ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

လြယ္လြယ္နဲ႔ ရင္ဖြင့္မိရာကေန စတဲ့မီးပြြါးစေလးကေနာက္ဆံုးမွာ ဂုဏ္သိကၡာတစ္ခုလံုးကို
ေလာင္ကြ်မ္း ျပာက်ေစတဲ့ထိ ျဖစ္သြားတတ္တယ္ ... ။
ရင္ဖြင့္ေျပာျပရတာ လြယ္တယ္ ....
နားေထာင္ေပးသူလည္း အလြယ္တကူရွိႏိုင္တယ္ ...
မလြယ္ကူတာက ကိုယ္ဖြင့္ဟေျပာျပလိုက္တဲ့
အေၾကာင္းအရာေတြက
ဘယ္ခ်ိန္ထိ လံုျခံဳေနမလဲဆိုတာပါပဲ ... ။

မြန္းၾကပ္မႈထုထည္ကို ခံႏိုင္ရည္မရွိေတာ့တဲ့အခါ
ဖိအားေလ်ာ့ေစတဲ့ ေျဖေဆးတစ္ခုအျဖစ္
တစ္ေယာက္ေယာက္က္ို ျဖစ္ေၾကာင္းကုန္စင္
ဖြင့္ေျပာျပတာမ်ဳိးကို လုပ္တတ္ၾကတယ္မလား .. ။
လတ္တေလာ ကိုယ့္ရင္ထဲက တင္းၾကပ္မႈကို
ေျပေလ်ာ့ရာ ေျပေလ်ာ့ျငား လက္လွမ္းမွီရာ
ရင္းႏွီးသူ / သူငယ္ခ်င္း ဆိုတဲ့ တစ္စံုတစ္ေယာက္ကို
ဖြင့္ေျပာျပတယ္ ..ရင္ဖြင့္တယ္ .. ။
တစ္ေယာက္တည္း ခက္ခက္ခဲခဲ
သိုဝွက္ေနရတာနဲ႔စာရင္ ဒီလိုေျပာျပလိုက္တာက
တကယ္လည္း စိတ္ေျဖရာေျဖေၾကာင္းတစ္ခု
ျဖစ္ေနခဲ့တာပဲ ... ။

အဲဒီအခ်ိန္မွာ ကိုယ့္ကို နားေထာင္မယ့္သူက
အေရးႀကီးလာတယ္ .. ။
သူက ဘယ္လိုလူလဲ ..
ကိုယ္ဘယ္ေလာက္ထိ ယံုၾကည္ရသလဲဆိုတာေပါ့ .. ။

သိုဝွက္ထားတာကို ဖြင့္ဟတယ္ဆိုတည္းက
အဲဒီအေၾကာင္းအရာက ကိုယ့္ရဲ႕ လွ်ဳိ ့ဝွက္ခ်က္ျဖစ္ေနခဲ့ၿပီ ..။
နားေထာင္သူကလည္း ဒီလွ်ဳိ႕ဝွက္ခ်က္ကို
ထိန္းသိမ္းရမယ့္သူ အလိုလိုျဖစ္လာတယ္ .. ။

ခင္ဗ်ားရင္ဖြင့္လိုက္တဲ့သူက
ခင္ဗ်ားရဲ႕ အေၾကာင္းအရာေတြကို
ဘယ္ေလာက္ထိ လံုျခံဳေအာင္ထားေပးႏိုင္မလဲဆိုတာ
ခင္ဗ်ားကိုယ္တိုင္ေသခ်ာလား .. ?

