iMyanmarHouse.com - Best Property Website for Myanmar
×
အကျိုးသက်ရောက်မှု
ခွင့်ပြုမိန့်
သိရသည်။
==========
# Unicode Version ဖြင့် ဖတ်ပါ #
ကျွဲနွားများကို လစဉ်ကောင်ရေအကန့် အသတ်မရှိ ကူးသန်းရောင်းဝယ်ခွင့်ပေးနေ မည်ဆိုလျှင် ကောလင်းမြို့နယ်နှင့်ဆက်စပ် မြို့နယ်များအနေဖြင့် နောက်နှစ်တွင်
ကျွဲနွား များကို အရုပ်ရေးကြည့်ရမည့် အခြေအနေသို့ ဆိုက်ရောက်ဖွယ်ရှိကြောင်း ကောလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဒေါ်ဖြူဖြူဝင်းက ပြောဆိုသည်။ဒ
အကျိုးသက်ရောက်မှု
“ကျွဲနွားတွေကို မွေးမြူပြုစုပျိုးထောင်ရာ မှာအနည်းဆုံး ငါးနှစ်ကျော်မှ အသုံးပြုခိုင်း ယူရတာဖြစ်တဲ့အတွက် ရေရှည်မှာတောင်သူ တွေရဲ့အကျိုးစီးပွား ပျက်စီးစေမှာ
ဖြစ်ပါတယ်။ ကောလင်းမြို့နယ်အတွင်းမှာ စက်တင်ဘာ ၁ ရက်ကနေ ၈ ရက်အထိ မြို့နယ်ကိုတင်ထား တာကောင်ရေ ၄၅၈ ကောင်ဖြစ်ပြီး တစ်လလုံး ဆို
ကောင်ရေ ၂၀ဝ၀ နီးပါးရှိမှာပါ။ ကူးသန်း ခွင့်ကို ရပ်ကျေးကမြို့နယ်၊ မြို့နယ်က ခရိုင် ကို ခွင့်ပြုမိန့်တောင်းခံပြီး ဒီလိုစည်းမဲ့ ကမ်းမဲ့
ခွင့်ပြုနေမယ်ဆိုရင်ဖြစ်လာမယ့် အကျိုးသက် ရောက်မှုကအလွန်ဆိုးရွားနိုင်ပါတယ်။
မြို့နယ် တွေမှာ ကျွဲနွားကြပ်မတ်စောင့်ကြည့်ဖမ်းဆီးရေးအဖွဲ့တွေဖွဲ့ထားပေမယ့် အဲဒီအဖွဲ့တွေမှာ အငြင်းပွားတာတွေ၊ တိုင်တန်းတာတွေ၊ မကျေ နပ်တာတွေ ဖြစ်နေတာတွေ့ရပါတယ်” ဟု ဒေါ်ဖြူဖြူဝင်းက ပြောဆိုသည်။
ခွင့်ပြုမိန့်
ကောလင်းမြို့နယ်အတွင်း ကျွဲနွားပြည်ပ တင်ပို့မှုလိုင်စင်ရ နှစ်ဦးရှိပြီး မြို့နယ်အတွင်းကျွဲ နွားကူးသန်းရောင်းဝယ်နေသော ကုန်သည်
များ၏လောဘသည်တစ်နေ့ထက်တစ်နေ့ အလွန်ကြောက်စရာကောင်းနေပြီးကျွဲနွားများ ရောင်းဝယ်ခွင့်ကို ခရိုင်ရုံးက ဆုံးဖြတ်ခွင့်ပြုမိန့် ပေးကြောင်း သိရသည်။
စစ်ဆေးကြပ်မတ်ရန်လိုအပ်
ကသာခရိုင်တွင် ကသာနွားပွဲဈေးနှင့် အင်းတော်မြို့နယ် နွားပွဲဈေးတို့သို့ တစ်လလျှင် ကောလင်းမြို့မှ ကျွဲနွားကောင်ရေ ၁၀ဝ၀ ကျော်သွားနေပြီး အဆိုပါ
ကျွဲနွားများအမှန် တကယ်နွားပွဲဈေးတွင်ရောင်းချမှု ရှိမရှိ၊ နွား ပွဲဈေးသို့ ရောက်မရောက်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးရန်လိုအပ်နေ ကြောင်း
သိရသည်။
“များသောအားဖြင့်ကတော့ ကျွဲနွားအများ စုကနွားပွဲဈေးတွေမှာမရှိဘဲ ကသာ-ဗန်းမော် လမ်းကြောင်း၊ တခြားလမ်းကြောင်းတွေကနေ တစ်ဖက်နိုင်ငံကို
ကူးသန်းပို့ဆောင်ရောင်းချ နေတယ်လို့ သိရပါတယ်။ ကျွဲနွားတွေကူးသန်း ရောင်းဝယ်တာကို ဥပဒေနဲ့အညီဆောင်ရွက် တာမရှိဘဲ အဂတိတရားတွေနဲ့ လုပ်ဆောင်
နေတာကို စစ်ကိုင်းတိုင်းအစိုးရအနေနဲ့ အချိန် မီတားဆီးကြပ်မတ်ဆောင်ရွက်ဖို့လိုအပ်နေပါ တယ်” ဟု ၎င်းက ထောက်ပြပြောဆိုသည်။
==========
 ဖိုးသူတော် (www.phothutaw.com)
Credit: The Myanmar Times Daily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top