ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×





































 ငယ္ဘ၀တုန္းကေတာ့ အိမ္မွာလူႀကီးေတြ ပူညံပူညံျဖစ္ေနလဲ အျပင္ထြက္သြားၿပီး သူငယ္ခ်င္းေတြနဲ႔ ျမစ္ထဲေရကူးၾက၊ အေအးဆိုင္သြားထိုင္ၾက၊ ဘုရားေတြေလွ်ာက္သြားၾကနဲ႔ ေပ်ာ္ၾကတာပဲ။ အိမ္မွာဘာျဖစ္ေနလို႔ ျဖစ္ေနမွန္းလည္း မသိၾကဘူး။ စိတ္လည္းမ၀င္စားၾကဘူး။ မိဘကလည္း သူတို႔သာ ျပႆနာျဖစ္ရင္ျဖစ္ေနတာေလ၊ သားသမီးေတြကို အပူမကူးေစၾကဘူး။ သူတို႔ဖာသာေျဖရွင္းေနၾကတာပဲ။ မိဘေမတၱာေပါ့။ ကိုယ္ေတြကလည္း ကေလးဆိုမွ တကယ့္ကေလးလိုသာ ေနခဲ့ၾကတာ။ ေက်ာင္းပိတ္ရင္ လမ္းေပၚကကို မဆင္းၾကေတာ့ဘူး။ ကစားလို႔လည္း မ၀ၾကဘူး။ ေန႔ဘက္ကစားၿပီး ညဘက္ကစားလို႔ရတာေတြ စဥ္းစားၾကတာ။

အခုနဲ႔မတူတာက အရင္တုန္းက TV ေတာင္ အိမ္တိုင္းရွိတာမဟုတ္ဘူး။ ဖုန္းကိုင္ၿပီး ဂိမ္းကစားဖို႔ေတာ့မေျပာနဲ႔ေတာ့။ ဒီေတာ့ အခ်ိန္ေတြအမ်ားႀကီးရၾကတယ္။ လမ္းထဲက ကေလးေတြ စုစုၿပီးကစားၾကတာ။ ေယာက်္ားေလးသက္သက္ ကစားလို႔ရတာေတြေရာ၊ ေယာက်္ားေလး မိန္းကေလးေရာၿပီး ကစားလို႔ရတာေတြေရာ အမ်ားႀကီးပါ။ စိတ္ပူစရာဘာမွမရွိဘူး။ ေပ်ာ္စရာေတြခ်ည္းပဲ။ ထမင္းဆာမွ အိမ္ျပန္တာ။ အၿမဲထိေတြ႕ေနၾကေတာ့ ရင္းႏွီးၾကတယ္။ စိတ္ပူစရာရွိရင္ေတာင္ စိတ္ပူစရာလို႔မျမင္ၾကဘူး။ သူငယ္ခ်င္းအခ်င္းခ်င္း ရင္းႏွီးၾကတယ္။ ဓာတ္တူရာ ဓာတ္တူရာေပါင္းၿပီး အစုလိုက္ေလးေတြေနၾကတယ္။ ျပန္ေတြးရင္ ေပ်ာ္စရာႀကီးပါ။

ဒါေပမဲ့လည္း အသက္ဆိုတာ ငယ္သြားတာမွမဟုတ္တာ။ တစ္ေန႔ထက္တစ္ေန႔ ပိုပိုႀကီးလာတာေလ။ ေခတ္နဲ႔ စနစ္ေတြကလည္း တစ္ေန႔နဲ႔တစ္ေန႔ေတာင္ တူတာမဟုတ္ဘူး။ အေျပာင္းအလဲေတြက ေန႔တိုင္းျဖစ္ေနတာေပါ့။ ဒီလိုနဲ႔ အရြယ္ေရာက္လာေတာ့ လူေတြကို ျမင္တတ္၊ နားလည္တတ္လာတယ္။ လူေတြမရိုးရွင္းတာ ႀကံဳလာရတယ္။ ခံစားလာရတယ္။ ကေလးေလးတုန္းကလို မေပ်ာ္ေတာ့ဘူး။ စိတ္ညစ္တတ္လာတယ္။ အရြယ္ေလးေရာက္လာေတာ့ လိုအပ္ခ်က္ေတြကလည္း မရိုးရွင္းေတာ့ဘူး။ အလိုဆႏၵမရိုးရွင္းတာနဲ႔အမွ် စိတ္ညစ္တယ္ဆိုတာ တစ္ပါထဲတြဲပါလာေတာ့တယ္။ အသက္ပိုႀကီးလာေလ စိတ္ညစ္စရာပိုလာေလပါပဲ။

