ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ဇိမ္က်က်နဲ႔ အိမ္သာတက္ရတဲ့ အခ်ိန္က ကမာၻေပၚမွာ စိတ္ေအးသက္သာရာ အရွိဆံုးခံစားမႈကို ေပးစြမ္းတယ္ဆိုတာ အားလံုးလည္း လက္ခံၾကမွာပါ။ ထိုင္ေနရုံနဲ႔ ျပီးတဲ့ကိစၥမွာ တျခားဘာမွ လုပ္စရာမရွိေတာ့ ပ်င္းလာတာေပါ့။ ဒီေတာ့ တစ္ခ်ိဳ႕က သတင္းစာေလး၊ ဘာေလးဖတ္ရင္း တခ်ိဳ႕ကေတာ့ ဖုန္းပြတ္ေလးပြတ္ရင္း၊ တခ်ိဳ႕ဆို ေဆးလိပ္ေလးဖြာ စဥ္းစားရင္းနဲ႔ ကိုယ္ပိုင္အခ်ိန္ကို အျပည့္အ၀ ယူတတ္ၾကပါတယ္။

Kan Kan News
အခ်ိန္ယူတာ ကိစၥမရွိေပမယ့္၊ သင့္ က်န္းမာေရးနဲ႔ ပတ္သက္ရင္ေတာ့ ကိစၥအၾကီးၾကီး ရွိလာႏိုင္တယ္။ အခုေနာက္ပိုင္းဆို ဖုန္းဂိမ္း အမိုက္ေတြ အမ်ားၾကီး ထြက္လာသလို လူေတြရဲ႕ စိတ္အာရုံကို ဘယ္ေလာက္ေတာင္ ဖမ္းစားႏိုင္လဲဆိုရင္ အိမ္သာတက္တဲ့ အခ်ိန္နဲ႔ ဂိမ္းေဆာ့တဲ့ အခ်ိန္အတူတူ ျဖစ္လာတဲ့အထိပါ။ ေျပာၾကတာေတာ့ ေဆာ့လို႔ အင္မတန္ အဆင္ေျပတယ္လို႔လည္း သိရပါတယ္။

ဒီလိုမ်ိဳး ဂိမ္းအေဆာ့ေကာင္းလို႔ တရုတ္ႏိုင္ငံ Guangdong ျမိဳ႕မွာ အမ်ိဳးသားတစ္ေယာက္ အၾကီးအက်ယ္ ဒုကၡေရာက္ခဲ့ပါတယ္။ သူဟာ ဒီကိစၥနဲ႔ ပတ္သက္ရင္ သိပ္ကို ရွက္ရြံေနတာေၾကာင့္ နာမည္ကိုေတာ့ မေဖာ္ျပေပးခဲ့ၾကပါဘူး။

ျဖစ္ပံုက လုပ္ကေနျပန္ေရာက္ေရာက္ခ်င္းတိုင္း ဒီအမည္မေဖာ္လိုသူ အမ်ိဳးသားဟာ သူရဲ႕ တစ္ေန႔တာ ဂိမ္းတာ၀န္ေတြကို အိမ္သာတက္ရင္ ထမ္းေဆာင္ပါတယ္။ အာရုံကလည္း ဂိမ္းထဲမွာဆိုေတာ့ ၀မ္းသြားေနစဥ္မွာလည္း စအိုကို မသိလိုက္ဘာသာ ဆတ္ခနဲ႔ ဆတ္ခနဲ႔ က်ံဳ႕က်ံဳ႕ေနခဲ့မိတယ္။ ခဏလည္းေနေရာ ထူးဆန္းတဲ့ အတံုးလိုအရာတစ္ခုက ျပဴထြက္လာျပီး ထိုအရာရဲ႕ ေခါင္းလို အစိတ္အပိုင္းဟာ အက်ည္းတန္းဖြယ္ စအို၀မွာ ထြက္ေပၚလာခဲ့တယ္။

