ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

(ဆားလင္းႀကီးၿမိဳ႕နယ္ကံကုန္းေက်း႐ြာစာသင္ေက်ာင္းအနီးမွာဖြင့္လွစ္ထားတဲ့ မိုးႀကိဳးဆာလ္ဖ်ဴရစ္အက္စစ္စက္႐ုံကအနံ႔ဆိုးေတြထြက္ေနတာေၾကာင့္က်န္းမာေရးထိခိုက္မွာကိုစိုးရိမ္ၿပီး ေက်ာင္းသူေက်ာင္းသားေတြေက်ာင္းမတက္ႏိုင္ ဘဲ ျဖစ္ေနၾကတယ္။

မႏၲလးတိုင္းထဲမွာ ေဆာင္႐ြက္ေနတဲ့ လုပ္ငန္းစီမံကိန္းေတြမွာ ပတ္ဝန္းက်င္နဲ႔ လူမႈစီးပြားေရးထိခိုက္နစ္နာမႈဆိုင္ရာ စစ္ တမ္း (EIA/SIA) ေဆာင္႐ြက္ထားျခင္း ရွိမရွိ ျပန္စစ္ေဆးသြားမယ္လို႔ ေဒသအစိုးရက ဆိုပါတယ္။

သတင္းစာတစ္ေစာင္ထဲမွာပဲ သတင္း ဆိုးေရာ သတင္းေကာင္းပါ ဖတ္လိုက္ရတယ္။

ကမာၻတစ္ဝန္းလုံးမွာ စက္႐ုံအလုပ္႐ုံ လုပ္ငန္းစီမံကိန္းေတြရဲ႕ အားနည္းခ်က္ ေၾကာင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္တာ၊ လူေတြရဲ႕ က်န္းမာေရးကို ထိခိုက္ေသဆုံးရတာေတြ ျဖစ္ေနပါတယ္။

စက္႐ုံအလုပ္႐ုံလုပ္ငန္းစီမံကိန္း ေဖာ္ေဆာင္သူေတြဟာစာ႐ြက္ေပၚကစီမံကိန္းမွာကြန႔္ၫြန႔္ေကာင္းမြန္ၿပီး ေဒသခံေတြအတြက္အက်ိဳးမ်ားကာသဘာဝပတ္ဝန္းက်င္လည္းမထိခိုက္၊ ေဒသခံေတြရဲ႕က်န္းမာေရးလည္းမထိခိုက္ေၾကာင္း ႐ႊန္း႐ႊန္း ေဝေအာင္ ေဖာ္ျပၾကေပမဲ့ လက္ေတြ႕မွာ ေျပာတဲ့အတိုင္း မလုပ္တာ၊ အဆိုးေတြကို ဖုံးဖုံးဖိဖိလုပ္တာေတြေၾကာင့္ ထိခိုက္နစ္နာ ေသေက်ေနရတာ ေန႔စဥ္နဲ႔အမွ်ပါပဲ။

ထိုင္းႏိုင္ငံမွာ ေက်ာက္မီးေသြး စြမ္းအင္သုံး စက္မႈဇုန္တစ္ခု လုပ္ေဆာင္မႈ ေၾကာင့္ ေဒသခံအမ်ားအျပား ကင္ဆာ ျဖစ္တာ၊ ေရာဂါအမ်ိဳးစုံခံစားရၿပီး လူစဥ္မမီ ျဖစ္ကုန္တာ တုန္လႈပ္ေခ်ာက္ခ်ားစရာေတြ႕ႀကံဳခဲ့ရၿပီး ျဖစ္ပါတယ္။
စက္႐ုံအလုပ္႐ုံေတြ၊ စီမံကိန္းေတြရဲ႕ အလုပ္ခြင္အတြင္းမွာ လုပ္သားေတြ ေဘး ရန္ကင္းေစေအာင္ စီမံလုပ္ေဆာင္ေပးမႈ အားနည္းတယ္။ လုပ္သားမ်ားဘက္ကလည္း အသိအျမင္ခ်ိဳ႕တဲ့တာေရာ၊ဝမ္းေရးကို ငဲ့ရတာေရာေၾကာင့္ က်န္းမာေရးအတြက္ အကာအကြယ္ယူဖို႔ ပ်က္ကြက္ၾကတယ္။

စက္႐ုံအလုပ္႐ုံေတြ၊ စီမံကိန္းေတြက ေရဆိုးေတြ၊ အဆိပ္အညစ္အေၾကးေတြကို ျမစ္ေခ်ာင္းေတြထဲ လက္လြတ္စပယ္ စြန႔္ထုတ္မႈေၾကာင့္လူမ်ားစြာရဲ႕က်န္းမာေရးထိခိုက္တာ၊ ေရသတၱဝါေတြအဆိပ္သင့္ေသဆုံးတာေတြလည္း မၾကာခဏ ၾကားသိေနရတယ္။

