ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ပုဂံမွာ အေနာ္ရထာမင္းတက္လာေတာ့ အရည္းၾကီးေတြနဲ႔ နတ္ကိုးကြယ္မႈေတြကို တုိက္ဖ်က္တဲ့အခါ နတ္ရုပ္ေတြကို ေရႊစည္းခံုဘုရားတံတိုင္း အတြင္းနဲ႔ အျပင္ဘက္မွာ စုပံုခ်ည္ေႏွာင္ထားခဲ့ပါတယ္။ အတြင္းဘက္မွာထားခဲ့တဲ့ နတ္ေတြကို အတြင္း (၃၇) မင္းလို႔ေခၚၿပီး အျပင္မွာထားခဲ့တဲ့ နတ္ေတြကိုေတာ့ အျပင္ (၃၇) မင္းလုိ႔ေခၚပါတယ္။ အေနာ္ရထာမင္းေခတ္တုန္းကေတာ့ အတြင္း (၃၇) မင္းျပည့္ေပမယ့္ အျပင္ (၃၇) မင္းျပည့္ေအာင္ မရွိေသးဘဲ (၂၂) ပါးသာ ရွိပါေသးတယ္။

ဘုရားေဟာ အာဋာနာဋိယသုတ္ၾကီးအရ နတ္စစ္သူၾကီး (၃၇) မင္းကိုရည္ရြယ္ၿပီး အတြင္း (၃၇) မင္းလုိ႔ေခၚၾကတာျဖစ္ပါတယ္။
အာနႏၵာဘုရားထဲမွာေတာ့ အဆုိပါနတ္မင္းရုပ္တု (၂၈) ပါးရွိပါတယ္။

ခုေကာက္ႏုတ္တင္ျပေပးမွာကေတာ့ အသိမ်ားတဲ့ အျပင္ (၃၇) မင္းနတ္ေတြအေၾကာင္းပဲျဖစ္ပါတယ္။
အျပင္ (၃၇) မင္းနတ္စာရင္းကို (၁) ဝန္ၾကီးပေဒသရာဇာ ျပဳစုတဲ့ နတ္စာရင္း၊ (၂) ျမဝတီမင္းၾကီးဦးစ ျပဳစုတဲ့ နတ္စာရင္း၊ (၃) မႏၱေလးေရႊၿမိဳ႕ေတာ္တည္စာတမ္းအရ ဆိုၿပီး (၃) ခုရွိတဲ့အနက္ ေနာက္ဆံုး အတည္ျပဳခဲ့တဲ့ စာရင္းျဖစ္တဲ့ ျမဝတီ ဝန္ၾကီးဦးစျပဳစုခဲ့တဲ့ စာရင္းကို ေဖာ္ျပေပးပါမယ္။

(၁) သိၾကား – (၃၇) မင္းနတ္စာရင္းမွာ အဦးအစီးအျဖစ္ သိၾကားမင္းကို ေဖာ္ျပထားပါတယ္။

(၂) မဟာရီရိနတ္ – ပန္းဘဲေမာင္တင့္တယ္လုိ႔ လူေတြသိၾကၿပီး ခြန္အားၾကီးလုိ႔ တေကာင္းမင္းက သူ႔ကို ပုန္ကန္ွမွစိုးလို႔ ေမာင္တင့္တယ္ရဲ႕ ႏွမၾကီးကို မိဖုရားေျမွာက္ဟန္ျပဳၿပီး စကားပင္မွာ ခ်ည္ေႏွာင္၊ ဖုိက်ဥ္ထိုး အသတ္ခံခဲ့ရလုိ႔ နတ္ျဖစ္သြားပါတယ္။

(၃) ႏွမေတာ္နတ္ – ေမာင္တင့္တယ္ရဲ႕ ႏွမအၾကီးျဖစ္ၿပီး သူ႔ေၾကာင့္ သူ႔အကိုေသရေလျခင္းဆုိၿပီး မီးပံုထဲခုန္ဆင္းလို႔ သတ္ေသခဲ့ၿပီး နတ္ျဖစ္သြားပါတယ္။

(၄) ေရႊနေဘ – သမုိင္း (၃) မ်ဳိးရွိတဲ့အနက္ ပန္းဘဲ ေမာင္တင့္တယ္နဲ႔ ရတဲ့ နဂါးမလုိ႔ လူသိမ်ားၿပီး ေမာင္တင့္တယ္အသတ္ခံရေတာ့ ရင္ကြဲနာက် ေသဆံုးလုိ႔ နတ္ျဖစ္သြားပါတယ္။

(၅) သံုးပန္လွ – သမုိင္း (၂) မ်ဳိးရွိတဲ့အနက္ ေမာင္တင့္တယ္ရဲ႕ ႏွမငယ္ျဖစ္ၿပီး ေမာင္တင့္တယ္အသတ္ခံရေတာ့ ေျပးရင္းနဲ႔ ဖ်ားၿပီးေသဆံုးလုိ႔ နတ္ျဖစ္သြားတယ္လုိ႔ မွတ္ယူၾကပါတယ္။

(၆) မနဲမိ – သံုးပန္လွရဲ႕သမီးျဖစ္ၿပီး အသက္ (၂) ႏွစ္အရြယ္မွာ မိခင္ေသဆံုးလို႔ မယ္ေတာ္ကိုလြမ္းၿပီး ေသဆံုးခဲ့ၿပီး နတ္ျဖစ္သြားပါတယ္။ မႏွဲေလးလုိ႔ လူသိမ်ားပါတယ္။