ဒါမ်ိဳး ေနာက္ဘယ္ေတာ့မွ မလုပ္ေတာ့ဘူးဆိုျပီး အသိတရား၀င္ရုံမက ေဆးရုံကို ေျပးတာအေကာင္းဆံုးပဲဆုိတဲ့ ဆံုးျဖတ္ခ်က္ပါ တစ္ခါတည္းခ်လိုက္တယ္။ ထြက္လာတဲ့ အတံုးလိုအရာဟာ စအိုလမ္းေၾကာင္းျဖစ္ျပီး သူဟာ စအိုကၽြံတဲ့ ေ၀ဒနာကို ခံစားခဲ့ရပါတယ္။

သူရဲ႕ ထိတ္လန္႔ဖြယ္ X-ray ဓာတ္မွန္ပါ… ၀ိုင္းျပထားတဲ့ ေနရာကို စာဖတ္သူတို႔ ကိုယ့္ဟာကိုယ္သာ ျမင္ေယာင္ၾကည့္ ၾကပါကုန္…

ozzyman

ေနာက္ဆံုး ခြဲစိပ္အထူးကုေတြနဲ႔ ဖယ္ရွားခဲ့ျပီး အဲ့ဒီအမ်ိဳးသားလည္း အခုဆို သက္သာေနျပီလို႔ သိရပါတယ္။

ခြဲစိပ္အထူးကု Dr Su က “လိုအပ္တာထက္ ပိုထိုင္မိတဲ့အခါမွာ စအိုကို ပိုျပီး ဖိအားေပးသလိုျဖစ္ျပီး အလားတူ ေရာဂါလကၡဏာေတြ ၾကံဳေတြ႔ ခံစားရမယ္” လို သတိေပးခဲ့ပါတယ္။


ozzyman
က်န္းမာေရးအတြက္ ထိုင္သင့္တဲ့ ပံုစံေလးေတြလည္းရွိပါေသးတယ္။ အေရးမပါဘူးလို မထင္ပါနဲ႔… သင့္ရဲ႕ က်န္းမာျခင္း၊ မက်န္းမာျခင္းကို မွန္ကန္တဲ့ ပံုစံေတြကပဲ ဆံုးျဖတ္ေပးတာပါ….

ဖိုးသူေတာ္ (www.phothutaw.com)
Credit:http://bahuthuta.net
# Unicode Version ျဖင့္ ဖတ္ပါ #
ဇိမ်ကျကျနဲ့ အိမ်သာတက်ရတဲ့ အချိန်က ကမ္ဘာပေါ်မှာ စိတ်အေးသက်သာရာ အရှိဆုံးခံစားမှုကို ပေးစွမ်းတယ်ဆိုတာ အားလုံးလည်း လက်ခံကြမှာပါ။ ထိုင်နေရုံနဲ့ ပြီးတဲ့ကိစ္စမှာ တခြားဘာမှ လုပ်စရာမရှိတော့ ပျင်းလာတာပေါ့။ ဒီတော့ တစ်ချို့က သတင်းစာလေး၊ ဘာလေးဖတ်ရင်း တချို့ကတော့ ဖုန်းပွတ်လေးပွတ်ရင်း၊ တချို့ဆို ဆေးလိပ်လေးဖွာ စဉ်းစားရင်းနဲ့ ကိုယ်ပိုင်အချိန်ကို အပြည့်အ၀ ယူတတ်ကြပါတယ်။

Kan Kan News
အချိန်ယူတာ ကိစ္စမရှိပေမယ့်၊ သင့် ကျန်းမာရေးနဲ့ ပတ်သက်ရင်တော့ ကိစ္စအကြီးကြီး ရှိလာနိုင်တယ်။ အခုနောက်ပိုင်းဆို ဖုန်းဂိမ်း အမိုက်တွေ အများကြီး ထွက်လာသလို လူတွေရဲ့ စိတ်အာရုံကို ဘယ်လောက်တောင် ဖမ်းစားနိုင်လဲဆိုရင် အိမ်သာတက်တဲ့ အချိန်နဲ့ ဂိမ်းဆော့တဲ့ အချိန်အတူတူ ဖြစ်လာတဲ့အထိပါ။ ပြောကြတာတော့ ဆော့လို့ အင်မတန် အဆင်ပြေတယ်လို့လည်း သိရပါတယ်။

