာ္လည္းေရာက္ မင္းေခါင္လည္းေပ်ာက္” 
ဆိုသည့္တေဘာင္အတိုင္း၁၃၁၄-ခုႏွစ္ ေတာ္သလင္းလျပည့္ေက်ာ္(၂)ရက္ေန႔ ညေန(၄း၂၀)မိနစ္အခ်ိန္တြင္ ပုပၸါးေတာင္ကလပ္မွ ခႏၶာ၀န္ခ်၍ ထြက္ရပ္စခန္း ၾကြျမန္းေတာ္မႈခဲ့ပါသည္။

ကိုးကား

(၂၀၁၄ ခုႏွစ္ ေဖေဖာ္ဝါရီလ) မူလ ဥကၠလာဦးေစတီအေၾကာင္း သိေကာင္းစရာမ်ား, အတြဲ (၁၄) အမွတ္ (၂), သူရဇၨမဂၢဇင္း, ၂၇၂ -၂၇၅။

ဘိုးမင္းေခါင္ဆိုသည္မွာ ….

(၁၃၁၄ ခု၊ နတ္ေတာ္လဆန္း ၅ ရက္ေန႔) ဝိဇၨာဓိုရ္ ေအာင္မင္းေခါင္၏ ထြက္ရပ္ေပါက္ရာဇဝင္ အတၳဳပၸတၱိ.

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မူလေရးသားသူ
# Unuicode Version ျဖင့္ ဖတ္ပါ #
တချို့သောဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများအကြား ဘိုးမင်းခေါင်သည် အလွန်ထင်ရှားသူဖြစ်ပေသည်။ ဘိုးတော် မယ်တော် ၊ဝိဇ္ဇာများကို ယုံကြည်ကိုးကွယ်သူများအနေဖြင့် ဘိုးမင်းခေါင် သည် အလွန်အရေးပါသော ထွက်ရပ်ပေါက်ဘိုးတော်တပါးဖြစ်သည့်ပြင် အလွန်တန်ခိုးကြီးသည်ဟု ယုံကြည်နေကြသည်။

အဘအောင်မင်းခေါင်လောင်းလျာ မောင်ဘိုးအောင်ကိုကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပားတောင်မကြီး၏ အရှေ့ဘက်ရှိ စင်မြင့်ရွာမှ အဘဦးမောင်ပု၊အမိဒေါ်မင်းသစ်တို့မှ

မြန်မာသက္ကရာဇ် ၁၂၄၂ခုနှစ်၊ကဆုန်လဆန်း(၁၀)ရက်၊တနင်္ဂနွေနေ့(ခရစ်နှစ် ၁၈၈၀ပြည့်နှစ်၊မေလ(၂)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင်ဖွားမြင်ခဲ့သည်။ မွေးချင်းငါးယောက်အနက် ဒုတိယသားဖြစ်သည်။

မွေးချင်းများမှာ
 (၁)ဦးဘိုးသောင်း၊

(၂)ဦးဘိုးအောင်(ဘိုးမင်းခေါင်)၊

(၃)ဦးထွန်းမောင်၊

(၄)ဦးဘိုးဆောင်၊(၅)ဒေါ်ငွေမြင့်
တို့ဖြစ်ကြပါတယ်။ မောင်ဘိုးအောင်သည် ငယ်နုစဉ်ဘဝကပင်

ရှင်သာမဏေဘောင်ဝင်ခဲ့ပါတယ်။ အရွယ်ရောက်လတ်သော် မြင့်မြတ်သော ရဟန်းအဖြစ်ရောက်ရှိခဲ့ပါတယ်။ ဘွဲ့အမည်မှာ  ဦးအာစိဏ္ဏ ဖြစ်ပါတယ်။ ရဟန်းဘ၀ သုံးဝါအရမှာပင်

ပိဋကတ်သင်ရိုးကျွတ် သင်ယူတတ်မြောက်ခဲ့ပါတယ်။
ရဟန်း(၁၀)ဝါအရတွင် မကြာခဏဆိုသလို ခရီးထွက်လေ့ရှိပြီး မကြာမကြာမွေးရပ်မြေ စင်မြင့်ရွာသို့ပြန်လာလေ့ရှိပါတယ်။
ထိုစဉ်ကပင် ဦးအာစိဏ္ဏသည် တွေ့မြင်ကြရသော ထူးခြားဖြစ်စဉ်များကြောင့် မြေကြောရှုံ့နိုင်သည့် ပထဝီသိဒ္ဓိပေါက်နေပြီဟု သိမီသူတို့မှခန့်မှန်းပြောဆိုကြသည်ဟူ၏။ရဟန်း(၁၃)ဝါအရတွင် ရဟန်းဝတ်နှင့်ပင် ခရီးထွက်သွားပြီး နှစ်ပေါင်း(၃၀)ကြာ

