(၉) ကြိမ်မြောက် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×

အောက်တိုဘာလ ၃ ရက် ဗုဒ္ဓဟူးနေ့က ထိုင်းအမျိုးသမီးတစ်ဦးကို အရွယ်မရောက်သေးသည့် အသက် ၁၃ နှစ်အရွယ်ကလေးငယ်အား အသက် ၇၁ နှစ်အရွယ် ဂျပန်အမျိုးသားကြီးနဲ့ လိင်ပျော်ပါးဆက်ဆံရန် စီစဉ်ရောင်းစားခဲ့မှုကြောင့် ရဲအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
 
ရဲတွေဟာ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို လိင်အလိုငှာ ပျော်ပါးရန် သံသယရှိသည်ဟူသော သတင်းရရှိခဲ့ပြီးနောက် အောက်တိုဘာလ ၁ ရက် တနင်္လာနေ့က ဂျပန်အမျိုးသားကြီး "ဟီရိုယူကီ နာကာရှီမာ" ကို ပတ်ထရား ကမ်းခြေရှိ ကွန်ဒိုအခန်းကို ဝင်ရောက်စစ်ဆေးခဲ့ရာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးထံမှ လိင်ရယူမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။
စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ဆက်လက်၍ အသက် ၁၃အရွယ် ကလေးမလေးအား ရောင်းစားခဲ့သူ "ပလွိုင်ဖန်မောင်ဒစ်" ဆိုသူအမျိုးသမီးကို ချွန်ဘူရီရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် အောက်တိုဘာ ၃ ရက် ည ၁၂ နာရီ ၂၀ခန့် က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကွန်ဒိုအခန်းထဲတွင် လိင်ဖျော်ဖြေရေးပစ္စည်းများ၊ လိင်ဆက်ဆံစဉ် ပုံရိပ်များကို ရယူရန် အခန်းမျက်နှာကျက်တွင် ဝှက်၍တပ်ဆင်ထားသော ကင်မရာများကိုပါ ဖမ်းဆီးရမိခဲ့သည်။ အသက်မပြည့်သေးသော ကလေးငယ်ကို ရှာဖွေပေးခဲ့သူ "ပလွိုင်ဖန်" နဲ့ ဂျပန်အမျိုးသားကြီးမှာ ငြိစွန်းဖူးသူများဖြစ်ကြောင်း သိရှိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: Popolay
#Unicode Version#

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top