ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

 စိတ္ဓာတ္မာေၾကာသူေတြက ေအာင္ျမင္မႈၾကီးၾကီးမားမား ရတယ္ဆိုတာ မဟုတ္ပါဘူး။

 ၁ - မလုပ္နိုင္ဘူးဆိုတာ ရွိတယ္

ကိုယ္မလုပ္နိုင္တာကို မလုပ္နုိင္ဘူးလို႔ ေအးေအးေဆးေျပာနိုင္တာဟာ စိတ္ဓာတ္မာေၾကာလာတဲ့ လကၡဏာပါ။ တစ္ခ်ိဳ႕ တိုးတက္ေရးေဆာင္းပါးေတြမွာပါသလို မလုပ္နုိင္ဘူးဆိုတာမရွိဆိုတာမ်ိဳးက ကိစၥရပ္တိုင္းမွာ အသံုးမဝင္ဘူးဆိုတာကို သေဘာေပါက္နားလည္သြားတဲ့ ရင့္က်က္မႈမ်ဳိးရလာတာပါ။

၂ - အရႈံးေပးတယ္


စိတ္ဓာတ္မာေၾကာသူေတြဟာ အရႈံးေပးစြန္႔လႊတ္တာမ်ိဳး မရွိဘူးလို႔ ေျပာတတ္ၾကပါတယ္။ ဒါမမွန္ပါဘူး၊ စိတ္ဓာတ္မာေၾကာသူဟာလည္း လူ႕အဖြဲ႕အစည္းတြင္းက လူသားတစ္ဦးပဲ  ျဖစ္တာမို႔ အျခားလူေတြလို အေျပာင္းအလဲရွိပါတယ္။ စိတ္ဓာတ္မာေၾကာသူေတြရဲ႕ ရည္မွန္းခ်က္၊ ရည္ရြယ္ခ်က္ေတြကလည္း ေျပာင္းပါတယ္။ ရင္းနွီးတာေလာက္ အျမတ္ျပန္မရနိုင္ဘူးလို႔ သိတဲ့ အခါမ်ိဳးမွာ စြန္႔လႊတ္လိုက္တာမ်ိဳးပါ။ စိတ္ဓာတ္မာေၾကာတယ္ဆိုတာ ကိုယ့္စိတ္ရဲ႕ အက်ဥ္းေထာင္ထဲ ကိုယ္ျပန္ပိတ္မိ မေနတာမ်ိဳးပါ။

၃ - အစားအေသာက္


စိတ္ဓာတ္မာေၾကာဖို႔ ဘာစားရမယ္ဆိုတာမ်ိဳးဟာ မမွန္ပါဘူး။ ေကာ္ဖီသမားဟာ ေကာ္ဖီေသာက္ရမွ ေနသာထုိင္သာ ရွိပါတယ္။ ဒါကို ေသာက္လိုက္မွ လုပ္ရကိုင္ရတာ အဆင္ေျပတယ္လို႔ ခံစားရတာမ်ိဳးပါ။ ခႏၶာကိုယ္ရုပ္ပိုင္းဆိုင္ရာနဲ႔ ေရာဂါေတြ အတြက္ေၾကာင့္ အစားအေသာက္ေရွာင္ၾကဥ္တာမ်ိဳး လုပ္သင့္ေပမဲ့ စိတ္ဓာတ္မာေၾကာဖို႔ကေတာ့ မလိုအပ္ပါဘူး။

၄ - အေကာင္းျမင္သမား မဟုတ္ဘူး


စိတ္ဓာတ္မာေၾကာတာဟာ အျမဲတမ္း အေကာင္းျမင္တတ္ေအာင္လုပ္ရမယ္ဆိုတာနဲ႔ မဆုိင္ပါဘူး။ တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈလြန္ကဲတာေတြ၊ အေကာင္းျမင္လြန္းတာေတြဟာ တကယ္ရင္ဆုိင္ရတဲ့လက္ေတြ႕ဘဝနဲ႔ အံ့ကိုက္မႈမရွိပါဘူး။ စိတ္ဓာတ္မာေၾကာမႈရွိတာဟာ လိုအပ္တဲ့အခ်ိန္မွာ အေကာင္းျမင္ထားျပီး မလိုအပ္တဲ့အခ်ိန္မွာ သံသယနဲ႔ ခ်ည္းကပ္တာ ျဖစ္ပါတယ္။

၅ - စိတ္ဓာတ္မာေၾကာတာနဲ႔ ေအာင္ျမင္မႈ


စိတ္ဓာတ္မာေၾကာသူေတြက ေအာင္ျမင္မႈၾကီးၾကီးမားမား ရတယ္ဆိုတာလည္း မဟုတ္ပါဘူး။ စိတ္ဓာတ္မာေၾကာသူေတြက စိတ္ပိုင္းဆုိင္ရာကိစၥေတြမွာ သူမ်ားထက္ပိုခံနိုင္ရည္ ရွိတာပဲျဖစ္ပါတယ္။ ပံုမွန္လူေတြထက္ အသာရတာမ်ိဳးမရွိပါဘူး။