ဒီလိုနဲ႔ပဲ အိမ္မွာလည္း အေျပာင္းအလဲေတြ အမ်ားႀကီးျဖစ္သြားတယ္။ ကိုယ့္ဘ၀လည္း အေျပာင္းအလဲေတြမ်ားသြားတယ္။ ေနာက္ဆံုး မိဘေတြ အကုန္ဆံုးကုန္တယ္ေပါ့ေလ။ ေလာကဓံကလည္း အမ်ိဳးမ်ိဳးကို ႀကံဳရတာ။ အဲဒီအခ်ိန္မွာ ေအးခ်မ္းမႈကို ေတြးၿပီ။ ဘယ္လိုေနရင္ေအးပါ့မလဲ၊ ဘယ္ကိုသြားရင္ ေအးပါ့မလဲေပါ့။ အမ်ိဳးမ်ိဳး ရင္ဆိုင္ႀကံဳေတြ႕ၿပီး ေအးခ်မ္းမႈငတ္ခဲ့ရတယ္။ အမ်ိဳးက ေအးတာလားလို႔ စဥ္းစားၾကည့္တယ္။ ေတြ႕ၾကည့္တယ္။ မေအးဘူးေလ၊ သူတို႔ေတာင္ သူတို႔အပူေတြနဲ႔။ သူငယ္ခ်င္းက ေအးမလားေတြ႕ၾကည့္တယ္။ သူ႕အပူေတြ ကိုယ့္ျပန္ဟပ္ေတာ့တာပါလား။ တရားရမဲ့ေနရာေတြ ေလွ်ာက္သြားတယ္။ ေအးမယ္ႀကံတုန္း တရားကေအးေပမဲ့ လူေတြမေအးတာ ေတြ႕ရျပန္ေရာ။

မ်ားေသာအားျဖင့္ေတြ႕ရတာက မာနပါပဲ။ တရားနယ္ပယ္မွာေတာင္ မာနဆိုတာကို ေတြ႕လိုက္ရတဲ့အခါ အေတာ္တုန္လႈပ္သြားမိတယ္။ အမ်ားကို မဆိုလိုေပမဲ့ ေတြ႕လိုက္ရတာကေတာ့ မာနမ်က္ႏွာ၊ ေဒါသမ်က္ႏွာေတြပါပဲ။ စကားလံုးေတြ မရိုးရွင္းဘူး။ မ်က္လံုးေတြ၊ မ်က္ႏွာအမူအရာေတြ မရိုးရွင္းဘူး။ ဒီေတာ့မွ အားကိုးရာမဲ့သလိုကို ျဖစ္ေတာ့တာကိုး။ ဘယ္မွာရွာရပါ့မလဲလို႔ ေအးခ်မ္းမႈကိုလိုက္ရွာတယ္။ ပူေလာင္တာေတြလည္း မ်ားခဲ့ၿပီေလ။ ငိုတာေတြလည္း မ်ားခဲ့ၿပီ။ ေနစရာေတာင္ မရွိတာ ဘယ္လိုလုပ္ ေအးပါ့မလဲ။

