iMyanmarHouse.com - Best Property Website for Myanmar
×

အသားပို၊ အသားသီးေတြဟာ ပံုမွန္အားျဖင့္ အေရျပားနူးညံ့တဲ့ေနရာမွာ ေပါက္ေရာက္ၾကပါတယ္။ တစ္ခါတစ္ရံမွာ မ်က္ေတာင္၊ လည္ပင္း၊ ခ်ိဳင္း၊ ရင္သားတဝိုက္ နွင့္ ေပါင္ၿခံေနရာေတြအထိပါ ပြားလာတတ္ပါတယ္။

အနည္းဆံုး လူတိုင္း တစ္ၾကိမ္ေတာ့ အသားပိုေပါက္ပါတယ္။ ဒါဟာ အႏၱရာယ္မရွိတဲ့ ကိစၥျဖစ္ေသာ္လည္း အရုပ္ဆိုးေစလို႔ ရွက္ဖြယ္ကိစၥတစ္ခု ျဖစ္ေနပါတယ္။ ဒါကို ေပ်ာက္ကင္းေအာင္ လုပ္ဖို႔အတြက္ ခက္ခက္ခဲခဲ မျဖစ္ပါဘူး။ မီးဖိုေခ်ာင္သံုးပစၥည္းတစ္မ်ိဳးျဖစ္တဲ့ Apple Cider Vinegar (ပန္းသီးရွာလကာရည္) တစ္မ်ိဳးသာ လိုအပ္ပါတယ္။

ခြက္တစ္ခုထဲသို႔ ပန္းသီးရွာလကာရည္ အနည္းငယ္ကို ထည့္ျပီး ဂြမ္းလံုးျဖင့္ တို႔ကာစိမ္လိုက္ပါ။ ထုိ႔ေနာက္ အသားပို၊ အသားသီးရွိရာ အေရျပားေပၚသို႔ မိနစ္အနည္းငယ္ၾကာ ပြတ္ေပးျပီး ၁၅မိနစ္ၾကာ အံုထားလိုက္ပါ။ ဂြမ္း အစား ပတ္တီးအပါးသံုးလို႔လည္း အဆင္ေျပပါတယ္။ ဒီနည္းအတုိင္း တစ္ပါတ္လွ်င္ ၂ၾကိမ္မွ ၃ၾကိမ္ ျပဳလုပ္ေပးမယ္ဆို အသားပိုမ်ား တေျဖးေျဖးမည္းလာျပီး ေျခာက္ေသြ႕ကာ ကြာက်သြားပါလိ့မ္မယ္။

မွတ္ခ်က္ ။ ဒီနည္းလမး္ကို အသံုးမျပဳခင္ အသားပို အေရျပားတစ္ဝိုက္ ယားယံျခင္း၊ ကုတ္ဖဲ့ထားျခင္း ရွိ၊မရွိ စစ္ေဆးထားပါ။ မဟုတ္လွ်င္ အေရျပားကို နီျမန္းၾကိမ္းစပ္လာေစနိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: CHAN

#Unicode Version#
အသားပို၊ အသားသီးတွေဟာ ပုံမှန်အားဖြင့် အရေပြားနူးညံ့တဲ့နေရာမှာ ပေါက်ရောက်ကြပါတယ်။ တစ်ခါတစ်ရံမှာ မျက်တောင်၊ လည်ပင်း၊ ချိုင်း၊ ရင်သားတဝိုက် နှင့် ပေါင်ခြံနေရာတွေအထိပါ ပွားလာတတ်ပါတယ်။

အနည်းဆုံး လူတိုင်း တစ်ကြိမ်တော့ အသားပိုပေါက်ပါတယ်။ ဒါဟာ အန္တရာယ်မရှိတဲ့ ကိစ္စဖြစ်သော်လည်း အရုပ်ဆိုးစေလို့ ရှက်ဖွယ်ကိစ္စတစ်ခု ဖြစ်နေပါတယ်။ ဒါကို ပျောက်ကင်းအောင် လုပ်ဖို့အတွက် ခက်ခက်ခဲခဲ မဖြစ်ပါဘူး။ မီးဖိုချောင်သုံးပစ္စည်းတစ်မျိုးဖြစ်တဲ့ Apple Cider Vinegar (ပန်းသီးရှာလကာရည်) တစ်မျိုးသာ လိုအပ်ပါတယ်။

ခွက်တစ်ခုထဲသို့ ပန်းသီးရှာလကာရည် အနည်းငယ်ကို ထည့်ပြီး ဂွမ်းလုံးဖြင့် တို့ကာစိမ်လိုက်ပါ။ ထို့နောက် အသားပို၊ အသားသီးရှိရာ အရေပြားပေါ်သို့ မိနစ်အနည်းငယ်ကြာ ပွတ်ပေးပြီး ၁၅မိနစ်ကြာ အုံထားလိုက်ပါ။ ဂွမ်း အစား ပတ်တီးအပါးသုံးလို့လည်း အဆင်ပြေပါတယ်။ ဒီနည်းအတိုင်း တစ်ပါတ်လျှင် ၂ကြိမ်မှ ၃ကြိမ် ပြုလုပ်ပေးမယ်ဆို အသားပိုများ တဖြေးဖြေးမည်းလာပြီး ခြောက်သွေ့ကာ ကွာကျသွားပါလိ့မ်မယ်။

မှတ်ချက် ။ ဒီနည်းလမ်းကို အသုံးမပြုခင် အသားပို အရေပြားတစ်ဝိုက် ယားယံခြင်း၊ ကုတ်ဖဲ့ထားခြင်း ရှိ၊မရှိ စစ်ဆေးထားပါ။ မဟုတ်လျှင် အရေပြားကို နီမြန်းကြိမ်းစပ်လာစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: CHAN
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top