(၉) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုး အိမ္ၿခံေျမအေရာင္းျပပဲြၾကီး
×

ခ်င္းျပည္နယ္၊ တြန္းဇံၿမိဳ႕နယ္၊ တီြးတူမ္းေက်းရြာအနီးတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တုိဘာလ (၄)ရက္ေန႔ ညေန(၃)နာရီ(၄၀)မိနစ္အခ်ိန္ တြန္းဇံ-က်ီခါး လမ္းေပၚရွိ ကီလုိမီတာ(၅၀-၅၁)အၾကားတြင္ ယာဥ္တစ္စီးေခ်ာက္ထဲသုိ႔ထုိးက်၍ လူတစ္ဦးေသဆံုး ႏွစ္ဦးဒဏ္ရာ ရရွိမႈ ျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ယာဥ္ေမာင္း ဇမ္ရွင္းေဟာက္(၁၉)ႏွစ္(ဘ)ဦးေပါင္ဆြင္းခမ္သည္ ယာဥ္အမွတ္(7L/----) SKAT(ျဖဴ)ျဖင့္ နတ္ဇန္ေက်းရြာမွသဲမ်ား တင္ေဆာင္ကာ ေနာက္လုိက္ ဆြင္ဗ်က္ဆန္(၂၀)ႏွစ္ (ဘ)ဦးဇင့္ရွင္းထန္ႏွင့္ ဒါလ္းဇကပ္(၂၀)ႏွစ္(ဘ)ဦးထန္ဆြင္းေထာင္ႏွင့္အတူ တြန္းဇံၿမိဳ႕သုိ႔ ျပန္တက္ လာခဲ့ၾကသည္။

 က်ီခါး-တြန္းဇံလမ္း ကီလုိမီတာ(၅၀-၅၁)ၾကား တြန္းဇံၿမိဳ႕မွ(၅)ဖာလံုခန္႔အကြာတြင္ အရွိန္မထိန္းႏုိင္ဘဲ ေခ်ာက္ထဲသုိ႔ (၁၂၀)ေပခန္႔ ထုိးက်တိမ္းေမွာက္လ်က္ရွိခဲ့ရာ ယာဥ္ေမာင္း ဇမ္ရွင္းေဟာက္(၁၉)ႏွစ္(ဘ)ဦးေပါင္ဆြင္းခမ္သည္ ဦးေခါင္းေနာက္ေစ့ဖူးေရာင္ဒဏ္ရာႏွင့္ ေက်ာကုန္း ညဳိမဲဒဏ္ရာျဖင့္ အခင္းျဖစ္ပြားသည့္ေနရာတြင္ ေသဆံုးလ်က္ရွိသည္။

 ယာဥ္ေနာက္လုိက္ ဆြင္ဗ်က္ဆန္(၂၀)ႏွစ္ (ဘ)ဦးဇင့္ရွင္းထန္သည္ ၀ဲဘက္ေျခသလံုး႐ုိးက်ဳိးဒဏ္ရာ(မစုိးရိမ္ရ)ရရွိသည့္အျပင္ ဒါလ္းဇကပ္(၂၀)ႏွစ္(ဘ)ဦးထန္ဆြင္းေထာင္သည္ ၀ဲဘက္မ်က္ခံုး ေပါက္ၿပဲဒဏ္ရာ(မစုိးရိမ္ရ)ရရွိခဲ့သည္။

 ယာဥ္အားမဆင္မျခင္ေမာင္းႏွင္ၿပီး ေခ်ာက္ထဲျပဳတ္က်ကာ နာက်င္ဒဏ္ရာမ်ားႏွင့္အသက္ေသေစေအာင္ ေမာင္းႏွင္ခဲ့သူ ဇမ္ရွင္းေဟာက္အား ယာဥ္(ပ)၂/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၃၇/၃၃၈/၃၀၄ တုိ႔ျဖင့္ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:တြန္းဇံ သတင္း

#Unicode Version#
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့ ညနေ(၃)နာရီ(၄၀)မိနစ်အချိန် တွန်းဇံ-ကျီခါး လမ်းပေါ်ရှိ ကီလိုမီတာ(၅၀-၅၁)အကြားတွင် ယာဉ်တစ်စီးချောက်ထဲသို့ထိုးကျ၍ လူတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဇမ်ရှင်းဟောက်(၁၉)နှစ်(ဘ)ဦးပေါင်ဆွင်းခမ်သည် ယာဉ်အမှတ်(7L/----) SKAT(ဖြူ)ဖြင့် နတ်ဇန်ကျေးရွာမှသဲများ တင်ဆောင်ကာ နောက်လိုက် ဆွင်ဗျက်ဆန်(၂၀)နှစ် (ဘ)ဦးဇင့်ရှင်းထန်နှင့် ဒါလ်းဇကပ်(၂၀)နှစ်(ဘ)ဦးထန်ဆွင်းထောင်နှင့်အတူ တွန်းဇံမြို့သို့ ပြန်တက် လာခဲ့ကြသည်။

 ကျီခါး-တွန်းဇံလမ်း ကီလိုမီတာ(၅၀-၅၁)ကြား တွန်းဇံမြို့မှ(၅)ဖာလုံခန့်အကွာတွင် အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ (၁၂၀)ပေခန့် ထိုးကျတိမ်းမှောက်လျက်ရှိခဲ့ရာ ယာဉ်မောင်း ဇမ်ရှင်းဟောက်(၁၉)နှစ်(ဘ)ဦးပေါင်ဆွင်းခမ်သည် ဦးခေါင်းနောက်စေ့ဖူးရောင်ဒဏ်ရာနှင့် ကျောကုန်း ညိုမဲဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးလျက်ရှိသည်။

 ယာဉ်နောက်လိုက် ဆွင်ဗျက်ဆန်(၂၀)နှစ် (ဘ)ဦးဇင့်ရှင်းထန်သည် ဝဲဘက်ခြေသလုံးရိုးကျိုးဒဏ်ရာ(မစိုးရိမ်ရ)ရရှိသည့်အပြင် ဒါလ်းဇကပ်(၂၀)နှစ်(ဘ)ဦးထန်ဆွင်းထောင်သည် ဝဲဘက်မျက်ခုံး ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သည်။

 ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီး ချောက်ထဲပြုတ်ကျကာ နာကျင်ဒဏ်ရာများနှင့်အသက်သေစေအောင် မောင်းနှင်ခဲ့သူ ဇမ်ရှင်းဟောက်အား ယာဉ်(ပ)၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄ တို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:တွန်းဇံ သတင်း




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top