မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

သရပါတံခါးကို ခရစ္နွစ္ ၉ ရာစုတြင္ စတုတၳပုဂံမင္းဆက္ကို တည္ေထာင္ခဲ့သူ ပ်ဉ္ျပားမင္း(ေအဒီ ၈၆၄-၈၇၈)က တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။ ထိုမင္းသည္ ပုဂံျမို့ကိုတည္ရာ၌ ပုဂံအုတ္ၿမဳိ႕ရိုး ေလးမ်က္နွာပတ္လည္တြင္ တံခါး ၁၂ ရပ္ကို ထည့္သြင္းတည္ေဆာက္ခဲ့သည္။ တံခါး ၁၂ရပ္မွာ

-အေရွ့မ်က္နွာတြင္ သာရဝတ္တံခါး ၊ သရပါ ၊ သာရေပ ၊
-ေျမာက္မ်က္နွာတြင္ သာတန္းတံခါး ၊ ငါးျမီးခတ္ ၊ ေနာင္ျဖူ
-အေနာက္မ်က္နွာတြင္ သာစည္တံခါး ၊ မဂၤလာ ၊ မျကည္သာ
-ေတာင္မ်က္နွာတြင္ ဝင္မနားတံခါး ၊ မေတာင့္တ နွင့္ ကေလးတံခါး တို့ျဖစ္သည္။
သရပါ ဟူေသာ အမည္သည္ ျမားကို ဆီးကာေသာ တံခါး ဟု အဓိပၸာယ္ရသည္

ထိုတံခါး (၁၂)ရပ္ အနက္ အေရွ႕မ်က္ႏွာ အလယ္ဗဟိုတံခါး ျဖစ္သည့္ သရပါတံခါး တစ္ခုသာ ထင္ထင္ရွားရွား က်န္ရစ္ေတာ့သည္။ သရပါ ဟူေသာ အမည္သည္ ျမားကို ဆီးကာေသာ တံခါး ဟု အဓိပၸာယ္ရသည္။

သရပါတံခါးတြင္ ငတပါသင္နတ္ ေစာင့္ရသည္ဟု အဆိုရွိေသာ္လည္း ေႏွာင္းလူတို႔သည္ သရပါတံခါး၌ မင္းမဟာဂီရိ နတ္ေမာင္ႏွမ၏ နတ္ကြန္းဂူ ႏွစ္ခုကို ျပဳလုပ္ထားၾကသည္။ သရပါတံခါးသည္ အေနာ္ရထာမင္းႀကီး နတ္႐ြာစံ ကံေတာ္ကုန္ခန္းႏွင့္လည္းဆက္စပ္မႈရွိသည္။ အေနာ္ရထာမင္းႀကီးသည္ လယ္တြင္းကိုးခ႐ိုင္၌ ဆည္ေျမာင္း ကန္ေခ်ာင္းတို႔တူးေဖာ္လ်က္ ယာယီတဲနန္းတြင္ စံေနစဥ္ ဟူးရားျဖဴဟူးရားၫိုတို႔က ဘုရင္မင္းႀကီးအား ပုဂံျပန္မေရာက္ခင္ နတ္႐ြာစံကိန္းရွိသည္ဟု နားေတာ္ေလၽွာက္ၾကသည္။
သရပါတံခါးသည္ အေနာ္ရထာမင္းႀကီး နတ္႐ြာစံ ကံေတာ္ကုန္ခန္းႏွင့္လည္းဆက္စပ္မႈရွိသည္

အေနာ္ရထာမင္းႀကီးသည္ ရာဇမာန္ရွၿပီး ဟူးရားျဖဴ၊ဟူးရားၫိုတို႔အား သံေျခခ်င္းခတ္လ်က္ အက်ဥ္းခ်ထားလိုက္သည္။ ထို႔ေနာက္ စစ္အဂၤါ ေလးပါးႏွင့္တကြ ဆင္ျဖဴေတာ္သံျပင္စြာကို စီးလ်က္ ေနျပည္ေတာ္ပုဂံသို႔ျပန္လာသည္။ ပုဂံအေရာက္ သရပါတံခါးအဝင္ မုဆိုးတစ္ေယာက္က ေအာင္သာျမစ္ေျခ၌ ကၽြဲ႐ိုင္းတစ္ေကာင္ ျပည္သူျပည္သား မ်ားကိုရန္ျပဳေနသည္ဟု နားေတာ္ေလၽွာက္သည္ျဖစ္၍ သရပါတံခါး အတြင္းဆင္ျဖဴေတာ္ လက္ယာလက္တစ္ဖက္ ဝင္ၿပီးကာမွ ထိုကၽြဲ႐ိုင္းကို ငါ ဆင္ႏွင့္တိုက္သတ္မည္ဟု အမိန္႔ေတာ္ရွိလ်က္ ပခုကၠဴခ႐ိုင္ ေအာင္သာျမစ္ေျခသို႔ခ်ီေလသည္။