(၇) ေတာင္မၾကီး (ရွင္ညိဳ) ႏွင့္ (၈) ေျမာက္မင္း (ရွင္ျဖဴ) – ေမာင္တင့္တယ္နဲ႕ နဂါးမ ေရႊနေဘတုိ႔ရဲ႕ သားႏွစ္ေယာက္ျဖစ္ၿပီး ဒြတၱေဘာင္မင္းၾကီးက သူ႔ကို ပုန္ကန္မွာစိုးလို႔ ညီအကိုႏွစ္ေယာက္ အခ်င္းခ်င္းလက္ေဝွ႕ထုိးခုိင္းလုိ႔ ရင္ကြဲနာက်ၿပီး ႏွစ္ေယာက္လံုး ေသဆံုးခဲ့ၿပီး နတ္ျဖစ္သြားပါတယ္။

(၉) ထီးျဖဴေဆာင္းနတ္ – အေနာ္ရထာမင္းရဲ႕ ခမည္းေတာ္ ကြမ္းေဆာ္ေၾကာင္ျဖဴမင္းျဖစ္ၿပီး မယားပါသားႏွစ္ေယာက္ရဲ႕ ထီးနန္းသိမ္းျခင္းခံရၿပီး အရည္းၾကီးဝတ္ေစရာ အရည္းၾကီးဘဝနဲ႔ ေသဆံုးၿပီး နတ္ျဖစ္သြားပါတယ္။

(၁၀) ထီးျဖဴေဆာင္းမယ္ေတာ္ – ကြမ္းေဆာ္ေၾကာင္ျဖဴမင္းရဲ႕ မယ္ေတာ္ျဖစ္ၿပီး နာမက်န္းျဖစ္လုိ႔ ေသးဆံုးၿပီး နတ္ျဖစ္သြားပါတယ္။

(၁၁) ပရိမၼ မင္းေခါင္ – ကြမ္းေဆာ္ေၾကာင္ျဖဴမင္းကို နန္းခ်ၿပီး နန္းတက္ခဲ့တဲ့ က်ည္စိုးမင္း ျဖစ္ၿပီး ေတာလုိက္ထြက္စဥ္ မုဆိုးပစ္တဲ့ျမွားမွန္လုိ႔ ေသၿပီး နတ္ျဖစ္သြားပါတယ္။

(၁၂) ေရႊဖ်ဥ္းၾကီး၊ (၁၃) ေရႊဖ်ဥ္းငယ္ – အေနာ္ရထာမင္းလက္ထက္ ေမာင္ဗ်တၱနဲ႔ မယ္ဝဏၰတို႔ရဲ႕ သားႏွစ္ေယာက္ျဖစ္ၿပီး ေတာင္ျပဳန္းမွာ ဘုရားတည္ရာ အုတ္ႏွစ္ခ်က္လစ္လ်က္တဲ့အတြက္ ကြပ္မ်က္ခံရၿပီး နတ္ျဖစ္သြားပါတယ္။

(၁၄) မႏၱေလးဘုိးေတာ္ – ေရႊဖ်ဥ္းညီေနာင္တုိ႔ရဲ႕ ဆရာသခင္ျဖစ္ၿပီး ၄င္းအဆံုးအမ မေကာင္းလို႔ ေရႊဖ်ဥ္းညီေနာင္ ပ်က္စီးရတယ္ဆိုၿပီး အသတ္ခံရလုိ႔ နတ္ျဖစ္ပါတယ္။

(၁၅) ရွင္ကြ – မႏၱေလးဘုိးေတာ္ရဲ႕ ႏွမျဖစ္ၿပီး ေရႊဖ်ဥ္းညီေနာင္ အေရးေတာ္ပံုနဲ႔အတူ အသတ္ခံရၿပီး နတ္ျဖစ္ရပါတယ္။

(၁၆) ေညာင္ခ်မ္းအို – သထံုမႏူဟာမင္းရဲ႕ သားေတာ္တစ္ပါးျဖစ္ၿပီး ကုဌႏူနာစြဲကပ္လုိ႔ ပုဂံမွာေသၿပီး နတ္ျဖစ္ပါတယ္။

(၁၇) မင္းစည္သူ – အေလာင္းစည္သူမင္းၾကီးျဖစ္ၿပီး သားေတာနရသူက ထီးနန္းလုိခ်င္လို႔ ေခါင္းအံုးနဲ႔ ဖိသတ္ခံရလုိ႔ နတ္ျဖစ္ရပါတယ္။

(၁ဂ) မင္းသား ဒန္းေမာင္ရွင္ – အေလာင္းစည္သူမင္းရဲ႕ သားေတာ္ၾကီး မင္းရွင္ေစာရဲ႕ သားျဖစ္ၿပီး ငယ္စဥ္ သာမေဏဘဝမွာ ဒန္းစီးရင္း ဒန္းေပၚကျပဳတ္က်လုိ႔ ေသဆံုးၿပီး နတ္ျဖစ္ရပါတယ္။