အိႏၵိယႏိုင္ငံက သလင္းေက်ာက္ လုပ္ ငန္းခြင္ေတြမွာ အလုပ္လုပ္ကိုင္ရသူ လုပ္သားေတြဟာ အသက္ရွဴရာ ေက်ာက္မႈန္ ေတြ ဝင္ေရာက္တာေၾကာင့္ ဆီလီကိုးစစ္ ေခၚတဲ့ အမႈန္အမႈိက္ေၾကာင့္ အဆုတ္ကို ထိခိုက္တဲ့ေရာဂါ ျဖစ္တယ္။ လုပ္သားေတြ ရာခ်ီ ေသဆုံးတယ္။ ေရာဂါေဝဒနာခံစားရ သူ၊ ေသဆုံးသူလုပ္သားေတြရဲ႕ မိသားစုဝင္ေတြကိုနစ္နာေၾကးအေမရိကန္ေဒၚလာ၄၆၀ဝ ေပးေလ်ာ္ဖို႔ ယခုလေစာေစာပိုင္းမွာပဲ အိႏၵိယႏိုင္ငံႏိုင္ငံေတာ္တရားလႊတ္ေတာ္ခ်ဳပ္က ဂူဂ်ာရတ္ျပည္နယ္ အ စိုးရကို ၫႊန္ၾကားပါတယ္။

ေသဆုံးသူ လုပ္သားေတြဟာ မ်ား ေသာအားျဖင့္ ဂူဂ်ာရတ္ကေန မဒရာပရာ ေဒ့ရွ္ကစက္မႈလုပ္ငန္းေတြကိုသြားေရာက္အလုပ္လုပ္ကိုင္စဥ္မွာ အသက္ရွဴရာသလင္းေက်ာက္မႈန္ေတြ၊ဆီလီကြန္မႈန႔္အမႈိက္သ႐ိုက္ေတြပါဝင္တာေၾကာင့္ အ ဆုတ္ ေရာဂါေတြ ျဖစ္ပြား ေသဆုံးၾကရ တယ္။ ရာနဲ႔ ခ်ီတဲ့ အလုပ္သမားေတြဟာ ေရာဂါျဖစ္ၿပီး ေသဆုံးရတယ္။ မိသားစုဝင္ေတြဟာ နစ္ နာေၾကးရဖို႔အတြက္ ၿပီး ခဲ့တဲ့ ၁၀ ႏွစ္တာမွာတိုက္ပြဲဝင္ခဲ့ၾကရတယ္။

အိႏၵိယမွာေတာ့ နစ္နာသူေတြအတြက္ ေလ်ာ္ေၾကးေပးဖို႔ တရားလႊတ္ေတာ္ခ်ဳပ္က ဆုံးျဖတ္ေပးလိုက္ပါၿပီ။

ယခုတစ္ပတ္မွာ အဲသည္အေၾကာင္း ကို တင္ျပပါမယ္။)

ဟူရာဘီ ခမ်ာ အိပ္ရာ ဖ်ာကပ္ ျဖစ္ေန ရွာတယ္။ အားလည္း သိပ္ကို နည္းေနတယ္။

သူဟာ မသန႔္တဲ့ အမႈန္အမႊားေတြကို အသက္ရွဴရတာေၾကာင့္ ျဖစ္ရတဲ့ ဆီလီ ကိုးစစ္ေရာဂါကို ခံစားေနရတယ္။ သည္ ေရာဂါက သူ႔ခင္ပြန္း၊ သား၊ ေခြၽးမနဲ႔ အျခား ေဆြမ်ိဳးသားခ်င္းေတြရဲ႕ ဇီဝိန္ကို ေႁခြခဲ့ပါၿပီ။
“ဂူဂ်ာရတ္ကို အလုပ္သြားလုပ္ခဲ့တဲ့ ကြၽန္မတို႔ မိသားစုဝင္ေတြကို ဆုံးရႈံးလိုက္ရၿပီ”လို႔ သူက ကြၽန္ေတာ့္ကို ေျပာျပတယ္။

“ကြၽန္မလဲ အဲဒီမွာ အလုပ္သြားလုပ္ၿပီး ေနာက္ ဒီေရာဂါကို ခံစားေနရတာ သုံးႏွစ္ ရွိၿပီ၊ ကြၽန္မ အသက္ရွဴလို႔ မဝဘူး၊ အဆစ္ အျမစ္ေတြကိုက္တယ္၊ ပိုက္ဆံတစ္ျပား ေတာင္မွ ဘယ္ကမွ မရေတာ့ဘူး”