လူတိုင္းကေျပာင္းလဲတတ္တယ္ ..
ကိုယ့္ကို လိုလားခ်ိန္မွာ ကိုယ့္အတြက္တကယ္ရွိေနေပးတယ္ဆိုတာ မွန္ေပမယ့္ ..
ကိုယ့္ကို မလိုလားေတာ့ခ်ိန္မွာေရာ .. ၊?
သူ႔ရဲ႕ ပင္ကိုယ္စ႐ိုက္ေပၚမူတည္ၿပီး
သူ႔ရဲ႕ attitude ေပၚမူတည္ၿပီး
ခင္ဗ်ားရဲ႕ လွ်ဳိ႕ဝွက္ခ်က္ေတြဟာ
အသံုးခ်စရာ ျဖစ္ခ်င္ျဖစ္လာမွာ .. ။

ပင္ကိုယ္စ႐ိုက္ညစ္ႏြမ္းတဲ့သုူေတြက
ခင္ဗ်ားယံုၾကည္လို႔ ဖြင့္ဟေျပာျပတဲ့
လွ်ဳိ႕ဝွက္ခ်က္ေတြကို
သူ႔ကိုယ္ပိုင္ ေပ်ာ္ရႊင္မႈအတြက္ျဖစ္ျဖစ္ ၊
ခင္ဗ်ားနဲ႔ ႏွိဳင္းယွဥ္ၿပီး သူ႔ကိုယ္သူ ကိုယ္ရည္ေသြးလိုလို႔ပဲ ျဖစ္ျဖစ္ ..
ခင္ဗ်ားကို တိုက္ခိုက္ခ်င္လို႔ ျဖစ္ျဖစ္
လြယ္လင့္တကူ အသံုးခ်ႏိုင္သြားတယ္ .. ။

အရင္းႏွိီးဆံုးသူငယ္ခ်င္းဆိုတာေရာ ..
ခ်စ္သူရည္းစားဆိုတာေရာ..
ရင္းႏွီးသူေတြေရာ ..
ယံုၾကည္မိသူေတြေရာ ..
ဘယ္သူ႔ကိုမွ 100% အထိယံုၾကည္ပစ္လို႔မေကာင္းဘူး..။
လက္တစ္ကမ္းမွာ အမ်ားႀကီးေတြ႕ေနတာပဲေလ ..
သူတစ္ပါးရဲ႕ သိုဝွက္ထားခ်င္တဲ့
အေၾကာင္းအရာေတြကို လူစုလူေဝးထဲမွာ
ၿမိန္ေရယွက္ေရ ဖြင့္ခ်ေနၾကသူေတြ ..။
အဲဒီ အျပဳအမူေပၚ ဂုဏ္ယူေနၾကသူေတြ ..၊
အဲဒါအေပၚ ေပ်ာ္ရႊင္ေနၾကသူေတြ .. ။
အရပ္စကားနဲ႔ ေျပာရရင္
"ေအာက္ဖဲ လွန္တယ္ .. " ေပါ့ .. ။
အရည္အေသြးနဲ႔ တိုက္ခိုက္ဖို႔ အရည္အခ်င္းမရွိသူေတြက သံုးတတ္တဲ့
ေအာက္လမ္းနည္းေတြေပါ့ .. ။
ဒါဟာ သိပ္ကို ဆိုးဝါးတဲ့ လူ႔က်င့္ဝတ္ခ်ဳိးေဖာက္မႈ ..
" Privacy Violation." ပဲ .. ။
ဝမ္းနည္းစရာပါပဲ ....
ခ်ဳိးေဖာက္ခံလိုက္ရတဲ့ Privacy ေတြဟာ
ေထာင္ေသာင္းမက မ်ားလာေနပါတယ္ ... ။

ဒါကို ေစာင့္ထိန္းရမယ့္ က်င့္ဝတ္လို႔
သူတို႔မျမင္ဘူး .. ။
သူတစ္ပါး ဂုဏ္သိကၡာကို ဆြဲႏွိမ့္ေနရင္းနဲ႔
ကိုယ့္သိကၡာပါ ငုပ္ဆင္းသြားေနတာ
သူတို႔ကိုယ္တိုင္ မသိဘူး .. ။
အငံုစိတ္မ်ားတဲ့သူေတြဆို ပိုဆိုးတာေပါ့ .. ။

