ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

အလွဘုရင္မဘြဲ႕ ခံယူၾကမယ့္ သူေတြဟာ မ်ားစြာေသာ ဖိအားေတြနဲ႔ ရင္ဆိုင္ရေလ့ ရွိၾကပါတယ္။ အဆင္းေရာ အခ်င္းပါတင့္တယ္ရမယ္၊ ျပီးေတာ့ ကိုယ္ စိတ္၀င္စားရာ၊ ကၽြမ္းက်င္ က်င္လည္ရာမွာ စိတ္ဆႏၵထက္သန္ျပင္းျပမွႈလည္း ရွိရပါေသးတယ္။

ဒီလို မျပဌာန္းထားေသာ္လည္း Miss ေတြအေနနဲ႔ လိုက္နာရတဲ့ တစ္ခ်ိဳ႕ေသာ စည္းမ်ဥ္း၊ စည္းကမ္းေတြလည္း ရွိပါတယ္။ ဒီလို စည္းကမ္းေတြနဲ႔ ျငိစြန္းသြားတာေၾကာင့္ ယူကရိန္းႏိုင္ငံရဲ႕ (၂၀၁၈) Miss သရဖူရွင္ကေတာ့ သရဖူရရွိျပီး (၄) ရက္အၾကာမွာ ျပန္အသိမ္းခံခဲ့ရပါတယ္။ အေၾကာင္းကေတာ့ Veronika Didusenko ဆိုတဲ့ သူမဟာ မိခင္တစ္ေယာက္ျဖစ္ေနလို႔ပါပဲ။

ဒီကိစၥက အက်ယ္တ၀င့္ျဖစ္သြားခဲ့ျပီး လက္ရွိအသက္ (၂၃) ႏွစ္အရြယ္ single mum ကေတာ့ ဒါ ငယ္ရြယ္တဲ့ မိခင္ေတြကို ဖိႏွိပ္ကန္႔သတ္တာလို႔ ေရြးခ်ယ္ေရးေတြရဲ႕ ဆံုးျဖတ္ခ်က္ကို ေ၀ဖန္ေနပါတယ္။ သူမအေနနဲ႔ ေမာ္ဒယ္အလုပ္နဲ႔ ရပ္တည္ေနတဲ့သူျဖစ္တာေၾကာင့္ ဒီ ဘြဲ႔ဂုဏ္ထူးကို ရရွိဖို႔ အျပင္းအထန္ၾကီး မျဖစ္ခဲ့ဘူးလို႔ BBC ကို ေျပာျပပါတယ္။ သူမမွာ မနားမေန လုပ္ေနရတဲ့ အလုပ္ေတြရွိေနျပီး ဆုရသြားတဲ့ အခါတုန္းကလည္း မေမွ်ာ္လင့္ထားလို႔ ေရွာခ့္ျဖစ္ခဲ့ရတယ္လို႔ ေျပာပါတယ္။

Miss Wolrd ျပိဳင္ပြဲရဲ႕ စည္းမ်ဥ္း စည္းကမ္းမွာေတာ့ အိမ္ေထာင္သည္ အမ်ိဳးသမီးေတြ၊ ရင္ေသြးရွိတဲ့ အမ်ိဳးသမီးေတြကို ၀င္ေရာက္ယွဥ္ျပိဳင္ခြင့္ ျပဳမထားဘူးလို႔ သိရပါတယ္။ Veronika ကေတာ့ သားေလးတစ္ေယာက္ရွိျပီး ခင္ပြန္းနဲ႔ ကြာရွင္းထားခဲ့တာေၾကာင့္ ျပိဳင္ပြဲရဲ႕ စည္းမ်ဥ္းနဲ႔ မညီညြတ္လို႔ အခုလို သရဖူကို ရုတ္သိမ္းလိုက္တာျဖစ္ပါတယ္။

အခုဆို သူက မိခင္ငယ္၊ မိခင္ရြယ္တို႔ကိုလည္း ကိုယ့္အားကိုယ္ကိုးၿပီး ရပ္တည္ႏိုင္ေအာင္ အမ်ားက ေထာက္ပ့ံေပးဖို႔ လိုလားေၾကာင္းကို ပရိသတ္ (၂၂,၀၀၀၀) ေလာက္ရွိတဲ့ အင္စတာဂရမ္မွာ ေဖာ္ျပေျပာဆိုေနပါတယ္။ သူမမွာ ေအာင္ျမင္တဲ့ ဘ၀ရပ္တည္ေရးလည္း ရွိေနျပီ ျဖစ္တာေၾကာင့္ အခုလို သရဖူရုတ္သိမ္းတာလည္း ဘာမွမျဖစ္ေၾကာင္း ေျပာခဲ့ပါေသးတယ္။

