ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×
#Unicode Version#
သရုပ်ဆောင် အဆိုတော် ဟိန်းမင်းသူကို မြန်မာပြည်ရဲ့ JB လို့ တချို့သူတွေက နာမည်ပေးခေါ်ဝေါ်ကြတာတွေ့ရပါတယ်။ Justin Bieber နဲ့တူတဲ့ စတိုင်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေကြား ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။
မနေ့မနက်ပိုင်းက ဟိန်းမင်းသူရဲ့အကောင့်ဟက်ခံခဲ့ရတာဖြစ်ပြီး ဟက်သွားတဲ့လူတစ်စုက ဟိန်းမင်းသူနဲ့အတူ အနုပညာရှင်တွေပြောထားတဲ့ ချက်လစ်တွေကို ချပြခဲ့တာဖြစ်ပါတယ်။
ထိုဖြစ်ရပ်ကြောင့် အနုပညာရှင်တချို့အပါအဝင် ဟိန်းမင်းသူတို့ကို ဝိုင်းဝန်းပြီး Troll ခြင်းတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ထို SS တွေထဲမှာ အမဖြစ်သူ ဂျင်းနီနဲ့ပြောထားတဲ့ Screenshot တွေလည်း ပါဝင်ခဲ့ပါသေးတယ်။
ဂျင်းနီဟာ ယခုနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်တာ မတွေ့ရတော့ပါဘူး။ မနေ့ညပိုင်းလောက်က စိတ်ထိခိုက်ပြီး ဘာမီတွန်တွေသောက်ခဲ့တဲ့ မောင်ဖြစ်သူ ဟိန်းမင်းသူအတွက် ဂျင်းနီကတော့ ကျေနပ်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။
“လူတယောက်ရဲ့ စိတ်ဓာတ်နဲ့အသက်၊ မိသားစု တခုလုံးနဲ့အသိုင်းဝိုင်း ရဲ့ အရှက်သိက္ခာတွေ ကို သေစေလောက်တဲ့ ကျီစားမှုမျိုးတော့ မလုပ်သင့်ပါဘူး ခုလို အရေးပေါ်ထိ ရောက်လာရတဲ့ အခြေနေမျိုးမှာ အမ တယောက်အနေနဲ့ ဘာလုပ်ပေးလို့ လုပ်ပေးရမှန်းမသိ ဂရက်တွေရိုက်၊ ကျေးဇူးပြု၍ ဒီလောက်နဲ့ ကျေနပ်လို့ ရရင် ကျေနပ်ပေးပါ” ဆိုပြီးသူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ အားလုံးကို တောင်းဆိုလိုက်တာဖြစ်ပါတယ်။..
ဖိုးသူတော် (www.phothutaw.com)
Credit: We Love Cele..Source-Jenny
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top