ကြ်န္ေတာ္တို႔ကမာၻက ပိုဆိုးဝါးလာေနတယ္ .. ။
မိတ္ေဆြမွန္း ရန္သူမွန္း ခြဲျခားဖို႔ သိပ္ခက္တယ္ .. ။
မိတ္ေဆြနဲ႔ ရန္သူၾကားမွာ အလႊာပါးပါးေလးပဲျခားတယ္ .. ။
အခန္႔မသင့္ရင္ အရင္းႏွီးဆံုးသူေတြဆိုတာလည္း
အဆိုးရြားဆံုး ရန္သူ ျဖစ္သြားႏိုင္တာပဲ .. ။

Privacy ခ်ိဳးေဖာက္ခံရတယ္ဆိုတာ
လက္ရွိဘဝကို သက္ေရာက္မႈအမ်ားႀကီး ျဖစ္တတ္တယ္ .. ။
ဘဝပ်က္မသြားရင္ေတာင္
စိတ္ဒဏ္ရာေတြ တနင့္တပိုးရတတ္တာမ်ဳိး .. ။
အဆိုးရြားဆံုးကေတာ့
ကိုယ့္ Privacy ကို ခ်ဳိးေဖာက္လိုက္သုူေတြက
ကိုယ္ အရမ္းယံုၾကည္ထားတဲ့သူေတြ
ျဖစ္ေနတာမ်ဳိးေပါ့... ။
အဲဒီ နာက်င္မႈက အဆင့္ျမင့္ဆံုးပါပဲ .. ။

လြယ္လင့္တကူ မဖြင့္ဟပါနဲ႔ .. ။
ရင္ဖြင့္မယ္ဆိုရင္ေတာင္
ကိုယ့္ကို ျပန္သတ္မယ့္ အေၾကာင္းအရာေတြကို
ခ်န္လွပ္ထားခဲ့ပါ .. ။
လူတိုင္းမွာ ကိုယ္တစ္ေယာက္တည္းဘဲ
သိမ္းဆည္းထားသင့္တဲ့ အေၾကာင္းအရာဆိုတာ
ရွိေနမွာပဲ .. ။
အဲဒါေတြကို ဘယ္ယံုၾကည္မႈနဲ႔မွ
မလွဲလွယ္လိုက္နဲ႔ .. ။
လူေတြေျပာင္းလဲေနတယ္ ..
ယံုၾကည္ရသူေတြဆိုတာလည္း ေျပာင္းလဲေနတယ္ ..
အရာအားလံုးဟာ ...
အတူတူရယ္ေမာခဲ့ၾကခ်ိန္ကလို
တသမတ္တည္း ရွိမေနႏိုင္ဘူးဆိုတာ သိပါ ... ။
ဘယ္သူမဆို Privacy Breaker ျဖစ္ႏိုင္တယ္လို႔
လက္ခံထားပါ .. ။

ကိုယ့္ Privacy ခ်ဳိးေဖာက္ခံရရင္
ကိုယ္ဘယ္လိုခံစားရမလဲ ဆိုတာ စာနာၿပီး
တစ္ေယာက္ေယာက္က ကိုယ့္ကိုယံုၾကည္လို႔
ဖြင့္ဟတဲ့အေၾကာင္းအရာေတြကို
ကိုယ့္ဆီကေန ဘယ္က္ိုမွလြင့္စင္မသြားေစဖို႔
ေစာင့္ထိန္းရမွာ .. ။
ဒါဟာ လူ႔က်င့္ဝတ္ပဲ .. လူ႔ယဥ္ေက်းမႈပဲ .. ။
သူနဲ႔ကိုယ္ ဘယ္လိုမွသေဘာထားမတိုက္ဆိုင္ေတာ့..မသင့္ျမတ္ေတာ့ဘူးဆိုတဲ့အခ်ိန္မွာေတာင္
သူ႔ရဲ႕ လွ်ဳိ႕ ဝွက္ခ်က္ကို
ကိုယ္ဖက္က လံုျခံဳေနေစရမွာ .. ။
ကိုယ္ခ်ဳိးေဖာက္ရင္ ဝဋ္ကလည္း
ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာပါလိမ့္မယ္ .. ။

