ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

ကေလးၿမိဳ႕နယ္၊ လက္ပံေခ်ာင္းေက်းရြာ အေျခခံပညာအထက္တန္းေက်ာင္းတြင္ ပညာသင္ၾကားေနသည့္ အသက္(၁၄) ႏွစ္အရြယ္ (၈) တန္းေက်ာင္းသူ မလာလ္မွဴဖဲလ္ သည္ ေက်ာင္းအုပ္ဆရာမႀကီးမွ သူခိုးဟု စြပ္စြဲခဲ့သည့္ေနာက္ပိုင္း ယေန႔ခ်ိန္ထိ ေက်ာင္းျပန္မတက္ေသးဟု စံုစမ္းသိရွိရသည္။

ၿပီးခဲ့သည့္ ၾသဂုတ္လ (၃၀) ရက္ေန႔က မလာလ္မွဴဖဲလ္သည္ ၎တို႔အိမ္နဲ႔ကပ္လ်က္ရွိေသာ ကုန္စံုဆိုင္၌ ေစ်း၀ယ္သည့္အခ်ိ္န္တြင္ ဆိုင္ရွင္မွ ပစၥည္းခိုးသည္ဟု ေျပာဆိုကာ ေက်ာင္းအုပ္ဆရာမႀကီးထံသုိ႔ တိုင္ၾကားခဲ့သည္ဟု သိရသည္။

ေက်ာင္းအုပ္ဆရာမႀကီးမွ ရံုးခန္းသို႔ေခၚၿပီး စစ္ေဆးေမးျမန္းမႈမ်ားျပဳလုပ္ကာ သူခုိးဟု ေခၚဆိုသည့္အတြက္ေၾကာင့္ ကေလးမေလးသည္ ရွက္ေၾကာက္၍ စက္တင္ဘာလ (၇) ရက္ေန႔မွ ယေန႔ခ်ိန္ထိ ေက်ာင္းမတက္ေတာ့ေၾကာင္း လက္ပံေခ်ာင္းေက်ာင္းသားေဟာင္းမ်ားအသင္းေခါင္းေဆာင္တစ္ဦး ကရွင္း ျပသည္။

“ကၽြန္ေတာ္တို႔ ေက်ာင္းတက္ဖို႔အတြက္ သြားေခၚတယ္ လာပါ ေက်ာင္းအုပ္ၾကီးကလာၾကိဳခိုင္းတာ ေက်ာင္းလာတက္ပါ ဆိုျပီးေခၚတယ္ ဒါေပမယ့္ ကံယာကံရွင္ႏွင့္ မိဘေတြကလည္း ကေလးမေလးရဲ႕ ဆႏၵက အေရးၾကီးဆံုးဆိုေတာ့ ကေလးမေလးက မသြားရဲေသးဘူး အဲဒါနဲ႔ ဆိုျပီးေတာ့ ဒီအတိုင္းေတာ့မျဖစ္ဘူး သူအေၾကာက္ဆံုးက ေက်ာင္းအုပ္ၾကီးဆိုေတာ့ ေက်ာင္းအုပ္ၾကီးက သူကိုယ္တိုင္သြားျပီး ကေလးမရယ္ ဘာပဲျဖစ္ျဖစ္လာပါ ေက်ာင္းလာတက္ပါဆိုျပီး မာနကိုေရွ႕မထားပဲ ေက်ာင္းအုပ္ၾကီးကိုေခၚဖို႔ ေက်းရြာဥကၠဌဆီသြားျပီး အကူအညီသြားေတာင္းတယ္ ဒါေပမယ့္ေက်ာင္းအုပ္ၾကီးကမလာဘူး အခုလက္ရိွမွာ ေက်ာင္းအုပ္ၾကီးက ေက်ာင္းတက္ဖို႔ေခၚတဲ့အေပၚမွာ နည္းနည္းေလးလြဲေနေသးတယ္လို႔ထင္တယ္ ေက်ာင္းသူမေလးက သူ႔ေက်ာင္းအုပ္ၾကီးကို လန္႔ကိုလန္႔တာ သူအတန္းမွာရွက္သြားတယ္ေလ သူခိုးမလို႔ တစ္ခန္းလံုးၾကားေအာင္ေခၚျပီး ရံုးခန္းကိုေခၚသြားတာဆိုေတာ့” ဟု သူကေျပာသည္။

စက္တင္ဘာ (၁၅) ရက္ေန႔က ၿမိဳ႕နယ္ပညာေရးရံုးမွ တာဝန္ရွိသူမ်ားက လက္ပံေခ်ာင္းေက်ာင္းသို႔လာေရာက္ၿပီး ေက်ာင္းအုပ္ၾကီးရံုးခန္းတြင္ ႏွစ္ဖက္ေက်ေအးၾကရန္ တိုက္တြန္းခဲ့ၾကေသာ္လည္း ေက်ာင္းသူမိဘမ်ားက ျငင္းဆိုခဲ့သည္ဟု သိရသည္။

