iMyanmarHouse.com - Best Property Website for Myanmar
×

အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ်ရှိ နေအိမ်တစ်အိမ်တွင် သွယ်တန်းထားသော ဆားဗစ်ကြီုးမှ ဝါယာရှော့ဖြစ်တာကို ပြန်ဆက်ရာမှ လူလတ်ပိုင်းအရွယ် မောင်နှမနှစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နေ့လည် ၂ နာရီအချိန်ခန့် တွင် နေအိမ်သို့ သွယ်တန်းထားသော ဆားဗစ်ကြိုး ဝါယာရှော့ခ့်ဖြစ်ခဲ့ရာ၊ သက်ဆိုင်ရာ လျှပ်စစ်ဌါနကို အကြောင်းမကြားပဲ ကိုယ်တိုင်ပြင်ဆင်ပြီး ဝါယာကြိုးကို ပြန်ဆက်ခဲ့ရာမှ ဆားဗစ်ဒဏ်ခံ ကြေးနန်းကြိုးနဲ့ ထိမိပြီး မောင်နှမ နှစ်ဦးစလုံး ဓါတ်လိုက်ခဲ့သည်။



#Unicode Version#

အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ်ရှိ နေအိပ်တစ်အိမ်တွင် သွယ်တန်းထားသော ဆားဗစ်ကြီုးမှ ဝါယာရှော့ဖြစ်တာကို ပြန်ဆက်ရာမှ လူလတ်ပိုင်းအရွယ် မောင်နှမနှစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် နေအိမ်သို့ သွယ်တန်းထားသော ဆားဗစ်ကြိုး ဝါယာရှေ့ာခ့်ဖြစ်ခဲ့ရာ၊ သက်ဆိုင်ရာ လျှပ်စစ်ဌါနကို အကြောင်းမကြားပဲ ကိုယ်တိုင်ပြင်ဆင်ပြီး ဝါယာကြိုးကို ပြန်ဆက်ခဲ့ရာမှ ဆားဗစ်ဒဏ်ခံ ကြေးနန်းကြိုးနဲ့ ထိမိပြီး မောင်နှမ နှစ်ဦးစလုံး ဓါတ်လိုက်ခဲ့သည်။

ဓါတ်လိုက်မှုကြောင့် အသက် ၃၄ နှစ်အရွယ် အစ်ကိုဖြစ်သူက နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၃၁ နှစ်အရွယ် ညီမဖြစ်သူကို ချောင်းဦးမြို့နယ် ဆေးရုံကြီးသို့ တင်ပို့ခဲ့သော်လည်း ဆေးရုံပေါ်တွင် သေဆုံးခဲ့ကြောင်း ချောင်းဦးမြို့မ ရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ သေဆုံးမှုကို (ပ)၂/၂၀၁၈၊ သေမှုသေခင်းဥပဒေပုဒ်မနဲ့ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Popular News Journal
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top