ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဆိုရွယ္မီဒီယာေပၚမွာအခ်ိန္ျဖဳန္းလြန္းျပီး အဲ့ဒီကအေၾကာင္းအရာေတြကိုလိုက္ခံစားလြန္းတာမေကာင္းေပမယ့္ ဓာတ္ပံုေလးေတြရိုက္ျပီး တင္တာက စိတ္ဖိစီးမႈကိုေလွ်ာ့ခ်ေပးျပီး စိတ္က်ေရာဂါမျဖစ္ေအာင္တားဆီးေပးတယ္လို႕ ေတြ႕ရွိခဲ့ၾကပါတယ္။ ဓာတ္ပံုရိုက္ျပီး ဆိုရွယ္မီဒီယာမွာတင္တာက စိတ္က်ေရာဂါမျဖစ္ေအာင္တားဆီးေပးနိုင္တယ္ဆိုတာ ဒီလိုအေၾကာင္းျပခ်က္ေတြေၾကာင့္ပါ။

(၁) သင့္ေဘးနားက အလွအပေတြကို ျမင္တတ္္ခံစားတတ္လာေစတယ္
ဓာတ္ပံုေလးေတြရိုက္တင္ရင္းနဲ႕ အရင္က မျမင္ခဲ့တဲ့အလွအပေတြကို ျမင္တတ္၊ ခံစားတတ္လာပါတယ္။

(၂) ေလာကၾကီးကို မတူတဲ့ရႈေထာင့္က ၾကည့္ျမင္တတ္လာတယ္


Pexels

ကိုယ္ျမင္ေနက်ျမင္ကြင္းေတြကို မတူတဲ့ရႈေထာင့္က ၾကည့္ျမင္တတ္လာျပီး အရာရာတိုင္းက အလွကိုယ္စီရွိတယ္ဆိုတာကို လက္ခံလာပါလိမ့္မယ္။

(၃) အမွတ္တရေတြကိုသိမ္းဆညး္ထားလို႕ရတယ္

ကိုယ္ၾကံဳခဲ့ရတာေလးေတြကို ဓာတ္ပံုေတြထဲမွာပဲျပန္ၾကည့္လို႕ရတာပါ။ အမွတ္တရ ေတြကိုသိမ္းဆည္းထားလို႕ရျပီး လြမ္းရင္ျပန္ၾကည့္လို႕ရပါတယ္။

(၄) စူးစမ္းေလ့လာနိုင္စြမ္းကိုတိုးတက္္ေစတယ္

ဓာတ္ပံုပညာကိုေသခ်ာမသင္ဖူးရင္လည္း ဓာတ္ပံုရိုက္တာမ်ားလာရင္ ဘယ္ရႈေထာင့္ကရိုက္ရင္လွတယ္၊ ဘယ္အေရာင္ေလးေတြကလွတယ္၊ ဘယ္အေနအထားဆိုဓာတ္ပံုလွလွေလးရမယ္ အဲ့ဒီလိုေလးေတြ သိလာပါတယ္။

(၅) ကိုယ့္မွာ အနုပညာစြမ္းရည္ဘယ္ေလာက္ပါလဲ သိေစနိုင္တယ္


Pexels
ကိုယ္ရိုက္ထားတဲ့ပံုေလးေတြကိုၾကည့္ျပီး ကိုယ္ဟာ အလွအပေတြကိုဘယ္ေလာက္ခံစားတတ္လဲ၊ ဘယ္ေလာက္ေဖာ္ထုတ္တတ္သလဲ၊ အနုပညာစြမ္းရည္ဘယ္ေလာက္ပါလဲဆိုတာေလးေတြလည္း သိခြင့္ရပါတယ္။

(၆) ကိုယ္ပိုင္မီဒီယာေလးတည္ေထာင္လို႕ရတယ္

ဓာတ္ပံုနဲ႕လိုက္ဖက္တဲ့ ကိုယ္ၾကိဳက္တဲ့စာသားေလးေတြနဲ႕ တြဲတင္တာမ်ိဳး၊ အယ္လ္ဘမ္ေလးေတြလုပ္ျပီးတင္တာမ်ိဳးေပါ့။ ကိုယ္ပိုင္ မီဒီယာေလးတစ္ခုဖန္တီးလို႕ရပါတယ္။

