iMyanmarHouse.com - Best Property Website for Myanmar
×
Credit: bahuthuta
#Unicode Version#
အသက် ၁၆ နှစ်မှာ တွဲခဲ့တဲ့ ရည်းစားက အကြောင်းပြချက်မရှိလမ်းခွဲခဲ့တယ်
အသက် ၂၁ မှာ တွဲခဲ့တဲ့ရည်းစားကအိမ်သသဘောတူတဲ့လူနဲ့ယူရမယ် ဆိုပြီး လမ်းခွဲခဲ့တယ်
အသက် ၂၂ မှာ တွဲခဲ့တဲ့ရည်းစားက ဖုန်းတည မဆက်မိတာလေးကိုစိတ်ကောက်ပြီး လမ်းခွဲခဲ့တယ်
တွဲခဲ့သမျှ ရည်းစားတွေတယောက်ပြီးတယောက်လမ်းခွဲသွားကြတော့ကျွန်တော့်ကိုယ်ကျွန်တော်စိတ်ပျက်လာတယ်အချစ် ဆိုတာကို မယုံကြည်တော့ဖူးမိန်းကလေးတွေနဲ့စကားပြောရမှာကြောက်လာ
တယ်အသက် ၂၅ ကျော်လာတဲ့အခါမှာချစ်သူတယောက်ရခဲ့တယ်ချစ်သူသက်တမ်း ၂ နှစ်ကျော်လာတဲ့အခါ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်
သူ ဟာ ဘာသာရေးကိုင်းရှိုင်းတယ်မနက် ည ပရိတ်ပငှာန်းရွတ်တယ်အိမ်မူကိစ္စနိုင်နင်းတယ်
ကျွန်တော့်စားချင်တာအလိုက်တသိချက်ကျွေးတယ်ကျွန်တော့်ကိုအလိုလိုက်တယ် ။
ကျွန်တော် အဲဒီအခါကျမှသိတော့တယ်ရှေ့က တွဲခဲ့တဲ့ ရည်းစားတွေနဲ့တယောက်ပြီးတယောက်ဝေးခဲ့တာလမ်းခွဲ ခဲ့ရတာဟာအခုလိုကျွန်တော့်အပေါ် ကို အနစ်နာခံပြီးပေးဆပ်မယ့်မိန်းကလေးတယောက်
ရှိလာမှာဖြစ်လို့ကံတရားက ရှေ့ကလူတွေနဲ့ဝေး ကွာစေခဲ့တာကို း ။ဝေးခဲ့တာကောင်းပါတယ်
ဒီစာဖတ်နေသူ သင်ရော လမ်းခွဲ ခံ ရပြီးပြီလား သင့်ကိုထားခဲ့တဲ့တယောက်ထက် သင့်ကိုအဆပေါင်းများစွာပိုချစ်နိုင်တဲ့ တယောက်ရှိလာမှာဖြစ်လို့ ကံတရားက သင့်ကို လမ်းခွဲစေခဲ့တာပါဝေးခဲ့တာကောင်းပါတယ် ။
ဖိုးသူတော် (www.phothutaw.com)
Credit: bahuthuta
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top