မဒရာ ပရာေဒ့ရွ္ ျပည္နယ္ထဲက ဂ်ာ ဘူ၊ ဒီဟာနဲ႔ အာလီရပ္ခ်္ပူရ္ ေဒသက ရာနဲ႔ ခ်ီတဲ့ မိသားစုေတြဟာ မရဏမင္း ေရာဂါ ဆိုးရဲ႕ သားေကာင္ေတြ ျဖစ္ရွာၾကရတယ္။

ဗက္စတာဘဟိုင္က ဂူဂ်ာရတ္မွာ ရွိ တဲ့ စက္႐ုံမွာ အလုပ္လုပ္ကိုင္တဲ့ သားေလး ေယာက္ကို ဆုံးရႈံးရပါတယ္။

“အလုပ္ခြင္မွာ သူတို႔က ေက်ာက္တုံး ႀကီးေတြကို ခြဲရတယ္၊ ဒီမွာ အလုပ္လုပ္ရင္း ပဲ သူတို႔အားလုံးဟာ ဆီလီကိုးစစ္ ေရာဂါကို ရၾကရေတာ့တာပဲ”လို႔ ဗက္စတာ ဘဟိုင္က ျပန္လည္ေျပာတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ပါ။ ႏိုင္ငံေတာ္ တရားလႊတ္ေတာ္ခ်ဳပ္ရဲ႕ လတ္တေလာဆုံးျဖတ္ခ်က္က သူတို႔အတြက္ ေမွ်ာ္လင့္ခ်က္အသစ္ေတြကို ေဆာင္ယူလာတယ္။
ဂူဂ်ာရတ္ျပည္နယ္အစိုးရကို နစ္နာ ေၾကး ထုတ္ေပးဖို႔ အမိန႔္ေပးျခင္းဟာ သူ တို႔က အလုပ္သမားေတြကို ဂ႐ုစိုက္မႈနည္း ၿပီး တရားမဝင္ဖြင့္လွစ္ထားတဲ့ သလင္းေက်ာက္အလုပ္႐ုံေတြကိုစီမံခန႔္ခြဲအေရးယူေဆာင္ရက္ဖို႔တြန္းအားေပးတာလည္း ျဖစ္ပါတယ္။

အျမဴယာ နီဒိဟာ အလုပ္သမားအခြင့္ အေရးအတြက္ တိုက္ပြဲဝင္ေနတဲ့ Swas-tha Adhikar Manch အင္န္ဂ်ီအိုအဖြဲ႕ ကပါ။

“ဒီဆုံးျဖတ္ခ်က္ကို လြန္ခဲ့တဲ့ ၁၀ ႏွစ္ကတည္းက ကြၽန္မတို႔ ေစာင့္ဆိုင္းေနခဲ့ တာပါ”လို႔ နီဒိက ေျပာတယ္။

“ဂူဂ်ာရတ္နဲ႔ မဒရာပရာေဒ့ရွ္ျပည္နယ္ အစိုးရတို႔ဟာ ဒါကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ၾကလိမ့္မယ္လို႔ အခုေတာ့ ကြၽန္မတို႔ ေမွ်ာ္လင့္ပါတယ္၊ မဒရာပရာ ေဒ့ရွ္ကလာတဲ့ ဆင္းရဲႏြမ္းပါးတဲ့ေ႐ႊ႕ေျပာင္း အလုပ္သမားေတြရဲ႕ အခြင့္အေရးကို အကာအကြယ္ေပးဖို႔ ဂူဂ်ာရတ္အစိုးရက ပ်က္ကြက္တာကို ႏိုင္ငံေတာ္ တရားလႊတ္ေတာ္ခ်ဳပ္က ေထာက္ျပတယ္။ အလုပ္သမားေတြခမ်ာ အႏၲရာယ္မ်ားလွတဲ့ မႏွစ္ၿမိဳ႕စရာ အလုပ္ခြင္မွာ အကာအကြယ္မပါ လုပ္ကိုင္ရာက ေနာက္ဆုံးမွာ ဆီလီကိုးစစ္ ေရာဂါကို ခံစားရေတာ့တာပဲ”