ႏႈတ္ခမ္းေတြကို ဖတ္ပါ .. ။
ယံုၾကည္မႈကို ေရြးခ်ယ္ပါ .. ။
စိတ္ခ်ရတဲ့ ရင္ဘတ္ကိုပဲ ေျပာျပပါ .. ။
ခင္ဗ်ား လက္လႊတ္စပယ္ ဖြင့္ဟေျပာျပလိုက္တဲ့
ခင္ဗ်ားရဲ႕ အေၾကာင္းအရာေတြက
ခင္ဗ်ားကို မလိုလားသူေတြအတြက္
သိပ္ခံတြင္းေတြ႕စရာ ျဖစ္သြားႏိုင္တာ မေမ့ပါနဲ႔ ... ။

ကိုယ့္ကို ယံုၾကည္ရသူလို႔
သတ္မွတ္ခံရၿပီးေနာက္မွာ
အဲဒီ ယံုၾကည္မႈကို
ကြ်န္ေတာ္ တန္ဖိုး ထားတယ္ ... ။
သူဖြင့္ပာေျပာျပတာကို လံုျခံဳေအာင္ထားတယ္ .. ။
သူနဲ႔ ကိုယ္ စစ္ခင္းရရင္ေတာင္
သူ႔လွ်ဳိ ႕ဝွက္ခ်က္ကို
တျခားတစ္ေယာက္ပါးစပ္ဖ်ားဆီ
အေရာက္မပို႔ဘူး .. ။
ေသာက္ပို လို႔ ထင္ရင္လည္းထင္ေပါ့ .. ။
ကြ်န္ေတာ္ကေတာ့
အဲဒီ " ေသာက္ပို ယဥ္ေက်းမွဳ " ကို
အရမ္းႏွစ္ၿခိဳက္ပါတယ္ ... ။
အဲဒီ ယဥ္ေက်းမႈကို အလြဲသံုးစားျပဳတတ္သူေတြကိုလည္း
အရမ္းရြံရွာပါတယ္ ... ။

မေမ့ပါနဲ႔ ...
ႏႈတ္ဖ်ားေတြေၾကာင့္ ဒဏ္ရာရတတ္တယ္ဆိုတာမေမ့ပါနဲ႔ .. ။
မေမ့ပါနဲ႔ ..
ခင္ဗ်ားရဲ႕ လက္တစ္ကမ္းမွာ ရွိေနသူေတြက
ခင္ဗ်ားရဲ႕ Privacy ကိုအလြဲသံုးစားလုပ္ဖို႔
သိပ္ဝန္ေလးေနမွာ မဟုတ္ဘူးဆိုတာ .. မေမ့ပါနဲ႔ ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Uploader
# Unicode Version ျဖင့္ ဖတ္ပါ #
လွယ်လွယ်နဲ့ ရင်ဖွင့်မိရာကနေ စတဲ့မီးပွါးစလေးက
နောက်ဆုံးမှာ ဂုဏ်သိက္ခာတစ်ခုလုံးကို
လောင်ကျွမ်း ပြာကျစေတဲ့ထိ ဖြစ်သွားတတ်တယ် ... ။
ရင်ဖွင့်ပြောပြရတာ လွယ်တယ် ....
နားထောင်ပေးသူလည်း အလွယ်တကူရှိနိုင်တယ် ...
မလွယ်ကူတာက ကိုယ်ဖွင့်ဟပြောပြလိုက်တဲ့
အကြောင်းအရာတွေက
ဘယ်ချိန်ထိ လုံခြုံနေမလဲဆိုတာပါပဲ ... ။