အောင်ပင် ထူးဆန်းစွာ ခြေရာဖျောက်သွားခဲ့သည်။
သေသည်ရှင်သည်မသိခဲ့ရပေ။ထို့နောက် ” မင်းခေါင် ” နာမည်ယူ၍ လူဝတ်ကြောင်ဖြင့် ရောက်နေကြောင်း စင်မြင့်ရွာရှိညီအစ်ကိုမောင်နှမများက သတင်းကြားသဖြင့် လာရောက်ကြည့်

ရှုကြသည်။ထိုအခါ ဦးအာစိဏ္ဏဖြစ်နေသည်ကို တွေ့ကြရသည်။ ဆွေမျိုးများက နူတ်ဆက်မေးမြန်းကြရာ မင်းခေါင်သည် “အင်း….ဟုတ်တယ်…..မဟုတ်ဘူး ”  ဟူသောစကားမျှသာပြော

ပြီး တုံဏှိဘာေ၀ နေသည်။ ထိုအခါဆွေမျိုးများက ကိုဘိုးအောင် ရူးသွားပြီဆိုကာ ရွာသို့ပြန်လာကြသည်ဟူ၏။
အဘအောင်မင်းခေါင်၏ ထူးခြားဆန်းပြား ဖြစ်စဉ်တချို့

__________________

၁။ထမင်းဆိုင်တို့တွင် လည်လှီးသတ်ပြီးသား ကြက်သေများကို အသက်ပြန်ရှင်အောင် လုပ်ပြခဲ့ခြင်း။
၂။ဧရာဝတီမြစ်ထဲ၌ သစ်တုံးကြီးကိုင်စီးပြီး ရေဆန် ကိုတက်ပြခဲ့ခြင်း။
၃။ကျားရိုင်းကြီးများကို အိမ်မွေးကြောင်လေးတစ်ကောင်နှယ် ကစားပြခဲ့ခြင်း။
၄။အင်ဂျင်မပါ ဘီးမပါသောသော ကားပျက်ကြီးကို ပုပ္ပါးမှ ကျောက်ပန်းတောင်းအရောက် မောင်းပြခဲ့ခြင်း။
၅။ဧရာဝတီမြစ်ကြီးထဲ ရေပေါ်လမ်းလျှောက်သွားလာပြခဲ့ခြင်း။
၆။ငှက်ပျောပင်ပေါ်ရှိ ငှက်ပျောရွက်ပေါ်တွင်တက်၍ အိပ်ပြခဲ့ခြင်း။
၇။ကိုယ်ခွဲ ရုပ်ခွဲများခွဲ၍ ကန်တော့ခံခြင်း။
၈။သူတပါးစိတ်အကြံကို လျှင်မြန်စွာသိခြင်း။
၉။ဧရာမကြီးထွားလှသည့် သစ်ပင်ကြီးကို လက်တစ်ဖက်ထဲဖြင့် နူတ်ပြခဲ့ခြင်း။
၁၀။ဝါရုံပင်ကြီးတွေကို နူတ်ပြခဲ့ပြီး အခြားတစ်နေရာတွင် ရှင်သန်အောင်စိုက်ပြခဲ့ခြင်း။
၁၁။အဘဘိုးမင်းခေါင်သည် နမ္မားနှင့်ပုပ္ပါးတောင်တော်၌ ရှိနေစဉ် ပုပ္ပါးတောင်ကလပ်၌ လေအလွန်တိုက်၍အေးချမ်းလွန်းစဉ် အင်္ကျီမဝတ်ဘဲ သုံးလ/လေးလ အိပ်ယာမှမထခြင်း။
၁၂။အဘသည် ရေဘယ်တော့မှမချိုးခြင်း ထမင်းမစား ဟင်းမစားဘဲ လေးငါးလခန့်နေနိုင်ခြင်း..ထိုသို့နေခဲ့သော်လည်း ကိုယ်တွင်ချေးညှော်အနံ့အသက် တစ်စုံတစ်ရာမရှိခြင်း။
၁၃။သုံးလေးရက်မျှသာ တစ်ကြိမ် ကျင်ကြီး/ကျင်ငယ်စွန့်ခြင်း။
၁၄။အတွင်းနေတပည့်တို့မှတပါး မည်သူ့ကိုမှ ပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံမှုမရှိခြင်း။
၁၅။ပရိတ်သတ်များထဲ၌ ကြည်ညိုလာလျှင် ကေသရာဇာခြင်္သေ့ကဲ့သို့ခံညားစွာနေထိုင်ခြင်း
၁၆။မကြည်ညိုသူများ

