ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

သီတင္းကၽြတ္႐ုံးပိတ္ရက္၊ ေက်ာင္းပိတ္ရက္ေတြလာေတာ့မယ္။ ႐ိုးရာေလးရဲ႕ပရိသတ္ႀကီးေရာ ဘယ္ကိုသြားဖို႔ အစီအစဥ္ေတြ ဆြဲၿပီးၾကၿပီလဲ။ ခရီးသြားတယ္ဆိုတာ ခႏၶာကိုယ္က်န္းမာေရးအတြက္ ေကာင္းတယ္ဆိုတာ လူတိုင္းသိၿပီးသားျဖစ္ေပမဲ့ ကိုယ့္စိတ္ေလးခ်မ္းသာဖို႔အတြက္ ခရီးသြားျခင္းကလည္း အေထာက္အကူျပဳတယ္ဆိုတာ သိၾကပါရဲ႕လား။

ေအာက္မွာ ေဖာ္ျပထားတဲ့ အခ်က္ (၅) ခ်က္ကေတာ့ သိပၸံနည္းက် စစ္တမ္းေကာက္ယူထားတဲ့ ေကာက္ႏုတ္ခ်က္ေတြထဲက ဘာျဖစ္လို႔ခရီးသြားတာဟာ သင့္ရဲ႕စိတ္က်န္းမာေရးနဲ႔ခံစားခ်က္ေတြအတြက္ေကာင္းသလဲဆိုတဲ့ အခ်က္ေတြပဲ ျဖစ္ပါတယ္။

(၁) စိတ္ဖိစီးမွေသာကေတြ ေဝးေဝးေျပးေစတယ္


“အလုပ္ကရတဲ့ စိတ္ဖိစီးမွေတြနဲ႔ ေန႔စဥ္ ျဖည့္ဆည္းေနရတဲ့ ဘဝရဲ႕ေတာင္းဆိုခ်က္ေတြေၾကာင့္ တစ္ခါတေလ ကၽြန္ေတာ္တို႔ဟာ ဘယ္အရာက ကိုယ့္အတြက္ စိတ္ဝင္စားစရာေကာင္းတာလဲ၊ ဘယ္အရာက ကိုယ့္ဘဝကို အဓိပၸာယ္ရွိေစတာလဲ ဆိုတာကိုေတာင္ သတိမရႏိုင္ၾကပါဘူး။ ဒါေၾကာင့္မို႔ ေန႔တိုင္း ပုံစံခြက္ထဲမွာပဲ ရွင္သန္ေနရတဲ့ ကိုယ့္စိတ္ေလးကို အနားေကာင္းေကာင္းယူေစၿပီး ျပန္လည္အားျပည့္လာေစဖို႔က သိပ္ကို အေရးႀကီးပါတယ္“ လို႔ ဆစ္ဖရန္စစၥကိုအေျခစိုက္ စိတ္ေရာဂါဆရာဝန္ ေဒါက္တာ တာမာရာ မက္ကလင္ေတာ့ခ္ (San Francisco-based clinical psychologist, Dr. Tamara McClintock) ကဆိုပါတယ္။ “ဒါ့အျပင္ ခရီးသြားတာဟာ ပိုမိုေပ်ာ္႐ႊင္ေစၿပီးေတာ့ စိတ္ညစ္စရာ ကိစၥေတြကို ေမေလ်ာ့ေစပါတယ္။ ပိုေကာင္းတာကေတာ့ ကိုယ့္ရ ဲ ့ ကိုယ္ပိုင္ရည္မွန္းခ်က္နဲ႔ကိုယ့္ဝါသနာေတြ အေၾကာင္းလည္း ျပန္လည္ ဆင္ျခင္သုံးသပ္မိေစပါတယ္” လို႔ေဒါက္တာတာမာရာ က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

