မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

 ပတ္ဝန္းက်င္ကို (၂၄) နာရီနဲ႔ (၇) ရက္လုံး ဂ႐ုစိုက္ေနတတ္သူ၊ လူေတြက ကိုယ့္ကိုဘယ္လိုထင္မလဲ အၿမဲစိုးရိမ္ေနတတ္သူေတြအတြက္ေတာ့ သူငယ္ခ်င္းဖြဲ႕ရတာ တကယ္ကိုခက္ခဲပါတယ္။ ဘယ္လိုသူေတြနဲ႔ေတြ႕မွာလဲ။ သူတို႔ေတြက ငါ့ကိုသေဘာက်ပါ့မလား။ သူတို႔မႀကိဳက္တာ တစ္ခုခုလုပ္မိရင္ ငါ့ကိုၿငိဳျငင္သြားၾကမွာလား။ စတဲ့အေတြးေတြကို

ငယ္စဥ္တုန္းက ကိုယ္တိုင္ခံစားခဲ့ရဖူးတာမို႔ ဘယ္ေလာက္ခံရခက္တယ္ဆိုတာကို စာေရးသူက ေကာင္းေကာင္းနားလည္ပါတယ္။


သတင္းေကာင္းကေတာ့ သင့္မွာဒီလိုေၾကာက္စိတ္ေတြရွိေနတယ္ဆိုရင္ေတာင္ အမ်ားနည္းတူ သူငယ္ခ်င္းေတြဖြဲ႕ႏိုင္ၿပီး ရထားတဲ့သူငယ္ခ်င္းေတြနဲ႔လည္း ေရရွည္အခင္အမင္မပ်က္ေနႏိုင္တဲ့ နည္းလမ္းေကာင္းေတြ ရွိေနေသးတယ္ဆိုတာပါပဲ။ ဘာနည္းလမ္းေလးေတြမ်ားျဖစ္မလဲလို႔ ဆက္ၾကည့္လိုက္ၾကရေအာင္ပါ။


၁။ ကိုယ့္ကိုယ္ကိုယ္ ေရွ႕တန္းမတင္ပါနဲ႔ေတာ့

ငါကဘာေတြလိုအပ္ေနတာလဲ။ ငါ့မွာ လူေတြအထင္ႀကီးေလာက္စရာအခ်က္ဘာရွိလဲ။ ငါကခင္ဖို႔ေကာင္းရဲ႕လား။ ငါ့နဲ႔ေပါင္းရင္ သူတို႔ေတြေပ်ာ္ရပါ့မလား။ စတဲ့ ငါ ... ငါ ... ငါ ဆိုတာေတြကို ဖယ္ပစ္လိုက္ပါေတာ့။

သူငယ္ခ်င္းဖြဲ႕တယ္ဆိုတဲ့ေနရာမွာ သင့္အေနနဲ႔ တျခားတစ္ေယာက္ရဲ႕ခံစားခ်က္ေတြ၊ အျပဳအမူေတြကို လက္ခံေပးႏိုင္တယ္၊ နားလည္ေပးႏိုင္တယ္။ သင္တို႔ႏွစ္ေယာက္ဆက္သြယ္လို႔ရေနတယ္ဆိုရင္ သူငယ္ခ်င္းဖြဲ႕လို႔ရပါၿပီ။ သင့္ရဲ႕ပင္ကိုစ႐ိုက္က အေတာ္အတန္ေကာင္းမြန္ေနတယ္ဆို ရပါၿပီ။ တျခားသူသေဘာက်ဖို႔ မိမိကိုယ္ကို မဖုံးကြယ္ပစ္ပါနဲ႔။

