မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

သက္ငယ္ကေလးငယ္မ်ားအေပၚ ကာမက်ဴးလြန္မွုနဲ႔ ပက္သက္ရင္ ယခုသတင္းေလာက္ ဆိုးရြားသည့္ အျဖစ္ပ်က္ ရွိလိမ့္မည္မထင္။

အဖြားကိုယ္တိုင္က ၂၀ လ အရြယ္သာရွိေသးသည့္ ကိုယ့္ရဲ့ေသြးသား ေျမးမေလးကို သူမရဲ့ တိတ္တိတ္ပုန္းရည္းစား တဏွာ႐ူးသည့္ ကာမဘီလူး လက္ထဲသို႔ စိတ္ႀကိဳက္ ဆႏၵရွိသလိုလုပ္ရန္ ေပးအပ္ခဲ့သည္။

ၾသစေၾတးလ်နိုင္ငံ အက္ဒေလၿမိဳ႕မွ အသက္ ၄၇ ႏွစ္အရြယ္ ဥပေဒအရ အမည္ေဖာ္ျပထားျခင္းမရွိတဲ့ အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ့ ရည္းစားျဖစ္ေသာ အသက္ ၃၅ ႏွစ္အရြယ္ “ရွိန္းအလန္ ဟာ့တေလ” ဆိုသူ (ကေလးငယ္မ်ားအေပၚ ကာမဆႏၵရွိသူ) ထံသို႔ သူမ၏ ေျမးမေလးမ်ား ျဖစ္ၾကသည့္ ၁ ႏွစ္ ၈လ ကေလးငယ္၊ ၁၂ လသမီး ကေလးငယ္ႏွစ္ဦးကို ဆႏၵရွိသည့္အတိုင္း လုပ္ရန္ ေပးပို႔ခဲ့သည့္အတြက္ အဖြားျဖစ္သူအား ေထာင္ဒဏ္ ၄ ႏွစ္နဲ႔ ၄ လ က်ခံေစရန္ တရား႐ုံးမွ ယေန႔အမိန႔္ခ်မွတ္ခဲ့သည္။

အမိန့္ခ်မွတ္စဥ္တြင္ တရားသူႀကီးျဖစ္သူ “လီဆယ္ ခ်ပ္မန္း” က ဒီအမွုဟာ ေျပာစရာစကားမရွိေလာက္ေအာင္ ထိတ္လန႔္စရာေကာင္းၿပီး တရားခံျဖစ္သူ အမ်ိဳးသမီးႀကီးအား ယုံၾကည္မွုအေပၚ မထင္မွတ္ေလာက္ေအာင္ အလြဲသုံးစားလုပ္ၿပီး ရြံစရာအေကာင္းဆုံး လုပ္ရပ္ကို က်ဴးလြန္ခဲ့တာဟာ ေတြးေတာင္မေတြးရဲဖူးလို႔ ဆိုပါတယ္။

“ဟာ့တေလ” ကိုေတာ့ ကေလးေတြကို လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မွု၊ ဓါတ္ပုံမ်ားရိုက္ကာ နိုင္ငံတကာကို ျဖန႔္ျဖဴးခဲ့မွုတို႔နဲ႔ အနည္းဆုံး ေထာင္ဒဏ္ ၁၀ ႏွစ္နဲ႔ ၂ လ က်ခံရမွာျဖစ္ပါတယ္။

သူတို႔ႏွစ္ဦးဟာ ၂၀၁၇ ခုႏွစ္ေလာက္က လူမွုကြန္ယက္မွတစ္ဆင့္ မက္ေဆ့ခ်္ အျပန္အလွန္ေပးပို႔ရင္း ရည္းစားျဖစ္ခဲ့ၾကပါတယ္။

အဲဒီေနာက္မွာေတာ့ “ဟာ့တေလ” က သူဟာ ကေလးငယ္မ်ားကို စိတ္ဝင္စားသူျဖစ္ေၾကာင္း အမ်ိဳးသမီးႀကီးကို ဖြင့္ေျပာျပခဲ့ၿပီး၊ ေျမးမေလးမ်ားရဲ့ ကိုယ္တုံးလုံး ပုံေတြ ရိုက္ၿပီးပို႔ေပးရန္ ေတာင္းဆိုခဲ့ရာ အမ်ိဳးသမီးႀကီးကလည္း ေပးပို႔ခဲ့သည္။

တရား႐ုံးရဲ့ စစ္ေဆးခ်က္အရ ၂၀၁၇ ခုႏွစ္ ၾသဂုတ္လတြင္းမွာ အမ်ိဳးသမီးႀကီးက ၂ ႏွစ္နဲ႔ ၈ လအရြယ္ ေျမးအႀကီးမကို “ဟာ့တ္ေလ” ေနထိုင္တဲ့ေနရာကို ေခၚသြားခဲ့ၿပီး “ဟာ့တ္ေလ” က သူ႔ရဲ့ေရွ႕မွာတင္ ေျမးမေလးကို စိတ္တိုင္းက် လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ေနတာကို ၾကည့္ေနခဲ့တယ္ဆိုတာ ေပၚေပါက္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္းမွာေတာ့ ကေလးဟာ ညဘက္ေတြဆိုရင္ ေၾကာက္လန႔္ကာ ေအာ္ဟစ္နိုးလာခဲ့ၿပီး အခန္းထဲကိုလည္း ဘယ္ေယာက်္ားမွ အဝင္မခံျဖစ္လာပါတယ္။