ေအာင္သာျမစ္ေျခေရာက္ေသာ္ ကၽြဲ႐ိုင္းႏွင့္ပတ္ပင္းေတြ႕၍ ဆင္ျဖဴေတာ္ သံျပင္စြာကို ခၽြန္းဖြင့္၍ လႊတ္ေလသည္။ ကၽြဲ႐ိုင္းက ဆင္ေတာ္ထက္က ဘုရင္မင္းႀကီးကို လွမ္းခတ္သည္တြင္ ဘုရင္အေနာ္ရထာသည္ နတ္႐ြာစံ ကံေတာ္ကုန္ရလသည္။ သရပါ တံခါးဝအတြင္း ဝင္ၿပီးကာမွ ျပည္သူကိုရန္ျပဳေနသည့္ ကၽြဲ႐ိုင္းကို ႏွိမ္ႏွင္းသတ္ျဖတ္လိုေသာေၾကာင့္ ကံေတာ္ကုန္ရရွာေလသည္။

(သမုိင္းပညာရွင္မ်ားကေတာ့ အေနာ္ရထာမင္း ကြ်ဲခတ္၍ ကံေတာ္ကုန္ျခင္းကုိ လက္မခံၾကပါေခ်)
သရပါတံခါး

ဗိသုကာ လက္ရာမ်ား

နဂိုက ပုဂံၿမိဳ႕႐ိုးတြင္ တံခါးေပါက္ တဆယ့္ ႏွစ္ခု ရွိခဲ့ေသာ္လည္း ယခုအခါ သရပါတံခါး တစ္ခုသာ ထင္ထင္ရွားရွား က်န္ရွိေနေတာ့သည္။ တံခါးသည္ ေဟာင္းျမင္း ယိုယြင္းေနေသာ္လည္း အျပင္နံရံအထက္ပိုင္း ပတ္လည္တြင္ ဘီးလူးပန္းဆြဲႏွင့္ ပုလဲကုံး အဂၤေတလက္ရာမ်ားကို ျမင္ႏိုင္ေပသည္။ ယခုအခါ မဟာဂီရိနတ္ ေမာင္နွမဂူကို ေနွာင္းလူတို့က ျပဳလုပ္ထားခဲ့သည္။ မည္သည့္ေခတ္က မည္သူတို့ျပဳလုပ္ခဲ့သည္ကို မသိေခ်။ တံခါးတစ္ဖက္ခ်က္တြင္ မဟာဂီရိ နတ္ေမာင္ႏွမ နတ္ကြန္းရွိသည္။ လက္ဝဲဘက္တြင္ ေမာင္ေတာ္နတ္႐ုပ္ရွိ၍ လက္ယာဘက္တြင္ ႏွမေတာ္နတ္႐ုပ္ ရွိသည္။

ေသဥ္လည္ေၾကာင္မင္း စေသာ ေရွးပုဂံမင္းမ်ားသည္ အမတ္ဗိုလ္ပါႏွင့္အတူ ႏွစ္စဥ္ နတ္ေတာ္လတြင္ ပုပၸားေတာင္၌ နတ္ေမာင္ႏွမ နတ္ကြန္းေဆာက္လုပ္ ပူေဇာ္ေလ့ရွိသည္ဟု ဆိုၾကေလသည္။ တဖန္ သရပါးတံခါးကို ကာကြယ္ ေစာင့္ေရွာက္သူတို႔မွာ မဟာဂီရိ နတ္ေမာင္ႏွမပင္ ျဖစ္သည္ဟုလည္း ဆိုၾကသည္။
သရပါတံခါး
သရပါတံခါး
သရပါးတံခါးကို ကာကြယ္ ေစာင့္ေရွာက္သူတို႔မွာ မဟာဂီရိ နတ္ေမာင္ႏွမပင္ ျဖစ္သည္ဟုလည္း ဆိုၾကသည္
သရပါတံခါး