ဒီလိုမျိုး ဂိမ်းအဆော့ကောင်းလို့ တရုတ်နိုင်ငံ Guangdong မြို့မှာ အမျိုးသားတစ်ယောက် အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။ သူဟာ ဒီကိစ္စနဲ့ ပတ်သက်ရင် သိပ်ကို ရှက်ရွံနေတာကြောင့် နာမည်ကိုတော့ မဖော်ပြပေးခဲ့ကြပါဘူး။

ဖြစ်ပုံက လုပ်ကနေပြန်ရောက်ရောက်ချင်းတိုင်း ဒီအမည်မဖော်လိုသူ အမျိုးသားဟာ သူရဲ့ တစ်နေ့တာ ဂိမ်းတာဝန်တွေကို အိမ်သာတက်ရင် ထမ်းဆောင်ပါတယ်။ အာရုံကလည်း ဂိမ်းထဲမှာဆိုတော့ ဝမ်းသွားနေစဉ်မှာလည်း စအိုကို မသိလိုက်ဘာသာ ဆတ်ခနဲ့ ဆတ်ခနဲ့ ကျုံ့ကျုံ့နေခဲ့မိတယ်။ ခဏလည်းနေရော ထူးဆန်းတဲ့ အတုံးလိုအရာတစ်ခုက ပြူထွက်လာပြီး ထိုအရာရဲ့ ခေါင်းလို အစိတ်အပိုင်းဟာ အကျည်းတန်းဖွယ် စအိုဝမှာ ထွက်ပေါ်လာခဲ့တယ်။

ဒါမျိုး နောက်ဘယ်တော့မှ မလုပ်တော့ဘူးဆိုပြီး အသိတရားဝင်ရုံမက ဆေးရုံကို ပြေးတာအကောင်းဆုံးပဲဆိုတဲ့ ဆုံးဖြတ်ချက်ပါ တစ်ခါတည်းချလိုက်တယ်။ ထွက်လာတဲ့ အတုံးလိုအရာဟာ စအိုလမ်းကြောင်းဖြစ်ပြီး သူဟာ စအိုကျွံတဲ့ ဝေဒနာကို ခံစားခဲ့ရပါတယ်။

သူရဲ့ ထိတ်လန့်ဖွယ် X-ray ဓာတ်မှန်ပါ… ဝိုင်းပြထားတဲ့ နေရာကို စာဖတ်သူတို့ ကိုယ့်ဟာကိုယ်သာ မြင်ယောင်ကြည့် ကြပါကုန်…

ozzyman

နောက်ဆုံး ခွဲစိပ်အထူးကုတွေနဲ့ ဖယ်ရှားခဲ့ပြီး အဲ့ဒီအမျိုးသားလည်း အခုဆို သက်သာနေပြီလို့ သိရပါတယ်။

ခွဲစိပ်အထူးကု Dr Su က “လိုအပ်တာထက် ပိုထိုင်မိတဲ့အခါမှာ စအိုကို ပိုပြီး ဖိအားပေးသလိုဖြစ်ပြီး အလားတူ ရောဂါလက္ခဏာတွေ ကြုံတွေ့ ခံစားရမယ်” လို သတိပေးခဲ့ပါတယ်။


ozzyman
ကျန်းမာရေးအတွက် ထိုင်သင့်တဲ့ ပုံစံလေးတွေလည်းရှိပါသေးတယ်။ အရေးမပါဘူးလို မထင်ပါနဲ့… သင့်ရဲ့ ကျန်းမာခြင်း၊ မကျန်းမာခြင်းကို မှန်ကန်တဲ့ ပုံစံတွေကပဲ ဆုံးဖြတ်ပေးတာပါ….

ဖိုးသူတော် (www.phothutaw.com)
Credit:http://bahuthuta.net
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top