ဖြားေအျဖစ္သူဟာ ေျမးမေလး ဒီလို ေစာ္ကားခံရမယ္ဆိုတာကို သိသိရက္ ေခၚသြားခဲ့တယ္၊

ဒီကိစၥမွာ မိဘေတြအေနနဲ႔ အျပစ္မရွိပါဘူး၊

ဘာေၾကာင့္လည္း ဆိုေတာ့ ဖြားေအအရင္းကို ယုံၾကည္စိတ္ခ်မွုနဲ႔ ကေလးေတြကို ထားခဲ့ခ်ိန္မွာ ျဖစ္ရတာျဖစ္တယ္လို႔ ဆိုပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္ ၂၃ မွာ “ဟာ့တေလ” ကို သူရဲ့ေနအိမ္မွာ ရဲေတြက ဖမ္းဆီးမိခဲ့စဥ္ ကေလးနဲ႔ပက္သက္တဲ့ အျပာ႐ုပ္သံ၊ ဓါတ္ပုံေတြကိုပါ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

ဒါ့အျပင္ “ဟာ့တ္ေလ” ဟာ နယူးေဆာက္သ္ေဝး က မိခင္တစ္ဦးနဲလည္း အခ်ိပ္အဆက္ရွိၿပီး အဆိုပါအမ်ိဳးသမီးက သူမရဲ့ အသက္ ၉ ႏွစ္အရြယ္ သမီးျဖစ္သူရဲ့ ပုံေပါင္း ၁၂၀ ေလာက္ကို ၂ လ အေတာအတြင္းမွာ သူ႔ဆီကို ပို႔ေပးခဲ့တာ ေတြ႕ရွိခဲ့ရပါတယ္။

“ဟာ့တ္ေလ” ဟာ ယခင္ကတည္းက လိင္က်ဴးလြန္သူအျဖစ္ မွတ္တမ္းမွာ စာရင္းဝင္ေနခဲ့သူလည္းျဖစ္ပါတယ္။

ကနဦးက သူ႔ကို ေထာင္ဒဏ္ ၁၃ ႏွစ္ခ်မွတ္ခဲ့ေသာ္လည္း ကေနဒါနိုင္ငံက ကေလးမ်ားအေပၚ လိင္စိတ္ရွိေသာ အမွုတစ္ခုတြင္ ပူးေပါင္းခဲ့မွုေၾကာင့္ ေထာင္ဒဏ္တစ္ႏွစ္ ေလၽွာ့ေပါ့ေပးခဲ့သည္။

ဖြားေအျဖစ္သူ အမ်ိဳးသမီးႀကီးကေတာ့ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလထိ ေထာင္ဒဏ္က်ခံရမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

#Unicode Version#
သက်ငယ်ကလေးငယ်များအပေါ် ကာမကျူးလွန်မှုနဲ့ ပက်သက်ရင် ယခုသတင်းလောက် ဆိုးရွားသည့် အဖြစ်ပျက် ရှိလိမ့်မည်မထင်။

အဖွားကိုယ်တိုင်က ၂၀ လ အရွယ်သာရှိသေးသည့် ကိုယ့်ရဲ့သွေးသား မြေးမလေးကို သူမရဲ့ တိတ်တိတ်ပုန်းရည်းစား တဏှာရူးသည့် ကာမဘီလူး လက်ထဲသို့ စိတ်ကြိုက် ဆန္ဒရှိသလိုလုပ်ရန် ပေးအပ်ခဲ့သည်။

သြစတြေးလျနိုင်ငံ အက်ဒလေမြို့မှ အသက် ၄၇ နှစ်အရွယ် ဥပဒေအရ အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ ရည်းစားဖြစ်သော အသက် ၃၅ နှစ်အရွယ် “ရှိန်းအလန် ဟာ့တလေ” ဆိုသူ (ကလေးငယ်များအပေါ် ကာမဆန္ဒရှိသူ) ထံသို့ သူမ၏ မြေးမလေးများ ဖြစ်ကြသည့် ၁ နှစ် ၈လ ကလေးငယ်၊ ၁၂ လသမီး ကလေးငယ်နှစ်ဦးကို ဆန္ဒရှိသည့်အတိုင်း လုပ်ရန် ပေးပို့ခဲ့သည့်အတွက် အဖွားဖြစ်သူအား ထောင်ဒဏ် ၄ နှစ်နဲ့ ၄ လ ကျခံစေရန် တရားရုံးမှ ယနေ့အမိန့်ချမှတ်ခဲ့သည်။