ဂူဂ်ာရတ္က သလင္းေက်ာက္အလုပ္ ႐ုံေလးခုမွာ အလုပ္လုပ္ကိုင္ခဲ့တဲ့ ရာနဲ႔ခ်ီတဲ့ အလုပ္သမားေတြဟာ မဒရာ ပရာေဒ့ရွ္က ကိုယ့္အိမ္ကို ကိုယ္ျပန္လာၿပီးေနာက္မွာ ဆီလီကိုးစစ္ေရာဂါခံစားရၿပီး အသက္ဆုံး ရႈံးၾကရတယ္။
သလင္းေက်ာက္အလုပ္႐ုံမွာ အလုပ္ လုပ္ၿပီး ျပန္လာခဲ့သူ အမ်ားစုဟာ အိပ္မရ တဲ့ ေဝဒနာခံစားရတယ္။

“သလင္းေက်ာက္တုံးေတြကို တူးေဖာ္ထုတ္လုပ္ၿပီးေနာက္ ခြဲစိတ္ရတယ္၊ ဒီအခ်ိန္မွာ သလင္းေက်ာက္မႈန္ေလးေတြ ထြက္ေတာ့တာပဲ၊ ေက်ာက္မႈန္ေတြကို ရွဴရႈိက္ရင္း အဆုတ္မွာစုတယ္၊ ဒီကမွ ဆီလီကိုး စစ္ ေရာဂါ ျဖစ္ေတာ့တယ္”

“အလုပ္လုပ္ရင္း အသက္ရွဴတိုင္း ေက်ာက္မႈန္ေလးေတြကို ရွဴသြင္းေနၾကရတာ၊ တစ္ခဏခ်င္းပဲ အမႈန္ေတြ အဆုတ္ထဲကို ေရာက္ကုန္တယ္၊ အဆုတ္ထဲက တစ္သွ်ဴးေတြမွာ ဒဏ္ရာဒဏ္ခ်က္ေတြ ျဖစ္ေစတယ္၊ မာခဲလာေစတယ္”လို႔ မဒရာ ပရာေဒ့ရွ္၊ ေဂ်ဟာဘူ အစိုးရေဆး႐ုံ ဆရာ ဝန္ ေဒါက္တာဘစ္ကရန႔္ ဘူရီယာက ရွင္း ျပတယ္။

“တျဖည္းျဖည္းခ်င္း အဆုတ္ထဲမွာ ေက်ာက္မႈန္ေတြ မာခဲလာၿပီး အသက္ရွဴ က်ပ္လာတယ္၊ ဖ်ားမယ္၊ ေခ်ာင္းဆိုးမယ္၊ ႏွစ္ပတ္ကေန ႏွစ္ႏွစ္အတြင္းမွာ အဲဒီလူဟာ အရမ္းအင္အားခ်ည့္နဲ႔လာၿပီး မစားခ်င္ မေသာက္ခ်င္ျဖစ္မယ္၊ အဆုတ္ရဲ႕ပ်က္စီးယိုယြင္းမႈ တိုးလာတာနဲ႔အမွ် အသက္ရွဴက်ပ္တာကို ခံစားရၿပီး ေနာက္ဆုံးေတာ့ ေသတယ္”

ကုန္လြန္ခဲ့တဲ့ ၁၀ ႏွစ္ေက်ာ္အတြင္း မဒရာ ပရာေဒ့ရွ္မွာ အလုပ္သမား ၆၀ဝ ေလာက္ ဆီလီကိုးစစ္ေရာဂါနဲ႔ ေသတယ္ လို႔ ရွီလ္ ကင္ဒါဟာ အမည္ရွိတဲ့ ေဒသတြင္း အဖြဲ႕ရဲ႕ သုေတသနျပဳခ်က္မွာ ေဖာ္ျပပါ တယ္။ ဒါကို ဂူဂ်ာရတ္က စက္႐ုံအလုပ္႐ုံ ပိုင္ရွင္ေတြက ျငင္းဆိုၾကတယ္။

၂၀၁၀ ျပည့္ႏွစ္မွာ အမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္က ဂူဂ်ာရတ္အစိုးရ ကို အလုပ္သမားေတြနဲ႔ သူတို႔မိသားစုေတြအတြက္ နစ္နာေၾကးကိစၥကို ေမးျမန္းေပမဲ့ ဘာျပန္ၾကားခ်က္မွ မရဘူး။
အစိုးရရဲ႕ ျပန္ၾကားခ်က္ကို ရဖို႔ဆိုတာ ခက္တယ္လို႔ နီဒိက ေျပာတယ္။

