iMyanmarHouse.com - Best Property Website for Myanmar
×

ရခိုင္ျပည္နယ္၊ေမာင္ေတာျမိဳ႕နယ္ ေျမာက္ပိုင္း၊ ေအာင္သေျပေက်းရြာအုပ္စုတြင္ အသက္ (၁၅) ႏွစ္အရြယ္ ဒိုင္းနက္အမ်ိဳးသမီးငယ္တစ္ဦး အဆိပ္ေသာက္ျပီး ေသဆံုးသြားေၾကာင္းသတင္းရရွိသည္။

ေသဆံုးသူ အမ်ိဳးသမီးငယ္မွာ ဒိုင္းနက္လူမ်ိဳး ဦးေအာင္ေက်ာ္၏သမီး မလွစိန္ (၁၅)ႏွစ္ ဒိုင္းနက္/ဗုဒၶ ျဖစ္ေၾကာင္း ေအာင္သေျပေက်းရြာ အုပ္ခ်ုဳပ္ေရးမွဴး ဦးသိန္းေရႊဦး ကနိရဥၥရာ သတင္းဌာနသို႕ ေျပာသည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာ ၉ ရက္ ည ၇ နာရီ ၅၀ မိနစ္တြင္ သူမသည္ အဆိပ္ေသာက္ခဲ့ေၾကာင္း၊ အဆိပ္မွာ ခႏၶာအႏွံ႔ ပ်ံ႕သြားခဲ့ျပီး ေအာင္သေျပ တိုက္နယ္ေဆးရံုသုိ႕ ပို႕ေဆာင္ခဲ့ေၾကာင္း၊ အေျခအေန ဆိုးရြားလာသျဖင့္ အိမ္သို႕ ယူေဆာင္လာျပီး ည ၉နာရီ ၅၀ မိနစ္ခန္႕ တြင္ ေသဆံုးသြားေၾကာင္း ခေမာင္းဆိပ္ျမိဳ႕ အုပ္ခ်ဳပ္ေရးမွဴး၏ မွတ္တမ္းတြင္ေဖာ္ျပထားသည္။

"မေန႕ ည ၈ နာရီခန္႕က ေအာင္သေျပ ေဆးရံုကို ပို႕ ခဲ့တာပါ။ ေဆးရံုက ဆရာမက သူအဆိပ္ေသာက္ ထားတာဆိုေတာ့ ေဆးသြင္းေပးပါတယ္။ ေဆးသြင္းျပီး တစ္ဝက္ပဲဝင္ပါတယ္။ ေနာက္ထပ္ ေဆးမဝင္ ေတာ့ဘူး။ အေျခအေနမေကာင္းေတာ့ မိဘေတြက ေမာင္ေတာ ျပည့္သူ႕ေဆးရံုကို ပို႕ေဆာင္ဖို႕ လုပ္ပါတယ္။ မိုးရာသီဆိုေတာ့ မိုးရြာျပီး လမ္းကမေကာင္း၊ ကားကလည္း မသြားနိုင္၊ ဆိုင္ကယ္ ေတြနဲ႕လည္း သြားလာလို႔ မရေတာ့ အေျခအေနမထူးဆိုျပီး တိုက္နယ္ေဆးရံုကေန အိမ္ကိုပဲျပန္ ယူလာခဲ့ ပါတယ္။ အိမ္ေရာက္ေတာ့ ည ၉နာရီခန္႕မွာဆံုးသြားပါတယ္” ဟု ေအာင္သေျပ အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။

ေဒသခံမ်ား၏ အေျပာအရ ယခု အဆိပ္ေသာက္ ေသဆံုးသြားသည့္ မလွစိန္ (၁၅)နွစ္မွာ ေအာက္တိုဘာ ၈ ရက္ေန႕က ဘဂၤလီအၾကမ္းဖက္သမားမ်ား၏ သတ္ျဖတ္ျခင္းကို ခံလိုက္ရသည့္ ေအာင္ဇူစခန္းအပိုင္၊ လိႈင္သီအုပ္စု၊ ေအာင္စံေက်းရြာမွ ဦးျဖဴေမာင္၏သား ေမာင္ျမင့္ေအာင္ (၁၆) ႏွစ္ ႏွင့္ သမီးရည္စား ျဖစ္ေနၾကေၾကာင္း၊ ေမာင္ျမင့္ေအာင္ ေသဆံုးသြားသျဖင့္ မခံစားနိုင္ပဲ အဆိပ္ ေသာက္လိုက္ျခင္း ျဖစ္ေၾကာင္း ေျပာၾကားသည္။