(၇) ခရီးထြက္ျဖစ္ေအာင္တြန္းအားေပးတယ္

ပံုေလးေတြ ရိုက္တင္ရတာၾကိဳက္တဲ့သူေတြဟာ သူမ်ားေတြခရီးသြားတဲ့ပံုေလးေတြျမင္တိုင္း ခရီးသြားခ်င္လာပါတယ္။ ခရီးသြားတဲ့အခါ ကိုယ္လိုခ်င္တဲ့ပံုေလးေတြလည္းရတဲ့အျပင္ ခရီးသြားျခင္းေၾကာင့္ရတဲ့အက်ိဳးရလဒ္ေတြကိုလည္းရဦးမွာပါ။

(၈) စိတ္ညစ္စရာေတြကို ခဏေတာ့ေမ့သြားေစတယ္

ကိုယ္သေဘာက်တာေလးေတြကိို ဓာတ္ပံုရိုက္ျပီးတင္လိုက္တယ္၊ အဲ့ဒီပံုေလးကိုၾကည့္ျပီးေက်နပ္တယ္၊ ဆိုရင္ စိတ္ညစ္စရာေတြကိုခဏေတာ့ ေမ့သြားပါတယ္။

(၉) အလုပ္ေၾကာင့္ဖိစီးေနတာေတြကိုေလ်ာ့နည္းသြားေစတယ္
အလုပ္မွာ စိတ္ဖိစီးမႈေတြျဖစ္လာရင္လည္း ဓာတ္ပံုေလးေတြရိုက္ျပီး တင္လိုက္ရင္ ေပ်ာ္သြားပါတယ္။

(၁၀) ပိုလွတဲ့ပတ္၀န္းက်င္ကိုလိုခ်င္လာတယ္

ကိုယ္က ပံုလွလွေလးေတြရိုက္ရတာၾကိဳက္ေတာ့ ေနရာလွလွေလးေတြၾကိဳက္လာတယ္။ ကိုယ့္ပတ္၀န္းက်င္ကိုလည္း ပိုလွေစခ်င္လာတယ္။ ပိုလွတဲ့ပတ္၀န္းက်င္ကို ဖန္တီးခ်င္စိတ္ျဖစ္လာနိုင္ပါတယ္။ ဒါဟာ ေကာင္းတဲ့အေျပာင္းအလဲပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:MAY THAZINHTOO(Daily Hot News ) .
# Unicode Version ျဖင့္ ဖတ္ပါ #
ဆိုရှယ်မီဒီယာပေါ်မှာအချိန်ဖြုန်းလွန်းပြီး အဲ့ဒီကအကြောင်းအရာတွေကိုလိုက်ခံစားလွန်းတာမကောင်းပေမယ့် ဓာတ်ပုံလေးတွေရိုက်ပြီး တင်တာက စိတ်ဖိစီးမှုကိုလျှော့ချပေးပြီး စိတ်ကျရောဂါမဖြစ်အောင်တားဆီးပေးတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။ ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာမှာတင်တာက စိတ်ကျရောဂါမဖြစ်အောင်တားဆီးပေးနိုင်တယ်ဆိုတာ ဒီလိုအကြောင်းပြချက်တွေကြောင့်ပါ။

(၁) သင့်ဘေးနားက အလှအပတွေကို မြင်တတ်ခံစားတတ်လာစေတယ်
ဓာတ်ပုံလေးတွေရိုက်တင်ရင်းနဲ့ အရင်က မမြင်ခဲ့တဲ့အလှအပတွေကို မြင်တတ်၊ ခံစားတတ်လာပါတယ်။

(၂) လောကကြီးကို မတူတဲ့ရှုထောင့်က ကြည့်မြင်တတ်လာတယ်

Pexels

ကိုယ်မြင်နေကျမြင်ကွင်းတွေကို မတူတဲ့ရှုထောင့်က ကြည့်မြင်တတ်လာပြီး အရာရာတိုင်းက အလှကိုယ်စီရှိတယ်ဆိုတာကို လက်ခံလာပါလိမ့်မယ်။