ကုိးကား
ပုဂံခရီးသည္ – ပါရဂူ
ျမန္မာ့ျဖစ္ရပ္ ၁၀ဝ – ေမာင္ၾကည္သန့္
ျမန္မာ့စြယ္စံုက်မ္း


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thutazone
#Unicode Version#
သရပါတံခါးကို ခရစ်နှစ် ၉ ရာစုတွင် စတုတ္ထပုဂံမင်းဆက်ကို တည်ထောင်ခဲ့သူ ပျဉ်ပြားမင်း(အေဒီ ၈၆၄-၈၇၈)က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုမင်းသည် ပုဂံမြို့ကိုတည်ရာ၌ ပုဂံအုတ်မြို့ရိုး လေးမျက်နှာပတ်လည်တွင် တံခါး ၁၂ ရပ်ကို ထည့်သွင်းတည်ဆောက်ခဲ့သည်။ တံခါး ၁၂ရပ်မှာ

-အရှေ့မျက်နှာတွင် သာရဝတ်တံခါး ၊ သရပါ ၊ သာရပေ ၊
-မြောက်မျက်နှာတွင် သာတန်းတံခါး ၊ ငါးမြီးခတ် ၊ နောင်ဖြူ
-အနောက်မျက်နှာတွင် သာစည်တံခါး ၊ မင်္ဂလာ ၊ မကြည်သာ
-တောင်မျက်နှာတွင် ဝင်မနားတံခါး ၊ မတောင့်တ နှင့် ကလေးတံခါး တို့ဖြစ်သည်။
သရပါ ဟူသော အမည်သည် မြားကို ဆီးကာသော တံခါး ဟု အဓိပ္ပာယ်ရသည်

ထိုတံခါး (၁၂)ရပ် အနက် အရှေ့မျက်နှာ အလယ်ဗဟိုတံခါး ဖြစ်သည့် သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရစ်တော့သည်။ သရပါ ဟူသော အမည်သည် မြားကို ဆီးကာသော တံခါး ဟု အဓိပ္ပာယ်ရသည်။

သရပါတံခါးတွင် ငတပါသင်နတ် စောင့်ရသည်ဟု အဆိုရှိသော်လည်း နှောင်းလူတို့သည် သရပါတံခါး၌ မင်းမဟာဂီရိ နတ်မောင်နှမ၏ နတ်ကွန်းဂူ နှစ်ခုကို ပြုလုပ်ထားကြသည်။ သရပါတံခါးသည် အနော်ရထာမင်းကြီး နတ်ရွာစံ ကံတော်ကုန်ခန်းနှင့်လည်းဆက်စပ်မှုရှိသည်။ အနော်ရထာမင်းကြီးသည် လယ်တွင်းကိုးခရိုင်၌ ဆည်မြောင်း ကန်ချောင်းတို့တူးဖော်လျက် ယာယီတဲနန်းတွင် စံနေစဉ် ဟူးရားဖြူဟူးရားညိုတို့က ဘုရင်မင်းကြီးအား ပုဂံပြန်မရောက်ခင် နတ်ရွာစံကိန်းရှိသည်ဟု နားတော်လျှောက်ကြသည်။
သရပါတံခါးသည် အနော်ရထာမင်းကြီး နတ်ရွာစံ ကံတော်ကုန်ခန်းနှင့်လည်းဆက်စပ်မှုရှိသည်

အနော်ရထာမင်းကြီးသည် ရာဇမာန်ရှပြီး ဟူးရားဖြူ၊ဟူးရားညိုတို့အား သံခြေချင်းခတ်လျက် အကျဉ်းချထားလိုက်သည်။ ထို့နောက် စစ်အင်္ဂါ လေးပါးနှင့်တကွ ဆင်ဖြူတော်သံပြင်စွာကို စီးလျက် နေပြည်တော်ပုဂံသို့ပြန်လာသည်။ ပုဂံအရောက် သရပါတံခါးအဝင် မုဆိုးတစ်ယောက်က အောင်သာမြစ်ခြေ၌ ကျွဲရိုင်းတစ်ကောင် ပြည်သူပြည်သား များကိုရန်ပြုနေသည်ဟု နားတော်လျှောက်သည်ဖြစ်၍ သရပါတံခါး အတွင်းဆင်ဖြူတော် လက်ယာလက်တစ်ဖက် ဝင်ပြီးကာမှ ထိုကျွဲရိုင်းကို ငါ ဆင်နှင့်တိုက်သတ်မည်ဟု အမိန့်တော်ရှိလျက် ပခုက္ကူခရိုင် အောင်သာမြစ်ခြေသို့ချီလေသည်။

