ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×








ဓာတ်ပုံ – ဝေယံ
Zin Moe

#Unicode Version#
မြေကြီးတူးရာမှ ရှေးဟောင်းရွှေများတွေ့ရှိသည့်ကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အောက်တိုဘာ ၁၂ ရက်နေ့လည် ၁၀နာရီအချိန်က မြန်မာဂျာနယ်လစ်ကွန်ယက်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဟောင်းရွှေများကို သမ္မတဟောင်း ဦးစန်းယု၏သမက် ဦးမြင့်ကြည်က ယူထားပြီးနိုင်ငံတော် သို့အသိပေး အကြောင်းကြားခြင်းမရှိဘဲ သတင်းထိန်ချန်ထားကြောင်း ရှေးဟောင်းရွှေများတွေ့ရှိခဲ့သည့် ဦးအေးဝင်းကပြောသည်။

“မြေကြီးကိုတစ်ပေခွဲလောက်အနက်တူးပြီးတော့ သူကမြေဇာတွေထက်ခြစ်တော့ ရွှေအိုးကိုတွေ့တာ။ကောင်လေးတွေကို ဦးမြင့်ကြည်ကိုခေါ်ခိုင်းလိုက်တယ်။သူတို့လိုက်လာပြီးတော့နိုင်ငံပိုင်ရွှေတွေတဲ့နိုင်ငံကိုပြန်ပေးရမယ်ဆိုပြီးတော့ပြောတယ်။ရွှေကအချောင်း၅၀လောက်ရှိတယ်။ကျွန်တော်ကနိုင်ငံတော်ကိုအပ်ပေးပါ အန်ကယ်လို့ပြောတယ်။ဒီနေ့အထိသူအပ်လည်းမအပ်သေးဘူး သူ့ဆီမှာရှိသေးတယ်လို့ကြားတယ်။သူကနိုင်ငံတော်သမ္မတဟောင်း ဦးစန်းယုရဲ့ သမက်ဆိုတာဟုတ်ပါတယ်” ဟုရွှေများတွေ့ရှိခဲ့သူ ဦးအေးဝင်းကပြောသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့က ဦးအေးဝင်ပါ(၃)ဦးသည် အလုပ်ရှင်ဖြစ်သူ ဦးမြင့်ကြည်၏ တာဝန်ပေးချက်အရ ချင်းတွင်းလမ်းရှိ ဦးမြင့်ကြည်နေအိမ်အနီးရှိ ဒေါ်အေးသိန်း၏ နေအိမ်ခြံဝန်းအတွင်းရှိ ရှေးဟောင်းနေအိမ် ၁ လုံး၏ဘေးတွင် အဆောက်အဦးဆောက်လုပ်ရန် မြေကျင်းတူးဖော်ခဲ့သည်။

ယင်းသို့မြေကျင်းတူးဖော်စဉ် အနက်(၁)ပေခွဲ့ခန့်အရောက်တွင် ဦးအေးဝင်းမှ ဂေါ်ပြားဖြင့်ထိုးမသဖြင့် အချင်း၈လက်မခံရှိ အဖုံးပိတ်ထားသော မြေအိုး၁လုံးအတွင်းမှ ရွှေချောင်း၅၀ခန့်တွေ့ရှိ၍ ဦးမြင့်ကြည်အားနှစ်ဦးမှသွားရောက်ခေါ်ဆောင်ခဲ့သည်။

ယင်းနောက်ဦးမြင့်ကြည်နှင့်အိမ်ရှင်ဒေါ်အေးသိန်းတို့ရောက်ရှိလာခဲ့ပြီး ဦးမြင့်ကြည်မှ ယင်းနေရာတွင် မည်သူမှမပြောရန်ပြောဆိုကာ ဦးအေးသိန်းပါ၃ဦးကို ငွေငါးထောင်ပေး၍ လက်ဖက်ရည်သွားခိုင်းခဲ့ပြီး ပြန်အရောက်တွင် ရွှေအိုးအားမူလနေရာတွေ့ရှိခြင်းမရှိဘဲ ဦးမြင့်ကြည်အားမေးမြန်းရာ ရှေးဟောင်းရွှေများဖြစ်၍ သက်ဆိုင်ရာသို့ပြန်အပ်မည်ဖြစ်ကြောင်းပြောဆိုခဲ့ပြီး ၂၀၁၈ ခုနှစ်မတ်လ ၁၃ရက်တွင် ဦးအေဝင်းအားအလုပ်မှထုတ်ပယ်ခဲ့သည် ဟု သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိအချိန်အပ်နှံခြင်း မရှိသေးဘဲ ယူဆောင်ထားကြောင်း၊သက်ဆိုင်ရာမှ အမှန်တရားကိုဖော်ထုတ်စေခြင်းကြောင်း ဦးအေးဝင်းက သတင်းစားရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဓာတ်ပုံ – ဝေယံ
ဖိုးသူတော် (www.phothutaw.com)
Credit: The Fifth Wave News
Zin Moe
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top