(၁၉) မင္းေက်ာ္စြာ – ပုခန္းဦးမင္းေက်ာ္လုိ႔လည္းေခၚၿပီး ကိုၾကီးေက်ာ္လုိ႔လည္း သိၾကပါတယ္။ သမုိင္းေလးမ်ဳိးရွိတဲ့အနက္ ေလးမ်ဳိးလံုးမွာ လူဘဝက မိန္းမ၊ အရက္၊ ၾကက္ ေလာင္းကစားသဘင္ပြဲေတြမွာ နာမည္ၾကီးၿပီး ျမင္းစီးေကာင္းပါတယ္။ သူမ်ားသတ္လို႔ေသၿပီး နတ္ျဖစ္သြားပါတယ္။

(၂၀) ေအာင္စြာမၾကီး – နရပေတ့စည္သူမင္းရဲ႕ ကြ်န္ယံုတစ္ဦးျဖစ္ၿပီး မင္းကို မေထ့မဲ့ျမင္လုပ္လုိ႔ အသတ္ခံရၿပီး နတ္ျဖစ္သြားပါတယ္။

(၂၁) ေရႊစစ္သင္ – ပုဂံေခတ္ ေစာမြန္နစ္မင္းရဲ႕သားေတာ္ျဖစ္ၿပီး ခမည္းေတာ္က စစ္ခ်ီခိုင္းတာကို ၾကက္တုိက္ေနလုိ႔ ကြပ္မ်က္ခံရၿပီး နတ္ျဖစ္သြားပါတယ္။

(၂၂) မယ္ေတာ္ေရႊစကား – ေစာမြန္နစ္မင္းရဲ႕ မိဖုရားျဖစ္ၿပီး သားေတာ္ေရႊစစ္သင္အသတ္ခံရလုိ႔ ရင္ကြဲေသၿပီး နတ္ျဖစ္သြားပါတယ္။

(၂၃) ငါးစီးရွင္ – ပင္းယေခတ္ တစ္စီးရွင္ သီဟသူရဲ႕ သား ငါးစီးရွင္ေက်ာ္စြာျဖစ္ၿပီး ဖ်ားနာအနိစၥေရာက္လုိ႔ နတ္ျဖစ္ရပါတယ္။

(၂၄) မင္းတရားနတ္ – အင္းဝမင္းေခါင္ရဲ႕ ေနာင္ေတာ္ ဆင္ျဖဴရွင္ တရဖ်ားမင္းျဖစ္ၿပီး သူေယာင္မယ္နဲ႔ေပ်ာ္ပါးမိလို႔ ရူးသြပ္ေနစဥ္ အထိန္းေတာ္သတ္လုိ႔ ေသၿပီး နတ္ျဖစ္သြားပါတယ္။

(၂၅) ေမာင္ပိုးတူ – ပင္းယၿမိဳ႕က လက္ဘက္ကုန္သည္တစ္ဦးျဖစ္ၿပီး ရွမ္းျပည္အသြား က်ားကိုက္ခံရၿပီး ေသလုိ႔ နတ္ျဖစ္သြားပါတယ္။

(၂၆) အေနာက္မိဖုရား – အင္းဝဘုရင္ မင္းေခါင္ရဲ႕ မိဖုရားျဖစ္ၿပီး ေတာကစားစဥ္ ကိုၾကီးေက်ာ္နတ္ ျမင္းစီးလာတာကိုျမင္ၿပီး ထိတ္လန္႔လုိ႔ နန္းေတာ္ျပန္အေရာက္ မီးယပ္နာနဲ႔ ကြယ္လြန္ၿပီး နတ္ဘဝေရာက္ရပါတယ္။

(၂၇) ေအာင္ပင္လယ္ ဆင္ျဖဴရွင္ – အင္းဝဘုရင္မင္းေခါင္းရဲ႕သား သီဟသူမင္းျဖစ္ၿပီး မိဖုရား ဘို႔မယ္နဲ႔ ေပ်ာ္ပါးေနစဥ္ အုန္းေပါင္ေစာ္ဘြားက ဆင္နဲ႔တုိက္လုိ႔ ေသၿပီး နတ္ဘဝေရာက္ရပါတယ္။

(၂၈) ရွင္ကုန္း – ေအာင္ပင္လယ္ဆင္ျဖဴရွင္ရဲ႕ ကိုယ္လုပ္ေတာ္ျဖစ္ၿပီး ေအာင္ပင္လယ္နဲ႔ အုန္းေပါင္ေစာ္ဘြားတုိ႔ တုိက္ပြဲကအျပန္ အင္းဝအေရာက္မွာ အနိစၥေရာက္ၿပီး နတ္ဘဝေရာက္ရပါတယ္။

(၂၉) ေရႊေနာ္ရထာ – အင္းဝဘုရင္ ဒုတိယမင္းေခါင္ရဲ႕ ေျမးျဖစ္ၿပီး ဘေထြးေတာ္ နာရပတိက သူ႔ကိုလုပ္ၾကံတယ္လို႔ အယူရွိလို႔ ေရမွာေမ်ာၿပီးသတ္လို႔ နတ္ဘဝေရာက္ရပါတယ္။

(၃၀) မင္းရဲေအာင္ဒင္ – အင္းဝဘုရင္ သာလြန္မင္းရဲ႕ သားမက္ျဖစ္ၿပီး ဘိန္းဘင္း၊ အရက္ၾကဴး၍ အနိစၥေရာက္ၿပီး နတ္ျဖစ္ရပါတယ္။

