ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ကခ်င္ျပည္နယ္ မိုးညွင္းၿမိဳ႕တြင္ ေအာက္တိုဘာလ ၇ ရက္တြင္ က်င္းပမည့္ ကေလးစာေပပြဲေတာ္တြင္ စာအုပ္ဆိုင္မ်ားအျပင္ ကေလးမ်ား ဗဟုသုတရေစရန္ ရည္ရြယ္သည္ဟု ဆိုကာ ေခတ္ေဟာင္းေငြေၾကးမ်ားကိုပါ ေရာင္းခ်ရန္ ရိွသည္ဟု သိရသည္။

'' ေခတ္ေဟာင္းသုံး ပိုက္ဆံေတြကို အမွတ္တရသိမ္းသူေတြရွိေတာ့ လိုခ်င္သူမ်ား ဝယ္ႏိုင္ေအာင္ရယ္၊ ဒီက မူးေစ့မတ္ေစ့ အေၾကြေတြကလည္း ငါးျပား၊ ဆယ္ျပားဆိုတာ မသိမျမင္ဘူးၾကတဲ့ေက်ာင္းသားသူငယ္ေတြ ျမင္သိႏိုင္ေအာင္ လာေရာက္ေရာင္းခ်ေပးတာပါ။ ေက်ာင္းသင္ခန္းစာမွာ ပါတယ္ေလ။ တစ္က်ပ္မွာ ျပားတစ္ရာ ရွိတယ္တို႔၊  ဆယ္ျပားေစ႔ ၁၀ ေစ့ဆို တစ္က်ပ္ျဖစ္တယ္တို႔ ၊ အဲဒါကို ျပားေစ႔ မျမင္ဘူးတဲ႔ကေလးေတြ နားမလည္ဘဲ ျဖစ္ေနရင္ အခုလက္ေတြ႕သင္လို႔ ရၿပီေပါ့'' ဟု နဂါးပ်ံစာေပျဖန္႔ခ်ိေရးမွ မပပက ေျပာသည္။

တစ္ခ်ိန္က အသုံးျပဳခဲ့ေသာ ဂ်ပန္ေခတ္သုံးေငြစကၠဴ မွစ၍ ေငြဒဂၤါးတစ္က်ပ္၊ ငါးက်ပ္ တစ္ဆယ္က်ပ္၊ တစ္ဆယ့္ငါးက်ပ္မွ ေငြက်ပ္ ၉၀ အထိႏွင့္ ေငြအေၾကြေစ့ တစ္ျပားမွ တစ္က်ပ္ထိ စုံလင္စြာ ပါရွိေၾကာင္း သိရသည္။

'' ေငြ တစ္မတ္ေစ့ တစ္ေစ့ကို ၂၀၀ က်ပ္နဲ႔ ေရာင္းပါတယ္။ ဒီလို ေငြစကၠဴအတြဲ တစ္တြဲကိုေတာ့ က်ပ္ေငြ ၈၀၀၀ နဲ႔ ေရာင္းပါတယ္။ ေရာင္းလာတာ ၁၀ ႏွစ္ေက်ာ္ရွိၿပီမို႔ ကြ်န္မတို႔က ေစ်းကြက္ကို သိပါတယ္'' ဟု မပပက ဆိုသည္။

ေငြစကၠဴတစ္တြဲလွ်င္ ဗိုလ္ခ်ဳပ္ပံုပါ ၁၀ တန္၊ ၁၅ က်ပ္တန္ႏွင့္ ၂၅ က်ပ္တန္၊ သခင္ဖိုးလွႀကီးပံုပါ ၄၅ က်ပ္တန္၊ ဆရာစံပံုပါ ၉၀ တန္ႏွင့္ ဂ်ပန္ေခတ္သံုးေငြစကၠဴ တစ္ရြက္စီတို႔ ပါရိွသည္။

ကေလးစာေပပြဲေတာ္ကို မိုးညွင္းၿမိဳ႕ အထက ၁ ၌ ေအာက္တိုဘာလ ၇ ရက္ေန႔တြင္ နံနက္ ၉ နာရီအခ်ိန္မွ စတင္က်င္းပသြားမည္ ဟု သိရသည္။

