ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

သင္ဟာ က်န္းမာစြာ ၀ိတ္ခ်ဖို႔ ႀကိဳးစားေနသူ တစ္ေယာက္ဆိုရင္ေတာ့ ေနေရာင္ျခည္ႏုႏု ရႏုိင္တဲ့ မနက္ခင္းေတြကို ေမ့ထားလို႕ မရပါဘူး။ အစားအေသာက္၊ အေနအထိုင္နဲ႔ အေလ့အက်င့္ေတြကိုပါ ျဖည္းျဖည္းခ်င္း ေျပာင္းလဲဖို႔ ႀကိဳးစားယူႏုိင္ပါတယ္။

၁။ ေနေရာင္ျခည္ႏုႏုကို ခံယူပါ

ေနေရာင္ျခည္ဟာ သင့္ကို အဆီက်ေစဖို႔ အကူအညီေပးႏုိင္ပါတယ္။ ေလ့လာေတြ႔ရွိခ်က္တစ္ခုအရ မနက္ခင္းေစာေစာ ေနေရာင္ျခည္ေၾကာင့္ သင့္ကို ကယ္လိုရီေတြ ေလာင္ကြ်မ္းဖို႔ ကူညီေပးပါလိမ့္မယ္။ မနက္ပိုင္းမွာ မိနစ္ ၂၀-၃၀ ေလာက္ ေနေရာင္ျခည္ ခံေပးပါ။ ေနာက္အက်ဆံုး မနက္ ၈နာရီေလာက္ထိ ျပဳလုပ္ပါ။ ထူးျခားတဲ့ ရလာဒ္ေတြ ျမင္ရပါလိမ့္မယ္။

၂။ အိပ္စက္ပါ

အိပ္စက္ျခင္းဟာ ကယ္လိုရီေတြကို ေလာင္ကြ်မ္းႏုိင္တဲ့ အတြက္ သင္ အိပ္ေရး၀ဖို႔ လိုအပ္ပါတယ္။ အရြယ္ေရာက္ၿပီး အ၀လြန္သူ အမ်ားစုကို ေလ့လာေတြ႔ရွိခ်က္အရ 62%ဟာ တစ္ေန႔ကို ၆နာရီေအာက္ ေလွ်ာ့အိပ္ၾကတယ္လို႔ ဆိုပါတယ္။ ေနာက္က်မွ အိပ္စက္ျခင္းဟာ ပိုၿပီး ၀ေစဖို႔ အတြက္ အက်ိဳးသက္ေရာက္ေစပါတယ္။

အစားေလွ်ာ့စားၿပီး ၿပီး မပိန္ဘူး ျဖစ္ေနတယ္ဆိုတဲ့ အေၾကာင္းျပခ်က္ဟာ သင္ အိပ္ေရးမ၀လို႔ပါ။ တစ္ေန႔ကို အနည္းဆံုး ၈နာရီျပည့္ေအာင္ အိပ္ပါ။ ညကို ေနာက္က်မွ အိပ္ျခင္း ေရွာင္ပါ။

၃။ စိတ္ဖိစီးမႈကို တတ္ႏုိင္သမွ် ေလွ်ာ့ပါ

အရာအားလံုးကို လိုက္ပူပန္ေနတတ္တာမ်ိဳးနဲ႔ အလုပ္အတြက္ ၊ မိသားစုအတြက္ စိတ္ဖိစီးမႈေတြ ရွိေနတယ္ဆိုရင္ တတ္ႏုိင္သမွ် ေလွ်ာ့ခ်ေပးပါ။ စိတ္ဖိစီးမႈ ေလွ်ာ့ခ်ဖို႔ အေကာင္းဆံုးဟာ ေယာဂက်င့္ပါ။ တရားထိုင္ပါ။ အသက္၀၀ ရႈပါ။ အေကာင္းျမင္စိတ္ျဖင့္ ၾကည့္ပါ။

၄။ ေန႔စဥ္သြားေနတဲ့ Transportation ကို ေျပာင္းပါ

သင္ ေန႔တုိင္း ဘတ္စ္ကားစီး သြားတယ္ဆိုရင္ တစ္မွတ္အတိုင္မွာ ဆင္းၿပီး လမ္းေလွ်ာက္ပါ။ အနီးအနားဆိုရင္ လမ္းေလွ်ာက္သြားပါ။ ဓာတ္ေလွကားေတြကို သိပ္မသံုးဘဲ ေလွကားေတြ တက္ပါ။ ခါးက အဆီေတြ က်ေစဖို႔ အတြက္ နည္းနည္းခ်င္းစီ လိုက္နာၿပီး ေဆာင္ရြက္တာဟာ က်န္းမာေရးနဲ႔ ညီေစၿပီး သင့္ရဲ႕ ရည္မွန္းခ်က္ေတြ ျပည့္ေျမာက္ေစမွာပါ။