ယင္းကိစၥႏွင့္ပတ္သက္၍ မလလ္မွဴဖဲလ္ ကို ေမးျမန္းၾကည့္ရာ “ဆရာမၾကီးကေတာ့ သူခိုးမရိွလား သူခိုးမေက်ာင္းလာသလား၊ ေက်ာင္းလာခိုင္း လက္မွတ္ထိုးရမယ္လို႔ေျပာတယ္လို႔ ျပန္ၾကားတယ္ ကၽြန္မ ေၾကာက္ေသးတယ္ ဆရာမၾကီးကို အဲဒါေၾကာင့္ မသြားရဲေသးတာ” ဟု ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Khonumthung Burmese
https://www.facebook.com/KhonumtungBurmese

#Unicode Version#
ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် အသက်(၁၄) နှစ်အရွယ် (၈) တန်းကျောင်းသူ မလာလ်မှူဖဲလ် သည် ကျောင်းအုပ်ဆရာမကြီးမှ သူခိုးဟု စွပ်စွဲခဲ့သည့်နောက်ပိုင်း ယနေ့ချိန်ထိ ကျောင်းပြန်မတက်သေးဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၃၀) ရက်နေ့က မလာလ်မှူဖဲလ်သည် ၎င်းတို့အိမ်နဲ့ကပ်လျက်ရှိသော ကုန်စုံဆိုင်၌ ဈေးဝယ်သည့်အချိန်တွင် ဆိုင်ရှင်မှ ပစ္စည်းခိုးသည်ဟု ပြောဆိုကာ ကျောင်းအုပ်ဆရာမကြီးထံသို့ တိုင်ကြားခဲ့သည်ဟု သိရသည်။

ကျောင်းအုပ်ဆရာမကြီးမှ ရုံးခန်းသို့ခေါ်ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ သူခိုးဟု ခေါ်ဆိုသည့်အတွက်ကြောင့် ကလေးမလေးသည် ရှက်ကြောက်၍ စက်တင်ဘာလ (၇) ရက်နေ့မှ ယနေ့ချိန်ထိ ကျောင်းမတက်တော့ကြောင်း လက်ပံချောင်းကျောင်းသားဟောင်းများအသင်းခေါင်းဆောင်တစ်ဦး ကရှင်း ပြသည်။

“ကျွန်တော်တို့ ကျောင်းတက်ဖို့အတွက် သွားခေါ်တယ် လာပါ ကျောင်းအုပ်ကြီးကလာကြိုခိုင်းတာ ကျောင်းလာတက်ပါ ဆိုပြီးခေါ်တယ် ဒါပေမယ့် ကံယာကံရှင်နှင့် မိဘတွေကလည်း ကလေးမလေးရဲ့ ဆန္ဒက အရေးကြီးဆုံးဆိုတော့ ကလေးမလေးက မသွားရဲသေးဘူး အဲဒါနဲ့ ဆိုပြီးတော့ ဒီအတိုင်းတော့မဖြစ်ဘူး သူအကြောက်ဆုံးက ကျောင်းအုပ်ကြီးဆိုတော့ ကျောင်းအုပ်ကြီးက သူကိုယ်တိုင်သွားပြီး ကလေးမရယ် ဘာပဲဖြစ်ဖြစ်လာပါ ကျောင်းလာတက်ပါဆိုပြီး မာနကိုရှေ့မထားပဲ ကျောင်းအုပ်ကြီးကိုခေါ်ဖို့ ကျေးရွာဥက္ကဌဆီသွားပြီး အကူအညီသွားတောင်းတယ် ဒါပေမယ့်ကျောင်းအုပ်ကြီးကမလာဘူး အခုလက်ရှိမှာ ကျောင်းအုပ်ကြီးက ကျောင်းတက်ဖို့ခေါ်တဲ့အပေါ်မှာ နည်းနည်းလေးလွဲနေသေးတယ်လို့ထင်တယ် ကျောင်းသူမလေးက သူ့ကျောင်းအုပ်ကြီးကို လန့်ကိုလန့်တာ သူအတန်းမှာရှက်သွားတယ်လေ သူခိုးမလို့ တစ်ခန်းလုံးကြားအောင်ခေါ်ပြီး ရုံးခန်းကိုခေါ်သွားတာဆိုတော့” ဟု သူကပြောသည်။

စက်တင်ဘာ (၁၅) ရက်နေ့က မြို့နယ်ပညာရေးရုံးမှ တာဝန်ရှိသူများက လက်ပံချောင်းကျောင်းသို့လာရောက်ပြီး ကျောင်းအုပ်ကြီးရုံးခန်းတွင် နှစ်ဖက်ကျေအေးကြရန် တိုက်တွန်းခဲ့ကြသော်လည်း ကျောင်းသူမိဘများက ငြင်းဆိုခဲ့သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မလလ်မှူဖဲလ် ကို မေးမြန်းကြည့်ရာ “ဆရာမကြီးကတော့ သူခိုးမရှိလား သူခိုးမကျောင်းလာသလား၊ ကျောင်းလာခိုင်း လက်မှတ်ထိုးရမယ်လို့ပြောတယ်လို့ ပြန်ကြားတယ် ကျွန်မ ကြောက်သေးတယ် ဆရာမကြီးကို အဲဒါကြောင့် မသွားရဲသေးတာ” ဟု ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Khonumthung Burmese
https://www.facebook.com/KhonumtungBurmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top