လာလျှင် မရောက်မှီကပင် အမှုအရာတမျိုးပြောင်း၍ မကြည်ညိုသည်ထက် မကြည်ညိုအောင် နေထိုင်လေ့ရှိခြင်းတို့ဖြစ်ပါတယ်။
အဘဘိုးမင်းခေါင်သည် ပုပ္ပါးမှ တောင်တော်ကလပ်သို့ ပြောင်းရွေ့နေထိုင်ပြီး မကြာမှီ အင်္ဂလိပ်အစိုးရက မသင်္ကာစရာ ပုဒ်မဖြင့် ကျောက်ပန်းတောင်း ဂတ်တဲရှိ ရာဇဝတ်အုပ် ဦးကြွက်က

တောင်ကလပ်သို့ လာရောက်ဖမ်းစီးကာ ကျောက်ပန်းတောင်း ဂတ်တဲတွင် ချုပ်နှောင်ထားခဲ့ပြီးနောက် (၁)လခန့်အကြာ အဘဘိုးမင်းခေါင်က ”  ငါမနေခြင်တော့ဘူး” ဟုဆိုကာ ထောင်

တံခါးမပွင့်စေဘဲ အပြင်ထွက်သွားခဲ့ပါတယ်။
အဘဘိုးမင်းခေါင်သည် အသွင်အမျိုးမျိုးကိုယူဆောင်ကာ သာသနာ့အလင်းရောင်ဓါတ်အားကို မပြတ်မနားဖွင့်လိုက်သေအချိန်တွင် “ဂိုဏ်းတော်ကြီး နှိုးဆော်ချက်” ဟူသော ဓါတ်ဝင်

သည့်အမိန့်စာကို တစ်ပြည်လုံးသို့ ဖြန့်ဝေလိုက်သောအခါ အားလုံးပင် လိုက်နာကျင့်ကြံကြလေတော့၏။
အဆိုပါ နှိုးဆော်စာအရ…..

“ဘုရားလေး ငယ်ငယ်….ကိုးတောင်ပြည့်တည်၊

ငယ်သာငယ်…..ကယ်ဆယ်မယ့်ဘုရား၊

ဓါတ်ကောလီ…သုံးဆယ်ကူအောင်ကွယ်၊

ဖူးကြအများ”
ဟူ၍ဖြစ်ပါတယ်။မြန်မာပြည်အတွင်းရှိ မြို့ကြီး(၈၀)ကျော်နှင့် ကျေးရွာပေါင်း(၄၀၀၀)ကျော်တို့တွင် ကိုးတောင်ပြည့်စေတီလေးများ တစ်မြို့တစ်ရွာလျှင် တစ်ဆူတည်ထားကိုးကွယ်ကြသဖြင့်

တစ်နိုင်ငံလုံး ဘုရားတကာ ဘုရားတကာမ များဖြစ်လာခဲ့ကြရတော့သည်။
ဘိုးမင်းခေါင်သည်

ကမ္ဘာကပ်ကျော်ရန် အေးစေရန်အတွက် ပုပ္ပါးတောင်ကလပ်တွင် ပြည်လုံးချမ်းသာကပ်ကျော်ကမ္ဘာလုံးစေတီတော် ကိုတည်ထားကိုးကွယ်တော်မှုစဉ် ထိုစေတီတော်

ကြီးတွင် တင်လှူမည့်
“ထီးတော်လည်းရောက် မင်းခေါင်လည်းပျောက်” 
ဆိုသည့်တဘောင်အတိုင်း၁၃၁၄-ခုနှစ် တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ ညနေ(၄း၂၀)မိနစ်အချိန်တွင် ပုပ္ပါးတောင်ကလပ်မှ ခန္ဓာဝန်ချ၍ ထွက်ရပ်စခန်း ကြွမြန်းတော်မှုခဲ့ပါသည်။

ကိုးကား

(၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ) မူလ ဥက္ကလာဦးစေတီအကြောင်း သိကောင်းစရာများ, အတွဲ (၁၄) အမှတ် (၂), သူရဇ္ဇမဂ္ဂဇင်း, ၂၇၂ -၂၇၅။

ဘိုးမင်းခေါင်ဆိုသည်မှာ ….

(၁၃၁၄ ခု၊ နတ်တော်လဆန်း ၅ ရက်နေ့) ဝိဇ္ဇာဓိုရ် အောင်မင်းခေါင်၏ ထွက်ရပ်ပေါက်ရာဇဝင် အတ္ထုပ္ပတ္တိ.

ဖိုးသူတော် (www.phothutaw.com)
Credit: မူလရေးသားသူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top