“စက္႐ုံအလုပ္႐ုံေတြကို အစိုးရက အ ေရးယူ ေဆာင္႐ြက္ေပးဖို႔ သူတို႔နဲ႔ေတြ႕ဖို႔ ကြၽန္မတို႔ ႀကိဳးစားတာ မလြယ္ဘူး၊ အျပစ္ မဲ့တဲ့ လုပ္သားေတြ ေထာင္ေခ်ာက္ဆင္မခံ ရေစဖို႔၊ ကိုယ္က်ိဳးရွာ အျမတ္ထုတ္မခံရဖို႔ ကြၽန္မတို႔က အစိုးရနဲ႔ နီးနီးစပ္စပ္ရွိေနဖို႔ လိုပါတယ္၊ လုံေလာက္တဲ့ ေဘးကင္း ရန္ ကာ လုပ္ေဆာင္ေပးထားတာ မရွိတဲ့ အလုုပ္႐ုံစက္႐ုံမွာ လုပ္ရတဲ့ လုပ္သားေတြဟာ တစ္ေန႔ေတာ့ ဒါေၾကာင့္ ေသၾကရမွာပဲ”လို႔ နီဒိက ေျပာတယ္။

ႏိုင္ငံေတာ္ တရားလႊတ္ေတာ္ခ်ဳပ္က ဥပေဒသစ္ျပ႒ာန္းေပးလိုက္တာဟာ အ ေျပာင္းအလဲတစ္ခု ျဖစ္ေပၚေစမယ္လို႔ ယခုေတာ့ ေမွ်ာ္လင့္ရတာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Original Writer
# Unicode Version ျဖင့္ ဖတ္ပါ #
(ဆားလင်းကြီးမြို့နယ်ကံကုန်းကျေးရွာစာသင်ကျောင်းအနီးမှာဖွင့်လှစ်ထားတဲ့ မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံကအနံ့ဆိုးတွေထွက်နေတာကြောင့်ကျန်းမာရေးထိခိုက်မှာကိုစိုးရိမ်ပြီး ကျောင်းသူကျောင်းသားတွေကျောင်းမတက်နိုင် ဘဲ ဖြစ်နေကြတယ်။

မန္တလးတိုင်းထဲမှာ ဆောင်ရွက်နေတဲ့ လုပ်ငန်းစီမံကိန်းတွေမှာ ပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေးထိခိုက်နစ်နာမှုဆိုင်ရာ စစ် တမ်း (EIA/SIA) ဆောင်ရွက်ထားခြင်း ရှိမရှိ ပြန်စစ်ဆေးသွားမယ်လို့ ဒေသအစိုးရက ဆိုပါတယ်။

သတင်းစာတစ်စောင်ထဲမှာပဲ သတင်း ဆိုးရော သတင်းကောင်းပါ ဖတ်လိုက်ရတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ စက်ရုံအလုပ်ရုံ လုပ်ငန်းစီမံကိန်းတွေရဲ့ အားနည်းချက် ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်တာ၊ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်သေဆုံးရတာတွေ ဖြစ်နေပါတယ်။

စက်ရုံအလုပ်ရုံလုပ်ငန်းစီမံကိန်း ဖော်ဆောင်သူတွေဟာစာရွက်ပေါ်ကစီမံကိန်းမှာကွန့်ညွန့်ကောင်းမွန်ပြီး ဒေသခံတွေအတွက်အကျိုးများကာသဘာဝပတ်ဝန်းကျင်လည်းမထိခိုက်၊ ဒေသခံတွေရဲ့ကျန်းမာရေးလည်းမထိခိုက်ကြောင်း ရွှန်းရွှန်း ဝေအောင် ဖော်ပြကြပေမဲ့ လက်တွေ့မှာ ပြောတဲ့အတိုင်း မလုပ်တာ၊ အဆိုးတွေကို ဖုံးဖုံးဖိဖိလုပ်တာတွေကြောင့် ထိခိုက်နစ်နာ သေကျေနေရတာ နေ့စဉ်နဲ့အမျှပါပဲ။

ထိုင်းနိုင်ငံမှာ ကျောက်မီးသွေး စွမ်းအင်သုံး စက်မှုဇုန်တစ်ခု လုပ်ဆောင်မှု ကြောင့် ဒေသခံအများအပြား ကင်ဆာ ဖြစ်တာ၊ ရောဂါအမျိုးစုံခံစားရပြီး လူစဉ်မမီ ဖြစ်ကုန်တာ တုန်လှုပ်ချောက်ချားစရာတွေ့ကြုံခဲ့ရပြီး ဖြစ်ပါတယ်။
စက်ရုံအလုပ်ရုံတွေ၊ စီမံကိန်းတွေရဲ့ အလုပ်ခွင်အတွင်းမှာ လုပ်သားတွေ ဘေး ရန်ကင်းစေအောင် စီမံလုပ်ဆောင်ပေးမှု အားနည်းတယ်။ လုပ်သားများဘက်ကလည်း အသိအမြင်ချို့တဲ့တာရော၊ဝမ်းရေးကို ငဲ့ရတာရောကြောင့် ကျန်းမာရေးအတွက် အကာအကွယ်ယူဖို့ ပျက်ကွက်ကြတယ်။