(၃၁) ေမာင္မင္းျဖဴ – အင္းဝမင္းတစ္ပါးရဲ႕ သားေတာ္ျဖစ္ၿပီး အရက္ေသာက္စားမူးယစ္လုိ႔ ေသဆံုးၿပီး နတ္ဘဝေရာက္ရပါတယ္။

(၃၂) ရွင္ေတာ္နတ္ – သမိုင္း (၂) မ်ဳိးရွိတဲ့အနက္ (၂)မ်ိဳးလံုးမွာ သာမေဏျဖစ္ၿပီး ေျမြကိုက္ခံရလုိ႔ ပ်ံလြန္ေတာ္မူလို႔ နတ္ဘဝေရာက္ရပါတယ္။

(၃၃) တပင္ေရႊထီး – ေတာင္ငူဘုရင္ တပင္ေရႊထီးျဖစ္ၿပီး အရက္ေသစာေသာက္စားမူးယစ္ၿပီး အိပ္ေပ်ာ္ေနစဥ္ ညီအလတ္က လုပ္ၾကံလုိ႔ ကံကုန္ၿပီး နတ္ဘဝေရာက္ရပါတယ္။

(၃၄) ေျမာက္ဖက္ရွင္မ – ေတာင္ငူဘုရင္ တပင္ေရႊထီးရဲ႕ အထိန္းေတာ္ရဲ႕ ေနာက္မယား ကဒူးရြာသူျဖစ္ၿပီး မီးဖြားစဥ္ မီးယပ္ေရာဂါနဲ႔ ေသလုိ႔ နတ္ဘဝေရာက္ရပါတယ္။

(၃၅) ေတာင္ငူရွင္ မင္းေခါင္ – တပင္ေရႊထီးရဲ႕ အထိန္းေတာ္ မင္းရဲသိခၤသူနဲ႔ ေျမာက္ဖက္ရွင္မတုိ႔က ေမြးၿပီး ေတာင္ငူမွာ မင္းေခါင္အမည္နဲ႔ မင္းျဖစ္လုိ႔ အသက္ေလးဆယ္ေက်ာ္မွာ နာမက်န္းျဖစ္ကံကုန္ၿပီး နတ္ျဖစ္တယ္။

(၃၆) သံေတာ္ခံ – ေတာင္ငူဘုရင္မင္းေခါင္ရဲ႕ သံေတာ္ခံ ရဲဖ်ားဆိုသူျဖစ္ၿပီး ငွက္ဖ်ားေရာဂါနဲ႔ေသလုိ႔ နတ္ျဖစ္တယ္။

(၃၇) ယြန္းဘုရင္ – ဘုရင့္ေနာင္ မင္းတရားၾကီး ဇင္းမယ္ကိုသိမ္းေတာ့ ဇင္းမယ္ဘုရင္ကို ဖမ္းလာခဲ့ၿပီး ဟံသာဝတီမွာ ေသြးဝမ္းေရာဂါနဲ႔ ေသလို႔ နတ္ဘဝေရာက္ရတယ္။
…..
ကုိးျမိဳ႕ရွင္ ကေတာ့ (၃၇) မင္းနတ္ထဲမွာ မပါပါဘူး။ ဒါေပမယ့္ သူ႔သမိုင္းက ပခန္းဦးမင္းေက်ာ္ ကိုၾကီးေက်ာ္ နဲ႔ ဆက္စပ္ပါတယ္။ ပခန္းကိုၾကီးေက်ာ္က ပရိယာယ္နဲ႔ သူ႔ထီးနန္းကို မလုေအာင္ ကိုးျမိဳ႕ရွင္ကို လုပ္ၾကံခဲ့တာပါ။



ျမင္းျဖဴရွင္နတ္ကလည္း (၃ရ) မင္းထဲ မပါပါ။ နရပတိစည္သူမင္းရဲ႕ ျမင္းထိန္း ငျပည့္ဆုိသူျဖစ္ၿပီး ဘုရင္က အျမတ္ထြက္လုိ႔ ကြပ္မ်က္ခံရတာေၾကာင့္ နတ္စိမ္းဘဝေရာက္ရပါတယ္။
….
ေရငံပုိင္ ဦးရွင္ၾကီးနတ္ ကိုလည္း (၃၇) မင္းထဲ မထည့္ပါဘူး။ ဦးရွင္ၾကီးနတ္နဲ႔ ဆက္စပ္နတ္ေတြကေတာ့ ဦးရွင္ၾကီးရဲ႕ အေမ မယ္ျဖဴနတ္နဲ႔ ဦးရွင္ၾကီးလုိ ေရငန္ပင္လယ္ပိုင္းမွာထင္ရွားတဲ့ တစ္ပြဲစား အဘုိးလုိ႔ေခၚတဲ့ နတ္ျဖစ္ပါတယ္။
….
ဖ်ာလိပ္နတ္ မေအာင္ျဖဴ ကလည္း (၃၇) မင္းထဲမွာ မပါပါဘူး။ ပုဂံေခတ္ က်စြာမင္းလက္ထက္မွာ ဟံသာဝတီ ျပည္ျမိဳ႕တည္ရာမွာ စေတးၿပီး ျမိဳ႕ရုိးေအာက္ အျမဳပ္ခံခဲ့ရလုိ႔ ေသၿပီး နတ္ျဖစ္ရသူပါ။
….
မိုးေခါင္ေက်ာ္စြာနတ္ – နရသူမင္းကြပ္မ်က္ျခင္းခံရၿပီး မုိးေခါင္ရင္ ေက်ာ္စြာနတ္ကိုပူေဇာ္လုိ႔ လြန္ဆြဲရတဲ့ နတ္တစ္ပါးပါ။

