မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

မိန္​းက​ေလး​ေတြ စိတ္​ဓာတ္​ခုိင္​မာ ဖုိ႔လုိအပ္​ပါတယ္​

အသက္ ၁၄ ႏွစ္မွ ၁၆ ႏွစ္ဝန္းက်င္ရွိ မိန္းကေလး ေလးဦးကို ျပည့္တန္ဆာ အလုပ္ေစခုိင္းသည့္ အမ်ဳိးသားတစ္ဦးႏွင့္ အမ်ဳိးသမီး သံုးဦးတုိ႔ကို ေအာက္တုိဘာလ ၁၀ ရက္ေန႔က ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖမ္းဆီးခံရသူ ေလးဦးတြင္ ပါဝင္သည့္ အသက္ ၅၁ ႏွစ္အရြယ္ အမ်ဳိးသားႏွင့္ ၎၏ဇနီးျဖစ္သူ အသက္ ၃၃ ႏွစ္ အမ်ဳိးသမီးတုိ႔မွာ ယခုႏွစ္ ေမလက ဒဂံုအေရွ႕ၿမိဳ႕နယ္၊ ၁၂၅ ရပ္ကြက္၊ ျမတ္သစၥာလမ္းရွိ ၎တုိ႔၏ေနအိမ္သို႔ ေရာက္ရွိလာေသာ ေျမးျဖစ္သူ အသက္ ၁၅ ႏွစ္ မိန္းကေလးအပါအဝင္ မိန္းကေလး သံုးဦးကို ျပည့္တန္ဆာအလုပ္ ေစခုိင္းခဲ့ေၾကာင္း အမႈဖြင့္တုိင္ၾကားခ်က္အရ သိရသည္။

“ျပည့္တန္ဆာ အလုပ္ေစခုိင္းခံရတဲ့ မိန္းကေလးသံုးေယာက္က လႈိင္သာယာ အထည္ခ်ဳပ္စက္႐ံုမွာ အလုပ္လာေလွ်ာက္ရင္း ခင္မင္ခဲ့ၾကတာ။ အဲ့ဒီထဲက မိန္းကေလးတစ္ေယာက္က ဒဂံုအေရွ႕မွာရွိတဲ့ သူ႔အဘိုးျဖစ္သူအိမ္ကို အလည္လုိက္ခဲ့ဖို႔​သူငယ္ခ်င္းေတြကို ေခၚသြားတယ္။ ဟုိလည္းေရာက္ေရာ အဘိုးရဲ႕ ေနာက္မိန္းမ — က သူတို႔သံုးေယာက္ကို ျပည့္တန္ဆာအလုပ္ လုပ္ခုိင္းခဲ့တာလို႔ စစ္ေဆးေပၚေပါက္ခဲ့တယ္”ဟု ရဲအရာရွိက ရွင္းျပသည္။

အဆုိပါ မိန္းကေလးသံုးဦးကို ထိုအိမ္တြင္ ဆက္ေနလိုပါက ျပည့္တန္ဆာအလုပ္ လုပ္ရမည္ျဖစ္ေၾကာင္း ေျပာဆုိသျဖင့္ ၎တို႔သံုးဦးမွာ တုိင္ပင္ၿပီးေနာက္ လက္ခံ၍ ၎တို႔ ဆက္သြယ္ေပးသည့္ အမ်ဳိးသားမ်ားႏွင့္အတူ ဟုိတယ္၊ တည္းခုိခန္းမ်ား သြားေရာက္၍ အတူေနထိုင္ေပးခဲ့ေသာ္လည္း ေငြမရခဲ့ေၾကာင္းႏွင့္ ၾသဂုတ္လက ထုိအမ်ဳိးသမီး၏ ပထမအိမ္ေထာင္ႏွင့္ ရရွိခဲ့ေသာ အသက္ ၁၆ ႏွစ္ သမီးျဖစ္သူ အပါအဝင္ ၎တုိ႔ သံုးဦးကို စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေခမာသီရိရပ္ကြက္၊ သီရိလမ္းရွိ မသင္းသင္းခုိင္ (ခ) မလတ္တို႔၏ ေနအိမ္သုိ႔​ပုိ႔ေဆာင္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“ —- က သူ႔ေျမးနဲ႔ မယားပါသမီးပါ မခ်န္ စမ္းေခ်ာင္းမွာရွိတဲ့ မလတ္တုိ႔ တုိက္ခန္းကိုပို႔ၿပီး ျပည့္တန္ဆာ အလုပ္ကို ေစခုိင္းခဲ့တယ္။ လုပ္အားခ ႀကိဳတင္ေငြေတြကိုလည္း သူတို႔လင္မယားႏွစ္ေယာက္က ထုတ္ယူသြားတာလုိ႔​သိရၿပီး ကေလးမ ေလးေယာက္စလံုးကို မလတ္တုိ႔က ျပည့္တန္ဆာအလုပ္ ႏွစ္လနီးပါး လုပ္ကုိင္ခုိင္းခဲ့တယ္။ ဒီအမႈကို လာတုိင္ၾကားတဲ့ေန႔မွာပဲ —အပါအဝင္ ေလးေယာက္ကို ဖမ္းဆီးအေရးယူခဲ့တယ္”ဟု ရဲအရာရွိက ေျပာဆုိသည္။

အမႈျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အဆုိပါ လင္မယားႏွင့္ မသင္းသင္းခုိင္ (ခ) မလတ္ႏွင့္ မငယ္တုိ႔ ေလးဦးကို ဒဂံုအေရွ႕ ၿမိဳ႕မရဲစခန္းတြင္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၂၄/၃၂ ျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႔ထံမွ သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version#
မိန်းကလေးတွေ စိတ်ဓာတ်ခိုင်မာ ဖို့လိုအပ်ပါတယ်

အသက် ၁၄ နှစ်မှ ၁၆ နှစ်ဝန်းကျင်ရှိ မိန်းကလေး လေးဦးကို ပြည့်တန်ဆာ အလုပ်စေခိုင်းသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ကို အောက်တိုဘာလ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးခံရသူ လေးဦးတွင် ပါဝင်သည့် အသက် ၅၁ နှစ်အရွယ် အမျိုးသားနှင့် ၎င်း၏ဇနီးဖြစ်သူ အသက် ၃၃ နှစ် အမျိုးသမီးတို့မှာ ယခုနှစ် မေလက ဒဂုံအရှေ့မြို့နယ်၊ ၁၂၅ ရပ်ကွက်၊ မြတ်သစ္စာလမ်းရှိ ၎င်းတို့၏နေအိမ်သို့ ရောက်ရှိလာသော မြေးဖြစ်သူ အသက် ၁၅ နှစ် မိန်းကလေးအပါအဝင် မိန်းကလေး သုံးဦးကို ပြည့်တန်ဆာအလုပ် စေခိုင်းခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

“ပြည့်တန်ဆာ အလုပ်စေခိုင်းခံရတဲ့ မိန်းကလေးသုံးယောက်က လှိုင်သာယာ အထည်ချုပ်စက်ရုံမှာ အလုပ်လာလျှောက်ရင်း ခင်မင်ခဲ့ကြတာ။ အဲ့ဒီထဲက မိန်းကလေးတစ်ယောက်က ဒဂုံအရှေ့မှာရှိတဲ့ သူ့အဘိုးဖြစ်သူအိမ်ကို အလည်လိုက်ခဲ့ဖို့သူငယ်ချင်းတွေကို ခေါ်သွားတယ်။ ဟိုလည်းရောက်ရော အဘိုးရဲ့ နောက်မိန်းမ — က သူတို့သုံးယောက်ကို ပြည့်တန်ဆာအလုပ် လုပ်ခိုင်းခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

အဆိုပါ မိန်းကလေးသုံးဦးကို ထိုအိမ်တွင် ဆက်နေလိုပါက ပြည့်တန်ဆာအလုပ် လုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ၎င်းတို့သုံးဦးမှာ တိုင်ပင်ပြီးနောက် လက်ခံ၍ ၎င်းတို့ ဆက်သွယ်ပေးသည့် အမျိုးသားများနှင့်အတူ ဟိုတယ်၊ တည်းခိုခန်းများ သွားရောက်၍ အတူနေထိုင်ပေးခဲ့သော်လည်း ငွေမရခဲ့ကြောင်းနှင့် သြဂုတ်လက ထိုအမျိုးသမီး၏ ပထမအိမ်ထောင်နှင့် ရရှိခဲ့သော အသက် ၁၆ နှစ် သမီးဖြစ်သူ အပါအဝင် ၎င်းတို့ သုံးဦးကို စမ်းချောင်းမြို့နယ်၊ ခေမာသီရိရပ်ကွက်၊ သီရိလမ်းရှိ မသင်းသင်းခိုင် (ခ) မလတ်တို့၏ နေအိမ်သို့ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ —- က သူ့မြေးနဲ့ မယားပါသမီးပါ မချန် စမ်းချောင်းမှာရှိတဲ့ မလတ်တို့ တိုက်ခန်းကိုပို့ပြီး ပြည့်တန်ဆာ အလုပ်ကို စေခိုင်းခဲ့တယ်။ လုပ်အားခ ကြိုတင်ငွေတွေကိုလည်း သူတို့လင်မယားနှစ်ယောက်က ထုတ်ယူသွားတာလို့သိရပြီး ကလေးမ လေးယောက်စလုံးကို မလတ်တို့က ပြည့်တန်ဆာအလုပ် နှစ်လနီးပါး လုပ်ကိုင်ခိုင်းခဲ့တယ်။ ဒီအမှုကို လာတိုင်ကြားတဲ့နေ့မှာပဲ —အပါအဝင် လေးယောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်”ဟု ရဲအရာရှိက ပြောဆိုသည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အဆိုပါ လင်မယားနှင့် မသင်းသင်းခိုင် (ခ) မလတ်နှင့် မငယ်တို့ လေးဦးကို ဒဂုံအရှေ့ မြို့မရဲစခန်းတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top