၂။ အနားမွာရွိတဲ့သူေတြကို ေပ်ာ္ေအာင္ထားပါ

မင္းလိုအပ္ခ်ိန္မွာ သူငယ္ခ်င္းေတြကို မင္းလိုလာမယ္။ အဲဒီလိုပဲ သူတို႔လိုအပ္တဲ့အခ်ိန္မွာလည္း မင္းကိုလိုအပ္လာလိမ့္မယ္။ တိုင္ပင္ဖို႔ပဲျဖစ္ျဖစ္၊ နားေထာင္ေပး႐ုံေလာက္ပဲျဖစ္ျဖစ္ မင္းဆီကိုေရာက္လာၾကလိမ့္မယ္။ အဲဒီအခ်ိန္မွာ မင္းက အေလးအနက္မရွိဘဲ ဖုန္းပြတ္ေနမယ္။ ဂိမ္းေဆာ့ေနမယ္။ ေတာင္ေျပာ၊ ေျမာက္ေျပာေတြေျပာေနမယ္။ ဒါဆိုမင္းေတာ္ေတာ္႐ိုင္းပ်ရာက်ၿပီး တစ္ဘက္လူနဲ႔တည္ေဆာက္ထားတဲ့ ဆက္ဆံေရးကို အေလးမထားရာေရာက္သြားပါၿပီ။ ဘယ္ဆက္ဆံေရးမွာျဖစ္ျဖစ္ ကိုယ့္ဆႏၵကိုခ်ည္း ဦးစားမေပးဘဲ တစ္ဘက္လူကို ထည့္တြက္ေပးပါ။

၃။ အားလုံးသေဘာက်ေအာင္လုပ္ေနတာေတြကို ရပ္လိုက္ပါေတာ့

အစစ္အမွန္ေတြ လိုခ်င္တဲ့သူတစ္ေယာက္က ကိုယ္တိုင္ အစစ္အမွန္ျဖစ္ေနဖို႔လိုအပ္ပါတယ္။ ကိုယ့္ရဲ႕ပုံစံအမွန္ကို ဖုံးကြယ္ၿပီးလူတိုင္းသေဘာက်ေအာင္လိုက္လုပ္ေနရင္ေတာ့ ဘယ္ေတာ့မွ သူငယ္ခ်င္းေကာင္းရလာမွာ မဟုတ္ပါဘူး။ သူငယ္ခ်င္းေကာင္းဆိုတာ သင္ဘယ္လိုပုံစံျဖစ္ျဖစ္၊ ဘယ္လိုအခက္အခဲျဖစ္ျဖစ္ အနားမွာအၿမဲရွိၿပီး အတတ္ႏိုင္ဆုံးကူညီေပးမယ့္သူမ်ိဳးပါ။

အစစ္အမွန္အတိုင္းပဲေနပါ။ တကယ္လို႔အဲဒီအရာကို သူတို႔ေတြက မႏွစ္သက္ဘူးဆို သင့္ရဲ႕သူငယ္ခ်င္းေကာင္း ဘယ္လိုမွျဖစ္လာမယ့္သူေတြမဟုတ္ပါဘူး။ ဒါေၾကာင့္မို႔ လက္လႊတ္လိုက္ပါ။

၄။ အမွီအခိုကင္းပါေစ

လူဆိုတာေမြးလားကတည္းက တစ္ေယာက္တည္း။ ေသဆုံးေတာ့လည္း တစ္ေယာက္တည္းပါ။ လူတိုင္းကိုယ့္ဘဝနဲ႔ ကိုယ္ရွင္သန္ေနၾကရတာပါ။ သင့္အနားမွာ ဘယ္သူမွအၿမဲမရွိေနႏိုင္ပါဘူး။ တကယ္အေရးႀကီးလာမယ္ဆို သင္လည္း သူတို႔အနား အၿမဲမရွိေပးႏိုင္ပါဘူး။ ဒါေၾကာင့္ ဆယ္ခါမွာ သုံးေလးခါေလာက္ မကူညီေပးႏိုင္တဲ့ သူငယ္ခ်င္းေတြကို အျပစ္မတင္ပါနဲ႔။ သူတို႔မွာလည္း သူတို႔ဘဝနဲ႔သူတို႔ရွိပါတယ္။ အတတ္ႏိုင္ဆုံးေတာ့ အျပန္အလွန္ ကူညီေပးၾကေပါ့။ အၿမဲအပူကပ္ေနမယ္ဆို တည္ေဆာက္ထားတဲ့ သူငယ္ခ်င္းဆက္ဆံေရးက ဖိစီးမႈေတြမ်ားလာၿပီး ပ်က္စီးသြားတတ္ပါတယ္။ ဘယ္ဆက္ဆံေရးမဆို ဒီလိုပဲမို႔သတိထားပါ။ အမွီအခိုကင္းပါေစ။