မွန်းကြပ်မှုထုထည်ကို ခံနိုင်ရည်မရှိတော့တဲ့အခါ
ဖိအားလျော့စေတဲ့ ဖြေဆေးတစ်ခုအဖြစ်
တစ်ယောက်ယောက်ကို ဖြစ်ကြောင်းကုန်စင်
ဖွင့်ပြောပြတာမျိုးကို လုပ်တတ်ကြတယ်မလား .. ။
လတ်တလော ကိုယ့်ရင်ထဲက တင်းကြပ်မှုကို
ပြေလျော့ရာ ပြေလျော့ငြား လက်လှမ်းမှီရာ
ရင်းနှီးသူ / သူငယ်ချင်း ဆိုတဲ့ တစ်စုံတစ်ယောက်ကို
ဖွင့်ပြောပြတယ် ..ရင်ဖွင့်တယ် .. ။
တစ်ယောက်တည်း ခက်ခက်ခဲခဲ
သိုဝှက်နေရတာနဲ့စာရင် ဒီလိုပြောပြလိုက်တာက
တကယ်လည်း စိတ်ဖြေရာဖြေကြောင်းတစ်ခု
ဖြစ်နေခဲ့တာပဲ ... ။

အဲဒီအချိန်မှာ ကိုယ့်ကို နားထောင်မယ့်သူက
အရေးကြီးလာတယ် .. ။
သူက ဘယ်လိုလူလဲ ..
ကိုယ်ဘယ်လောက်ထိ ယုံကြည်ရသလဲဆိုတာပေါ့ .. ။

သိုဝှက်ထားတာကို ဖွင့်ဟတယ်ဆိုတည်းက
အဲဒီအကြောင်းအရာက ကိုယ့်ရဲ့ လျှို့ဝှက်ချက်ဖြစ်နေခဲ့ပြီ ..။
နားထောင်သူကလည်း ဒီလျှို့ဝှက်ချက်ကို
ထိန်းသိမ်းရမယ့်သူ အလိုလိုဖြစ်လာတယ် .. ။

ခင်ဗျားရင်ဖွင့်လိုက်တဲ့သူက
ခင်ဗျားရဲ့ အကြောင်းအရာတွေကို
ဘယ်လောက်ထိ လုံခြုံအောင်ထားပေးနိုင်မလဲဆိုတာ
ခင်ဗျားကိုယ်တိုင်သေချာလား .. ?

လူတိုင်းကပြောင်းလဲတတ်တယ် ..
ကိုယ့်ကို လိုလားချိန်မှာ ကိုယ့်အတွက်တကယ်ရှိနေပေးတယ်ဆိုတာ မှန်ပေမယ့် ..
ကိုယ့်ကို မလိုလားတော့ချိန်မှာရော .. ၊?
သူ့ရဲ့ ပင်ကိုယ်စရိုက်ပေါ်မူတည်ပြီး
သူ့ရဲ့ attitude ပေါ်မူတည်ပြီး
ခင်ဗျားရဲ့ လျှို့ဝှက်ချက်တွေဟာ
အသုံးချစရာ ဖြစ်ချင်ဖြစ်လာမှာ .. ။

ပင်ကိုယ်စရိုက်ညစ်နွမ်းတဲ့သုူတွေက
ခင်ဗျားယုံကြည်လို့ ဖွင့်ဟပြောပြတဲ့
လျှို့ဝှက်ချက်တွေကို
သူ့ကိုယ်ပိုင် ပျော်ရွှင်မှုအတွက်ဖြစ်ဖြစ် ၊
ခင်ဗျားနဲ့ နှိုင်းယှဉ်ပြီး သူ့ကိုယ်သူ ကိုယ်ရည်သွေးလိုလို့ပဲ ဖြစ်ဖြစ် ..
ခင်ဗျားကို တိုက်ခိုက်ချင်လို့ ဖြစ်ဖြစ်
လွယ်လင့်တကူ အသုံးချနိုင်သွားတယ် .. ။

