Denniz Futalan
Denniz Futalan
Denniz Futalan
Denniz Futalan
Denniz Futalan
Denniz Futalan
Denniz Futalan
ဘဝကို ပြည့်စုံစွာနဲ့ ရောက်လာတဲ့သူတွေ ရှိသလို၊ ချို့ချို့တဲ့တဲ့ မပြည့်မစုံဘဲ ရောက်လာကြတဲ့သူတွေလည်းရှိပါတယ်။ တစ်ချို့များရဲ့ ဘဝဟာ တကယ်ကို လာခြင်းမကောင်းကြပါဘူး။ ဒါပေမယ့် သူတို့ဟာ ကံတရား မလှပပေမယ့်လည်း ထူးခြားအံ့အားဖွယ်ရာတွေကို ဖန်တီးနိုင်စွမ်းရှိကြတယ်။
Denniz Futalan
ဖိလစ်ပိုင်နိုင်ငံ Dumaguete မြို့က မွေးကတည်းက လက်နှစ်ချောင်းလုံးမပါခဲ့တဲ့ လူတစ်ယောက် အကြောင်းကို ဓာတ်ပုံဆရာ Denniz Futalan က သူရဲ့ ဖန်တီးမှုတွေအတူ ဖော်ပြပြီး ဖိလစ်ပိုင် ပြည်သူလုထုတွေကို အံ့အားသင့်စေခဲ့တယ်။
အဲ့ဒီ့ ဓာတ်ပုံတွေဟာ အခုဆို ကားဝါသနာအိုးတွေ ကြားထဲမှာ အပြန်အလှန် ဖော်ပြနေကြတာတွေ တော်တော်လေးရှိခဲ့တယ်။ ဒီလို စိတ်ဝင်စား နှစ်သက်ဖွယ် ဖန်တီးနေတာ ဘယ်သူဆိုတာ သိသွားကြတဲ့နောက်မှလည်း လူတိုင်းက မှင်သက်လေးစားကြရပါတယ်။
Denniz Futalan
Denniz Futalan
ဖန်တီးထားတာလေးတွေကို ကြည့်ရင် စက်နဲ့ လုပ်ထားတဲ့ အရာတွေလိုလို၊ ပါရမီ ရင့်သန်တဲ့ လက်တွေနဲ့ ဖန်တီးထားတယ်လို့ ထင်ကောင်း ထင်နိုင်ကြပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ လက်ချောင်းတွေ၊ လက်တွေမပါဘဲ သုံးဘီး ဆိုင်ကယ်လေးတွေကို သူဟာ ပြုလုပ်နိုင်တယ်။
Futalan ရဲ့ အဆိုအရ ဒီ လက်မှုပညာသည် အမျိုးသားဟာ သုံးဘီး အသေးလေးတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို အဲ့ဒီ ဒေသအတွင်းမှာ ရှိတဲ့ လျှပ်စစ်ပစ္စည်းဝန်ဆောင်မှုပေးတဲ့ ဆိုင်ပိုင်ရှင်ဆီက လေ့လာသင်ယူခဲ့တယ်လို့ သိရတယ်။
Denniz Futalan
Denniz Futalan
အရွယ်အစားအားဖြင့် လက်မ အတိုင်းအတာလောက်သာရှိပြီး လက်ဝင်တဲ့ သုံးဘီးဆိုင်ကယ် အသေးစားလေးတွေဟာ လက်ဖဝါးပေါ်တောင် တင်ရလို့ရပါတယ်။ တစ်စီးကို ဒေါ်လာ (၁၀) သာ ကျသင့်တာဖြစ်ပြီး နည်းနည်းပိုကြီးတာလေးတွေဆိုရင် ဒေါ်လာ (၄၀) ပေးရတယ်လို့သိရတယ်။ သူရဲ့ စစ်မှန်တဲ့ ကြိုးစားအားထုတ်မှုနဲ့ လက်မှုအနုပညာနဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ပါဘူး။
Denniz Futalan
Denniz Futalan
ဖန်စီပစ္စည်းကြိုက်သူ၊ အမှတ်တရ အရုပ်တွေ စုဆောင်းချင်သူ၊ အလှစုထားလိုသူတွေ အတွက်တော့ သိပ်ကို သဘောကျမှ အမှန်ပါ။ မှာယူချင်တာ၊ ကိုယ်တိုင်သွားရောက် လိုသူတွေအနေနဲ့လည်း San Jose လမ်းထောင့်နဲ့ Maria Cristina လမ်း Dumaguete မြို့မှာ မှာယူဖြစ်စေ၊ သွားရောက်ပြီးဖြစ်စေ လေ့လာဝယ်ယူနိုင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Matthew (Shwemom)
# Unicode Version ဖြင့် ဖတ်ပါ #ဘဝကို ပြည့်စုံစွာနဲ့ ရောက်လာတဲ့သူတွေ ရှိသလို၊ ချို့ချို့တဲ့တဲ့ မပြည့်မစုံဘဲ ရောက်လာကြတဲ့သူတွေလည်းရှိပါတယ်။ တစ်ချို့များရဲ့ ဘဝဟာ တကယ်ကို လာခြင်းမကောင်းကြပါဘူး။ ဒါပေမယ့် သူတို့ဟာ ကံတရား မလှပပေမယ့်လည်း ထူးခြားအံ့အားဖွယ်ရာတွေကို ဖန်တီးနိုင်စွမ်းရှိကြတယ်။