BBC Newsbeat ရဲ႕ ေဖာ္ျပခ်က္တစ္ခုမွာေတာ့ Miss Ukraine ပြဲ စီစဥ္တဲ့ဘက္ကလည္း ဒီ စည္းကမ္းနဲ႔ပတ္သက္ျပီး ျပင္ဆင္ဖို႔ အစီအစဥ္မရွိေၾကာင္းနဲ႔ Miss World က စည္းကမ္း ခ်မွတ္ထားတာျဖစ္ေၾကာင္း၊ Veronika အေနနဲ႔ ၀င္ေရာက္ မျပိဳင္ခင္ကတည္းက ဒါေတြကို သိထားရမွာျဖစ္ေၾကာင္း ေခ်ပထားတာကို ေတြ႔ရပါတယ္။

Miss Ukraine ရဲ႕ ဒါရိုက္တာျဖစ္သူ Victoria Kiose ကေတာ့ သူမရဲ႕ မိခင္ဘ၀နဲ႔ ပတ္သက္ျပီး ပိတ္သိမ္းခဲ့တာမဟုတ္ပဲ သူမရဲ႕ မရိုးသားမႈေၾကာင့္ သရဖူသိမ္းခဲ့တာလို႔ Mirror သတင္းဌာနကို ေျပာျပပါတယ္။ သူမဟာ ကေလးနဲ႔ ခင္ပြန္းေဟာင္း အေၾကာင္းေတြကို ေဖ်ာက္ထားခဲ့တာေၾကာင့္နဲ႔ ကိုယ့္အက်ိဳးကိုယ္ပဲၾကည့္ျပီး စည္းကမ္းခ်ိဳးေဖာက္ခဲ့လို႔ အခုလို ရုတ္သိမ္းခံရတာျဖစ္ေၾကာင္း စီစဥ္တဲ့ဘက္က အခိုင္အမာေျပာပါတယ္။

အခုလို သရဖူရုတ္သိမ္းတာနဲ႔ ပတ္သက္ျပီး လူေတြၾကား အၾကီးအက်ယ္ အျငင္းပြားမႈေတြလည္းရွိေနပါတယ္။ Veronika ရဲ႕ သရဖူအသိမ္းခံရတဲ့ကိစၥဟာ မျဖစ္သင့္ဘူးလို႔ ဆိုသူေတြရွိေနသလုိ  Veronika ဟာ စည္းကမ္းခ်ိဳးေဖာက္ခဲ့တာေၾကာင့္ လုပ္သင့္တယ္လို႔ ဆုိသူေတြလည္း ရွိေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: : Mirror, BBC

#Unicode Version#

အလှဘုရင်မဘွဲ့ ခံယူကြမယ့် သူတွေဟာ များစွာသော ဖိအားတွေနဲ့ ရင်ဆိုင်ရလေ့ ရှိကြပါတယ်။ အဆင်းရော အချင်းပါတင့်တယ်ရမယ်၊ ပြီးတော့ ကိုယ် စိတ်ဝင်စားရာ၊ ကျွမ်းကျင် ကျင်လည်ရာမှာ စိတ်ဆန္ဒထက်သန်ပြင်းပြမှှုလည်း ရှိရပါသေးတယ်။

ဒီလို မပြဌာန်းထားသော်လည်း Miss တွေအနေနဲ့ လိုက်နာရတဲ့ တစ်ချို့သော စည်းမျဉ်း၊ စည်းကမ်းတွေလည်း ရှိပါတယ်။ ဒီလို စည်းကမ်းတွေနဲ့ ငြိစွန်းသွားတာကြောင့် ယူကရိန်းနိုင်ငံရဲ့ (၂၀၁၈) Miss သရဖူရှင်ကတော့ သရဖူရရှိပြီး (၄) ရက်အကြာမှာ ပြန်အသိမ်းခံခဲ့ရပါတယ်။ အကြောင်းကတော့ Veronika Didusenko ဆိုတဲ့ သူမဟာ မိခင်တစ်ယောက်ဖြစ်နေလို့ပါပဲ။