ကေလးမ်ား စာအုပ္ဖတ္ရန္၊ ဗဟုသုတ မ်ား ျပည့္၀ေစရန္ ရည္ရြယ္၍ ကေလးစာေပပြဲေတာ္မ်ားကို က်င္းပရျခင္း ျဖစ္သည္ဟု ျပန္ၾကားေရး၀န္ႀကီးဌာနမွ သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version ျဖင့္ ဖတ္ပါ #
ကချင်ပြည်နယ် မိုးညှင်းမြို့တွင် အောက်တိုဘာလ ၇ ရက်တွင် ကျင်းပမည့် ကလေးစာပေပွဲတော်တွင် စာအုပ်ဆိုင်များအပြင် ကလေးများ ဗဟုသုတရစေရန် ရည်ရွယ်သည်ဟု ဆိုကာ ခေတ်ဟောင်းငွေကြေးများကိုပါ ရောင်းချရန် ရှိသည်ဟု သိရသည်။

'' ခေတ်ဟောင်းသုံး ပိုက်ဆံတွေကို အမှတ်တရသိမ်းသူတွေရှိတော့ လိုချင်သူများ ဝယ်နိုင်အောင်ရယ်၊ ဒီက မူးစေ့မတ်စေ့ အကြွေတွေကလည်း ငါးပြား၊ ဆယ်ပြားဆိုတာ မသိမမြင်ဘူးကြတဲ့ကျောင်းသားသူငယ်တွေ မြင်သိနိုင်အောင် လာရောက်ရောင်းချပေးတာပါ။ ကျောင်းသင်ခန်းစာမှာ ပါတယ်လေ။ တစ်ကျပ်မှာ ပြားတစ်ရာ ရှိတယ်တို့၊  ဆယ်ပြားစေ့ ၁၀ စေ့ဆို တစ်ကျပ်ဖြစ်တယ်တို့ ၊ အဲဒါကို ပြားစေ့ မမြင်ဘူးတဲ့ကလေးတွေ နားမလည်ဘဲ ဖြစ်နေရင် အခုလက်တွေ့သင်လို့ ရပြီပေါ့'' ဟု နဂါးပျံစာပေဖြန့်ချိရေးမှ မပပက ပြောသည်။

တစ်ချိန်က အသုံးပြုခဲ့သော ဂျပန်ခေတ်သုံးငွေစက္ကူ မှစ၍ ငွေဒင်္ဂါးတစ်ကျပ်၊ ငါးကျပ် တစ်ဆယ်ကျပ်၊ တစ်ဆယ့်ငါးကျပ်မှ ငွေကျပ် ၉၀ အထိနှင့် ငွေအကြွေစေ့ တစ်ပြားမှ တစ်ကျပ်ထိ စုံလင်စွာ ပါရှိကြောင်း သိရသည်။

'' ငွေ တစ်မတ်စေ့ တစ်စေ့ကို ၂၀၀ ကျပ်နဲ့ ရောင်းပါတယ်။ ဒီလို ငွေစက္ကူအတွဲ တစ်တွဲကိုတော့ ကျပ်ငွေ ၈၀၀၀ နဲ့ ရောင်းပါတယ်။ ရောင်းလာတာ ၁၀ နှစ်ကျော်ရှိပြီမို့ ကျွန်မတို့က ဈေးကွက်ကို သိပါတယ်'' ဟု မပပက ဆိုသည်။

ငွေစက္ကူတစ်တွဲလျှင် ဗိုလ်ချုပ်ပုံပါ ၁၀ တန်၊ ၁၅ ကျပ်တန်နှင့် ၂၅ ကျပ်တန်၊ သခင်ဖိုးလှကြီးပုံပါ ၄၅ ကျပ်တန်၊ ဆရာစံပုံပါ ၉၀ တန်နှင့် ဂျပန်ခေတ်သုံးငွေစက္ကူ တစ်ရွက်စီတို့ ပါရှိသည်။

ကလေးစာပေပွဲတော်ကို မိုးညှင်းမြို့ အထက ၁ ၌ အောက်တိုဘာလ ၇ ရက်နေ့တွင် နံနက် ၉ နာရီအချိန်မှ စတင်ကျင်းပသွားမည် ဟု သိရသည်။

ကလေးများ စာအုပ်ဖတ်ရန်၊ ဗဟုသုတ များ ပြည့်ဝစေရန် ရည်ရွယ်၍ ကလေးစာပေပွဲတော်များကို ကျင်းပရခြင်း ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top