ေနာက္ထပ္ (၃၇) မင္းထဲ မပါပဲ နာမည္ၾကီးတဲ့ နတ္တစ္ပါးကေတာ့ နံကရုိင္းမယ္ေတာ္ပါ…
အက်ယ္သိလုိက ဦးကံမင္းရဲ႕ ၃၇မင္းႏွင့္ နတ္မ်ဳိးစုံ စာအုပ္သာ ရွာဖတ္ၾကပါ

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဦးကံမင္းေရးသားေသာ ၃၇ မင္းႏွင့္ နတ္မ်ဳိးစံု စာအုပ္မွ ေကာက္ႏုတ္ခ်က္

#Unicode Version#
ပုဂံမှာ အနော်ရထာမင်းတက်လာတော့ အရည်းကြီးတွေနဲ့ နတ်ကိုးကွယ်မှုတွေကို တိုက်ဖျက်တဲ့အခါ နတ်ရုပ်တွေကို ရွှေစည်းခုံဘုရားတံတိုင်း အတွင်းနဲ့ အပြင်ဘက်မှာ စုပုံချည်နှောင်ထားခဲ့ပါတယ်။ အတွင်းဘက်မှာထားခဲ့တဲ့ နတ်တွေကို အတွင်း (၃၇) မင်းလို့ခေါ်ပြီး အပြင်မှာထားခဲ့တဲ့ နတ်တွေကိုတော့ အပြင် (၃၇) မင်းလို့ခေါ်ပါတယ်။ အနော်ရထာမင်းခေတ်တုန်းကတော့ အတွင်း (၃၇) မင်းပြည့်ပေမယ့် အပြင် (၃၇) မင်းပြည့်အောင် မရှိသေးဘဲ (၂၂) ပါးသာ ရှိပါသေးတယ်။

ဘုရားဟော အာဋာနာဋိယသုတ်ကြီးအရ နတ်စစ်သူကြီး (၃၇) မင်းကိုရည်ရွယ်ပြီး အတွင်း (၃၇) မင်းလို့ခေါ်ကြတာဖြစ်ပါတယ်။
အာနန္ဒာဘုရားထဲမှာတော့ အဆိုပါနတ်မင်းရုပ်တု (၂၈) ပါးရှိပါတယ်။

ခုကောက်နုတ်တင်ပြပေးမှာကတော့ အသိများတဲ့ အပြင် (၃၇) မင်းနတ်တွေအကြောင်းပဲဖြစ်ပါတယ်။
အပြင် (၃၇) မင်းနတ်စာရင်းကို (၁) ဝန်ကြီးပဒေသရာဇာ ပြုစုတဲ့ နတ်စာရင်း၊ (၂) မြဝတီမင်းကြီးဦးစ ပြုစုတဲ့ နတ်စာရင်း၊ (၃) မန္တလေးရွှေမြို့တော်တည်စာတမ်းအရ ဆိုပြီး (၃) ခုရှိတဲ့အနက် နောက်ဆုံး အတည်ပြုခဲ့တဲ့ စာရင်းဖြစ်တဲ့ မြဝတီ ဝန်ကြီးဦးစပြုစုခဲ့တဲ့ စာရင်းကို ဖော်ပြပေးပါမယ်။

(၁) သိကြား – (၃၇) မင်းနတ်စာရင်းမှာ အဦးအစီးအဖြစ် သိကြားမင်းကို ဖော်ပြထားပါတယ်။

(၂) မဟာရီရိနတ် – ပန်းဘဲမောင်တင့်တယ်လို့ လူတွေသိကြပြီး ခွန်အားကြီးလို့ တကောင်းမင်းက သူ့ကို ပုန်ကန်ှမှစိုးလို့ မောင်တင့်တယ်ရဲ့ နှမကြီးကို မိဖုရားမြှောက်ဟန်ပြုပြီး စကားပင်မှာ ချည်နှောင်၊ ဖိုကျဉ်ထိုး အသတ်ခံခဲ့ရလို့ နတ်ဖြစ်သွားပါတယ်။

(၃) နှမတော်နတ် – မောင်တင့်တယ်ရဲ့ နှမအကြီးဖြစ်ပြီး သူ့ကြောင့် သူ့အကိုသေရလေခြင်းဆိုပြီး မီးပုံထဲခုန်ဆင်းလို့ သတ်သေခဲ့ပြီး နတ်ဖြစ်သွားပါတယ်။

(၄) ရွှေနဘေ – သမိုင်း (၃) မျိုးရှိတဲ့အနက် ပန်းဘဲ မောင်တင့်တယ်နဲ့ ရတဲ့ နဂါးမလို့ လူသိများပြီး မောင်တင့်တယ်အသတ်ခံရတော့ ရင်ကွဲနာကျ သေဆုံးလို့ နတ်ဖြစ်သွားပါတယ်။