ေနာက္ဆံုးေတာ့ သေဘာေပါက္သြားတာက ကိုယ္ေအးမွ ေအးမွာဆိုတာပါပဲ။ ဘယ္ေနရာေနေန ကိုယ့္ဖာသာေအးေအာင္ ႀကိဳးစားေနေတာ့မယ္လို႔ ဆံုးျဖတ္လိုက္တယ္။ ဒါေပမဲ့ လူအမ်ားနဲ႔ ေရာေနရရင္ ပုဂၢလသပၸါယ ျဖစ္ခဲၾကတယ္။ ေရွ႕မွာၿပံဳးျပလိုက္ၾက၊ ကြယ္ရာက် အတင္းေျပာလိုက္ၾကနဲ႔ပဲ ေတြ႕ေနရေတာ့ တစ္ေယာက္ထဲေနတာေကာင္းတယ္လို႔ ေတြ႕ခဲ့တယ္။ ဒီေတာ့ ဆင္းရဲရင္ ဆင္းရဲပါေစ ကိုယ့္ေအးခ်မ္းမႈ ကိုယ္ဖန္တီးလို႔ရတဲ့ ေနရာတစ္ခုေတာ့ရွိမွျဖစ္မယ္လို႔ေတြးမိတယ္။ ဒီလိုနဲ႔ ဒီရြာေလးကို ေရြးမိေတာ့တာေပါ့။ ဒါေပမဲ့ အစပိုင္းမွာ ပဋိပကၡေတြကို ေတာ္ေတာ္ေျဖရွင္းၿပီးမွ ကိုယ့္ရဲ႕မွန္ကန္တဲ့ လုပ္ေဆာင္ခ်က္၊ မွန္ကန္တဲ့ သစၥာေတြေၾကာင့္ ရပ္တည္လို႔ရသြားတာ။ လြယ္ေတာ့မလြယ္ဘူး။ လူေတြ ရပ္ကြက္ထဲေနသလိုပဲေလ။ ဟိုလူတစ္မ်ိဳး ဒီလူတစ္မ်ိဳးေတြ အမ်ားႀကီးႀကံဳရတာေပါ့။

ေအးဖို႔ကိုအဓိက ဦးတည္ခ်က္ထားလိုက္တဲ့အခါ ဆင္းရဲမွာကို မေၾကာက္ေတာ့ဘူး။ အကုန္စြန္႔ရဲလာတယ္။ ေငြေတြ၊ ဂုဏ္ေတြ အကုန္စြန္႔လႊတ္ၿပီး၊ အၿပိဳင္ရွိရင္ေတာင္ လိုက္မၿပိဳင္ေတာ့ပဲ ကိုယ့္အလုပ္ပဲလုပ္ေနခဲ့ေတာ့တာေပါ့။ မမွန္သူကို စြန္႔ပစ္ၿပီး မွန္သူနည္းနည္းနဲ႔ပဲ အလုပ္လုပ္ေတာ့တယ္။ အဲဒီမွာ စေအးေတာ့တာပါပဲ။ ဘာျဖစ္ခ်င္တယ္ဆိုတဲ့ စိတ္ေတြမရွိေတာ့ပဲ ဘယ္အခ်ိန္ ဘယ္လိုေအးေအာင္ေနမလဲဆိုတာပဲ အဓိကထားလုပ္ျဖစ္ေတာ့တယ္။ သာသနာျပဳအလုပ္ကို ပူေလာင္စြာမလုပ္ရပဲ ေအးေအးေလး ဘယ္လိုလုပ္မလဲဆိုတဲ့ အေတြးအၿမဲေတြးၿပီး အေအးခ်မ္းဆံုး၊ အျပတ္သားဆံုးအလုပ္ေတြ ေရြးလုပ္ႏိုင္လာတယ္။ ယုတ္စြအဆံုး ေမြးေန႔၊ ကထိန္စတဲ့ အဓိကအလွဴေတြေတာင္ ဆိုင္းေတြ၊ တီး၀ိုင္းေတြ အထည့္မခံေတာ့ဘူး။