အမိန့်ချမှတ်စဉ်တွင် တရားသူကြီးဖြစ်သူ “လီဆယ် ချပ်မန်း” က ဒီအမှုဟာ ပြောစရာစကားမရှိလောက်အောင် ထိတ်လန့်စရာကောင်းပြီး တရားခံဖြစ်သူ အမျိုးသမီးကြီးအား ယုံကြည်မှုအပေါ် မထင်မှတ်လောက်အောင် အလွဲသုံးစားလုပ်ပြီး ရွံစရာအကောင်းဆုံး လုပ်ရပ်ကို ကျူးလွန်ခဲ့တာဟာ တွေးတောင်မတွေးရဲဖူးလို့ ဆိုပါတယ်။

“ဟာ့တလေ” ကိုတော့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ ဓါတ်ပုံများရိုက်ကာ နိုင်ငံတကာကို ဖြန့်ဖြူးခဲ့မှုတို့နဲ့ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်နဲ့ ၂ လ ကျခံရမှာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်လောက်က လူမှုကွန်ယက်မှတစ်ဆင့် မက်ဆေ့ချ် အပြန်အလှန်ပေးပို့ရင်း ရည်းစားဖြစ်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ “ဟာ့တလေ” က သူဟာ ကလေးငယ်များကို စိတ်ဝင်စားသူဖြစ်ကြောင်း အမျိုးသမီးကြီးကို ဖွင့်ပြောပြခဲ့ပြီး၊ မြေးမလေးများရဲ့ ကိုယ်တုံးလုံး ပုံတွေ ရိုက်ပြီးပို့ပေးရန် တောင်းဆိုခဲ့ရာ အမျိုးသမီးကြီးကလည်း ပေးပို့ခဲ့သည်။

တရားရုံးရဲ့ စစ်ဆေးချက်အရ ၂၀၁၇ ခုနှစ် သြဂုတ်လတွင်းမှာ အမျိုးသမီးကြီးက ၂ နှစ်နဲ့ ၈ လအရွယ် မြေးအကြီးမကို “ဟာ့တ်လေ” နေထိုင်တဲ့နေရာကို ခေါ်သွားခဲ့ပြီး “ဟာ့တ်လေ” က သူ့ရဲ့ရှေ့မှာတင် မြေးမလေးကို စိတ်တိုင်းကျ လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေတာကို ကြည့်နေခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကလေးဟာ ညဘက်တွေဆိုရင် ကြောက်လန့်ကာ အော်ဟစ်နိုးလာခဲ့ပြီး အခန်းထဲကိုလည်း ဘယ်ယောကျ်ားမှ အဝင်မခံဖြစ်လာပါတယ်။

ဖွားအေဖြစ်သူဟာ မြေးမလေး ဒီလို စော်ကားခံရမယ်ဆိုတာကို သိသိရက် ခေါ်သွားခဲ့တယ်၊

ဒီကိစ္စမှာ မိဘတွေအနေနဲ့ အပြစ်မရှိပါဘူး၊

ဘာကြောင့်လည်း ဆိုတော့ ဖွားအေအရင်းကို ယုံကြည်စိတ်ချမှုနဲ့ ကလေးတွေကို ထားခဲ့ချိန်မှာ ဖြစ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၃ မှာ “ဟာ့တလေ” ကို သူရဲ့နေအိမ်မှာ ရဲတွေက ဖမ်းဆီးမိခဲ့စဉ် ကလေးနဲ့ပက်သက်တဲ့ အပြာရုပ်သံ၊ ဓါတ်ပုံတွေကိုပါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် “ဟာ့တ်လေ” ဟာ နယူးဆောက်သ်ဝေး က မိခင်တစ်ဦးနဲလည်း အချိပ်အဆက်ရှိပြီး အဆိုပါအမျိုးသမီးက သူမရဲ့ အသက် ၉ နှစ်အရွယ် သမီးဖြစ်သူရဲ့ ပုံပေါင်း ၁၂၀ လောက်ကို ၂ လ အတောအတွင်းမှာ သူ့ဆီကို ပို့ပေးခဲ့တာ တွေ့ရှိခဲ့ရပါတယ်။

“ဟာ့တ်လေ” ဟာ ယခင်ကတည်းက လိင်ကျူးလွန်သူအဖြစ် မှတ်တမ်းမှာ စာရင်းဝင်နေခဲ့သူလည်းဖြစ်ပါတယ်။

ကနဦးက သူ့ကို ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခဲ့သော်လည်း ကနေဒါနိုင်ငံက ကလေးများအပေါ် လိင်စိတ်ရှိသော အမှုတစ်ခုတွင် ပူးပေါင်းခဲ့မှုကြောင့် ထောင်ဒဏ်တစ်နှစ် လျှော့ပေါ့ပေးခဲ့သည်။

ဖွားအေဖြစ်သူ အမျိုးသမီးကြီးကတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလထိ ထောင်ဒဏ်ကျခံရမှာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Popolay


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top