ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ေဒးဗစ္ဘက္ခမ္းနဲ႔ ဗစ္တိုးရီးယားဘက္ခမ္းတို႔ရဲ႕ သားအႀကီးဆုံး ဘ႐ြတ္ကလင္းဘက္ခမ္းဟာ သူရဲ႕အင္စတာဂရမ္ (Instagram) အေကာင့္မွာ အီတလီႏိုင္ငံကို ခရီးသြားရင္း ႐ိုက္ကူးခဲ့တဲ့ အာရွခရီးသြားေတြရဲ႕ ဓာတ္ပုံကို တင္ခဲ့ၿပီးေနာက္ လူမ်ိဳးေရးခြဲျခားတယ္လို႔ စြပ္စြဲခံေနရပါတယ္။

ပထမတစ္ပုံမွာ အာရွသား တ႐ုတ္လူမ်ိဳးေတြဟာ တူးေျမာင္းထဲက ေလွထဲမွာ ထိုင္ေနတာျဖစ္ကာ ေနာက္တစ္ပုံမွာေတာ့ အာရွသူ တ႐ုတ္လူမ်ိဳး တစ္ဦးက ေဈးဝယ္စင္တာထဲက မုန္႔ေတြထားတဲ့ စင္ေတြၾကားမွာ မတ္တပ္ရပ္ေနတဲ့ပုံ ျဖစ္ၿပီး ဘ႐ြတ္ကလင္းက ပုံေတြရဲ႕ေအာက္မွာ "အီတလီက အီတလီနဲ႔မတူေတာ့ဘူး" (no place like Italy innit) ဆိုတဲ့ စာသားကို ေရးထားခဲ့တာ ျဖစ္ပါတယ္။



ဒါကိုေတြ႕ျမင္ခဲ့တဲ့ တ႐ုတ္လူမ်ိဳး အမ်ားစုကေတာ့ တ႐ုတ္ခရီးသြားေတြအေနနဲ႔ ဥေရာပႏိုင္ငံေတြကို လာမလည္သင့္ဘူးလို႔ ေစာင္းေျမာင္းေရးသားထားတာလို႔ ယူဆကာ အင္တာနက္ေပၚမွာ ဘ႐ြတ္ကလင္းကို ေဝဖန္ၾကပါတယ္။

အင္စတာဂရမ္ (Instagram) အျပင္ တြစ္တာ (Twitter) နဲ႔ ဝီဘို (Weibo) စတဲ့ လူမႈကြန္ယက္ မီဒီယာေတြေပၚမွာ ေတာ္ေတာ္ေလး ေဝဖန္ခံေနရၿပီးေနာက္ ဘ႐ြတ္ကလင္းဟာ ဓာတ္ပုံကို ျပန္လည္ဖ်က္ခဲ့ၿပီး သူ႕ရဲ႕ အင္စတာဂရမ္ အေကာင့္ကိုလည္း လူတိုင္းဝင္ၾကည့္လို႔မရေအာင္ public ကန private ေျပာင္းလဲခဲ့ပါတယ္။ ဘ႐ြတ္ကလင္းဟာ ဓာတ္ပုံေတြကို ခြင့္ျပဳခ်က္မရွိဘဲ တင္ခဲ့တာလို႔ စြပ္စြဲခံေနရတာပါ။

"အီတလီက လူျဖဴေတြပဲ ေနတဲ့ေနရာလား...မင္းက ဘာနဲ႔ တူသင့္တယ္လို႔ ေျပာခ်င္တာလဲ" ဆိုၿပီး တြစ္တာေပၚမွာ ေဝဖန္မႈေတြ ေတြ႕ရသလို ဖ်က္ပစ္လိုက္ၿပီ ျဖစ္တဲ့ အင္စတာဂရမ္က ဓာတ္ပုံေပၚမွာလည္း "မင္းစကားလုံးေတြက ေတာ္ေတာ္ယဥ္ေက်းတယ္လို႔ မင္းထင္ေနလား" "မင္း အာရွဘက္ကို မလာဖို႔ ေမၽွာ္လင့္ပါတယ္။ ဒီက ဘယ္သူမွ မင္းကို လက္ခံမွာ မဟုတ္ေတာ့ဘူး။ မင္းက အသားပဲျဖဴေနၿပီး ဘာမွမဟုတ္တဲ့ ေကာင္ပါကြာ" လို႔ ေရးသားမႈေတြ ခံခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ တခ်ိဳ႕ကလည္း "အဲဒီေနရာေတြမွာ တ႐ုတ္လူမ်ိဳးေတြ ေတာ္ေတာ္မ်ားမ်ား ရွိေနတယ္ ဆိုတာ ဟုတ္ပါတယ္။ ဘ႐ြတ္ကလင္းအေနနဲ႔ တ႐ုတ္လူမ်ိဳးေတြကို ေစာ္ကားဖို႔ ရည္႐ြယ္တာ မဟုတ္ေလာက္ပါဘူး" "ဒါက ဘယ္လိုနည္းနဲ႔ တ႐ုတ္ေတြကို ေစာ္ကားတယ္ ျဖစ္သြားရတာလဲဗ်ာ နားကိုမလည္ႏိုင္ဘူး" လို႔ ေရးသားခဲ့ၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Cj (႐ိုးရာေလး)
# Unicode Version ျဖင့္ ဖတ္ပါ #
ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားဘက်ခမ်းတို့ရဲ့ သားအကြီးဆုံး ဘရွတ်ကလင်းဘက်ခမ်းဟာ သူရဲ့အင်စတာဂရမ် (Instagram) အကောင့်မှာ အီတလီနိုင်ငံကို ခရီးသွားရင်း ရိုက်ကူးခဲ့တဲ့ အာရှခရီးသွားတွေရဲ့ ဓာတ်ပုံကို တင်ခဲ့ပြီးနောက် လူမျိုးရေးခွဲခြားတယ်လို့ စွပ်စွဲခံနေရပါတယ်။