လူငယ္ေတြအတြက္ စည္းရံုးေရးလည္းမပ်က္ ကိုယ့္ကိုလည္း အပူမေပးတဲ့ လမ္းကိုေရြးလုပ္လာတယ္။ မနာလိုသူရွိရင္လည္း ေခါင္းထဲမထည့္ပဲ ကိုယ့္အလုပ္ပဲလုပ္တတ္တဲ့ အက်င့္ရလာတယ္။ ပါတ္၀န္းက်င္ကို ခ်ိဳသည္ခါးသည္လွည့္ေျပာမေနေတာ့ပဲ အလုပ္လုပ္သူေတြနဲ႔သာတြဲၿပီး အလုပ္ပဲလုပ္ေနေတာ့တယ္။ မနာလိုတာမ်ားေတာ့ လူကေတာင္မနာလိုတာခံရတယ္ေလ။ အမွန္ေတာ့ ဘုန္းႀကီးတစ္ပါး ေအာင္ျမင္လာတာ လူေတြအကုန္ ၀မ္းသာေနတယ္မ်ားမွတ္ေနလား။ ေ၀းပါေသးတယ္။ အဲဒီလူေတြကကို မနာလိုတာ။ ဘာလုပ္လုပ္မနာလိုတာခံရတာဆိုေတာ့ ကုသိုလ္နဲ႔မနာလိုခံရရင္ ဂရုစိုက္စရာမလိုဘူးဆိုၿပီး သတၱိေမြး ဥေပကၡာနဲ႔ေနခဲ့ရတာ။ အခ်ဳပ္အားျဖင့္ေတာ့ သာသနာျပဳရာမွာ ကိုယ္ခံစားဖို႔အတြက္ဘာမွမစဥ္းစားရင္၊ စြန္႔ႀကဲျခင္းနဲ႔ျပည့္စံုရင္၊ ဥေပကၡာနဲ႔ျပည့္စံုရင္၊ ဘာမွျပန္မေျပာေနပဲ အလုပ္ပဲဖိလုပ္ရင္၊ ခုပဲေသေတာ့မလို ကုသိုလ္စုရင္ အားလံုးျပည့္စံုသြားပါၿပီ။ က်န္တာေတြ အလိုလို ျပည့္စံုလာေတာ့တာပါ။

ကုသိုလ္ကလြဲရင္ ဘာမွစိတ္မ၀င္စားတတ္ျခင္း၊ တရားထိုင္ဖို႔ တာ၀န္မေမ့ျခင္းက ကိုယ့္ကိုေအးခ်မ္းေစေတာ့တာပါပဲ။ အျပင္ကို တစ္လွမ္းထြက္ရင္ တစ္လွမ္းစာပူလိမ့္မယ္။ ကိုယ့္ကိုယ္တြင္းကို အၿမဲၾကည့္ရင္ ဘယ္ေနရာေနေန ေအးပါလိမ့္မယ္။

တကယ္ေတာ့ ေအးခ်မ္းတဲ့ေနရာေလးက ကိုယ့္ကိုယ္တြင္းမွာပါ။

အားလံုးေအးခ်မ္းၾကပါေစ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:  အရွင္သုစိတၱ (ေမာ္ကၽြန္း) ဆရာေတာ္
# Unicode Version ျဖင့္ ဖတ္ပါ #
 ငယ်ဘဝတုန်းကတော့ အိမ်မှာလူကြီးတွေ ပူညံပူညံဖြစ်နေလဲ အပြင်ထွက်သွားပြီး သူငယ်ချင်းတွေနဲ့ မြစ်ထဲရေကူးကြ၊ အအေးဆိုင်သွားထိုင်ကြ၊ ဘုရားတွေလျှောက်သွားကြနဲ့ ပျော်ကြတာပဲ။ အိမ်မှာဘာဖြစ်နေလို့ ဖြစ်နေမှန်းလည်း မသိကြဘူး။ စိတ်လည်းမဝင်စားကြဘူး။ မိဘကလည်း သူတို့သာ ပြဿနာဖြစ်ရင်ဖြစ်နေတာလေ၊ သားသမီးတွေကို အပူမကူးစေကြဘူး။ သူတို့ဖာသာဖြေရှင်းနေကြတာပဲ။ မိဘမေတ္တာပေါ့။ ကိုယ်တွေကလည်း ကလေးဆိုမှ တကယ့်ကလေးလိုသာ နေခဲ့ကြတာ။ ကျောင်းပိတ်ရင် လမ်းပေါ်ကကို မဆင်းကြတော့ဘူး။ ကစားလို့လည်း မဝကြဘူး။ နေ့ဘက်ကစားပြီး ညဘက်ကစားလို့ရတာတွေ စဉ်းစားကြတာ။

