ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ျမန္မာနိုင္ငံတစ္ဝွမ္းလံုးက ပရိသတ္ေတြရဲ႕ သည္းသည္းလႈပ္အားေပးတာခံရတဲ့ ထိပ္တန္းမင္းသားျမင့္ျမတ္ဟာ တစ္ေန႔တစ္ျခားပုိပုိျပီး ပညာရည္ေတြျပည့္ဝလာသလို တစ္နွစ္ထက္တစ္နွစ္ အဘက္ဘက္မွာ သရုပ္ေဆာင္ပုိေကာင္းတာလာကုိလည္း ေတြ႕ရမွာပါ။ မၾကာေသးမီကမွ ပရိသတ္ေတြက ခ်စ္စနိုးနဲ႔ ဂ်င္းေကာင္ေပါက္စလု႔ိေခၚၾကတဲ့ သားဦးေလးကို ေမြးဖြားထားျပီးျဖစ္တဲ့ ျမင့္ျမတ္ဟာ အင္တာဗ်ဴးေတြေျဖရင္လည္း တကယ္ကုိ ပြင့္ပြင့္လင္းလင္းေျဖတတ္သူပါ။ ျမင့္ျမတ္က အခုလာမယ့္ ေအာက္တိုဘာလ (၂၆)ရက္ေန႔မွာ ရံုတင္ျပသေတာ့မယ့္ “ေတာ္ေတာ္ျဖစ္ေနလား” ဇာတ္ကားၾကီးအေၾကာင္းနဲ႔ ေနာက္ပုိင္းအနုပညာလႈပ္ရွားမႈေတြကုိ မီဒီယာေတြနဲ႔ အင္တာဗ်ဴးမွာေျပာျပေပးသြားပါတယ္။

ျမင့္ျမတ္က ဇာတ္ကားၾကီးကုိ ေတာ္ေတာ္ျဖစ္ေနလား လို႔ နာမည္ေပးျဖစ္ခဲ့ပံုကုိ “ဒါကေျပာၾကပါတယ္။ တစ္ခုခုကုိ အလြန္အက်ဴးသာမန္ထက္ပုိျပီးလုိခ်င္တာ လုိအပ္တာမ်ိဳဴးျဖစ္ေနရင္ ေတာ္ေတာ္ျဖစ္ေနလား ေတာ္ေတာ္ျဖစ္ေနလားေပါ့ေနာ္ ဘယ္ေနရာမဆိုသံုးလုိ႔ရတယ္ေပါ့ေနာ္။ အခ်ိဳ႕ဆင္းန္ေတြဆုိရင္ရိုက္တုန္းကေတာ့ အဲ့ေလာက္မရယ္ရဘူးေပါ့ေနာ္။ ရံုထဲမွာျပန္ၾကည့္ေတာ့မွ ပိုရယ္ရတာေလးေတြေတြ႕ရတယ္။ အဓိကကေတာ့ အန္တီဝါဝါေအာင္ ဆင္းန္ေပါ့ေနာ္။ဒီအဘြားၾကီးေတာ္ေတာ္ျဖစ္ေနလားဆိုျပီး ေျပာရင္းနဲ႔ ကုိသားၾကီးရယ္ ကုိေက်ာ္ေက်ာ္ဦးရယ္ ေတာ္ေတာ္ျဖစ္ေနလားဆိုရင္မုိက္တယ္ဆိုျပီးေတာ့လုပ္ျဖစ္တာပါ”လို႔ ေျပာျပထားပါတယ္။

ျမင့္ျမတ္က ေနာက္ပုိင္းမွ ဟာသကားေလးေတြေလ်ွာ့ရိုက္ဖုိ႔ရွိေၾကာင္းကုိ “ေနာက္ပုိင္းကေတာ့ ဟာသကားေတြေလ်ွာ့ရိုက္ဖို႔အစီအစဥ္ရွိတယ္။ဘာလို႔လဲဆိုေတာ့ ဟာသကားေတြကြ်န္ေတာ္ရိုက္တာမ်ားေနလို႔ေပါ့။”လို႔ေျဖၾကားထားျပီး ဇာတ္ကားတစ္ခုနဲ႔တစ္ခု ပရီသတ္ေတြကုိေပးခ်င္တဲ့ message ေတြမတူေၾကာင္းကုိ “ဒါကေတာ့ ကားေပၚမူတည္တာေပါ့။ ဟာသရိုက္ေတာ့လည္းေပ်ာ္ရတာေပါ့ေနာ္။ Drama ဆိုိရင္ေတာ့ အမ်ားအားျဖင့္ ပညာေပးေလးေတြပါတာေပါ့ေနာ္။ ေတာ္ေတာ္ျဖစ္ေနလား ကားကေတာ့ ရယ္ရတာေပါ့ေနာ္”လို႔ ေျဖၾကားထားပါတယ္။