၅။ ဝါသနာတူေတြနဲ႔ သူငယ္ခ်င္းဖြဲ႕ပါ

သီခ်င္းဝါသနာပါရင္ သီခ်င္း၊ အကဝါသနာပါရင္ အက စတဲ့ဝါသနာတူေတြနဲ႔ သူငယ္ခ်င္းဖြဲ႕ထားေပးျခင္းက သင့္တို႔ၾကားက ဆက္ဆံေရးကို မပ်င္းရိရေလေအာင္ ကူညီေပးႏိုင္ပါတယ္။ အၿမဲေျပာစရာစကားရွိေနတာျဖစ္တဲ့အတြက္ ႏွစ္ေယာက္ၾကား ဆက္ဆံေရးကလည္း ဘယ္ေတာ့မွ မေအးစက္ႏိုင္ေတာ့ပါဘူး။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Po Mo Htoo Aung (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ပတ်ဝန်းကျင်ကို (၂၄) နာရီနဲ့ (၇) ရက်လုံး ဂရုစိုက်နေတတ်သူ၊ လူတွေက ကိုယ့်ကိုဘယ်လိုထင်မလဲ အမြဲစိုးရိမ်နေတတ်သူတွေအတွက်တော့ သူငယ်ချင်းဖွဲ့ရတာ တကယ်ကိုခက်ခဲပါတယ်။ ဘယ်လိုသူတွေနဲ့တွေ့မှာလဲ။ သူတို့တွေက ငါ့ကိုသဘောကျပါ့မလား။ သူတို့မကြိုက်တာ တစ်ခုခုလုပ်မိရင် ငါ့ကိုငြိုငြင်သွားကြမှာလား။ စတဲ့အတွေးတွေကို

ငယ်စဉ်တုန်းက ကိုယ်တိုင်ခံစားခဲ့ရဖူးတာမို့ ဘယ်လောက်ခံရခက်တယ်ဆိုတာကို စာရေးသူက ကောင်းကောင်းနားလည်ပါတယ်။

သတင်းကောင်းကတော့ သင့်မှာဒီလိုကြောက်စိတ်တွေရှိနေတယ်ဆိုရင်တောင် အများနည်းတူ သူငယ်ချင်းတွေဖွဲ့နိုင်ပြီး ရထားတဲ့သူငယ်ချင်းတွေနဲ့လည်း ရေရှည်အခင်အမင်မပျက်နေနိုင်တဲ့ နည်းလမ်းကောင်းတွေ ရှိနေသေးတယ်ဆိုတာပါပဲ။ ဘာနည်းလမ်းလေးတွေများဖြစ်မလဲလို့ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ ကိုယ့်ကိုယ်ကိုယ် ရှေ့တန်းမတင်ပါနဲ့တော့

ငါကဘာတွေလိုအပ်နေတာလဲ။ ငါ့မှာ လူတွေအထင်ကြီးလောက်စရာအချက်ဘာရှိလဲ။ ငါကခင်ဖို့ကောင်းရဲ့လား။ ငါ့နဲ့ပေါင်းရင် သူတို့တွေပျော်ရပါ့မလား။ စတဲ့ ငါ ... ငါ ... ငါ ဆိုတာတွေကို ဖယ်ပစ်လိုက်ပါတော့။

သူငယ်ချင်းဖွဲ့တယ်ဆိုတဲ့နေရာမှာ သင့်အနေနဲ့ တခြားတစ်ယောက်ရဲ့ခံစားချက်တွေ၊ အပြုအမူတွေကို လက်ခံပေးနိုင်တယ်၊ နားလည်ပေးနိုင်တယ်။ သင်တို့နှစ်ယောက်ဆက်သွယ်လို့ရနေတယ်ဆိုရင် သူငယ်ချင်းဖွဲ့လို့ရပါပြီ။ သင့်ရဲ့ပင်ကိုစရိုက်က အတော်အတန်ကောင်းမွန်နေတယ်ဆို ရပါပြီ။ တခြားသူသဘောကျဖို့ မိမိကိုယ်ကို မဖုံးကွယ်ပစ်ပါနဲ့။