အခုနဲ့မတူတာက အရင်တုန်းက TV တောင် အိမ်တိုင်းရှိတာမဟုတ်ဘူး။ ဖုန်းကိုင်ပြီး ဂိမ်းကစားဖို့တော့မပြောနဲ့တော့။ ဒီတော့ အချိန်တွေအများကြီးရကြတယ်။ လမ်းထဲက ကလေးတွေ စုစုပြီးကစားကြတာ။ ယောကျ်ားလေးသက်သက် ကစားလို့ရတာတွေရော၊ ယောကျ်ားလေး မိန်းကလေးရောပြီး ကစားလို့ရတာတွေရော အများကြီးပါ။ စိတ်ပူစရာဘာမှမရှိဘူး။ ပျော်စရာတွေချည်းပဲ။ ထမင်းဆာမှ အိမ်ပြန်တာ။ အမြဲထိတွေ့နေကြတော့ ရင်းနှီးကြတယ်။ စိတ်ပူစရာရှိရင်တောင် စိတ်ပူစရာလို့မမြင်ကြဘူး။ သူငယ်ချင်းအချင်းချင်း ရင်းနှီးကြတယ်။ ဓာတ်တူရာ ဓာတ်တူရာပေါင်းပြီး အစုလိုက်လေးတွေနေကြတယ်။ ပြန်တွေးရင် ပျော်စရာကြီးပါ။

ဒါပေမဲ့လည်း အသက်ဆိုတာ ငယ်သွားတာမှမဟုတ်တာ။ တစ်နေ့ထက်တစ်နေ့ ပိုပိုကြီးလာတာလေ။ ခေတ်နဲ့ စနစ်တွေကလည်း တစ်နေ့နဲ့တစ်နေ့တောင် တူတာမဟုတ်ဘူး။ အပြောင်းအလဲတွေက နေ့တိုင်းဖြစ်နေတာပေါ့။ ဒီလိုနဲ့ အရွယ်ရောက်လာတော့ လူတွေကို မြင်တတ်၊ နားလည်တတ်လာတယ်။ လူတွေမရိုးရှင်းတာ ကြုံလာရတယ်။ ခံစားလာရတယ်။ ကလေးလေးတုန်းကလို မပျော်တော့ဘူး။ စိတ်ညစ်တတ်လာတယ်။ အရွယ်လေးရောက်လာတော့ လိုအပ်ချက်တွေကလည်း မရိုးရှင်းတော့ဘူး။ အလိုဆန္ဒမရိုးရှင်းတာနဲ့အမျှ စိတ်ညစ်တယ်ဆိုတာ တစ်ပါထဲတွဲပါလာတော့တယ်။ အသက်ပိုကြီးလာလေ စိတ်ညစ်စရာပိုလာလေပါပဲ။

ဒီလိုနဲ့ပဲ အိမ်မှာလည်း အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ ကိုယ့်ဘဝလည်း အပြောင်းအလဲတွေများသွားတယ်။ နောက်ဆုံး မိဘတွေ အကုန်ဆုံးကုန်တယ်ပေါ့လေ။ လောကဓံကလည်း အမျိုးမျိုးကို ကြုံရတာ။ အဲဒီအချိန်မှာ အေးချမ်းမှုကို တွေးပြီ။ ဘယ်လိုနေရင်အေးပါ့မလဲ၊ ဘယ်ကိုသွားရင် အေးပါ့မလဲပေါ့။ အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ပြီး အေးချမ်းမှုငတ်ခဲ့ရတယ်။ အမျိုးက အေးတာလားလို့ စဉ်းစားကြည့်တယ်။ တွေ့ကြည့်တယ်။ မအေးဘူးလေ၊ သူတို့တောင် သူတို့အပူတွေနဲ့။ သူငယ်ချင်းက အေးမလားတွေ့ကြည့်တယ်။ သူ့အပူတွေ ကိုယ့်ပြန်ဟပ်တော့တာပါလား။ တရားရမဲ့နေရာတွေ လျှောက်သွားတယ်။ အေးမယ်ကြံတုန်း တရားကအေးပေမဲ့ လူတွေမအေးတာ တွေ့ရပြန်ရော။