ျမင့္ျမတ္က အခုရိုက္ေနတဲ့ “ဂ်ေလဘီ”ကားၾကီးအေၾကာင္းကိုလည္း “ဂ်ေလဘီကားၾကီးကေတာ့ ရပ္ကြပ္ထဲက စရိုက္၊ပရမ္းပတာကုိ သူေဌးသမီးနဲ႔ၾကိဳက္တဲ့ကားေပ့ါ။ သူေဌးသမီးကလည္း အူေၾကာင္က်ား ရပ္ကြက္ထဲကုိေရာက္လာျပီးေတာ့ ေပါက္ကရေတြျဖစ္တာေပါ့ေနာ္”လို႔ေျပာျပထားပါတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ.. ျမင့္ျမတ္ကုိခ်စ္ၾကလား ျမင့္ျမတ္ရဲ႕ “ေတာ္ေတာ္ျဖစ္ေနလား”နဲ႔ “ဂ်ေလဘီ”ကုိ ရံုတင္ရင္သြားအားေပးၾကမွာလား။ေျပာခဲ့ၾကဦးေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးတာခံရတဲ့ ထိပ်တန်းမင်းသားမြင့်မြတ်ဟာ တစ်နေ့တစ်ခြားပိုပိုပြီးပညာရည်တွေပြည့်ဝလာသလို တစ်နှစ်ထက်တစ်နှစ် အဘက်ဘက်မှာ သရုပ်ဆောင်ပိုကောင်းတာလာကိုလည်း တွေ့ရမှာပါ။ မကြာသေးမီကမှ ပရိသတ်တွေက ချစ်စနိုးနဲ့ ဂျင်းကောင်ပေါက်စလု့ိခေါ်ကြတဲ့ သားဦးလေးကို မွေးဖွားထားပြီးဖြစ်တဲ့ မြင့်မြတ်ဟာ အင်တာဗျူးတွေဖြေရင်လည်း တကယ်ကို ပွင့်ပွင့်လင်းလင်းဖြေတတ်သူပါ။ မြင့်မြတ်က အခုလာမယ့် အောက်တိုဘာလ (၂၆)ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “တော်တော်ဖြစ်နေလား”ဇာတ်ကားကြီးအကြောင်းနဲ့ နောက်ပိုင်းအနုပညာလှုပ်ရှားမှုတွေကို မီဒီယာတွေနဲ့အင်တာဗျူးမှာပြောပြပေးသွားပါတယ်။

မြင့်မြတ်က ဇာတ်ကားကြီးကို တော်တော်ဖြစ်နေလား လို့ နာမည်ပေးဖြစ်ခဲ့ပုံကို “ဒါကပြောကြပါတယ်။ တစ်ခုခုကို အလွန်အကျူးသာမန်ထက်ပိုပြီးလိုချင်တာ လိုအပ်တာမျိုူးဖြစ်နေရင် တော်တော်ဖြစ်နေလား တော်တော်ဖြစ်နေလားပေါ့နော် ဘယ်နေရာမဆိုသုံးလို့ရတယ်ပေါ့နော်။ အချို့ဆင်းန်တွေဆိုရင်ရိုက်တုန်းကတော့ အဲ့လောက်မရယ်ရဘူးပေါ့နော်။ ရုံထဲမှာပြန်ကြည့်တော့မှ ပိုရယ်ရတာလေးတွေတွေ့ရတယ်။ အဓိကကတော့ အန်တီဝါဝါအောင် ဆင်းန်ပေါ့နော်။ဒီအဘွားကြီးတော်တော်ဖြစ်နေလားဆိုပြီး ပြောရင်းနဲ့ ကိုသားကြီးရယ် ကိုကျော်ကျော်ဦးရယ် တော်တော်ဖြစ်နေလားဆိုရင်မိုက်တယ်ဆိုပြီးတော့လုပ်ဖြစ်တာပါ”လို့ ပြောပြထားပါတယ်။

မြင့်မြတ်က နောက်ပိုင်းမှ ဟာသကားလေးတွေလျှော့ရိုက်ဖို့ရှိကြောင်းကို “နောက်ပိုင်းကတော့ ဟာသကားတွေလျှော့ရိုက်ဖို့အစီအစဉ်ရှိတယ်။ဘာလို့လဲဆိုတော့ ဟာသကားတွေကျွန်တော်ရိုက်တာများနေလို့ပေါ့။”လို့ဖြေကြားထားပြီး ဇာတ်ကားတစ်ခုနဲ့တစ်ခု ပရီသတ်တွေကိုပေးချင်တဲ့ message တွေမတူကြောင်းကို “ဒါကတော့ ကားပေါ်မူတည်တာပေါ့။ ဟာသရိုက်တော့လည်းပျော်ရတာပေါ့နော်။ Drama ဆိုရင်တော့ အများအားဖြင့် ပညာပေးလေးတွေပါတာပေါ့နော်။ တော်တော်ဖြစ်နေလား ကားကတော့ ရယ်ရတာပေါ့နော်”လို့ ဖြေကြားထားပါတယ်။

မြင့်မြတ်က အခုရိုက်နေတဲ့ “ဂျလေဘီ”ကားကြီးအကြောင်းကိုလည်း “ဂျလေဘီကားကြီးကတော့ ရပ်ကွပ်ထဲက စရိုက်၊ပရမ်းပတာကို သူဌေးသမီးနဲ့ကြိုက်တဲ့ကားပေ့ါ။ သူဌေးသမီးကလည်း အူကြောင်ကျား ရပ်ကွက်ထဲကိုရောက်လာပြီးတော့ ပေါက်ကရတွေဖြစ်တာပေါ့နော်”လို့ပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော.. မြင့်မြတ်ကိုချစ်ကြလား မြင့်မြတ်ရဲ့ “တော်တော်ဖြစ်နေလား”နဲ့ “ဂျလေဘီ”ကို ရုံတင်ရင်သွားအားပေးကြမှာလား။ပြောခဲ့ကြဦးနော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top