(၂) စိတ္သစ္ လူသစ္ ျဖစ္ေအာင္လုပ္ေပးႏိုင္တယ္


“ႏွစ္တစ္ရာေလာက္ၿငိမ္ၿငိမ္ထိုင္ေနတာထက္ ခရီးလမ္းအရွည္ႀကီးတစ္ခုကိုသြားတာကမွ သင့္အေၾကာင္းကို သင္ပိုသိႏိုင္ေစဦးမယ္” လို႔ စာေရးဆရာ ပက္ထရစ္ ႐ူ႕ဖက္စ္ (Patrick Rothfuss) ကေျပာခဲ့ပါတယ္။ ႏိုင္ငံရပ္ျခားခရီးစဥ္ အထူးသျဖင့္ ယဥ္ေက်းမႈ မတူညီတဲ့ ေနရာေတြကို သြားလည္ျခင္းက ကိုယ့္ယဥ္ေက်းမႈ အေၾကာင္း၊ ကိုယ့္ ႏိုင္ငံအေၾကာင္းစဥ္းစားမိေစတဲ့အတြက္ မိမိရဲ႕ရွိရင္းစြဲ အျမင္ေတြ၊ အေတြးေတြ ကိုယ္ပိုင္စံႏႈန္းေတြ၊ တန္ဖိုးထားတဲ့ အရာေတြအေပၚ ျပန္လည္ေတြးဆ ဆင္ျခင္ဖို႔ အခြင့္အေရး ရေစပါတယ္။

(၃) ေပ်ာ္႐ႊင္မႈႏွင့္ စိတ္ေက်နပ္မႈကိုေပးစြမ္းႏိုင္တယ္


စဥ္းစားၾကည့္ပါ။ ႐ုံးသြားစရာမလိုဘူး ဆိုတဲ့ အခ်က္တစ္ခ်က္နဲ႔တင္ ေတာ္ေတာ္ေပ်ာ္စရာေကာင္းေနပါၿပီ။ အျဖစ္အပ်က္အသစ္ေတြ၊ အေတြ႕အႀကဳံအသစ္ေတြဟာ ဦးေႏွာက္ရဲ႕အလုပ္လုပ္ပုံကိုေျပာင္းလဲေစတဲ့အတြက္ အေကာင္းျမင္စိတ္ေတြ ျဖစ္ေပၚေစတဲ့ အျပင္ ကိုယ့္ကိုယ္ကို ယုံၾကည္မႈလည္းတိုးေစပါတယ္။ ဒီလို ေပ်ာ္႐ႊင္ေစတာဟာ ခရီးသြားေနတဲ့ အခ်ိန္တစ္ခုတည္း မဟုတ္ပါဘူး။ ေကာ္နဲလ္တကၠသိုလ္ (Cornell University) ရဲ႕ေလ့လာေတြ႕ရွိခ်က္အရ ဆိုရင္ ခရီးမသြားခင္ ႀကိဳတင္ျပင္ဆင္ေနကတည္းက ေပ်ာ္႐ႊင္တဲ့ ေဟာ္မုန္းေတြ ထြက္ရွိေနပါၿပီလို႔ ဆိုထားပါတယ္။

(၄) ကိုယ့္ရဲ႕စိတ္ကို ပိုၿပီး ႀကံႀကံ ခံႏိုင္ေအာင္ျပင္ဆင္ေပးတယ္


ကိုယ္နဲ႔သိပ္မရင္းႏွီးတဲ့ ေနရာတစ္ခု သြားရမယ္ဆိုကတည္းက သိစိတ္ကေရာ မသိစိတ္ကေနပါ ေတြ႕ႀကဳံ လာႏိုင္တဲ့ အခက္အခဲေတြကို ရင္ဆိုင္ဖို႔အတြက္ ဒူေပနာေပခံႏိုင္ေအာင္ စၿပီး ျပင္ဆင္ပါၿပီ။ မေရာက္ဖူးတဲ့ ေနရာတစ္ခု၊ ၿပီးေတာ့ လူစိမ္းေတြ ၾကားထဲမွာ ျပႆနာေတြ ႀကဳံေတြ႕ရတာဟာ သင့္ကို အခက္အခဲေတြကို ျဖတ္ထိုးညဏ္နဲ႔ ေျဖရွင္းတတ္ေအာင္၊ ပတ္ဝန္းက်င္နဲ႔ေနသားတက်ျဖစ္ေအာင္ ေလ့က်င့္ေပးရာေရာက္ပါတယ္။ ေရာက္ေနတဲ့ ပတ္ဝန္းက်င္နဲ႔ ေရလိုက္ငါးလိုက္ေနတတ္တာ၊ စိတ္ရွည္သည္းခံတတ္တာ၊ ႀကဳံလာတာေတြကို ခံႏိုင္ရည္ရွိေစတာေတြဟာ ခရီးသြားတာကေန ရလာမယ့္အရည္အခ်င္းေတြပါ။