အောင်သာမြစ်ခြေရောက်သော် ကျွဲရိုင်းနှင့်ပတ်ပင်းတွေ့၍ ဆင်ဖြူတော် သံပြင်စွာကို ချွန်းဖွင့်၍ လွှတ်လေသည်။ ကျွဲရိုင်းက ဆင်တော်ထက်က ဘုရင်မင်းကြီးကို လှမ်းခတ်သည်တွင် ဘုရင်အနော်ရထာသည် နတ်ရွာစံ ကံတော်ကုန်ရလသည်။ သရပါ တံခါးဝအတွင်း ဝင်ပြီးကာမှ ပြည်သူကိုရန်ပြုနေသည့် ကျွဲရိုင်းကို နှိမ်နှင်းသတ်ဖြတ်လိုသောကြောင့် ကံတော်ကုန်ရရှာလေသည်။

(သမိုင်းပညာရှင်များကတော့ အနော်ရထာမင်း ကျွဲခတ်၍ ကံတော်ကုန်ခြင်းကို လက်မခံကြပါချေ)
သရပါတံခါး

ဗိသုကာ လက်ရာများ

နဂိုက ပုဂံမြို့ရိုးတွင် တံခါးပေါက် တဆယ့် နှစ်ခု ရှိခဲ့သော်လည်း ယခုအခါ သရပါတံခါး တစ်ခုသာ ထင်ထင်ရှားရှား ကျန်ရှိနေတော့သည်။ တံခါးသည် ဟောင်းမြင်း ယိုယွင်းနေသော်လည်း အပြင်နံရံအထက်ပိုင်း ပတ်လည်တွင် ဘီးလူးပန်းဆွဲနှင့် ပုလဲကုံး အင်္ဂတေလက်ရာများကို မြင်နိုင်ပေသည်။ ယခုအခါ မဟာဂီရိနတ် မောင်နှမဂူကို နှောင်းလူတို့က ပြုလုပ်ထားခဲ့သည်။ မည်သည့်ခေတ်က မည်သူတို့ပြုလုပ်ခဲ့သည်ကို မသိချေ။ တံခါးတစ်ဖက်ချက်တွင် မဟာဂီရိ နတ်မောင်နှမ နတ်ကွန်းရှိသည်။ လက်ဝဲဘက်တွင် မောင်တော်နတ်ရုပ်ရှိ၍ လက်ယာဘက်တွင် နှမတော်နတ်ရုပ် ရှိသည်။

သေဉ်လည်ကြောင်မင်း စသော ရှေးပုဂံမင်းများသည် အမတ်ဗိုလ်ပါနှင့်အတူ နှစ်စဉ် နတ်တော်လတွင် ပုပ္ပားတောင်၌ နတ်မောင်နှမ နတ်ကွန်းဆောက်လုပ် ပူဇော်လေ့ရှိသည်ဟု ဆိုကြလေသည်။ တဖန် သရပါးတံခါးကို ကာကွယ် စောင့်ရှောက်သူတို့မှာ မဟာဂီရိ နတ်မောင်နှမပင် ဖြစ်သည်ဟုလည်း ဆိုကြသည်။
သရပါတံခါး
သရပါတံခါး
သရပါးတံခါးကို ကာကွယ် စောင့်ရှောက်သူတို့မှာ မဟာဂီရိ နတ်မောင်နှမပင် ဖြစ်သည်ဟုလည်း ဆိုကြသည်
သရပါတံခါး

ကိုးကား
ပုဂံခရီးသည် – ပါရဂူ
မြန်မာ့ဖြစ်ရပ် ၁၀ဝ – မောင်ကြည်သန့်
မြန်မာ့စွယ်စုံကျမ်း



ဖိုးသူတော် (www.phothutaw.com)
Credit: Thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top