ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ၿပီးခဲ့သည့္ (၆၄)ႏွစ္ေျမာက္ေမြးေန႔ပြဲတြင္ေတြ႕ရေသာ ဆင္မႀကီး မုိမုိ (ဓာတ္ပံု−ေက်ာ္ဇင္သန္း)

 ဆင္မႀကီးမိုမို၏ (၆၅)ႏွစ္ ျပည့္ေမြးေန႔ကို ရန္ကုန္တိရစၧာန္ဥယ်ာဥ္တြင္ ပညာေပးအစီအစဥ္ႏွင့္ ေပ်ာ္ပြဲရႊင္ပြဲ အခမ္းအနားမ်ားျဖင့္ ေျခာက္ရက္ၾကာ က်င္းပမည္ဟု  တိရစၧာန္ဥယ်ာဥ္  (ရန္ကုန္) အသိပညာေပးဌာန အေထြေထြမန္ေနဂ်ာ ဦးၾကည္စိုး လြင္က ေျပာသည္။

အသက္(၇) ႏွစ္အရြယ္တြင္ ကယားျပည္နယ္မွ တိရစၧာန္ဥယ်ာဥ္(ရန္ကုန္)သို႔ ေရာက္ရွိလာေသာ ဆင္မႀကီးမိုမိုသည္ ေအာက္တိုဘာ ၁၈ ရက္၌ (၆၅)ႏွစ္ ျပည့္မည္ ျဖစ္သည္။

မိုမိုေမြးေန႔ပြဲကို ရန္ကုန္တိရစၧာန္ဥယ်ာဥ္၌ ေအာက္တိုဘာ ၂၀ မွ ၂၅ ရက္အထိ ေျခာက္ရက္ၾကာ ျပဳလုပ္မည္ျဖစ္ၿပီး ရန္ကုန္တိရစၧာန္ဥယ်ာဥ္ရွိ တိရစၧာန္ေလး မ်ား၏ ကြၽမ္းက်င္မႈ ျပကြက္မ်ား၊ ပညာေပးပေဟဠိ အစီအစဥ္မ်ား၊ ကစားပြဲမ်ား၊ မ်က္လွည့္ႏွင့္ ဟာသေဖ်ာ္ေျဖပြဲမ်ား ျပဳလုပ္မည္ ျဖစ္ သည္။

ထုိ႔အျပင္ ေတးဂီတေဖ်ာ္ေျဖ ပြဲမ်ား၊ ေပ်ာ္ပြဲရႊင္ပြဲမ်ား၊ ေစ်းေရာင္းပြဲေတာ္ႏွင့္ အႏုပညာရွင္မ်ား၏ ပရဟိတ ေစ်းေရာင္းပြဲေတာ္မ်ား ပါ၀င္သည္ဟု  ဦးၾကည္စိုးလြင္ ကဆိုသည္။

     ရန္ကုန္ တိရစၧာန္ဥယ်ာဥ္၏ သက္တမ္းရွည္ ဆင္မႀကီးမုိမိုကို (၆၀) ျပည့္ႏွစ္က စတင္၍ ေမြးေန႔အခမ္းအနား က်င္းပခဲ့သည္။

    ဆင္မႀကီး မိုမိုသည္ ယခင္က ရန္ကုန္တိရစၧာန္ ဥယ်ာဥ္တြင္ အပတ္စဥ္ စေန၊တနဂၤေႏြေန႔မ်ား၌ျပဳလုပ္ေသာ ဆင္ကပြဲမ်ားတြင္အျခားဆင္မ်ားႏွင့္အတူ ခႏၶာကိုယ္ လႈပ္ယမ္းကျပျခင္း၊ ေဘာလံုးကန္ျပျခင္း၊ ဆင္ထိန္းခိုင္းေစသည့္အတုိင္း အမိႈက္ေကာက္ျပျခင္း စသည့္ ေဖ်ာ္ေျဖေရး အစီအစဥ္မ်ားကို ျပဳလုပ္ၿပီး၊ (၆၃) ႏွစ္ျပည့္ေမြးေန႔ျဖစ္သည့္ ၂၀၁၆ ေအာက္