၂။ အနားမှာရှိတဲ့သူတွေကို ပျော်အောင်ထားပါ

မင်းလိုအပ်ချိန်မှာ သူငယ်ချင်းတွေကို မင်းလိုလာမယ်။ အဲဒီလိုပဲ သူတို့လိုအပ်တဲ့အချိန်မှာလည်း မင်းကိုလိုအပ်လာလိမ့်မယ်။ တိုင်ပင်ဖို့ပဲဖြစ်ဖြစ်၊ နားထောင်ပေးရုံလောက်ပဲဖြစ်ဖြစ် မင်းဆီကိုရောက်လာကြလိမ့်မယ်။ အဲဒီအချိန်မှာ မင်းက အလေးအနက်မရှိဘဲ ဖုန်းပွတ်နေမယ်။ ဂိမ်းဆော့နေမယ်။ တောင်ပြော၊ မြောက်ပြောတွေပြောနေမယ်။ ဒါဆိုမင်းတော်တော်ရိုင်းပျရာကျပြီး တစ်ဘက်လူနဲ့တည်ဆောက်ထားတဲ့ ဆက်ဆံရေးကို အလေးမထားရာရောက်သွားပါပြီ။ ဘယ်ဆက်ဆံရေးမှာဖြစ်ဖြစ် ကိုယ့်ဆန္ဒကိုချည်း ဦးစားမပေးဘဲ တစ်ဘက်လူကို ထည့်တွက်ပေးပါ။

၃။ အားလုံးသဘောကျအောင်လုပ်နေတာတွေကို ရပ်လိုက်ပါတော့

အစစ်အမှန်တွေ လိုချင်တဲ့သူတစ်ယောက်က ကိုယ်တိုင် အစစ်အမှန်ဖြစ်နေဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ပုံစံအမှန်ကို ဖုံးကွယ်ပြီးလူတိုင်းသဘောကျအောင်လိုက်လုပ်နေရင်တော့ ဘယ်တော့မှ သူငယ်ချင်းကောင်းရလာမှာ မဟုတ်ပါဘူး။ သူငယ်ချင်းကောင်းဆိုတာ သင်ဘယ်လိုပုံစံဖြစ်ဖြစ်၊ ဘယ်လိုအခက်အခဲဖြစ်ဖြစ် အနားမှာအမြဲရှိပြီး အတတ်နိုင်ဆုံးကူညီပေးမယ့်သူမျိုးပါ။

အစစ်အမှန်အတိုင်းပဲနေပါ။ တကယ်လို့အဲဒီအရာကို သူတို့တွေက မနှစ်သက်ဘူးဆို သင့်ရဲ့သူငယ်ချင်းကောင်း ဘယ်လိုမှဖြစ်လာမယ့်သူတွေမဟုတ်ပါဘူး။ ဒါကြောင့်မို့ လက်လွှတ်လိုက်ပါ။

၄။ အမှီအခိုကင်းပါစေ

လူဆိုတာမွေးလားကတည်းက တစ်ယောက်တည်း။ သေဆုံးတော့လည်း တစ်ယောက်တည်းပါ။ လူတိုင်းကိုယ့်ဘဝနဲ့ ကိုယ်ရှင်သန်နေကြရတာပါ။ သင့်အနားမှာ ဘယ်သူမှအမြဲမရှိနေနိုင်ပါဘူး။ တကယ်အရေးကြီးလာမယ်ဆို သင်လည်း သူတို့အနား အမြဲမရှိပေးနိုင်ပါဘူး။ ဒါကြောင့် ဆယ်ခါမှာ သုံးလေးခါလောက် မကူညီပေးနိုင်တဲ့ သူငယ်ချင်းတွေကို အပြစ်မတင်ပါနဲ့။ သူတို့မှာလည်း သူတို့ဘဝနဲ့သူတို့ရှိပါတယ်။ အတတ်နိုင်ဆုံးတော့ အပြန်အလှန် ကူညီပေးကြပေါ့။ အမြဲအပူကပ်နေမယ်ဆို တည်ဆောက်ထားတဲ့ သူငယ်ချင်းဆက်ဆံရေးက ဖိစီးမှုတွေများလာပြီး ပျက်စီးသွားတတ်ပါတယ်။ ဘယ်ဆက်ဆံရေးမဆို ဒီလိုပဲမို့သတိထားပါ။ အမှီအခိုကင်းပါစေ။

၅။ ဝါသနာတူတွေနဲ့ သူငယ်ချင်းဖွဲ့ပါ

သီချင်းဝါသနာပါရင် သီချင်း၊ အကဝါသနာပါရင် အက စတဲ့ဝါသနာတူတွေနဲ့ သူငယ်ချင်းဖွဲ့ထားပေးခြင်းက သင့်တို့ကြားက ဆက်ဆံရေးကို မပျင်းရိရလေအောင် ကူညီပေးနိုင်ပါတယ်။ အမြဲပြောစရာစကားရှိနေတာဖြစ်တဲ့အတွက် နှစ်ယောက်ကြား ဆက်ဆံရေးကလည်း ဘယ်တော့မှ မအေးစက်နိုင်တော့ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit:Po Mo Htoo Aung (ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top