(၃) အမှတ်တရတွေကိုသိမ်းဆည်းထားလို့ရတယ်

ကိုယ်ကြုံခဲ့ရတာလေးတွေကို ဓာတ်ပုံတွေထဲမှာပဲပြန်ကြည့်လို့ရတာပါ။ အမှတ်တရ တွေကိုသိမ်းဆည်းထားလို့ရပြီး လွမ်းရင်ပြန်ကြည့်လို့ရပါတယ်။

(၄) စူးစမ်းလေ့လာနိုင်စွမ်းကိုတိုးတက်စေတယ်

ဓာတ်ပုံပညာကိုသေချာမသင်ဖူးရင်လည်း ဓာတ်ပုံရိုက်တာများလာရင် ဘယ်ရှုထောင့်ကရိုက်ရင်လှတယ်၊ ဘယ်အရောင်လေးတွေကလှတယ်၊ ဘယ်အနေအထားဆိုဓာတ်ပုံလှလှလေးရမယ် အဲ့ဒီလိုလေးတွေ သိလာပါတယ်။

(၅) ကိုယ့်မှာ အနုပညာစွမ်းရည်ဘယ်လောက်ပါလဲ သိစေနိုင်တယ်

Pexels
ကိုယ်ရိုက်ထားတဲ့ပုံလေးတွေကိုကြည့်ပြီး ကိုယ်ဟာ အလှအပတွေကိုဘယ်လောက်ခံစားတတ်လဲ၊ ဘယ်လောက်ဖော်ထုတ်တတ်သလဲ၊ အနုပညာစွမ်းရည်ဘယ်လောက်ပါလဲဆိုတာလေးတွေလည်း သိခွင့်ရပါတယ်။

(၆) ကိုယ်ပိုင်မီဒီယာလေးတည်ထောင်လို့ရတယ်

ဓာတ်ပုံနဲ့လိုက်ဖက်တဲ့ ကိုယ်ကြိုက်တဲ့စာသားလေးတွေနဲ့ တွဲတင်တာမျိုး၊ အယ်လ်ဘမ်လေးတွေလုပ်ပြီးတင်တာမျိုးပေါ့။ ကိုယ်ပိုင် မီဒီယာလေးတစ်ခုဖန်တီးလို့ရပါတယ်။

(၇) ခရီးထွက်ဖြစ်အောင်တွန်းအားပေးတယ်

ပုံလေးတွေ ရိုက်တင်ရတာကြိုက်တဲ့သူတွေဟာ သူများတွေခရီးသွားတဲ့ပုံလေးတွေမြင်တိုင်း ခရီးသွားချင်လာပါတယ်။ ခရီးသွားတဲ့အခါ ကိုယ်လိုချင်တဲ့ပုံလေးတွေလည်းရတဲ့အပြင် ခရီးသွားခြင်းကြောင့်ရတဲ့အကျိုးရလဒ်တွေကိုလည်းရဦးမှာပါ။

(၈) စိတ်ညစ်စရာတွေကို ခဏတော့မေ့သွားစေတယ်

ကိုယ်သဘောကျတာလေးတွေကို ဓာတ်ပုံရိုက်ပြီးတင်လိုက်တယ်၊ အဲ့ဒီပုံလေးကိုကြည့်ပြီးကျေနပ်တယ်၊ ဆိုရင် စိတ်ညစ်စရာတွေကိုခဏတော့ မေ့သွားပါတယ်။

(၉) အလုပ်ကြောင့်ဖိစီးနေတာတွေကိုလျော့နည်းသွားစေတယ်
အလုပ်မှာ စိတ်ဖိစီးမှုတွေဖြစ်လာရင်လည်း ဓာတ်ပုံလေးတွေရိုက်ပြီး တင်လိုက်ရင် ပျော်သွားပါတယ်။

(၁၀) ပိုလှတဲ့ပတ်ဝန်းကျင်ကိုလိုချင်လာတယ်

ကိုယ်က ပုံလှလှလေးတွေရိုက်ရတာကြိုက်တော့ နေရာလှလှလေးတွေကြိုက်လာတယ်။ ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပိုလှစေချင်လာတယ်။ ပိုလှတဲ့ပတ်ဝန်းကျင်ကို ဖန်တီးချင်စိတ်ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ကောင်းတဲ့အပြောင်းအလဲပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:MAY THAZINHTOO(Daily Hot News ) .
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top