ပထမတစ်ပုံမှာ အာရှသား တရုတ်လူမျိုးတွေဟာ တူးမြောင်းထဲက လှေထဲမှာ ထိုင်နေတာဖြစ်ကာ နောက်တစ်ပုံမှာတော့ အာရှသူ တရုတ်လူမျိုး တစ်ဦးက ဈေးဝယ်စင်တာထဲက မုန့်တွေထားတဲ့ စင်တွေကြားမှာ မတ်တပ်ရပ်နေတဲ့ပုံ ဖြစ်ပြီး ဘရွတ်ကလင်းက ပုံတွေရဲ့အောက်မှာ "အီတလီက အီတလီနဲ့မတူတော့ဘူး" (no place like Italy innit) ဆိုတဲ့ စာသားကို ရေးထားခဲ့တာ ဖြစ်ပါတယ်။

ဒါကိုတွေ့မြင်ခဲ့တဲ့ တရုတ်လူမျိုး အများစုကတော့ တရုတ်ခရီးသွားတွေအနေနဲ့ ဥရောပနိုင်ငံတွေကို လာမလည်သင့်ဘူးလို့ စောင်းမြောင်းရေးသားထားတာလို့ ယူဆကာ အင်တာနက်ပေါ်မှာ ဘရွတ်ကလင်းကို ဝေဖန်ကြပါတယ်။

အင်စတာဂရမ် (Instagram) အပြင် တွစ်တာ (Twitter) နဲ့ ဝီဘို (Weibo) စတဲ့ လူမှုကွန်ယက် မီဒီယာတွေပေါ်မှာ တော်တော်လေး ဝေဖန်ခံနေရပြီးနောက် ဘရွတ်ကလင်းဟာ ဓာတ်ပုံကို ပြန်လည်ဖျက်ခဲ့ပြီး သူ့ရဲ့ အင်စတာဂရမ် အကောင့်ကိုလည်း လူတိုင်းဝင်ကြည့်လို့မရအောင် public ကန private ပြောင်းလဲခဲ့ပါတယ်။ ဘရွတ်ကလင်းဟာ ဓာတ်ပုံတွေကို ခွင့်ပြုချက်မရှိဘဲ တင်ခဲ့တာလို့ စွပ်စွဲခံနေရတာပါ။

"အီတလီက လူဖြူတွေပဲ နေတဲ့နေရာလား...မင်းက ဘာနဲ့ တူသင့်တယ်လို့ ပြောချင်တာလဲ" ဆိုပြီး တွစ်တာပေါ်မှာ ဝေဖန်မှုတွေ တွေ့ရသလို ဖျက်ပစ်လိုက်ပြီ ဖြစ်တဲ့ အင်စတာဂရမ်က ဓာတ်ပုံပေါ်မှာလည်း "မင်းစကားလုံးတွေက တော်တော်ယဉ်ကျေးတယ်လို့ မင်းထင်နေလား" "မင်း အာရှဘက်ကို မလာဖို့ မျှော်လင့်ပါတယ်။ ဒီက ဘယ်သူမှ မင်းကို လက်ခံမှာ မဟုတ်တော့ဘူး။ မင်းက အသားပဲဖြူနေပြီး ဘာမှမဟုတ်တဲ့ ကောင်ပါကွာ" လို့ ရေးသားမှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့ကလည်း "အဲဒီနေရာတွေမှာ တရုတ်လူမျိုးတွေ တော်တော်များများ ရှိနေတယ် ဆိုတာ ဟုတ်ပါတယ်။ ဘရွတ်ကလင်းအနေနဲ့ တရုတ်လူမျိုးတွေကို စော်ကားဖို့ ရည်ရွယ်တာ မဟုတ်လောက်ပါဘူး" "ဒါက ဘယ်လိုနည်းနဲ့ တရုတ်တွေကို စော်ကားတယ် ဖြစ်သွားရတာလဲဗျာ နားကိုမလည်နိုင်ဘူး" လို့ ရေးသားခဲ့ကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Cj (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top