စက်ရုံအလုပ်ရုံတွေ၊ စီမံကိန်းတွေက ရေဆိုးတွေ၊ အဆိပ်အညစ်အကြေးတွေကို မြစ်ချောင်းတွေထဲ လက်လွတ်စပယ် စွန့်ထုတ်မှုကြောင့်လူများစွာရဲ့ကျန်းမာရေးထိခိုက်တာ၊ ရေသတ္တဝါတွေအဆိပ်သင့်သေဆုံးတာတွေလည်း မကြာခဏ ကြားသိနေရတယ်။

အိန္ဒိယနိုင်ငံက သလင်းကျောက် လုပ် ငန်းခွင်တွေမှာ အလုပ်လုပ်ကိုင်ရသူ လုပ်သားတွေဟာ အသက်ရှူရာ ကျောက်မှုန် တွေ ဝင်ရောက်တာကြောင့် ဆီလီကိုးစစ် ခေါ်တဲ့ အမှုန်အမှိုက်ကြောင့် အဆုတ်ကို ထိခိုက်တဲ့ရောဂါ ဖြစ်တယ်။ လုပ်သားတွေ ရာချီ သေဆုံးတယ်။ ရောဂါဝေဒနာခံစားရ သူ၊ သေဆုံးသူလုပ်သားတွေရဲ့ မိသားစုဝင်တွေကိုနစ်နာကြေးအမေရိကန်ဒေါ်လာ၄၆၀ဝ ပေးလျော်ဖို့ ယခုလစောစောပိုင်းမှာပဲ အိန္ဒိယနိုင်ငံနိုင်ငံတော်တရားလွှတ်တော်ချုပ်က ဂူဂျာရတ်ပြည်နယ် အ စိုးရကို ညွှန်ကြားပါတယ်။

သေဆုံးသူ လုပ်သားတွေဟာ များ သောအားဖြင့် ဂူဂျာရတ်ကနေ မဒရာပရာ ဒေ့ရှ်ကစက်မှုလုပ်ငန်းတွေကိုသွားရောက်အလုပ်လုပ်ကိုင်စဉ်မှာ အသက်ရှူရာသလင်းကျောက်မှုန်တွေ၊ဆီလီကွန်မှုန့်အမှိုက်သရိုက်တွေပါဝင်တာကြောင့် အ ဆုတ် ရောဂါတွေ ဖြစ်ပွား သေဆုံးကြရ တယ်။ ရာနဲ့ ချီတဲ့ အလုပ်သမားတွေဟာ ရောဂါဖြစ်ပြီး သေဆုံးရတယ်။ မိသားစုဝင်တွေဟာ နစ် နာကြေးရဖို့အတွက် ပြီး ခဲ့တဲ့ ၁၀ နှစ်တာမှာတိုက်ပွဲဝင်ခဲ့ကြရတယ်။

အိန္ဒိယမှာတော့ နစ်နာသူတွေအတွက် လျော်ကြေးပေးဖို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပေးလိုက်ပါပြီ။

ယခုတစ်ပတ်မှာ အဲသည်အကြောင်း ကို တင်ပြပါမယ်။)

ဟူရာဘီ ခမျာ အိပ်ရာ ဖျာကပ် ဖြစ်နေ ရှာတယ်။ အားလည်း သိပ်ကို နည်းနေတယ်။

သူဟာ မသန့်တဲ့ အမှုန်အမွှားတွေကို အသက်ရှူရတာကြောင့် ဖြစ်ရတဲ့ ဆီလီ ကိုးစစ်ရောဂါကို ခံစားနေရတယ်။ သည် ရောဂါက သူ့ခင်ပွန်း၊ သား၊ ချွေးမနဲ့ အခြား ဆွေမျိုးသားချင်းတွေရဲ့ ဇီဝိန်ကို ခြွေခဲ့ပါပြီ။
“ဂူဂျာရတ်ကို အလုပ်သွားလုပ်ခဲ့တဲ့ ကျွန်မတို့ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရပြီ”လို့ သူက ကျွန်တော့်ကို ပြောပြတယ်။