အရင်းနှီးဆုံးသူငယ်ချင်းဆိုတာရော ..
ချစ်သူရည်းစားဆိုတာရော..
ရင်းနှီးသူတွေရော ..
ယုံကြည်မိသူတွေရော ..
ဘယ်သူ့ကိုမှ 100% အထိယုံကြည်ပစ်လို့မကောင်းဘူး..။
လက်တစ်ကမ်းမှာ အများကြီးတွေ့နေတာပဲလေ ..
သူတစ်ပါးရဲ့ သိုဝှက်ထားချင်တဲ့
အကြောင်းအရာတွေကို လူစုလူဝေးထဲမှာ
မြိန်ရေယှက်ရေ ဖွင့်ချနေကြသူတွေ ..။
အဲဒီ အပြုအမူပေါ် ဂုဏ်ယူနေကြသူတွေ ..၊
အဲဒါအပေါ် ပျော်ရွှင်နေကြသူတွေ .. ။
အရပ်စကားနဲ့ ပြောရရင်
"အောက်ဖဲ လှန်တယ် .. " ပေါ့ .. ။
အရည်အသွေးနဲ့ တိုက်ခိုက်ဖို့ အရည်အချင်းမရှိသူတွေက သုံးတတ်တဲ့
အောက်လမ်းနည်းတွေပေါ့ .. ။
ဒါဟာ သိပ်ကို ဆိုးဝါးတဲ့ လူ့ကျင့်ဝတ်ချိုးဖောက်မှု ..
" Privacy Violation." ပဲ .. ။
ဝမ်းနည်းစရာပါပဲ ....
ချိုးဖောက်ခံလိုက်ရတဲ့ Privacy တွေဟာ
ထောင်သောင်းမက များလာနေပါတယ် ... ။

ဒါကို စောင့်ထိန်းရမယ့် ကျင့်ဝတ်လို့
သူတို့မမြင်ဘူး .. ။
သူတစ်ပါး ဂုဏ်သိက္ခာကို ဆွဲနှိမ့်နေရင်းနဲ့
ကိုယ့်သိက္ခာပါ ငုပ်ဆင်းသွားနေတာ
သူတို့ကိုယ်တိုင် မသိဘူး .. ။
အငုံစိတ်များတဲ့သူတွေဆို ပိုဆိုးတာပေါ့ .. ။

ကျွန်တော်တို့ကမ္ဘာက ပိုဆိုးဝါးလာနေတယ် .. ။
မိတ်ဆွေမှန်း ရန်သူမှန်း ခွဲခြားဖို့ သိပ်ခက်တယ် .. ။
မိတ်ဆွေနဲ့ ရန်သူကြားမှာ အလွှာပါးပါးလေးပဲခြားတယ် .. ။
အခန့်မသင့်ရင် အရင်းနှီးဆုံးသူတွေဆိုတာလည်း
အဆိုးရွားဆုံး ရန်သူ ဖြစ်သွားနိုင်တာပဲ .. ။

Privacy ချိုးဖောက်ခံရတယ်ဆိုတာ
လက်ရှိဘဝကို သက်ရောက်မှုအများကြီး ဖြစ်တတ်တယ် .. ။
ဘဝပျက်မသွားရင်တောင်
စိတ်ဒဏ်ရာတွေ တနင့်တပိုးရတတ်တာမျိုး .. ။
အဆိုးရွားဆုံးကတော့
ကိုယ့် Privacy ကို ချိုးဖောက်လိုက်သုူတွေက
ကိုယ် အရမ်းယုံကြည်ထားတဲ့သူတွေ
ဖြစ်နေတာမျိုးပေါ့... ။
အဲဒီ နာကျင်မှုက အဆင့်မြင့်ဆုံးပါပဲ .. ။

လွယ်လင့်တကူ မဖွင့်ဟပါနဲ့ .. ။
ရင်ဖွင့်မယ်ဆိုရင်တောင်
ကိုယ့်ကို ပြန်သတ်မယ့် အကြောင်းအရာတွေကို
ချန်လှပ်ထားခဲ့ပါ .. ။
လူတိုင်းမှာ ကိုယ်တစ်ယောက်တည်းဘဲ
သိမ်းဆည်းထားသင့်တဲ့ အကြောင်းအရာဆိုတာ
ရှိနေမှာပဲ .. ။
အဲဒါတွေကို ဘယ်ယုံကြည်မှုနဲ့မှ
မလှဲလှယ်လိုက်နဲ့ .. ။
လူတွေပြောင်းလဲနေတယ် ..
ယုံကြည်ရသူတွေဆိုတာလည်း ပြောင်းလဲနေတယ် ..
အရာအားလုံးဟာ ...
အတူတူရယ်မောခဲ့ကြချိန်ကလို
တသမတ်တည်း ရှိမနေနိုင်ဘူးဆိုတာ သိပါ ... ။
ဘယ်သူမဆို Privacy Breaker ဖြစ်နိုင်တယ်လို့
လက်ခံထားပါ .. ။