၅။ ပရိုတိန္းဓာတ္ ျပည့္၀ေအာင္စားပါ

Diet Plan ေတြကို စားမယ္ဆိုရင္ေတာ့ သူ႔အတိုင္း အတိအက် လိုက္နာၿပီး စားပါ။ သင္ရဲ႕ တစ္ေန႔တာအတြက္ လိုအပ္တဲ့ ပရိုတိန္းဓာတ္ကို ျပည့္မွီေအာင္ စားေပးပါ။ ပရိုတိန္းဓာတ္ မျပည့္၀ရင္ေတာ့ က်န္းမာေစမယ့္ ၀ိတ္ခ်ျခင္းကို မရရွိႏုိင္ပါဘူး။ မနက္စာ၊ ေန႔လည္စာ၊ ညစာကို အခ်ိဳးညီစြာ စားပါ။

၆။ ေလ့က်င့္ခန္းလုပ္ပါ၊ အားကစားတစ္ခုခု လုပ္ပါ

ေန႔စဥ္ ေခြ်းထြက္ျခင္းဟာလည္း အဆီကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ Gym မသြားႏုိင္တဲ့ လူေတြ အတြက္ အျခား အားကစား တစ္ခုကို လုပ္ပါ။ အိမ္မွာေနရင္း လုပ္လို႔ ရမယ့္ အားကစားနည္းေတြကို ေလ့လာလိုက္စားပါ။ တစ္ေန႔ကို ၄၅ မိနစ္ေလာက္ အခ်ိန္ေပးၿပီး ေဆာင္ရြက္ပါ။

၇။ အာဟာရျဖစ္ေစမယ့္ သေရစာေတြကို စားပါ။

သေရစာေတြကို အသီးအႏွံေတြနဲ႔ အျခား အာဟာရျဖစ္ေစမယ့္ အရာေတြကို စားပါ။ မနက္တုိင္း မနက္စာကို စားဖို႔ မေမ့ပါနဲ႔။ ဒီလို အေလ့အက်င့္ေလးေတြကို ျဖည္းျဖည္းခ်င္း က်င့္ယူမယ္။ အစားအစာေတြကို စနစ္တက် စားမယ္ဆိုရင္ေတာ့ လွပၿပီး က်န္းမာတဲ့ ခႏၶယ္ခႏာကို ပိုင္ဆိုင္ႏိုင္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myhealthmyanmar

#Unicode Version#
သင်ဟာ ကျန်းမာစွာ ဝိတ်ချဖို့ ကြိုးစားနေသူ တစ်ယောက်ဆိုရင်တော့ နေရောင်ခြည်နုနု ရနိုင်တဲ့ မနက်ခင်းတွေကို မေ့ထားလို့ မရပါဘူး။ အစားအသောက်၊ အနေအထိုင်နဲ့ အလေ့အကျင့်တွေကိုပါ ဖြည်းဖြည်းချင်း ပြောင်းလဲဖို့ ကြိုးစားယူနိုင်ပါတယ်။

၁။ နေရောင်ခြည်နုနုကို ခံယူပါ

နေရောင်ခြည်ဟာ သင့်ကို အဆီကျစေဖို့ အကူအညီပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ မနက်ခင်းစောစော နေရောင်ခြည်ကြောင့် သင့်ကို ကယ်လိုရီတွေ လောင်ကျွမ်းဖို့ ကူညီပေးပါလိမ့်မယ်။ မနက်ပိုင်းမှာ မိနစ် ၂၀-၃၀ လောက် နေရောင်ခြည် ခံပေးပါ။ နောက်အကျဆုံး မနက် ၈နာရီလောက်ထိ ပြုလုပ်ပါ။ ထူးခြားတဲ့ ရလာဒ်တွေ မြင်ရပါလိမ့်မယ်။