တိုဘာ ၂၁ ရက္က စတင္၍ ဆင္ကပြဲမ်ားတြင္ ပါဝင္ခိုင္းေစျခင္း မျပဳေတာ့ေၾကာင္း တိရစၧာန္ဥယ်ာဥ္ (ရန္ကုန္)မွ သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://www.7daydaily.com
# Unicode Version ျဖင့္ ဖတ္ပါ #
ပြီးခဲ့သည့် (၆၄)နှစ်မြောက်မွေးနေ့ပွဲတွင်တွေ့ရသော ဆင်မကြီး မိုမို (ဓာတ်ပုံ−ကျော်ဇင်သန်း)

 ဆင်မကြီးမိုမို၏ (၆၅)နှစ် ပြည့်မွေးနေ့ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ပညာပေးအစီအစဉ်နှင့် ပျော်ပွဲရွှင်ပွဲ အခမ်းအနားများဖြင့် ခြောက်ရက်ကြာ ကျင်းပမည်ဟု  တိရစ္ဆာန်ဥယျာဉ်  (ရန်ကုန်) အသိပညာပေးဌာန အထွေထွေမန်နေဂျာ ဦးကြည်စိုး လွင်က ပြောသည်။

အသက်(၇) နှစ်အရွယ်တွင် ကယားပြည်နယ်မှ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ရောက်ရှိလာသော ဆင်မကြီးမိုမိုသည် အောက်တိုဘာ ၁၈ ရက်၌ (၆၅)နှစ် ပြည့်မည် ဖြစ်သည်။

မိုမိုမွေးနေ့ပွဲကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ အောက်တိုဘာ ၂၀ မှ ၂၅ ရက်အထိ ခြောက်ရက်ကြာ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ တိရစ္ဆာန်လေး များ၏ ကျွမ်းကျင်မှု ပြကွက်များ၊ ပညာပေးပဟေဠိ အစီအစဉ်များ၊ ကစားပွဲများ၊ မျက်လှည့်နှင့် ဟာသဖျော်ဖြေပွဲများ ပြုလုပ်မည် ဖြစ် သည်။

ထို့အပြင် တေးဂီတဖျော်ဖြေ ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဈေးရောင်းပွဲတော်နှင့် အနုပညာရှင်များ၏ ပရဟိတ ဈေးရောင်းပွဲတော်များ ပါဝင်သည်ဟု  ဦးကြည်စိုးလွင် ကဆိုသည်။

     ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ သက်တမ်းရှည် ဆင်မကြီးမိုမိုကို (၆၀) ပြည့်နှစ်က စတင်၍ မွေးနေ့အခမ်းအနား ကျင်းပခဲ့သည်။

    ဆင်မကြီး မိုမိုသည် ယခင်က ရန်ကုန်တိရစ္ဆာန် ဥယျာဉ်တွင် အပတ်စဉ် စနေ၊တနင်္ဂနွေနေ့များ၌ပြုလုပ်သော ဆင်ကပွဲများတွင်အခြားဆင်များနှင့်အတူ ခန္ဓာကိုယ် လှုပ်ယမ်းကပြခြင်း၊ ဘောလုံးကန်ပြခြင်း၊ ဆင်ထိန်းခိုင်းစေသည့်အတိုင်း အမှိုက်ကောက်ပြခြင်း စသည့် ဖျော်ဖြေရေး အစီအစဉ်များကို ပြုလုပ်ပြီး၊ (၆၃) နှစ်ပြည့်မွေးနေ့ဖြစ်သည့် ၂၀၁၆ အောက်

တိုဘာ ၂၁ ရက်က စတင်၍ ဆင်ကပွဲများတွင် ပါဝင်ခိုင်းစေခြင်း မပြုတော့ကြောင်း တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)မှ သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:http://www.7daydaily.com

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top