မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဘရာဇီးႏိုင္ငံမွာ မၾကာေသးခင္ကထြက္ေပၚလာတဲ့သတင္းေၾကာင့္ အမ်ားျပည္သူတစ္ရပ္လံုး တုန္လႈပ္ေျခာက္ခ်ားသြားခဲ့ရပါတယ္။အဲဒီသတင္းကေတာ့ နတ္ဆိုးကိုယံုၾကည္ကိုးကြယ္တဲ့အမ်ိဳးသားသံုးေယာက္ဟာ ဘရာဇီးႏိုင္ငံအေနာက္ေျမာက္ပိုင္းရွိ Iguatu ေက်းရြာရွိအိမ္တစ္အိမ္တြင္ အမ်ိဳးသားသံုးေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ကို ရက္ရက္စက္စက္ႏွိပ္စက္သတ္ျဖတ္ၿပီး ထီေပါက္ဖို႔ယၾကာေခ်ယဇ္ပူေဇာ္ခဲ့တဲ့သတင္းပါ။


ျပစ္မႈက်ဴးလြန္သူေတြျဖစ္တဲ့ အသက္(၄၁)ႏွစ္အရြယ္ Roberto Alves ႏွင့္ အသက္(၃ဝ)အရြယ္ Gleudson Barros တို႔ကို အသက္ရွင္လ်က္ဖမ္းဆီးရမိခဲ့ၿပီးနာက္ထပ္အေပါင္းအပါတစ္ေယာက္ျဖစ္တဲ့ အသက္(၁၇)နွစ္အရြယ္ Samio Bessa ကေတာ့ သက္ဆိုင္ရာမွလာမဖမ္းခင္ ကိုယ့္ကိုယ္ကိုသတ္ေသသြားေၾကာင္းသိရပါတယ္။သက္ဆိုင္ရာမွစံုစမ္းစစ္ေဆးခ်က္အရ အသတ္ခံရသူမ်ားဟာ အသက္(၄၁)နွစ္ရွိ Francisco Lima၊ အသက္(၂၄)ႏွစ္ရွိ Jheyderson de Oliveira၊အသက္(၁၈)ႏွစ္အရြယ္ Mikael Melo ႏွင့္ အသက္(၁၇)နွစ္အရြယ္ Jaqueline da Silva တို႔ျဖစ္ေၾကာင္းသိရပါတယ္။တရားခံမ်ားဟာ လူေလးေယာက္ထက္ပိုသတ္ျဖတ္ရန္ႀကံစည္ေနသူေတြျဖစ္ၿပီး ေသဆံုးသူတစ္ေယာက္၏သူငယ္ခ်င္းမ်ားမွ သိရွိတိုင္ၾကားခဲ့တာေၾကာင့္ အခ်ိန္မီဖမ္းဆီႏိုင္ခဲ့တာျဖစ္ပါတယ္။

တရားခံမ်ားဟာ အသတ္ခံရသူေတြကို အရက္အဝတိုက္မယ့္ပါတီပြဲကိုလိုက္ခဲ့ဖို႔ မွဴဆြယ္ဖ်ားေယာင္းေခၚေဆာင္ခဲ့ၿပီး အိမ္ထဲမွာခ်ဳပ္ေႏွာင္ထားကာ ဓားနဲ႔ထိုးျခင္း၊သံပူကပ္ျခင္း၊ရိုက္ႏွက္ျခင္းစတဲ့ႏွိပ္စက္မႈအမ်ိဳးမ်ိဳးလုပ္ေဆာင္ၿပီးေနာက္ ေခါင္းကိုအဝတ္နဲ႔အုပ္ သနတ္ပစ္သတ္ခဲ့တယ္လို႔သိရပါတယ္။အဲဒီေနာက္ေသြးေသာက္ျခင္း၊အေလာင္းကို တစ္စစီျဖတ္ေတာက္ေျမႀကီးထဲတြင္ျမွုဳပ္ႏွံျခင္း၊ အိမ္နံရံတြင္သုတ္လိမ္းျခင္း၊အရိုးေခါင္းနွင့္လက္ေတြကို နတ္ဆိုးပူေဇာ္ဖို႔ကန္ေတာ့ပြဲျပင္ျခင္းစတာေတြလုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။