(၅) တီတြင္ဖန္တီးႏိုင္မႈအားေကာင္းေစတယ္


တစ္ေန႔တစ္ေန႔အလုပ္သြား၊ ေန႔လယ္ဆို ထမင္းစား၊ ျပန္ထိုင္၊ ၿပီးေတာ့ အလုပ္ျပန္ ဒီလိုပဲ သံသရာလည္ေနတဲ့အခ်ိန္မွာ ဦးေႏွာက္က သူ႕အတြက္စိန္ေခၚမႈမရွိေတာ့ ေလးလံထိုင္းမႈိင္းလာတတ္ပါတယ္။ ကိုလံဘီယာစီးပြားေရးေက်ာင္းက ပါေမာကၡ အဒမ္ ဂလန္စကီ (Adam Galinsky) ရဲ႕ေျပာၾကားခ်က္အရ ကိုယ္နဲ႔မရင္းႏွီးတဲ့ ေနရာကို လည္ပတ္ၿပီး ေဒသခံပတ္ဝန္းက်င္နဲ႔ တစ္သားတည္းျဖစ္ေအာင္ေနႏိုင္ျခင္းက ကိုယ့္စိတ္ကို ေျပာင္းလြယ္ျပင္လြယ္ေစၿပီး အေၾကာင္းအရာေတြအေပၚ ေလးေလးနက္နက္ ဆက္စပ္ ေတြးေခၚတဲ့ အက်င့္ျဖစ္ေစတာေၾကာင့္တီထြင္ဖန္တီးမႈအသစ္ေတြျဖစ္ေပၚေစတယ္လို႔ဆိုပါတယ္။

႐ိုးရာေလးရဲ႕ ပရိသတ္ႀကီးလည္း ဒီသီတင္းကၽြတ္အားလပ္ရက္မွာ ခရီးထြက္သင့္ေၾကာင္း ဆြဲေဆာင္ဖို႔ ကိုယ့္ေဖေဖ၊ ေမေမ၊ မိသားစုႏွင့္ သူငယ္ခ်င္းေတြကို ေအာက္က comment box မွာ မန္းရွင္းေခၚလိုက္ပါဦး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Uploader
# Unicode Version ျဖင့္ ဖတ္ပါ #
သီတင်းကျွတ်ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေလာတော့မယ်။ ရိုးရာလေးရဲ့ပရိသတ်ကြီးရော ဘယ်ကိုသွားဖို့ အစီအစဉ်တွေ ဆွဲပြီးကြပြီလဲ။ ခရီးသွားတယ်ဆိုတာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်ပေမဲ့ ကိုယ့်စိတ်လေးချမ်းသာဖို့အတွက် ခရီးသွားခြင်းကလည်း အထောက်အကူပြုတယ်ဆိုတာ သိကြပါရဲ့လား။

အောက်မှာ ဖော်ပြထားတဲ့ အချက် (၅) ချက်ကတော့ သိပ္ပံနည်းကျ စစ်တမ်းကောက်ယူထားတဲ့ ကောက်နုတ်ချက်တွေထဲက ဘာဖြစ်လို့ခရီးသွားတာဟာ သင့်ရဲ့စိတ်ကျန်းမာရေးနဲ့ခံစားချက်တွေအတွက်ကောင်းသလဲဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