ဒီကိစ္စက အကျယ်တဝင့်ဖြစ်သွားခဲ့ပြီး လက်ရှိအသက် (၂၃) နှစ်အရွယ် single mum ကတော့ ဒါ ငယ်ရွယ်တဲ့ မိခင်တွေကို ဖိနှိပ်ကန့်သတ်တာလို့ ရွေးချယ်ရေးတွေရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်နေပါတယ်။ သူမအနေနဲ့ မော်ဒယ်အလုပ်နဲ့ ရပ်တည်နေတဲ့သူဖြစ်တာကြောင့် ဒီ ဘွဲ့ဂုဏ်ထူးကို ရရှိဖို့ အပြင်းအထန်ကြီး မဖြစ်ခဲ့ဘူးလို့ BBC ကို ပြောပြပါတယ်။ သူမမှာ မနားမနေ လုပ်နေရတဲ့ အလုပ်တွေရှိနေပြီး ဆုရသွားတဲ့ အခါတုန်းကလည်း မမျှော်လင့်ထားလို့ ရှောခ့်ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။

Miss Wolrd ပြိုင်ပွဲရဲ့ စည်းမျဉ်း စည်းကမ်းမှာတော့ အိမ်ထောင်သည် အမျိုးသမီးတွေ၊ ရင်သွေးရှိတဲ့ အမျိုးသမီးတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုမထားဘူးလို့ သိရပါတယ်။ Veronika ကတော့ သားလေးတစ်ယောက်ရှိပြီး ခင်ပွန်းနဲ့ ကွာရှင်းထားခဲ့တာကြောင့် ပြိုင်ပွဲရဲ့ စည်းမျဉ်းနဲ့ မညီညွတ်လို့ အခုလို သရဖူကို ရုတ်သိမ်းလိုက်တာဖြစ်ပါတယ်။

အခုဆို သူက မိခင်ငယ်၊ မိခင်ရွယ်တို့ကိုလည်း ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်အောင် အများက ထောက်ပံ့ပေးဖို့ လိုလားကြောင်းကို ပရိသတ် (၂၂,၀၀၀၀) လောက်ရှိတဲ့ အင်စတာဂရမ်မှာ ဖော်ပြပြောဆိုနေပါတယ်။ သူမမှာ အောင်မြင်တဲ့ ဘဝရပ်တည်ရေးလည်း ရှိနေပြီ ဖြစ်တာကြောင့် အခုလို သရဖူရုတ်သိမ်းတာလည်း ဘာမှမဖြစ်ကြောင်း ပြောခဲ့ပါသေးတယ်။

BBC Newsbeat ရဲ့ ဖော်ပြချက်တစ်ခုမှာတော့ Miss Ukraine ပွဲ စီစဉ်တဲ့ဘက်ကလည်း ဒီ စည်းကမ်းနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့ အစီအစဉ်မရှိကြောင်းနဲ့ Miss World က စည်းကမ်း ချမှတ်ထားတာဖြစ်ကြောင်း၊ Veronika အနေနဲ့ ဝင်ရောက် မပြိုင်ခင်ကတည်းက ဒါတွေကို သိထားရမှာဖြစ်ကြောင်း ချေပထားတာကို တွေ့ရပါတယ်။

Miss Ukraine ရဲ့ ဒါရိုက်တာဖြစ်သူ Victoria Kiose ကတော့ သူမရဲ့ မိခင်ဘဝနဲ့ ပတ်သက်ပြီး ပိတ်သိမ်းခဲ့တာမဟုတ်ပဲ သူမရဲ့ မရိုးသားမှုကြောင့် သရဖူသိမ်းခဲ့တာလို့ Mirror သတင်းဌာနကို ပြောပြပါတယ်။ သူမဟာ ကလေးနဲ့ ခင်ပွန်းဟောင်း အကြောင်းတွေကို ဖျောက်ထားခဲ့တာကြောင့်နဲ့ ကိုယ့်အကျိုးကိုယ်ပဲကြည့်ပြီး စည်းကမ်းချိုးဖောက်ခဲ့လို့ အခုလို ရုတ်သိမ်းခံရတာဖြစ်ကြောင်း စီစဉ်တဲ့ဘက်က အခိုင်အမာပြောပါတယ်။

အခုလို သရဖူရုတ်သိမ်းတာနဲ့ ပတ်သက်ပြီး လူတွေကြား အကြီးအကျယ် အငြင်းပွားမှုတွေလည်းရှိနေပါတယ်။ Veronika ရဲ့ သရဖူအသိမ်းခံရတဲ့ကိစ္စဟာ မဖြစ်သင့်ဘူးလို့ ဆိုသူတွေရှိနေသလို  Veronika ဟာ စည်းကမ်းချိုးဖောက်ခဲ့တာကြောင့် လုပ်သင့်တယ်လို့ ဆိုသူတွေလည်း ရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: : Mirror, BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top