(၅) သုံးပန်လှ – သမိုင်း (၂) မျိုးရှိတဲ့အနက် မောင်တင့်တယ်ရဲ့ နှမငယ်ဖြစ်ပြီး မောင်တင့်တယ်အသတ်ခံရတော့ ပြေးရင်းနဲ့ ဖျားပြီးသေဆုံးလို့ နတ်ဖြစ်သွားတယ်လို့ မှတ်ယူကြပါတယ်။

(၆) မနဲမိ – သုံးပန်လှရဲ့သမီးဖြစ်ပြီး အသက် (၂) နှစ်အရွယ်မှာ မိခင်သေဆုံးလို့ မယ်တော်ကိုလွမ်းပြီး သေဆုံးခဲ့ပြီး နတ်ဖြစ်သွားပါတယ်။ မနှဲလေးလို့ လူသိများပါတယ်။

(၇) တောင်မကြီး (ရှင်ညို) နှင့် (၈) မြောက်မင်း (ရှင်ဖြူ) – မောင်တင့်တယ်နဲ့ နဂါးမ ရွှေနဘေတို့ရဲ့ သားနှစ်ယောက်ဖြစ်ပြီး ဒွတ္တဘောင်မင်းကြီးက သူ့ကို ပုန်ကန်မှာစိုးလို့ ညီအကိုနှစ်ယောက် အချင်းချင်းလက်ဝှေ့ထိုးခိုင်းလို့ ရင်ကွဲနာကျပြီး နှစ်ယောက်လုံး သေဆုံးခဲ့ပြီး နတ်ဖြစ်သွားပါတယ်။

(၉) ထီးဖြူဆောင်းနတ် – အနော်ရထာမင်းရဲ့ ခမည်းတော် ကွမ်းဆော်ကြောင်ဖြူမင်းဖြစ်ပြီး မယားပါသားနှစ်ယောက်ရဲ့ ထီးနန်းသိမ်းခြင်းခံရပြီး အရည်းကြီးဝတ်စေရာ အရည်းကြီးဘဝနဲ့ သေဆုံးပြီး နတ်ဖြစ်သွားပါတယ်။

(၁၀) ထီးဖြူဆောင်းမယ်တော် – ကွမ်းဆော်ကြောင်ဖြူမင်းရဲ့ မယ်တော်ဖြစ်ပြီး နာမကျန်းဖြစ်လို့ သေးဆုံးပြီး နတ်ဖြစ်သွားပါတယ်။

(၁၁) ပရိမ္မ မင်းခေါင် – ကွမ်းဆော်ကြောင်ဖြူမင်းကို နန်းချပြီး နန်းတက်ခဲ့တဲ့ ကျည်စိုးမင်း ဖြစ်ပြီး တောလိုက်ထွက်စဉ် မုဆိုးပစ်တဲ့မြှားမှန်လို့ သေပြီး နတ်ဖြစ်သွားပါတယ်။

(၁၂) ရွှေဖျဉ်းကြီး၊ (၁၃) ရွှေဖျဉ်းငယ် – အနော်ရထာမင်းလက်ထက် မောင်ဗျတ္တနဲ့ မယ်ဝဏ္ဏတို့ရဲ့ သားနှစ်ယောက်ဖြစ်ပြီး တောင်ပြုန်းမှာ ဘုရားတည်ရာ အုတ်နှစ်ချက်လစ်လျက်တဲ့အတွက် ကွပ်မျက်ခံရပြီး နတ်ဖြစ်သွားပါတယ်။

(၁၄) မန္တလေးဘိုးတော် – ရွှေဖျဉ်းညီနောင်တို့ရဲ့ ဆရာသခင်ဖြစ်ပြီး ၎င်းအဆုံးအမ မကောင်းလို့ ရွှေဖျဉ်းညီနောင် ပျက်စီးရတယ်ဆိုပြီး အသတ်ခံရလို့ နတ်ဖြစ်ပါတယ်။

(၁၅) ရှင်ကွ – မန္တလေးဘိုးတော်ရဲ့ နှမဖြစ်ပြီး ရွှေဖျဉ်းညီနောင် အရေးတော်ပုံနဲ့အတူ အသတ်ခံရပြီး နတ်ဖြစ်ရပါတယ်။

(၁၆) ညောင်ချမ်းအို – သထုံမနူဟာမင်းရဲ့ သားတော်တစ်ပါးဖြစ်ပြီး ကုဌနူနာစွဲကပ်လို့ ပုဂံမှာသေပြီး နတ်ဖြစ်ပါတယ်။

(၁၇) မင်းစည်သူ – အလောင်းစည်သူမင်းကြီးဖြစ်ပြီး သားတောနရသူက ထီးနန်းလိုချင်လို့ ခေါင်းအုံးနဲ့ ဖိသတ်ခံရလို့ နတ်ဖြစ်ရပါတယ်။

(၁ဂ) မင်းသား ဒန်းမောင်ရှင် – အလောင်းစည်သူမင်းရဲ့ သားတော်ကြီး မင်းရှင်စောရဲ့ သားဖြစ်ပြီး ငယ်စဉ် သာမဏေဘဝမှာ ဒန်းစီးရင်း ဒန်းပေါ်ကပြုတ်ကျလို့ သေဆုံးပြီး နတ်ဖြစ်ရပါတယ်။