ဒါေပမဲ့ စိတ္ပိုင္းဆိုင္ရာ မာေၾကာတာေၾကာင့္ ေလာကဓံကို သူမ်ားေတြထက္ ၾကံၾကံခံနိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
# Unicode Version ျဖင့္ ဖတ္ပါ #
 စိတ်ဓာတ်မာကြောသူတွေက အောင်မြင်မှုကြီးကြီးမားမား ရတယ်ဆိုတာ မဟုတ်ပါဘူး။

 ၁ - မလုပ်နိုင်ဘူးဆိုတာ ရှိတယ်

ကိုယ်မလုပ်နိုင်တာကို မလုပ်နိုင်ဘူးလို့ အေးအေးဆေးပြောနိုင်တာဟာ စိတ်ဓာတ်မာကြောလာတဲ့ လက္ခဏာပါ။ တစ်ချို့ တိုးတက်ရေးဆောင်းပါးတွေမှာပါသလို မလုပ်နိုင်ဘူးဆိုတာမရှိဆိုတာမျိုးက ကိစ္စရပ်တိုင်းမှာ အသုံးမဝင်ဘူးဆိုတာကို သဘောပေါက်နားလည်သွားတဲ့ ရင့်ကျက်မှုမျိုးရလာတာပါ။

၂ - အရှုံးပေးတယ်

စိတ်ဓာတ်မာကြောသူတွေဟာ အရှုံးပေးစွန့်လွှတ်တာမျိုး မရှိဘူးလို့ ပြောတတ်ကြပါတယ်။ ဒါမမှန်ပါဘူး၊ စိတ်ဓာတ်မာကြောသူဟာလည်း လူ့အဖွဲ့အစည်းတွင်းက လူသားတစ်ဦးပဲ  ဖြစ်တာမို့ အခြားလူတွေလို အပြောင်းအလဲရှိပါတယ်။ စိတ်ဓာတ်မာကြောသူတွေရဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေကလည်း ပြောင်းပါတယ်။ ရင်းနှီးတာလောက် အမြတ်ပြန်မရနိုင်ဘူးလို့ သိတဲ့ အခါမျိုးမှာ စွန့်လွှတ်လိုက်တာမျိုးပါ။ စိတ်ဓာတ်မာကြောတယ်ဆိုတာ ကိုယ့်စိတ်ရဲ့ အကျဉ်းထောင်ထဲ ကိုယ်ပြန်ပိတ်မိ မနေတာမျိုးပါ။

၃ - အစားအသောက်

စိတ်ဓာတ်မာကြောဖို့ ဘာစားရမယ်ဆိုတာမျိုးဟာ မမှန်ပါဘူး။ ကော်ဖီသမားဟာ ကော်ဖီသောက်ရမှ နေသာထိုင်သာ ရှိပါတယ်။ ဒါကို သောက်လိုက်မှ လုပ်ရကိုင်ရတာ အဆင်ပြေတယ်လို့ ခံစားရတာမျိုးပါ။ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာနဲ့ ရောဂါတွေ အတွက်ကြောင့် အစားအသောက်ရှောင်ကြဉ်တာမျိုး လုပ်သင့်ပေမဲ့ စိတ်ဓာတ်မာကြောဖို့ကတော့ မလိုအပ်ပါဘူး။

၄ - အကောင်းမြင်သမား မဟုတ်ဘူး

စိတ်ဓာတ်မာကြောတာဟာ အမြဲတမ်း အကောင်းမြင်တတ်အောင်လုပ်ရမယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတာတွေ၊ အကောင်းမြင်လွန်းတာတွေဟာ တကယ်ရင်ဆိုင်ရတဲ့လက်တွေ့ဘဝနဲ့ အံ့ကိုက်မှုမရှိပါဘူး။ စိတ်ဓာတ်မာကြောမှုရှိတာဟာ လိုအပ်တဲ့အချိန်မှာ အကောင်းမြင်ထားပြီး မလိုအပ်တဲ့အချိန်မှာ သံသယနဲ့ ချည်းကပ်တာ ဖြစ်ပါတယ်။

၅ - စိတ်ဓာတ်မာကြောတာနဲ့ အောင်မြင်မှု


စိတ်ဓာတ်မာကြောသူတွေက အောင်မြင်မှုကြီးကြီးမားမား ရတယ်ဆိုတာလည်း မဟုတ်ပါဘူး။ စိတ်ဓာတ်မာကြောသူတွေက စိတ်ပိုင်းဆိုင်ရာကိစ္စတွေမှာ သူများထက်ပိုခံနိုင်ရည် ရှိတာပဲဖြစ်ပါတယ်။ ပုံမှန်လူတွေထက် အသာရတာမျိုးမရှိပါဘူး။

ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ မာကြောတာကြောင့် လောကဓံကို သူများတွေထက် ကြံကြံခံနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top