(၁) စိတ်ဖိစီးမှသောကတွေ ဝေးဝေးပြေးစေတယ်

“အလုပ်ကရတဲ့ စိတ်ဖိစီးမှတွေနဲ့ နေ့စဉ် ဖြည့်ဆည်းနေရတဲ့ ဘဝရဲ့တောင်းဆိုချက်တွေကြောင့် တစ်ခါတလေ ကျွန်တော်တို့ဟာ ဘယ်အရာက ကိုယ့်အတွက် စိတ်ဝင်စားစရာကောင်းတာလဲ၊ ဘယ်အရာက ကိုယ့်ဘဝကို အဓိပ္ပာယ်ရှိစေတာလဲ ဆိုတာကိုတောင် သတိမရနိုင်ကြပါဘူး။ ဒါကြောင့်မို့ နေ့တိုင်း ပုံစံခွက်ထဲမှာပဲ ရှင်သန်နေရတဲ့ ကိုယ့်စိတ်လေးကို အနားကောင်းကောင်းယူစေပြီး ပြန်လည်အားပြည့်လာစေဖို့က သိပ်ကို အရေးကြီးပါတယ်“ လို့ ဆစ်ဖရန်စစ္စကိုအခြေစိုက် စိတ်ရောဂါဆရာဝန် ဒေါက်တာ တာမာရာ မက်ကလင်တော့ခ် (San Francisco-based clinical psychologist, Dr. Tamara McClintock) ကဆိုပါတယ်။ “ဒါ့အပြင် ခရီးသွားတာဟာ ပိုမိုပျော်ရွှင်စေပြီးတော့ စိတ်ညစ်စရာ ကိစ္စတွေကို မေလျော့စေပါတယ်။ ပိုကောင်းတာကတော့ ကိုယ့်ရ ဲ့ ကိုယ်ပိုင်ရည်မှန်းချက်နဲ့ကိုယ့်ဝါသနာတွေ အကြောင်းလည်း ပြန်လည် ဆင်ခြင်သုံးသပ်မိစေပါတယ်” လို့ဒေါက်တာတာမာရာ က ဆက်လက်ပြောကြားခဲ့ပါတယ်။

(၂) စိတ်သစ် လူသစ် ဖြစ်အောင်လုပ်ပေးနိုင်တယ်

“နှစ်တစ်ရာလောက်ငြိမ်ငြိမ်ထိုင်နေတာထက် ခရီးလမ်းအရှည်ကြီးတစ်ခုကိုသွားတာကမှ သင့်အကြောင်းကို သင်ပိုသိနိုင်စေဦးမယ်” လို့ စာရေးဆရာ ပက်ထရစ် ရူ့ဖက်စ် (Patrick Rothfuss) ကပြောခဲ့ပါတယ်။ နိုင်ငံရပ်ခြားခရီးစဉ် အထူးသဖြင့် ယဉ်ကျေးမှု မတူညီတဲ့ နေရာတွေကို သွားလည်ခြင်းက ကိုယ့်ယဉ်ကျေးမှု အကြောင်း၊ ကိုယ့် နိုင်ငံအကြောင်းစဉ်းစားမိစေတဲ့အတွက် မိမိရဲ့ရှိရင်းစွဲ အမြင်တွေ၊ အတွေးတွေ ကိုယ်ပိုင်စံနှုန်းတွေ၊ တန်ဖိုးထားတဲ့ အရာတွေအပေါ် ပြန်လည်တွေးဆ ဆင်ခြင်ဖို့ အခွင့်အရေး ရစေပါတယ်။

(၃) ပျော်ရွှင်မှုနှင့် စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်တယ်