(၁၉) မင်းကျော်စွာ – ပုခန်းဦးမင်းကျော်လို့လည်းခေါ်ပြီး ကိုကြီးကျော်လို့လည်း သိကြပါတယ်။ သမိုင်းလေးမျိုးရှိတဲ့အနက် လေးမျိုးလုံးမှာ လူဘဝက မိန်းမ၊ အရက်၊ ကြက် လောင်းကစားသဘင်ပွဲတွေမှာ နာမည်ကြီးပြီး မြင်းစီးကောင်းပါတယ်။ သူများသတ်လို့သေပြီး နတ်ဖြစ်သွားပါတယ်။

(၂၀) အောင်စွာမကြီး – နရပတေ့စည်သူမင်းရဲ့ ကျွန်ယုံတစ်ဦးဖြစ်ပြီး မင်းကို မထေ့မဲ့မြင်လုပ်လို့ အသတ်ခံရပြီး နတ်ဖြစ်သွားပါတယ်။

(၂၁) ရွှေစစ်သင် – ပုဂံခေတ် စောမွန်နစ်မင်းရဲ့သားတော်ဖြစ်ပြီး ခမည်းတော်က စစ်ချီခိုင်းတာကို ကြက်တိုက်နေလို့ ကွပ်မျက်ခံရပြီး နတ်ဖြစ်သွားပါတယ်။

(၂၂) မယ်တော်ရွှေစကား – စောမွန်နစ်မင်းရဲ့ မိဖုရားဖြစ်ပြီး သားတော်ရွှေစစ်သင်အသတ်ခံရလို့ ရင်ကွဲသေပြီး နတ်ဖြစ်သွားပါတယ်။

(၂၃) ငါးစီးရှင် – ပင်းယခေတ် တစ်စီးရှင် သီဟသူရဲ့ သား ငါးစီးရှင်ကျော်စွာဖြစ်ပြီး ဖျားနာအနိစ္စရောက်လို့ နတ်ဖြစ်ရပါတယ်။

(၂၄) မင်းတရားနတ် – အင်းဝမင်းခေါင်ရဲ့ နောင်တော် ဆင်ဖြူရှင် တရဖျားမင်းဖြစ်ပြီး သူယောင်မယ်နဲ့ပျော်ပါးမိလို့ ရူးသွပ်နေစဉ် အထိန်းတော်သတ်လို့ သေပြီး နတ်ဖြစ်သွားပါတယ်။

(၂၅) မောင်ပိုးတူ – ပင်းယမြို့က လက်ဘက်ကုန်သည်တစ်ဦးဖြစ်ပြီး ရှမ်းပြည်အသွား ကျားကိုက်ခံရပြီး သေလို့ နတ်ဖြစ်သွားပါတယ်။

(၂၆) အနောက်မိဖုရား – အင်းဝဘုရင် မင်းခေါင်ရဲ့ မိဖုရားဖြစ်ပြီး တောကစားစဉ် ကိုကြီးကျော်နတ် မြင်းစီးလာတာကိုမြင်ပြီး ထိတ်လန့်လို့ နန်းတော်ပြန်အရောက် မီးယပ်နာနဲ့ ကွယ်လွန်ပြီး နတ်ဘဝရောက်ရပါတယ်။

(၂၇) အောင်ပင်လယ် ဆင်ဖြူရှင် – အင်းဝဘုရင်မင်းခေါင်းရဲ့သား သီဟသူမင်းဖြစ်ပြီး မိဖုရား ဘို့မယ်နဲ့ ပျော်ပါးနေစဉ် အုန်းပေါင်စော်ဘွားက ဆင်နဲ့တိုက်လို့ သေပြီး နတ်ဘဝရောက်ရပါတယ်။

(၂၈) ရှင်ကုန်း – အောင်ပင်လယ်ဆင်ဖြူရှင်ရဲ့ ကိုယ်လုပ်တော်ဖြစ်ပြီး အောင်ပင်လယ်နဲ့ အုန်းပေါင်စော်ဘွားတို့ တိုက်ပွဲကအပြန် အင်းဝအရောက်မှာ အနိစ္စရောက်ပြီး နတ်ဘဝရောက်ရပါတယ်။

(၂၉) ရွှေနော်ရထာ – အင်းဝဘုရင် ဒုတိယမင်းခေါင်ရဲ့ မြေးဖြစ်ပြီး ဘထွေးတော် နာရပတိက သူ့ကိုလုပ်ကြံတယ်လို့ အယူရှိလို့ ရေမှာမျောပြီးသတ်လို့ နတ်ဘဝရောက်ရပါတယ်။

(၃၀) မင်းရဲအောင်ဒင် – အင်းဝဘုရင် သာလွန်မင်းရဲ့ သားမက်ဖြစ်ပြီး ဘိန်းဘင်း၊ အရက်ကြူး၍ အနိစ္စရောက်ပြီး နတ်ဖြစ်ရပါတယ်။

(၃၁) မောင်မင်းဖြူ – အင်းဝမင်းတစ်ပါးရဲ့ သားတော်ဖြစ်ပြီး အရက်သောက်စားမူးယစ်လို့ သေဆုံးပြီး နတ်ဘဝရောက်ရပါတယ်။

