ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×











































Credit:7daydaily.com
# Unicode Version ဖြင့် ဖတ်ပါ #
 ပုဂံတွင် ဒါရိုက်တာ ကျော်သူရိုက်ကူးမည့် မိစ္ဆာရုပ်ရှင်  ၌ ပါဝင်သရုပ်ဆောင်ရမည့် အပေါ်စိတ်လှုပ်ရှားနေကြောင်း ရတနာဗိုကပြောသည်။

‘‘ဦးကျော်သူကို တစ်ခါမှ လည်း အပြင်မှာမတွေ့ဖူးဘူး။ ဦး ကျော်သူပါဆိုပြီး ဖုန်းဆက်လာ တော့ အံ့သြသွားတယ်။ ဦးကျော် သူက ကိုယ်ပါဝင်ရမယ့်နေရာကို ပြောတယ်။ ရိုက်ကူးမယ့်ပုံစံကို ပြောတယ်။ တစ်ခါတည်းပဲလက် ခံလိုက်တာ’’ ဟု ယင်းဇာတ်ကား နှင့် ပတ်သက်၍ပြောသည်။

ယင်းဇာတ်ကားကို နိုဝင်ဘာ  အတွင်း ရိုက်ကူးမည်ဖြစ်ပြီး အ ရည်းကြီးတစ်ဦး၏ သားနှင့် ချစ် သူဖြစ်သည့် သူဌေးသမီးနေရာမှ  သရုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘အဓိကကတော့ ဗုဒ္ဓဘာ သာနဲ့ပတ်သက်တဲ့ ဘုရားသမိုင်း ရာဇဝင်ကားဆိုတော့ ဘယ်လိုအ ခန်းကဏ္ဍကပါရပါရ ကိုယ့်အ တွက်တာဝန်ကြီးတယ်။ စိတ် လည်းလှုပ်ရှားတယ်’’ ဟု ရတနာ ဗိုကပြောသည်။

ယင်းဇာတ်ကားတွင်အဝတ် အစားနှင့် မိတ်ကပ်ကို ရိုက်ကူး ရေးဘက်မှ ပေးမည်ဖြစ်သော ကြောင့် ၎င်းအနေဖြင့် ဇာတ်ရုပ် ပီပြင်မှုကိုသာ ပြင်ဆင်ရကြောင်း ဆိုသည်။

‘‘ဦးကျော်သူက အရင်က တည်းကလည်း တကယ်ကိုတော် တဲ့ ဝါရင့်သရုပ်ဆောင်၊ အခု လည်းဒါရိုက်တာအနေနဲ့ရိုက်ကူး  နေတာဆိုတော့ ယုံကြည်မှုအ ပြည့်ရှိတယ်။ ဒါပေမဲ့ ကိုယ့်ဘက် က ဦးကျော်သူလိုချင်တဲ့ ပုံစံကို  မလိုက်နိုင်မှာပဲစိုးတယ်’’ ဟု ရတနာဗိုကပြောသည်။ လတ်တလော အနုပညာလှုပ်ရှားမှုအနေ ဖြင့် ဇာတ်ကားများ ရိုက်ကူးနေပြီးယခုနှစ်အတွင်း ၎င်းပါဝင်သရုပ် ဆောင်ထားသည့်ရုပ်ရှင်များ ရုံတင်ရန်ရှိကြောင်း ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7daydaily.com
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top