စဉ်းစားကြည့်ပါ။ ရုံးသွားစရာမလိုဘူး ဆိုတဲ့ အချက်တစ်ချက်နဲ့တင် တော်တော်ပျော်စရာကောင်းနေပါပြီ။ အဖြစ်အပျက်အသစ်တွေ၊ အတွေ့အကြုံအသစ်တွေဟာ ဦးနှောက်ရဲ့အလုပ်လုပ်ပုံကိုပြောင်းလဲစေတဲ့အတွက် အကောင်းမြင်စိတ်တွေ ဖြစ်ပေါ်စေတဲ့ အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းတိုးစေပါတယ်။ ဒီလို ပျော်ရွှင်စေတာဟာ ခရီးသွားနေတဲ့ အချိန်တစ်ခုတည်း မဟုတ်ပါဘူး။ ကော်နဲလ်တက္ကသိုလ် (Cornell University) ရဲ့လေ့လာတွေ့ရှိချက်အရ ဆိုရင် ခရီးမသွားခင် ကြိုတင်ပြင်ဆင်နေကတည်းက ပျော်ရွှင်တဲ့ ဟော်မုန်းတွေ ထွက်ရှိနေပါပြီလို့ ဆိုထားပါတယ်။

(၄) ကိုယ့်ရဲ့စိတ်ကို ပိုပြီး ကြံကြံ ခံနိုင်အောင်ပြင်ဆင်ပေးတယ်

ကိုယ်နဲ့သိပ်မရင်းနှီးတဲ့ နေရာတစ်ခု သွားရမယ်ဆိုကတည်းက သိစိတ်ကရော မသိစိတ်ကနေပါ တွေ့ကြုံ လာနိုင်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့အတွက် ဒူပေနာပေခံနိုင်အောင် စပြီး ပြင်ဆင်ပါပြီ။ မရောက်ဖူးတဲ့ နေရာတစ်ခု၊ ပြီးတော့ လူစိမ်းတွေ ကြားထဲမှာ ပြဿနာတွေ ကြုံတွေ့ရတာဟာ သင့်ကို အခက်အခဲတွေကို ဖြတ်ထိုးညဏ်နဲ့ ဖြေရှင်းတတ်အောင်၊ ပတ်ဝန်းကျင်နဲ့နေသားတကျဖြစ်အောင် လေ့ကျင့်ပေးရာရောက်ပါတယ်။ ရောက်နေတဲ့ ပတ်ဝန်းကျင်နဲ့ ရေလိုက်ငါးလိုက်နေတတ်တာ၊ စိတ်ရှည်သည်းခံတတ်တာ၊ ကြုံလာတာတွေကို ခံနိုင်ရည်ရှိစေတာတွေဟာ ခရီးသွားတာကနေ ရလာမယ့်အရည်အချင်းတွေပါ။

(၅) တီတွင်ဖန်တီးနိုင်မှုအားကောင်းစေတယ်

တစ်နေ့တစ်နေ့အလုပ်သွား၊ နေ့လယ်ဆို ထမင်းစား၊ ပြန်ထိုင်၊ ပြီးတော့ အလုပ်ပြန် ဒီလိုပဲ သံသရာလည်နေတဲ့အချိန်မှာ ဦးနှောက်က သူ့အတွက်စိန်ခေါ်မှုမရှိတော့ လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။ ကိုလံဘီယာစီးပွားရေးကျောင်းက ပါမောက္ခ အဒမ် ဂလန်စကီ (Adam Galinsky) ရဲ့ပြောကြားချက်အရ ကိုယ်နဲ့မရင်းနှီးတဲ့ နေရာကို လည်ပတ်ပြီး ဒေသခံပတ်ဝန်းကျင်နဲ့ တစ်သားတည်းဖြစ်အောင်နေနိုင်ခြင်းက ကိုယ့်စိတ်ကို ပြောင်းလွယ်ပြင်လွယ်စေပြီး အကြောင်းအရာတွေအပေါ် လေးလေးနက်နက် ဆက်စပ် တွေးခေါ်တဲ့ အကျင့်ဖြစ်စေတာကြောင့်တီထွင်ဖန်တီးမှုအသစ်တွေဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။

ရိုးရာလေးရဲ့ ပရိသတ်ကြီးလည်း ဒီသီတင်းကျွတ်အားလပ်ရက်မှာ ခရီးထွက်သင့်ကြောင်း ဆွဲဆောင်ဖို့ ကိုယ့်ဖေဖေ၊ မေမေ၊ မိသားစုနှင့် သူငယ်ချင်းတွေကို အောက်က comment box မှာ မန်းရှင်းခေါ်လိုက်ပါဦး။

ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top