“ကျွန်မလဲ အဲဒီမှာ အလုပ်သွားလုပ်ပြီး နောက် ဒီရောဂါကို ခံစားနေရတာ သုံးနှစ် ရှိပြီ၊ ကျွန်မ အသက်ရှူလို့ မဝဘူး၊ အဆစ် အမြစ်တွေကိုက်တယ်၊ ပိုက်ဆံတစ်ပြား တောင်မှ ဘယ်ကမှ မရတော့ဘူး”

မဒရာ ပရာဒေ့ရှ် ပြည်နယ်ထဲက ဂျာ ဘူ၊ ဒီဟာနဲ့ အာလီရပ်ချ်ပူရ် ဒေသက ရာနဲ့ ချီတဲ့ မိသားစုတွေဟာ မရဏမင်း ရောဂါ ဆိုးရဲ့ သားကောင်တွေ ဖြစ်ရှာကြရတယ်။

ဗက်စတာဘဟိုင်က ဂူဂျာရတ်မှာ ရှိ တဲ့ စက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့ သားလေး ယောက်ကို ဆုံးရှုံးရပါတယ်။

“အလုပ်ခွင်မှာ သူတို့က ကျောက်တုံး ကြီးတွေကို ခွဲရတယ်၊ ဒီမှာ အလုပ်လုပ်ရင်း ပဲ သူတို့အားလုံးဟာ ဆီလီကိုးစစ် ရောဂါကို ရကြရတော့တာပဲ”လို့ ဗက်စတာ ဘဟိုင်က ပြန်လည်ပြောတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နိုင်ငံတော် တရားလွှတ်တော်ချုပ်ရဲ့ လတ်တလောဆုံးဖြတ်ချက်က သူတို့အတွက် မျှော်လင့်ချက်အသစ်တွေကို ဆောင်ယူလာတယ်။
ဂူဂျာရတ်ပြည်နယ်အစိုးရကို နစ်နာ ကြေး ထုတ်ပေးဖို့ အမိန့်ပေးခြင်းဟာ သူ တို့က အလုပ်သမားတွေကို ဂရုစိုက်မှုနည်း ပြီး တရားမဝင်ဖွင့်လှစ်ထားတဲ့ သလင်းကျောက်အလုပ်ရုံတွေကိုစီမံခန့်ခွဲအရေးယူဆောင်ရက်ဖို့တွန်းအားပေးတာလည်း ဖြစ်ပါတယ်။

အမြူယာ နီဒိဟာ အလုပ်သမားအခွင့် အရေးအတွက် တိုက်ပွဲဝင်နေတဲ့ Swas-tha Adhikar Manch အင်န်ဂျီအိုအဖွဲ့ ကပါ။

“ဒီဆုံးဖြတ်ချက်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ကျွန်မတို့ စောင့်ဆိုင်းနေခဲ့ တာပါ”လို့ နီဒိက ပြောတယ်။

“ဂူဂျာရတ်နဲ့ မဒရာပရာဒေ့ရှ်ပြည်နယ် အစိုးရတို့ဟာ ဒါကို အကောင်အထည်ဖော် ဆောင်ရွက်ကြလိမ့်မယ်လို့ အခုတော့ ကျွန်မတို့ မျှော်လင့်ပါတယ်၊ မဒရာပရာ ဒေ့ရှ်ကလာတဲ့ ဆင်းရဲနွမ်းပါးတဲ့ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ဂူဂျာရတ်အစိုးရက ပျက်ကွက်တာကို နိုင်ငံတော် တရားလွှတ်တော်ချုပ်က ထောက်ပြတယ်။ အလုပ်သမားတွေခမျာ အန္တရာယ်များလှတဲ့ မနှစ်မြို့စရာ အလုပ်ခွင်မှာ အကာအကွယ်မပါ လုပ်ကိုင်ရာက နောက်ဆုံးမှာ ဆီလီကိုးစစ် ရောဂါကို ခံစားရတော့တာပဲ”

ဂူဂျာရတ်က သလင်းကျောက်အလုပ် ရုံလေးခုမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ ရာနဲ့ချီတဲ့ အလုပ်သမားတွေဟာ မဒရာ ပရာဒေ့ရှ်က ကိုယ့်အိမ်ကို ကိုယ်ပြန်လာပြီးနောက်မှာ ဆီလီကိုးစစ်ရောဂါခံစားရပြီး အသက်ဆုံး ရှုံးကြရတယ်။
သလင်းကျောက်အလုပ်ရုံမှာ အလုပ် လုပ်ပြီး ပြန်လာခဲ့သူ အများစုဟာ အိပ်မရ တဲ့ ဝေဒနာခံစားရတယ်။