ကိုယ့် Privacy ချိုးဖောက်ခံရရင်
ကိုယ်ဘယ်လိုခံစားရမလဲ ဆိုတာ စာနာပြီး
တစ်ယောက်ယောက်က ကိုယ့်ကိုယုံကြည်လို့
ဖွင့်ဟတဲ့အကြောင်းအရာတွေကို
ကိုယ့်ဆီကနေ ဘယ်ကိုမှလွင့်စင်မသွားစေဖို့
စောင့်ထိန်းရမှာ .. ။
ဒါဟာ လူ့ကျင့်ဝတ်ပဲ .. လူ့ယဉ်ကျေးမှုပဲ .. ။
သူနဲ့ကိုယ် ဘယ်လိုမှသဘောထားမတိုက်ဆိုင်တော့..မသင့်မြတ်တော့ဘူးဆိုတဲ့အချိန်မှာတောင်
သူ့ရဲ့ လျှို့ ဝှက်ချက်ကို
ကိုယ်ဖက်က လုံခြုံနေစေရမှာ .. ။
ကိုယ်ချိုးဖောက်ရင် ဝဋ်ကလည်း
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မယ် .. ။

နှုတ်ခမ်းတွေကို ဖတ်ပါ .. ။
ယုံကြည်မှုကို ရွေးချယ်ပါ .. ။
စိတ်ချရတဲ့ ရင်ဘတ်ကိုပဲ ပြောပြပါ .. ။
ခင်ဗျား လက်လွှတ်စပယ် ဖွင့်ဟပြောပြလိုက်တဲ့
ခင်ဗျားရဲ့ အကြောင်းအရာတွေက
ခင်ဗျားကို မလိုလားသူတွေအတွက်
သိပ်ခံတွင်းတွေ့စရာ ဖြစ်သွားနိုင်တာ မမေ့ပါနဲ့ ... ။

ကိုယ့်ကို ယုံကြည်ရသူလို့
သတ်မှတ်ခံရပြီးနောက်မှာ
အဲဒီ ယုံကြည်မှုကို
ကျွန်တော် တန်ဖိုး ထားတယ် ... ။
သူဖွင့်ပာပြောပြတာကို လုံခြုံအောင်ထားတယ် .. ။
သူနဲ့ ကိုယ် စစ်ခင်းရရင်တောင်
သူ့လျှို့ဝှက်ချက်ကို
တခြားတစ်ယောက်ပါးစပ်ဖျားဆီ
အရောက်မပို့ဘူး .. ။
သောက်ပို လို့ ထင်ရင်လည်းထင်ပေါ့ .. ။
ကျွန်တော်ကတော့
အဲဒီ " သောက်ပို ယဉ်ကျေးမှု " ကို
အရမ်းနှစ်ခြိုက်ပါတယ် ... ။
အဲဒီ ယဉ်ကျေးမှုကို အလွဲသုံးစားပြုတတ်သူတွေကိုလည်း
အရမ်းရွံရှာပါတယ် ... ။

မမေ့ပါနဲ့ ...
နှုတ်ဖျားတွေကြောင့် ဒဏ်ရာရတတ်တယ်ဆိုတာမမေ့ပါနဲ့ .. ။
မမေ့ပါနဲ့ ..
ခင်ဗျားရဲ့ လက်တစ်ကမ်းမှာ ရှိနေသူတွေက
ခင်ဗျားရဲ့ Privacy ကိုအလွဲသုံးစားလုပ်ဖို့
သိပ်ဝန်လေးနေမှာ မဟုတ်ဘူးဆိုတာ .. မမေ့ပါနဲ့ ။


ဖိုးသူတော် (www.phothutaw.com)
Credit:Original Uploader
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top