ဒီလိုမ်ိဳးလုပ္ေဆာင္ျခင္းအားျဖင့္ထီေပါက္မယ္၊လူေတြအေပၚထိန္းခ်ဳပ္ေစခိုင္းႏိုင္မယ္၊အလိုရွိတဲ့မိန္းမကိုသိမ္းပိုက္ႏိုင္မယ္၊ေသဆံုးသူေတြရဲ႕ဝိဥာဥ္ကို အိမ္ထဲမွာခ်ဳပ္ေႏွာင္ထားၿပီးခိုင္းေစႏိုင္မယ္လို႔ တရားခံမ်ားကယံုၾကည္ေနၾကေၾကာင္း အမႈစစ္စံုေထာက္မ်ားမွထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။တရားခံမ်ားရဲ႕ဖ်ားေယာင္းေသြးေဆာင္မႈကေန လြတ္ေျမာက္ခဲ့သူ အမ်ိဳး သမီးသံုးေယာက္နွင့္အမ်ိဳးသားႏွစ္ေယာက္ရွိၿပီး ေသဆံုးသူေလးေယာက္ထဲကတစ္ဦးတည္းေသာအမ်ိဳးသမီးဟာ သတ္ေသသြားတဲ့တရားခံ အသက္(၁၇)နွစ္အရြယ္ Samio Bessa ရဲ႕ခ်စ္သူရည္းစားျဖစ္တယ္လို႔ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:MyanmarNote
# Unicode Version ျဖင့္ ဖတ္ပါ #
ဘရာဇီးနိုင်ငံမှာ မကြာသေးခင်ကထွက်ပေါ်လာတဲ့သတင်းကြောင့် အများပြည်သူတစ်ရပ်လုံး တုန်လှုပ်ခြောက်ချားသွားခဲ့ရပါတယ်။အဲဒီသတင်းကတော့ နတ်ဆိုးကိုယုံကြည်ကိုးကွယ်တဲ့အမျိုးသားသုံးယောက်ဟာ ဘရာဇီးနိုင်ငံအနောက်မြောက်ပိုင်းရှိ Iguatu ကျေးရွာရှိအိမ်တစ်အိမ်တွင် အမျိုးသားသုံးယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို ရက်ရက်စက်စက်နှိပ်စက်သတ်ဖြတ်ပြီး ထီပေါက်ဖို့ယကြာချေယဇ်ပူဇော်ခဲ့တဲ့သတင်းပါ။

ပြစ်မှုကျူးလွန်သူတွေဖြစ်တဲ့ အသက်(၄၁)နှစ်အရွယ် Roberto Alves နှင့် အသက်(၃ဝ)အရွယ် Gleudson Barros တို့ကို အသက်ရှင်လျက်ဖမ်းဆီးရမိခဲ့ပြီးနာက်ထပ်အပေါင်းအပါတစ်ယောက်ဖြစ်တဲ့ အသက်(၁၇)နှစ်အရွယ် Samio Bessa ကတော့ သက်ဆိုင်ရာမှလာမဖမ်းခင် ကိုယ့်ကိုယ်ကိုသတ်သေသွားကြောင်းသိရပါတယ်။သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးချက်အရ အသတ်ခံရသူများဟာ အသက်(၄၁)နှစ်ရှိ Francisco Lima၊ အသက်(၂၄)နှစ်ရှိ Jheyderson de Oliveira၊အသက်(၁၈)နှစ်အရွယ် Mikael Melo နှင့် အသက်(၁၇)နှစ်အရွယ် Jaqueline da Silva တို့ဖြစ်ကြောင်းသိရပါတယ်။တရားခံများဟာ လူလေးယောက်ထက်ပိုသတ်ဖြတ်ရန်ကြံစည်နေသူတွေဖြစ်ပြီး သေဆုံးသူတစ်ယောက်၏သူငယ်ချင်းများမှ သိရှိတိုင်ကြားခဲ့တာကြောင့် အချိန်မီဖမ်းဆီနိုင်ခဲ့တာဖြစ်ပါတယ်။

တရားခံများဟာ အသတ်ခံရသူတွေကို အရက်အဝတိုက်မယ့်ပါတီပွဲကိုလိုက်ခဲ့ဖို့ မှူဆွယ်ဖျားယောင်းခေါ်ဆောင်ခဲ့ပြီး အိမ်ထဲမှာချုပ်နှောင်ထားကာ ဓားနဲ့ထိုးခြင်း၊သံပူကပ်ခြင်း၊ရိုက်နှက်ခြင်းစတဲ့နှိပ်စက်မှုအမျိုးမျိုးလုပ်ဆောင်ပြီးနောက် ခေါင်းကိုအဝတ်နဲ့အုပ် သနတ်ပစ်သတ်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်သွေးသောက်ခြင်း၊အလောင်းကို တစ်စစီဖြတ်တောက်မြေကြီးထဲတွင်မြှုုပ်နှံခြင်း၊ အိမ်နံရံတွင်သုတ်လိမ်းခြင်း၊အရိုးခေါင်းနှင့်လက်တွေကို နတ်ဆိုးပူဇော်ဖို့ကန်တော့ပွဲပြင်ခြင်းစတာတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။

ဒီလိုမျိုးလုပ်ဆောင်ခြင်းအားဖြင့်ထီပေါက်မယ်၊လူတွေအပေါ်ထိန်းချုပ်စေခိုင်းနိုင်မယ်၊အလိုရှိတဲ့မိန်းမကိုသိမ်းပိုက်နိုင်မယ်၊သေဆုံးသူတွေရဲ့ဝိဉာဉ်ကို အိမ်ထဲမှာချုပ်နှောင်ထားပြီးခိုင်းစေနိုင်မယ်လို့ တရားခံများကယုံကြည်နေကြကြောင်း အမှုစစ်စုံထောက်များမှထုတ်ဖော်ပြောကြားခဲ့ပါတယ်။တရားခံများရဲ့ဖျားယောင်းသွေးဆောင်မှုကနေ လွတ်မြောက်ခဲ့သူ အမျိုး သမီးသုံးယောက်နှင့်အမျိုးသားနှစ်ယောက်ရှိပြီး သေဆုံးသူလေးယောက်ထဲကတစ်ဦးတည်းသောအမျိုးသမီးဟာ သတ်သေသွားတဲ့တရားခံ အသက်(၁၇)နှစ်အရွယ် Samio Bessa ရဲ့ချစ်သူရည်းစားဖြစ်တယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:MyanmarNote

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top