“သလင်းကျောက်တုံးတွေကို တူးဖော်ထုတ်လုပ်ပြီးနောက် ခွဲစိတ်ရတယ်၊ ဒီအချိန်မှာ သလင်းကျောက်မှုန်လေးတွေ ထွက်တော့တာပဲ၊ ကျောက်မှုန်တွေကို ရှူရှိုက်ရင်း အဆုတ်မှာစုတယ်၊ ဒီကမှ ဆီလီကိုး စစ် ရောဂါ ဖြစ်တော့တယ်”

“အလုပ်လုပ်ရင်း အသက်ရှူတိုင်း ကျောက်မှုန်လေးတွေကို ရှူသွင်းနေကြရတာ၊ တစ်ခဏချင်းပဲ အမှုန်တွေ အဆုတ်ထဲကို ရောက်ကုန်တယ်၊ အဆုတ်ထဲက တစ်သျှူးတွေမှာ ဒဏ်ရာဒဏ်ချက်တွေ ဖြစ်စေတယ်၊ မာခဲလာစေတယ်”လို့ မဒရာ ပရာဒေ့ရှ်၊ ဂျေဟာဘူ အစိုးရဆေးရုံ ဆရာ ဝန် ဒေါက်တာဘစ်ကရန့် ဘူရီယာက ရှင်း ပြတယ်။

“တဖြည်းဖြည်းချင်း အဆုတ်ထဲမှာ ကျောက်မှုန်တွေ မာခဲလာပြီး အသက်ရှူ ကျပ်လာတယ်၊ ဖျားမယ်၊ ချောင်းဆိုးမယ်၊ နှစ်ပတ်ကနေ နှစ်နှစ်အတွင်းမှာ အဲဒီလူဟာ အရမ်းအင်အားချည့်နဲ့လာပြီး မစားချင် မသောက်ချင်ဖြစ်မယ်၊ အဆုတ်ရဲ့ပျက်စီးယိုယွင်းမှု တိုးလာတာနဲ့အမျှ အသက်ရှူကျပ်တာကို ခံစားရပြီး နောက်ဆုံးတော့ သေတယ်”

ကုန်လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်း မဒရာ ပရာဒေ့ရှ်မှာ အလုပ်သမား ၆၀ဝ လောက် ဆီလီကိုးစစ်ရောဂါနဲ့ သေတယ် လို့ ရှီလ် ကင်ဒါဟာ အမည်ရှိတဲ့ ဒေသတွင်း အဖွဲ့ရဲ့ သုတေသနပြုချက်မှာ ဖော်ပြပါ တယ်။ ဒါကို ဂူဂျာရတ်က စက်ရုံအလုပ်ရုံ ပိုင်ရှင်တွေက ငြင်းဆိုကြတယ်။

၂၀၁၀ ပြည့်နှစ်မှာ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဂူဂျာရတ်အစိုးရ ကို အလုပ်သမားတွေနဲ့ သူတို့မိသားစုတွေအတွက် နစ်နာကြေးကိစ္စကို မေးမြန်းပေမဲ့ ဘာပြန်ကြားချက်မှ မရဘူး။
အစိုးရရဲ့ ပြန်ကြားချက်ကို ရဖို့ဆိုတာ ခက်တယ်လို့ နီဒိက ပြောတယ်။

“စက်ရုံအလုပ်ရုံတွေကို အစိုးရက အ ရေးယူ ဆောင်ရွက်ပေးဖို့ သူတို့နဲ့တွေ့ဖို့ ကျွန်မတို့ ကြိုးစားတာ မလွယ်ဘူး၊ အပြစ် မဲ့တဲ့ လုပ်သားတွေ ထောင်ချောက်ဆင်မခံ ရစေဖို့၊ ကိုယ်ကျိုးရှာ အမြတ်ထုတ်မခံရဖို့ ကျွန်မတို့က အစိုးရနဲ့ နီးနီးစပ်စပ်ရှိနေဖို့ လိုပါတယ်၊ လုံလောက်တဲ့ ဘေးကင်း ရန် ကာ လုပ်ဆောင်ပေးထားတာ မရှိတဲ့ အလုပ်ရုံစက်ရုံမှာ လုပ်ရတဲ့ လုပ်သားတွေဟာ တစ်နေ့တော့ ဒါကြောင့် သေကြရမှာပဲ”လို့ နီဒိက ပြောတယ်။

နိုင်ငံတော် တရားလွှတ်တော်ချုပ်က ဥပဒေသစ်ပြဋ္ဌာန်းပေးလိုက်တာဟာ အ ပြောင်းအလဲတစ်ခု ဖြစ်ပေါ်စေမယ်လို့ ယခုတော့ မျှော်လင့်ရတာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top