ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

မင္းဘူးၿမိဳ႕၌ အသက္(၄၅) ႏွစ္အရြယ္ရွိ ရဲဒုတပ္ၾကပ္တစ္ဦးက အသက္(၆)ႏွစ္အရြယ္ ေက်ာင္းသူကို မဖြယ္မရာ ျပဳလုပ္သည္ဆိုကာ မိခင္ျဖစ္သူက ေအာက္တိုဘာ ၆ ရက္ တြင္ အမႈဖြင့္တိုင္ၾကားခဲ့သည္။

မင္းဘူးၿမိဳ႕ ေရႊဝါကုန္းရပ္ ကြက္ေန အသက္(၆)ႏွစ္အရြယ္ ေက်ာင္းသူသည္ ေက်ာင္းသို႔ သြားရန္ ေနအိမ္မွ ထြက္လာစဥ္ အမ်ိဳးသားတစ္ဦးက ‘‘မုန္႔ဝယ္ေကၽြး မယ္။ လိုက္ခဲ့’’ ဟု ေျပာဆိုကာမင္းဘူးၿမိဳ႕မက်ီးေခ်ာင္းရပ္ေန အိမ္လမ္းၾကားအတြင္း မဖြယ္ မရာ ျပဳလုပ္ခဲ့ေၾကာင္း သမီး၏ ျပန္လည္ေျပာျပခ်က္အရ သိရွိရ ေၾကာင္း တရားလိုမိခင္က ရဲတပ္ဖြဲ႕စခန္းတြင္ ထြက္ဆိုထားသည္။

ထုိကဲ့သို႔ လမ္းၾကားအုတ္ခံု ေပၚတြင္ မဖြယ္မရာ ျပဳလုပ္ေန သည္ကို တစ္ရပ္ကြက္တည္းေန သူႏွစ္ဦးက ျမင္ေတြ႕ခဲ့ေၾကာင္း၊ အဆိုပါအမ်ိဳးသားသည္ ဂုတ္ႀကီး ရဲစခန္း (မင္းဘူးခ႐ိုင္အကူတပ္ခြဲ) မွ ရဲဒုတပ္ၾကပ္တစ္ဦးျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕စစ္ေဆးခ်က္မွတ္တမ္း တြင္ ေဖာ္ျပသည္။

အဆိုပါျဖစ္စဥ္ကို ရပ္မိရပ္ဖ မ်ားမွ တစ္ဆင့္ မိခင္ထံ အေၾကာင္းၾကားခဲ့ၿပီး အခင္းျဖစ္ ေနရာသို႔ လိုက္သြားေသာအခါ မေတြ႕ရဘဲ မင္းဘူးခ႐ိုင္ အကူရဲတပ္ခြဲ႐ံုးတြင္ သမီးျဖစ္သူကို ေတြ႕ရွိခဲ့ရေၾကာင္း၊ သမီး၏ ေျပာျပခ်က္အရ မဖြယ္မရာျပဳလုပ္ခံခဲ့ရေၾကာင္း သိရွိရသျဖင့္ ရဲတပ္ဖြဲ႕စခန္းတြင္ အမႈဖြင့္တိုင္ၾကားျခင္းျဖစ္ေၾကာင္း  မိခင္က ရဲတပ္ဖြဲ႕စခန္းတြင္  ထြက္ဆိုထား သည္။

အဆိုပါျဖစ္စဥ္ကို မင္းဘူး ၿမိဳ႕မရဲတပ္ဖြဲ႕စခန္းက မုဒိမ္းမႈပုဒ္ မႏွင့္ က်ဴးလြန္ရန္ အားထုတ္မႈပုဒ္ မျဖင့္ အမႈဖြင့္ကာ ရဲဒုတပ္ၾကပ္ကို ဖမ္းဆီးထားေၾကာင္း မင္းဘူးၿမိဳ႕မရဲတပ္ဖြဲ႕ စခန္းတာဝန္ရွိသူတစ္ဦးက ေျဖၾကားသည္။