(၃၂) ရှင်တော်နတ် – သမိုင်း (၂) မျိုးရှိတဲ့အနက် (၂)မျိုးလုံးမှာ သာမဏေဖြစ်ပြီး မြွေကိုက်ခံရလို့ ပျံလွန်တော်မူလို့ နတ်ဘဝရောက်ရပါတယ်။

(၃၃) တပင်ရွှေထီး – တောင်ငူဘုရင် တပင်ရွှေထီးဖြစ်ပြီး အရက်သေစာသောက်စားမူးယစ်ပြီး အိပ်ပျော်နေစဉ် ညီအလတ်က လုပ်ကြံလို့ ကံကုန်ပြီး နတ်ဘဝရောက်ရပါတယ်။

(၃၄) မြောက်ဖက်ရှင်မ – တောင်ငူဘုရင် တပင်ရွှေထီးရဲ့ အထိန်းတော်ရဲ့ နောက်မယား ကဒူးရွာသူဖြစ်ပြီး မီးဖွားစဉ် မီးယပ်ရောဂါနဲ့ သေလို့ နတ်ဘဝရောက်ရပါတယ်။

(၃၅) တောင်ငူရှင် မင်းခေါင် – တပင်ရွှေထီးရဲ့ အထိန်းတော် မင်းရဲသိင်္ခသူနဲ့ မြောက်ဖက်ရှင်မတို့က မွေးပြီး တောင်ငူမှာ မင်းခေါင်အမည်နဲ့ မင်းဖြစ်လို့ အသက်လေးဆယ်ကျော်မှာ နာမကျန်းဖြစ်ကံကုန်ပြီး နတ်ဖြစ်တယ်။

(၃၆) သံတော်ခံ – တောင်ငူဘုရင်မင်းခေါင်ရဲ့ သံတော်ခံ ရဲဖျားဆိုသူဖြစ်ပြီး ငှက်ဖျားရောဂါနဲ့သေလို့ နတ်ဖြစ်တယ်။

(၃၇) ယွန်းဘုရင် – ဘုရင့်နောင် မင်းတရားကြီး ဇင်းမယ်ကိုသိမ်းတော့ ဇင်းမယ်ဘုရင်ကို ဖမ်းလာခဲ့ပြီး ဟံသာဝတီမှာ သွေးဝမ်းရောဂါနဲ့ သေလို့ နတ်ဘဝရောက်ရတယ်။
…..
ကိုးမြို့ရှင် ကတော့ (၃၇) မင်းနတ်ထဲမှာ မပါပါဘူး။ ဒါပေမယ့် သူ့သမိုင်းက ပခန်းဦးမင်းကျော် ကိုကြီးကျော် နဲ့ ဆက်စပ်ပါတယ်။ ပခန်းကိုကြီးကျော်က ပရိယာယ်နဲ့ သူ့ထီးနန်းကို မလုအောင် ကိုးမြို့ရှင်ကို လုပ်ကြံခဲ့တာပါ။



မြင်းဖြူရှင်နတ်ကလည်း (၃ရ) မင်းထဲ မပါပါ။ နရပတိစည်သူမင်းရဲ့ မြင်းထိန်း ငပြည့်ဆိုသူဖြစ်ပြီး ဘုရင်က အမြတ်ထွက်လို့ ကွပ်မျက်ခံရတာကြောင့် နတ်စိမ်းဘဝရောက်ရပါတယ်။
….
ရေငံပိုင် ဦးရှင်ကြီးနတ် ကိုလည်း (၃၇) မင်းထဲ မထည့်ပါဘူး။ ဦးရှင်ကြီးနတ်နဲ့ ဆက်စပ်နတ်တွေကတော့ ဦးရှင်ကြီးရဲ့ အမေ မယ်ဖြူနတ်နဲ့ ဦးရှင်ကြီးလို ရေငန်ပင်လယ်ပိုင်းမှာထင်ရှားတဲ့ တစ်ပွဲစား အဘိုးလို့ခေါ်တဲ့ နတ်ဖြစ်ပါတယ်။
….
ဖျာလိပ်နတ် မအောင်ဖြူ ကလည်း (၃၇) မင်းထဲမှာ မပါပါဘူး။ ပုဂံခေတ် ကျစွာမင်းလက်ထက်မှာ ဟံသာဝတီ ပြည်မြို့တည်ရာမှာ စတေးပြီး မြို့ရိုးအောက် အမြုပ်ခံခဲ့ရလို့ သေပြီး နတ်ဖြစ်ရသူပါ။
….
မိုးခေါင်ကျော်စွာနတ် – နရသူမင်းကွပ်မျက်ခြင်းခံရပြီး မိုးခေါင်ရင် ကျော်စွာနတ်ကိုပူဇော်လို့ လွန်ဆွဲရတဲ့ နတ်တစ်ပါးပါ။

နောက်ထပ် (၃၇) မင်းထဲ မပါပဲ နာမည်ကြီးတဲ့ နတ်တစ်ပါးကတော့ နံကရိုင်းမယ်တော်ပါ…
အကျယ်သိလိုက ဦးကံမင်းရဲ့ ၃၇မင်းနှင့် နတ်မျိုးစုံ စာအုပ်သာ ရှာဖတ်ကြပါ

ဖိုးသူတော် (www.phothutaw.com)
Credit: ဦးကံမင်းရေးသားသော ၃၇ မင်းနှင့် နတ်မျိုးစုံ စာအုပ်မှ ကောက်နုတ်ချက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top