၂။ အိပ်စက်ပါ

အိပ်စက်ခြင်းဟာ ကယ်လိုရီတွေကို လောင်ကျွမ်းနိုင်တဲ့ အတွက် သင် အိပ်ရေးဝဖို့ လိုအပ်ပါတယ်။ အရွယ်ရောက်ပြီး အဝလွန်သူ အများစုကို လေ့လာတွေ့ရှိချက်အရ 62%ဟာ တစ်နေ့ကို ၆နာရီအောက် လျှော့အိပ်ကြတယ်လို့ ဆိုပါတယ်။ နောက်ကျမှ အိပ်စက်ခြင်းဟာ ပိုပြီး ဝစေဖို့ အတွက် အကျိုးသက်ရောက်စေပါတယ်။

အစားလျှော့စားပြီး ပြီး မပိန်ဘူး ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ သင် အိပ်ရေးမဝလို့ပါ။ တစ်နေ့ကို အနည်းဆုံး ၈နာရီပြည့်အောင် အိပ်ပါ။ ညကို နောက်ကျမှ အိပ်ခြင်း ရှောင်ပါ။

၃။ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ပါ

အရာအားလုံးကို လိုက်ပူပန်နေတတ်တာမျိုးနဲ့ အလုပ်အတွက် ၊ မိသားစုအတွက် စိတ်ဖိစီးမှုတွေ ရှိနေတယ်ဆိုရင် တတ်နိုင်သမျှ လျှော့ချပေးပါ။ စိတ်ဖိစီးမှု လျှော့ချဖို့ အကောင်းဆုံးဟာ ယောဂကျင့်ပါ။ တရားထိုင်ပါ။ အသက်၀၀ ရှုပါ။ အကောင်းမြင်စိတ်ဖြင့် ကြည့်ပါ။

၄။ နေ့စဉ်သွားနေတဲ့ Transportation ကို ပြောင်းပါ

သင် နေ့တိုင်း ဘတ်စ်ကားစီး သွားတယ်ဆိုရင် တစ်မှတ်အတိုင်မှာ ဆင်းပြီး လမ်းလျှောက်ပါ။ အနီးအနားဆိုရင် လမ်းလျှောက်သွားပါ။ ဓာတ်လှေကားတွေကို သိပ်မသုံးဘဲ လှေကားတွေ တက်ပါ။ ခါးက အဆီတွေ ကျစေဖို့ အတွက် နည်းနည်းချင်းစီ လိုက်နာပြီး ဆောင်ရွက်တာဟာ ကျန်းမာရေးနဲ့ ညီစေပြီး သင့်ရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်စေမှာပါ။

၅။ ပရိုတိန်းဓာတ် ပြည့်ဝအောင်စားပါ

Diet Plan တွေကို စားမယ်ဆိုရင်တော့ သူ့အတိုင်း အတိအကျ လိုက်နာပြီး စားပါ။ သင်ရဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်ကို ပြည့်မှီအောင် စားပေးပါ။ ပရိုတိန်းဓာတ် မပြည့်ဝရင်တော့ ကျန်းမာစေမယ့် ဝိတ်ချခြင်းကို မရရှိနိုင်ပါဘူး။ မနက်စာ၊ နေ့လည်စာ၊ ညစာကို အချိုးညီစွာ စားပါ။

၆။ လေ့ကျင့်ခန်းလုပ်ပါ၊ အားကစားတစ်ခုခု လုပ်ပါ

နေ့စဉ် ချွေးထွက်ခြင်းဟာလည်း အဆီကို လျှော့ချပေးနိုင်ပါတယ်။ Gym မသွားနိုင်တဲ့ လူတွေ အတွက် အခြား အားကစား တစ်ခုကို လုပ်ပါ။ အိမ်မှာနေရင်း လုပ်လို့ ရမယ့် အားကစားနည်းတွေကို လေ့လာလိုက်စားပါ။ တစ်နေ့ကို ၄၅ မိနစ်လောက် အချိန်ပေးပြီး ဆောင်ရွက်ပါ။

၇။ အာဟာရဖြစ်စေမယ့် သရေစာတွေကို စားပါ။

သရေစာတွေကို အသီးအနှံတွေနဲ့ အခြား အာဟာရဖြစ်စေမယ့် အရာတွေကို စားပါ။ မနက်တိုင်း မနက်စာကို စားဖို့ မမေ့ပါနဲ့။ ဒီလို အလေ့အကျင့်လေးတွေကို ဖြည်းဖြည်းချင်း ကျင့်ယူမယ်။ အစားအစာတွေကို စနစ်တကျ စားမယ်ဆိုရင်တော့ လှပပြီး ကျန်းမာတဲ့ ခန္ဓယ်ခနာကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: myhealthmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top