ေအာင္သေျပေက်းရြာမွ အစုိးရ၀န္ထမ္း တစ္ဦးက ေျပာျပသည္မွာ အဆိုပါ အမ်ိဳးသမီးငယ္သည္ ေအာက္တိုဘာ ၉ ရက္ေန႕က အသတ္ခံ၍ ေသဆံုးသူ ေမာင္ျမင့္ေအာင္၏ အေလာင္းကို သြားေရာက္ၾကည့္ရႈခဲ့ျပီး ဖခင္ျဖစ္သူ ဦးေအာင္ေက်ာ္ၾကက္စာေကၽြးေနစဥ္ သူမေနအိမ္ အိပ္ရာေပၚတြင္ ေစာင္ျခံဳျပီး အဆိပ္ေသာက္လိုက္သည္ဟု ၾကားသိရေၾကာင္း ေျပာၾကားသည္။

သို႕ေသာ္လည္း ဖခင္ျဖစ္သူ ဦးေအာင္ေက်ာ္က အသတ္ခံရ၍ ေသဆံုးသြားသူ ေမာင္ျမင့္ေအာင္ႏွင့္ သူ႕သမီးတို႕မွာ သမီးရည္စားျဖစ္ေနၾကသည္ဟု ျဖစ္ေပၚေနေသာ သတင္းမွာ ေကာလဟလသာ ျဖစ္ေၾကာင္း၊ သမီးျဖစ္သူတြင္ တစ္စံုတစ္ခုဆိုလွ်င္ ရင္မြန္းတတ္သည့္ အခံရွိေၾကာင္း ေျပာဆိုသည္။

မလွစိန္(၁၅) ႏွစ္ အေလာင္းအား ယေန႕ နံနက္ ၁၀နာရီ ၂၂ မိနစ္တြင္ ေမာင္ေတာျပည္သူ့ ေဆးရံုၾကီးသို႕စစ္ေဆးရန္ ယူေဆာင္သြားေၾကာင္း သိရသည္။

ေမာင္ေတာျပည္သူ႕ေဆးရံုက ေဆးစစ္ေဆးခ်က္ထြက္ရွိလာမွ ရဲလုပ္ထံုးလုပ္နည္းအတိုင္း သက္ဆိုင္ အာဏာပိုင္မ်ားက ေသမႈေသခင္းဖြင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သိန္းေဇာ္(ေမာင္ေတာ)
Narinjara
https://www.facebook.com/Narinjara-151742128171206/

#Unicode Version#
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ် မြောက်ပိုင်း၊ အောင်သပြေကျေးရွာအုပ်စုတွင် အသက် (၁၅) နှစ်အရွယ် ဒိုင်းနက်အမျိုးသမီးငယ်တစ်ဦး အဆိပ်သောက်ပြီး သေဆုံးသွားကြောင်းသတင်းရရှိသည်။

သေဆုံးသူ အမျိုးသမီးငယ်မှာ ဒိုင်းနက်လူမျိုး ဦးအောင်ကျော်၏သမီး မလှစိန် (၁၅)နှစ် ဒိုင်းနက်/ဗုဒ္ဓ ဖြစ်ကြောင်း အောင်သပြေကျေးရွာ အုပ်ချုုပ်ရေးမှူး ဦးသိန်းရွှေဦး ကနိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် ည ၇ နာရီ ၅၀ မိနစ်တွင် သူမသည် အဆိပ်သောက်ခဲ့ကြောင်း၊ အဆိပ်မှာ ခန္ဓာအနှံ့ ပျံ့သွားခဲ့ပြီး အောင်သပြေ တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အခြေအနေ ဆိုးရွားလာသဖြင့် အိမ်သို့ ယူဆောင်လာပြီး ည ၉နာရီ ၅၀ မိနစ်ခန့် တွင် သေဆုံးသွားကြောင်း ခမောင်းဆိပ်မြို့ အုပ်ချုပ်ရေးမှူး၏ မှတ်တမ်းတွင်ဖော်ပြထားသည်။