‘‘အခုက အမႈဖြင့္ထားတယ္။ သူ႔ကိုေတာ့ တရား႐ံုး ရမန္ေတာင္းၿပီး ဖမ္းဆီးစစ္ေဆးေနတယ္။ ေပၚ ေပါက္ခ်က္အရ ဆက္လက္တရားစြဲဆိုမႈေတြ ေဆာင္ရြက္သြားမွာပါ’’ဟု မင္းဘူးၿမိဳ႕မရဲတပ္ဖြဲ႕ စခန္း တာဝန္ရွိသူတစ္ဦးက ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Daydaily

#Unicode Version#
မင်းဘူးမြို့၌ အသက်(၄၅) နှစ်အရွယ်ရှိ ရဲဒုတပ်ကြပ်တစ်ဦးက အသက်(၆)နှစ်အရွယ် ကျောင်းသူကို မဖွယ်မရာ ပြုလုပ်သည်ဆိုကာ မိခင်ဖြစ်သူက အောက်တိုဘာ ၆ ရက် တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

မင်းဘူးမြို့ ရွှေဝါကုန်းရပ် ကွက်နေ အသက်(၆)နှစ်အရွယ် ကျောင်းသူသည် ကျောင်းသို့ သွားရန် နေအိမ်မှ ထွက်လာစဉ် အမျိုးသားတစ်ဦးက ‘‘မုန့်ဝယ်ကျွေး မယ်။ လိုက်ခဲ့’’ ဟု ပြောဆိုကာမင်းဘူးမြို့မကျီးချောင်းရပ်နေ အိမ်လမ်းကြားအတွင်း မဖွယ် မရာ ပြုလုပ်ခဲ့ကြောင်း သမီး၏ ပြန်လည်ပြောပြချက်အရ သိရှိရ ကြောင်း တရားလိုမိခင်က ရဲတပ်ဖွဲ့စခန်းတွင် ထွက်ဆိုထားသည်။

ထိုကဲ့သို့ လမ်းကြားအုတ်ခုံ ပေါ်တွင် မဖွယ်မရာ ပြုလုပ်နေ သည်ကို တစ်ရပ်ကွက်တည်းနေ သူနှစ်ဦးက မြင်တွေ့ခဲ့ကြောင်း၊ အဆိုပါအမျိုးသားသည် ဂုတ်ကြီး ရဲစခန်း (မင်းဘူးခရိုင်အကူတပ်ခွဲ) မှ ရဲဒုတပ်ကြပ်တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်း တွင် ဖော်ပြသည်။

အဆိုပါဖြစ်စဉ်ကို ရပ်မိရပ်ဖ များမှ တစ်ဆင့် မိခင်ထံ အကြောင်းကြားခဲ့ပြီး အခင်းဖြစ် နေရာသို့ လိုက်သွားသောအခါ မတွေ့ရဘဲ မင်းဘူးခရိုင် အကူရဲတပ်ခွဲရုံးတွင် သမီးဖြစ်သူကို တွေ့ရှိခဲ့ရကြောင်း၊ သမီး၏ ပြောပြချက်အရ မဖွယ်မရာပြုလုပ်ခံခဲ့ရကြောင်း သိရှိရသဖြင့် ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်တိုင်ကြားခြင်းဖြစ်ကြောင်း  မိခင်က ရဲတပ်ဖွဲ့စခန်းတွင်  ထွက်ဆိုထား သည်။

အဆိုပါဖြစ်စဉ်ကို မင်းဘူး မြို့မရဲတပ်ဖွဲ့စခန်းက မုဒိမ်းမှုပုဒ် မနှင့် ကျူးလွန်ရန် အားထုတ်မှုပုဒ် မဖြင့် အမှုဖွင့်ကာ ရဲဒုတပ်ကြပ်ကို ဖမ်းဆီးထားကြောင်း မင်းဘူးမြို့မရဲတပ်ဖွဲ့ စခန်းတာဝန်ရှိသူတစ်ဦးက ဖြေကြားသည်။

‘‘အခုက အမှုဖွင့်ထားတယ်။ သူ့ကိုတော့ တရားရုံး ရမန်တောင်းပြီး ဖမ်းဆီးစစ်ဆေးနေတယ်။ ပေါ် ပေါက်ချက်အရ ဆက်လက်တရားစွဲဆိုမှုတွေ ဆောင်ရွက်သွားမှာပါ’’ဟု မင်းဘူးမြို့မရဲတပ်ဖွဲ့ စခန်း တာဝန်ရှိသူတစ်ဦးက ပြော သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7Daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top