များသောအားဖြင့်တွေ့ရတာက မာနပါပဲ။ တရားနယ်ပယ်မှာတောင် မာနဆိုတာကို တွေ့လိုက်ရတဲ့အခါ အတော်တုန်လှုပ်သွားမိတယ်။ အများကို မဆိုလိုပေမဲ့ တွေ့လိုက်ရတာကတော့ မာနမျက်နှာ၊ ဒေါသမျက်နှာတွေပါပဲ။ စကားလုံးတွေ မရိုးရှင်းဘူး။ မျက်လုံးတွေ၊ မျက်နှာအမူအရာတွေ မရိုးရှင်းဘူး။ ဒီတော့မှ အားကိုးရာမဲ့သလိုကို ဖြစ်တော့တာကိုး။ ဘယ်မှာရှာရပါ့မလဲလို့ အေးချမ်းမှုကိုလိုက်ရှာတယ်။ ပူလောင်တာတွေလည်း များခဲ့ပြီလေ။ ငိုတာတွေလည်း များခဲ့ပြီ။ နေစရာတောင် မရှိတာ ဘယ်လိုလုပ် အေးပါ့မလဲ။

နောက်ဆုံးတော့ သဘောပေါက်သွားတာက ကိုယ်အေးမှ အေးမှာဆိုတာပါပဲ။ ဘယ်နေရာနေနေ ကိုယ့်ဖာသာအေးအောင် ကြိုးစားနေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ လူအများနဲ့ ရောနေရရင် ပုဂ္ဂလသပ္ပါယ ဖြစ်ခဲကြတယ်။ ရှေ့မှာပြုံးပြလိုက်ကြ၊ ကွယ်ရာကျ အတင်းပြောလိုက်ကြနဲ့ပဲ တွေ့နေရတော့ တစ်ယောက်ထဲနေတာကောင်းတယ်လို့ တွေ့ခဲ့တယ်။ ဒီတော့ ဆင်းရဲရင် ဆင်းရဲပါစေ ကိုယ့်အေးချမ်းမှု ကိုယ်ဖန်တီးလို့ရတဲ့ နေရာတစ်ခုတော့ရှိမှဖြစ်မယ်လို့တွေးမိတယ်။ ဒီလိုနဲ့ ဒီရွာလေးကို ရွေးမိတော့တာပေါ့။ ဒါပေမဲ့ အစပိုင်းမှာ ပဋိပက္ခတွေကို တော်တော်ဖြေရှင်းပြီးမှ ကိုယ့်ရဲ့မှန်ကန်တဲ့ လုပ်ဆောင်ချက်၊ မှန်ကန်တဲ့ သစ္စာတွေကြောင့် ရပ်တည်လို့ရသွားတာ။ လွယ်တော့မလွယ်ဘူး။ လူတွေ ရပ်ကွက်ထဲနေသလိုပဲလေ။ ဟိုလူတစ်မျိုး ဒီလူတစ်မျိုးတွေ အများကြီးကြုံရတာပေါ့။