"မနေ့ ည ၈ နာရီခန့်က အောင်သပြေ ဆေးရုံကို ပို့ ခဲ့တာပါ။ ဆေးရုံက ဆရာမက သူအဆိပ်သောက် ထားတာဆိုတော့ ဆေးသွင်းပေးပါတယ်။ ဆေးသွင်းပြီး တစ်ဝက်ပဲဝင်ပါတယ်။ နောက်ထပ် ဆေးမဝင် တော့ဘူး။ အခြေအနေမကောင်းတော့ မိဘတွေက မောင်တော ပြည့်သူ့ဆေးရုံကို ပို့ဆောင်ဖို့ လုပ်ပါတယ်။ မိုးရာသီဆိုတော့ မိုးရွာပြီး လမ်းကမကောင်း၊ ကားကလည်း မသွားနိုင်၊ ဆိုင်ကယ် တွေနဲ့လည်း သွားလာလို့ မရတော့ အခြေအနေမထူးဆိုပြီး တိုက်နယ်ဆေးရုံကနေ အိမ်ကိုပဲပြန် ယူလာခဲ့ ပါတယ်။ အိမ်ရောက်တော့ ည ၉နာရီခန့်မှာဆုံးသွားပါတယ်” ဟု အောင်သပြေ အုပ်ချုပ်ရေးမှူးက ပြောသည်။

ဒေသခံများ၏ အပြောအရ ယခု အဆိပ်သောက် သေဆုံးသွားသည့် မလှစိန် (၁၅)နှစ်မှာ အောက်တိုဘာ ၈ ရက်နေ့က ဘင်္ဂလီအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည့် အောင်ဇူစခန်းအပိုင်၊ လှိုင်သီအုပ်စု၊ အောင်စံကျေးရွာမှ ဦးဖြူမောင်၏သား မောင်မြင့်အောင် (၁၆) နှစ် နှင့် သမီးရည်စား ဖြစ်နေကြကြောင်း၊ မောင်မြင့်အောင် သေဆုံးသွားသဖြင့် မခံစားနိုင်ပဲ အဆိပ် သောက်လိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

အောင်သပြေကျေးရွာမှ အစိုးရဝန်ထမ်း တစ်ဦးက ပြောပြသည်မှာ အဆိုပါ အမျိုးသမီးငယ်သည် အောက်တိုဘာ ၉ ရက်နေ့က အသတ်ခံ၍ သေဆုံးသူ မောင်မြင့်အောင်၏ အလောင်းကို သွားရောက်ကြည့်ရှုခဲ့ပြီး ဖခင်ဖြစ်သူ ဦးအောင်ကျော်ကြက်စာကျွေးနေစဉ် သူမနေအိမ် အိပ်ရာပေါ်တွင် စောင်ခြုံပြီး အဆိပ်သောက်လိုက်သည်ဟု ကြားသိရကြောင်း ပြောကြားသည်။

သို့သော်လည်း ဖခင်ဖြစ်သူ ဦးအောင်ကျော်က အသတ်ခံရ၍ သေဆုံးသွားသူ မောင်မြင့်အောင်နှင့် သူ့သမီးတို့မှာ သမီးရည်စားဖြစ်နေကြသည်ဟု ဖြစ်ပေါ်နေသော သတင်းမှာ ကောလဟလသာ ဖြစ်ကြောင်း၊ သမီးဖြစ်သူတွင် တစ်စုံတစ်ခုဆိုလျှင် ရင်မွန်းတတ်သည့် အခံရှိကြောင်း ပြောဆိုသည်။

မလှစိန်(၁၅) နှစ် အလောင်းအား ယနေ့ နံနက် ၁၀နာရီ ၂၂ မိနစ်တွင် မောင်တောပြည်သူ့ ဆေးရုံကြီးသို့စစ်ဆေးရန် ယူဆောင်သွားကြောင်း သိရသည်။

မောင်တောပြည်သူ့ဆေးရုံက ဆေးစစ်ဆေးချက်ထွက်ရှိလာမှ ရဲလုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင် အာဏာပိုင်များက သေမှုသေခင်းဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သိန်းဇော်(မောင်တော)
Narinjara
https://www.facebook.com/Narinjara-151742128171206/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top