အေးဖို့ကိုအဓိက ဦးတည်ချက်ထားလိုက်တဲ့အခါ ဆင်းရဲမှာကို မကြောက်တော့ဘူး။ အကုန်စွန့်ရဲလာတယ်။ ငွေတွေ၊ ဂုဏ်တွေ အကုန်စွန့်လွှတ်ပြီး၊ အပြိုင်ရှိရင်တောင် လိုက်မပြိုင်တော့ပဲ ကိုယ့်အလုပ်ပဲလုပ်နေခဲ့တော့တာပေါ့။ မမှန်သူကို စွန့်ပစ်ပြီး မှန်သူနည်းနည်းနဲ့ပဲ အလုပ်လုပ်တော့တယ်။ အဲဒီမှာ စအေးတော့တာပါပဲ။ ဘာဖြစ်ချင်တယ်ဆိုတဲ့ စိတ်တွေမရှိတော့ပဲ ဘယ်အချိန် ဘယ်လိုအေးအောင်နေမလဲဆိုတာပဲ အဓိကထားလုပ်ဖြစ်တော့တယ်။ သာသနာပြုအလုပ်ကို ပူလောင်စွာမလုပ်ရပဲ အေးအေးလေး ဘယ်လိုလုပ်မလဲဆိုတဲ့ အတွေးအမြဲတွေးပြီး အအေးချမ်းဆုံး၊ အပြတ်သားဆုံးအလုပ်တွေ ရွေးလုပ်နိုင်လာတယ်။ ယုတ်စွအဆုံး မွေးနေ့၊ ကထိန်စတဲ့ အဓိကအလှူတွေတောင် ဆိုင်းတွေ၊ တီးဝိုင်းတွေ အထည့်မခံတော့ဘူး။

လူငယ်တွေအတွက် စည်းရုံးရေးလည်းမပျက် ကိုယ့်ကိုလည်း အပူမပေးတဲ့ လမ်းကိုရွေးလုပ်လာတယ်။ မနာလိုသူရှိရင်လည်း ခေါင်းထဲမထည့်ပဲ ကိုယ့်အလုပ်ပဲလုပ်တတ်တဲ့ အကျင့်ရလာတယ်။ ပါတ်ဝန်းကျင်ကို ချိုသည်ခါးသည်လှည့်ပြောမနေတော့ပဲ အလုပ်လုပ်သူတွေနဲ့သာတွဲပြီး အလုပ်ပဲလုပ်နေတော့တယ်။ မနာလိုတာများတော့ လူကတောင်မနာလိုတာခံရတယ်လေ။ အမှန်တော့ ဘုန်းကြီးတစ်ပါး အောင်မြင်လာတာ လူတွေအကုန် ဝမ်းသာနေတယ်များမှတ်နေလား။ ဝေးပါသေးတယ်။ အဲဒီလူတွေကကို မနာလိုတာ။ ဘာလုပ်လုပ်မနာလိုတာခံရတာဆိုတော့ ကုသိုလ်နဲ့မနာလိုခံရရင် ဂရုစိုက်စရာမလိုဘူးဆိုပြီး သတ္တိမွေး ဥပေက္ခာနဲ့နေခဲ့ရတာ။ အချုပ်အားဖြင့်တော့ သာသနာပြုရာမှာ ကိုယ်ခံစားဖို့အတွက်ဘာမှမစဉ်းစားရင်၊ စွန့်ကြဲခြင်းနဲ့ပြည့်စုံရင်၊ ဥပေက္ခာနဲ့ပြည့်စုံရင်၊ ဘာမှပြန်မပြောနေပဲ အလုပ်ပဲဖိလုပ်ရင်၊ ခုပဲသေတော့မလို ကုသိုလ်စုရင် အားလုံးပြည့်စုံသွားပါပြီ။ ကျန်တာတွေ အလိုလို ပြည့်စုံလာတော့တာပါ။

ကုသိုလ်ကလွဲရင် ဘာမှစိတ်မဝင်စားတတ်ခြင်း၊ တရားထိုင်ဖို့ တာဝန်မမေ့ခြင်းက ကိုယ့်ကိုအေးချမ်းစေတော့တာပါပဲ။ အပြင်ကို တစ်လှမ်းထွက်ရင် တစ်လှမ်းစာပူလိမ့်မယ်။ ကိုယ့်ကိုယ်တွင်းကို အမြဲကြည့်ရင် ဘယ်နေရာနေနေ အေးပါလိမ့်မယ်။

တကယ်တော့ အေးချမ်းတဲ့နေရာလေးက ကိုယ့်ကိုယ်တွင်းမှာပါ။

အားလုံးအေးချမ်းကြပါစေ။


ဖိုးသူတော် (www.phothutaw.com)
Credit:  အရှင်သုစိတ္တ (မော်ကျွန်း) ဆရာတော်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top